Sunday, August 10, 2014

သူ့ထက်သူ လူစွမ်းကောင်း

‪#‎စားသောက်ဆိုင်တစ်ဆိုင်မှာ‬ သူငယ်ချင်းလေးယောက်အတူတူ အစားစားနေကြတယ်။ အဲဒီအချိန်မှာပဲ သူတို့ထဲက တစ်ယောက်က သန့်စင်ခန်းကို သွားလိုက်တယ်တဲ့။ သူသွားနေတုန်း ကျန်တဲ့ သူငယ်ချင်းသုံးယောက်က ကိုယ့်သားအကြောင်းကိုယ် ကြွားကြတယ်။ ပထမဆုံးတစ်ယောက်က ပြောတယ်
"ကျွန်တော့်သားက အခုကားကုမ္ပဏီမှာ ရာထူးအကြီးဆုံးဗျ။
ပြီးခဲ့တဲ့ ခရစ်စမတ်တုန်းကတောင် သူ့ချစ်သူကို နောက်ဆုံးပေါ်ကားတစ်စီး လက်ဆောင်ပေးလိုက်တယ်တဲ့ဗျာ။"
ဒုတိယတစ်ယောက်ကလည်း ကြွားတယ်
" ကျွန်တော့်သားလည်း ခြံတွေမြေတွေကို ၀ယ်ရောင်းလုပ်နေတာ အရမ်းချမ်းသာနေပြီဗျ။ ပြီးခဲ့တဲ့ ခရစ်စမတ်တုန်းက သူ့ချစ်သူကို ခြံအကြီးကြီး တစ်ခြံလက်ဆောင်ပေးလိုက်သေးတယ်ဗျ။ "

တတိယ တစ်ယောက်ကလည်း အားကျမခံ ပြန်ပြောတယ်
" ကျွန်တော့်သားကတော့ လေယဉ်ကုမ္ပဏီမှာ လုပ်နေတယ်လေဗျာ။ လစာကတော့ သုံးမကုန်အောင်ရတာပေါ့ဗျာ။ သူလည်း သူ့ချစ်သူကို လေယဉ်ပျံတစ်စီး ခရစ်စမတ်လက်ဆောင်အဖြစ်ဝယ်ပေးထားတာဗျ။"
ခဏနေတော့ သန့်စဉ်ခန်းသွားတဲ့ သူငယ်ချင်းပြန်လာတယ်။ အဲဒါနဲ့ ကျန်တဲ့သုံးယောက်က သူ့ကိုဝိုင်းမေးတယ်။
"ကျွန်တော်တို့ ကိုယ့်သားတွေအကြောင်းပြောနေကြတာဗျ။ ခင်ဗျားသားအကြောင်းလည်းပြောပါဦး"
"အေးဗျာ ကျွန်တော့်သားကတော့ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းဝန်ခံထားတယ်ဗျ။ သူဟာ မိန်းကလေးတွေကို သဘောမကျဘဲ ယောကျာ်းလေးတွေကိုမှ သဘောကျတယ်တဲ့ဗျာ။"
သူ့ရဲ့သားအကြောင်းကိုကြားတော့ ကျန်တဲ့ သူငယ်ချင်းသုံးယောက်က ၀ိုင်းပြီးလှောင်ကြတာပေါ့
"ခင်ဗျားသားရဲ့ အဖြစ်ကလည်းဗျာ။ဒါဆိုခင်ဗျားသားက အခြောက်ပေါ့။"
"အေးဗျာ ခင်ဗျားတို့ပြောလည်းခံရတော့မှာပဲ။ ဒါပေမယ့် ကျွန်တော့်သားကို အခြောက်တွေက ၀ိုင်းကြိုက်ကြတယ်ဗျ။ ပြီးသွားတဲ့ ခရစ်စမတ်ကတောင် ကျွန်တော့်သားကို အရမ်းကြိုက်နေတဲ့ အခြောက်သုံးယောက်က နောက်ဆုံးပေါ်ကားတစ်စီးရယ် ခြံအကျယ်ကြီးတစ်ကွက်ရယ် လေယဉ်ပျံတစ်စီးရယ် လက်ဆောင်ပေးထားတယ်ဗျ။"
" တိန် "
Facebook ပေါ်မှာဖတ်လိုက်ရတဲ့ဟာသလေးပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...