Saturday, August 9, 2014

ဟာသစုဗူး (၂)

#….‪#‎ကိုယ်ရေးကိုယ်တာ‬

“ဒီမှာ ကျွန်မနေနဲ့ ရှင့် ကိုယ်ရေးကိုတာတွေကိုလိုက်ပြီး စပ်စုနေတာတော့မဟုတ်ပါဘူး”..’ဒါပေမဲ့ ကျွန်မအဖို့တော့ စိတ်အနှောင်အယှက်ဖြစ်ရတယ်ရှင့်”
“ဘာတွေလာပြောနေတာလဲ၊ပြောစမ်းပါအုံး…ငါကဘာတွေလုပ်နေလို့တုံး…
“ရှင် တစ်နေ့က စာတစ်စောင် ရတယ်မဟုတ်လား၊
အဲဒီစာက ရေမွေးနံ့ကို သင်းနေတာပဲလေ၊ပြီးတော့ လက်ရေးကမိန်မလက်ရေးလေ၊ရှင် အဲဒီစာကိုဖွင့်ဖတ်တော့ ကျွန်မကြည့်နေလို့ ရှင်မျက်နှာပျက်သွားတယ်လေ မျက်နှာလည်းမကောင်းဘူး၊လက်တွေတောင်တုန်လာတယ်မဟုတ်လား။ဒီတော့ အဲဒီစာက ဘယ်ကလဲ ဘာတွေလဲရေးထားတာလည်း ကျွန်မ သိချင်ပါတယ်”
“ငါ ၀ုန်းဒိုင်းမဖြစ်စေဘဲ အေးအေးချမ်းချမ်းပဲဖြစ်စေချင်လို့ နည်းလမ်းရှာနေတာကွ”


“အလို ဘုရားရေ…ဒီလောက်တောင်ပဲလား…ကဲပါရှင်..ဘယ်သူဆီကစာလဲ ဘာတွေရေးထားလဲ”
“ကောင်းပြီလေ မင်းသိပ်သိချင်နေမှတော့ ပြောရတော့မှာပေါ့…အဲဒီစာက မင်းအင်္ကျီချုပ်နေကြဆိုင်ကစာပဲ…အဲဒီစာထဲမှာ မင်းအကျီင်္ချုပ်ခ အကြွေးတွေက ဒေါ်လာ ၇၀၀၀ ကျော်နေပြီကွ”…

#‎မဖြစ်နိုင်လို့ပါ‬….

“ငါ သေသွားခဲ့ရင် မင်း နောက်အိမ်ထောင် ပြုလိုက်ပါကွာ” ဟု အလွန်တရာမှ ကြွယ်ဝချမ်းသာသော သူဌေးကြီးတစ်ဦးက ငယိရွယ်သေးသော သူ့ ဇနီးသည်လေအား တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်လေသည်။
“အို ဒီလို မပြောလိုက်ပါနဲ့ရှင်”(ဇနီးသည်)
သူဌေးကြီးမှဆက်ပြီး..ငါ့အ၀တ်အစားတွေ အကုန်လုံးကိုလည်း မင်းရဲ့ နောက်အိမ်ထောင်ကိုပေးလိုက်ပါ။မင်းတို့နှစ်ယောက်အပြင်ထွက်တဲ့အခါ မင်းရဲ့နောက်အိမ်ထောင်က သိပ်ကိုသားနားနေမှာပေါ့…
ဇနီးသည်မှ “အို…အဲဒိလို မဟုတ်ပါဘူး။ပြီးတော့လုံးဝကို မဖြစ်နိုင်ပါဘူးရှင်..”
သူဌေးကြီးက “ဟေ…ဘာလို့မဖြစ်နိုင်ရမှာလဲကွ”
“ဘာဖြစ်လို့လဲဆိုတော့ ရှင်ဝတ်တဲ့ ဆိုဒ်နံပါတ်က ၄၀ လေ သူဝတ်တာက ဆိုဒ် ၄၂ ရှင့်”…


