Sunday, August 10, 2014

စူပါမွန်းနှင့် ကျွန်တော်သိသော အကြောင်း....

ဒီနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ လမင်းကြီးက ကမ္ဘာကြီးရဲ့ အနီးဆုံး မိုင် ၂ သိန်းကို ရောက်လာမယ်တဲ့.....

ငယ်ငယ်က ဖတ်ဖူးတဲ့ မင်းသိင်္ခရဲ့ `` မနုစာရီ´´ ၀တ္ထုထဲမှာတော့.... 

မနုစာရီ မင်းသမီးက အ၀တ်တွေကို တစ်လွှာချင်း ချွတ်ရင်း ညပြည့်ညမှာ လရောင်ကိုလှုံတယ်တဲ့..

လရောင်ရဲ့ ဆွဲအားကြောင့် အမျိုးသမီးတွေရဲ့ ဘာဘာညာညာ အတွင်းကလီစာနဲ့ အပြင်က အသားအရည်တွေ လှပ ကြံ့ခိုင်တယ်လို့ အကြမ်းဖျင်း မှတ်မိထားခဲ့တယ်။

အဲဒီတုံးက မောင်တော် အတိဿ ရာ က တစ်နေရာကနေ ခိုးကြည့်ရင်း သူရင်တွေ ခုန်ခဲ့တယ်တဲ့လေ။

အဲဒီတော့ ဒီည လပြည့်ညလည်း ဖြစ်တယ်၊ အနီးဆုံးကိုလည်း ရောက်လာတယ်၊ ဒါကြောင့် နှမတော်လေးများက မနုစာရီလို လရောင်လေးတွေ ခိုလှုံကြမလား... လှပပြီး ဘာညာ ဖြစ်လာအောင်လေ....

လရောင်လှုံမယ်ဆိုရင်လည်း သေချာလေး လုပ်ဖို့တော့ သတိပေးချင်တယ်... သများတွေ မြင်တွားမှာ စိုးလို့ပါ... မောင်တော် အတိဿရာ  လိုပေါ့။

ဒါနဲ့ စကားမစပ် အင်းတွေ စမ တွေ ထိုးထားတဲ့ မနုစာရီရဲ့ လက်ပြတ်တစ်ဘက်ကတော့ ကျောက်ဆည်က ကျောက်သေတ္တာကြီးထဲမှာ ရှိနေသတဲ့ဗျာ...

သေချာပါတယ်.... ဒီညတော့ လရောင်ကြောင့် နှမတော်လေးတွေ ဟ၀ှာ ဖြစ်ကြတော့မယ်... 

ဟ၀ှာဆိုလို့ ဘာဘာညာညာ မတွေးကြပါနဲ့ဗျ.....
ပိုလှလာတော့မယ်လို့ ဆိုလိုချင်တာပါ... ဟဲဟဲဟဲ။

(ကွန်ဆူးမား)(၁၀-၈-၂၀၁၄)

(ကွန်ဆူးမား)
(၁၀-၈-၂၀၁၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...