Tuesday, August 5, 2014

စဥ့်ထည်တို့မွေးဖွားရာ ဧရာဝတီကမ်းနားဘေးက နွယ်ငြိမ်းရွာ



စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကျောက် မြောင်းတိုက်နယ်ရှိ နွယ်ငြိမ်းကျေးရွာ သည် စဥ့်ထည်ထုတ် လုပ်ငန်းဖြင့် ထင်ရှားကျော်ကြားသော ရွာကြီးတစ် ရွာဖြစ်ပါသည်။ နွယ်ငြိမ်းကျေးရွာ သည် ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၆၆ဝ တွင် တည်ရှိပါသည်။ ဧရာဝတီမြစ် အနောက်ဘက် ကမ်းရိုးတန်းရှိ ရွာဖြစ်ပြီး တောင် မြောက် ရှည်လျားသော ပုံသဏ္ဌာန် ရှိပါသည်။
နွယ်ငြိမ်းရွာ၏ အနောက် ဘက်တွင် အုန်းပေါင်စိုက်ကွင်းရှိ၍ တောင်ဘက်တွင် ရွှေဂွန်ရွာ၊ မြောက် ဘက်တွင် လက်ရွေး ရွာတို့တည်ရှိပါ သည်။ နွယ်ငြိမ်းရွာသည် ရွှေဂွန်ရွာ အုပ်စုတွင်ပါဝင်ပါသည်။

ယင်းဒေသသည် စဥ့်ထည်လုပ် ငန်းကို ရွှေဘိုမြို့အရှေ့ဘက် ကျောက် မြောင်းအထက် ငါးမိုင်အကွာရှိ စဥ့် မြေများထွက်ရှိရာ မအူကျေးရွာ ပန်း ပင်စွန်းအရပ်၌ အလောင်းမင်းတရား ကြီး လက်ထက်မှစတင်ကာ လုပ် ကိုင်ခဲ့ကြသည်ဟု ဆိုပါသည်။ ထိုနေ ရာတွင် စဥ့်မြေများ ကုန်ခန်းလာရာ မှ ကျောက်မြောင်းအောက်ဘက်ရှိ လက်ရွေးရွာတွင် ဆက်လက်လုပ်ကိုင် ခဲ့သော်လည်း အဓွန့်မရှည်ဘဲ ယခု လက်ရှိ နွယ်ငြိမ်းကျေးရွာတွင်သာ စဥ့်ထည်လုပ်ငန်းများအား စဉ်ဆက် မပြတ် လုပ်ကိုင်လျက်ရှိ ပါသည်။ နွယ် ငြိမ်းကျေးရွာအပြင် အောက်ဘက် တစ်ဆက်တည်းရှိ ရွှေဂွန်ရွာ၊ ရွှေ တိုက် ရွာနှင့် မလားရွာများတွင်လည်း စဥ့်ထည်လုပ်ငန်များကို အနည်း အကျဉ်း လုပ်ကိုင်လျက်ရှိပါသည်။ နွယ်ငြိမ်းကျေးရွာရှိ စဥ့်ထည်လုပ်ငန်း ကြီးများတွင် တစ်နှစ် ပတ်လုံး လုပ် ကိုင်ကြပြီး လုပ်ငန်းငယ်များတွင် ဆောင်းနှင့် နွေရာသီများ၌သာ လုပ် ကိုင်ကြပါသည်။