#‎ထိုင်ခုံပျောက်ပြီ‬

နပိုလီယံ က waterloo စစ်ပွဲမှာ ရှုံးတော့ ဘာစကားပြောလဲ မောင်မောင် ဖြေစမ်း?
ဟုတ်ကဲ့ဆရာ ၊ ‘ငါ ထိုင်ခုံပျောက်ပြီ’ လို့ပြောပါတယ် ဆရာ။

#‎သားလေးရဲ့မေတ္တာ‬

‘သားလေး၊ သားရဲ့ဖိုးဖိုးလို ဖေဖေ အသက်ကြီးလာရင် ဖေဖေကို့ သားလေးချစ်ဦးမလား၊ ကျွေးမွေးစောင့်ရှောက်ဦးမလားကွယ်’
‘ဟုတ်ကဲ့ ဖေဖေ’
‘အေး၊ လိမ္မာတဲ့သားလေး၊ တော်တဲ့သားပါလား၊ လာစမ်း၊ ဖေဖေ့ ပေါင်ပေါ် လာထိုင်စမ်း၊ ဖေဖေ သားကို ချောကလက်ပေးမယ်၊ ဒါနဲ့ ဖေဖေ့ကို သားဘယ်လို ချစ်မှာလဲကွယ်’
‘ဖိုးဖိုးကို ဖေဖေ ချစ်သလိုပဲပေါ့’
‘သွားစမ်း၊ အသုံးမကျတဲ့ကောင် ငါ့ ချောကလက်ပြန်ပေး’


….‪#‎လဲတော့လဲချင်သား‬….

အမေရိကန်လူမျိုး ကမ္ဘာလှညခရီးသည်စုံတွဲတို့ အရှေ့အလယ်ပိုင်းဒေသတွင် လမ်းလျှောက်သွားနေစဉ် အာရပ်တစ်ဦးက “ဒီမယ် အမေရိကန်ကြီး ခင်ဗျားမိန်းမကို ကုလာအုပ်အကောင်တစ်ရာနဲ့လဲမလာဗျာ”
ယောက်ကျားဖြစ်သူက အတန်ကြာအောင်စဉ်းစားပြီးနောက် သက်ပြင်းချကာ ပြောလိုက်ပါတယ်။
“မဖြစ်နိုင်ပါဘူးဗျာ ကျုပ်မိန်းမနဲ့မလဲနိုင်ပါဘူး” ချက်ချင်းပြန်ဖြေရမဲ့ စကားကို အကြာကြီးစဉ်းစားနေလို့ ဇနီးသည်က မျက်စောင်းထိုးကာ “ရှင်က ဒီစကားကိုဘာလို့ အကြာကြီးစဉ်းစားပြီးမှ ဖြေရတာလဲ ချက်ချင်ပက်ခနဲပြေလိုက်ပါလားလို့..”
“ကိုယ်စဉ်းစားတာက အဲဒီကုလားအုပ် အကောင်တစ်ရာကို ဘယ်လိုမှ သယ်ဖို့မလွယ်တာကြောင့် အခုလိုပြောလိုက်တာပါ”…

‪#‎သူဆန္ဒ‬

တစ်နေ့ စီပွါးရေး လုပ်ငန်းများ မကောင်းကြသော သူငယ်ချင်းနှစ်ယောက်စကားပြောစဉ်..
“ငါကတော့ ဘာဖြစ်ဖြစ် ပိုက်ဆံချမ်းသာတဲ့မုဆိုးမ ရရင် ယူမယ်ကွာ”
“ဟေ့ကောင်ရယ်၊ မုဆိုးမရဲ့ ဒုတိယလင်တော့ မဖြစ်ချင်စမ်းပါနဲ့ကွာ”
“ဩ မင်းက မုဆိုးမရဲ့ ပထမလင်ဆိုရင်တော့ ဖြစ်ချင်တယ်ပေါ့”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...