စဥ့်ထည်လုပ်ငန်း၏ သဘာဝ အရ အဆောက်အအုံများသည် အမိုး နိမ့်နိမ့်ဖြင့် လေလုံရန် တည်ဆောက် ထားပါသည်။ လေအနည်းငယ်မျှ ရရှိရုံဖြင့် ခြောက်သွေ့မှုကို ပိုမိုလိုအပ် ပြီး လေများများ၊ နေရောင်များများ ရရှိပါက စဥ့်ထည်များ ကွဲထွက်စေ ပါသည်။ စဥ့်ထည်လုပ်ငန်း၏ အဓိက ကုန်ကြမ်းမှာ မြေနီနှင့် မြေဝါဖြစ်ပါ သည်။ မြေနီကို နွယ်ငြိမ်းရွာနှင့် နှစ် မိုင်အကွာမှလည်းကောင်း၊ မြေဝါကို နွယ်ငြိမ်းရွာနှင့် တစ်မိုင်အကွာမှ လည်းကောင်း သယ်ယူရရှိပါသည်။ ထိုမြေများကို တစ်နှစ်ပတ်လုံး အသုံး ပြုရန်အတွက် ပွင့်လင်းရာသီတွင် သယ်ယူစုဆောင်းထားကြပါသည်။ စဥ့်ထည်လုပ်ငန်းရှင်များ မှ မြေဂရန် ဖြင့် မြေပိုင်ဆိုင်မှုရယူထားကြပါ သည်။ မြေတူးခြင်းနှင့် မြေသယ်ခြင်း များအတွက်သာ လုပ်အားခ ကုန်ကျ ပါသည်။

စဥ့်ထည်လုပ်ငန်းတွင် ပထမဦး စွာ အိုးစိမ်းကို ပြုလုပ်ရပါသည်။ အိုး စိမ်းပြုလုပ်မည်ဆိုပါက မြေနီနှစ်ဆ၊ မြေဝါတစ်ဆ အချိုးကျရောစပ်၍ နေလှန်းရပါသည်။ ပြီးလျှင် လူအား သို့မဟုတ် စက်အားဖြင့် အမှုန့်ကြိတ် ရပါသည်။ ထို့နောက် အိုးပုံဖော်မည့် သူများက လက် သို့မဟုတ် စက် ကိုအသုံးပြု၍ မြေနီ၊ မြေဝါ အချိုး ကျ ရောစပ်ကြိတ်ပြီးသားအမှုန့်ကို ရေဖြင့်နှပ်ကြရပါသည်။ ပြီးလျှင် အိုးပုံဖော်ခြင်းအတတ်ကို ကျွမ်းကျင် သူလုပ်သားနှစ်ဦးမှ ဆုံလည် အိုးထိန်း စက်ကို အသုံးပြု၍ အိုးပုံဖော်လုပ် ငန်းအား စတင်ပါသည်။ ဦးစွာ နှပ် ပြီးသား မြေများကို လူကြီး လက် မောင်းအရွယ်ရှိ မြေအလိပ်များအဖြစ် ပြုလုပ်ရပါသည်။ ထိုသို့ လုပ်ဆောင် ခြင်းကို အိုးနွယ်ခြင်းဟု လုပ်ငန်းတွင် သုံးနှုန်းကြောင်း သိရပါသည်။ အရွယ် အစားကြီးမားသော ၇၅ ပိဿာ၊ ပိဿာ ၁ဝဝ၊ ၁၅ဝ ဝင်အိုးများ ပြုလုပ် ရာတွင်မူ အောက်ခံ (အိုး၏ အောက် ဘက်အခြမ်း) အိုးပုံအဆင့်နှင့် အပေါ် ပိုင်း (အိုး၏ အပေါ်ဘက်အခြမ်း) အိုးပုံအဆင့်ဟူ၍ နှစ်ပိုင်းခွဲခြားကာ ပြုလုပ်ကြပါသည်။ အောက်ခံအပိုင်း ကို အချောသပ်ပုံဖော်၍ နေလှန်းပြီးမှ အပေါ်ပိုင်းနှင့် ဆက်ယူပါသည်။ စဥ့် အိုးများတွင် အရွယ်အကြီးဆုံးဖြစ် သည့် ပိဿာ ၁၅ဝ ဝင် အိုးလေး လုံးကို လုပ်သားနှစ်ဦး တစ်ရက်တာ မျှ ပြုလုပ်ရပါသည်။ လုပ်ငန်း၏ အခြေခံအဆင့်ဖြစ်သော အိုးပုံဖော်ခြင်း တွင် မြေနှပ်ခြင်း၊ အိုးပုံဖော်ခြင်း၊ အချောသပ် ပုံဖော်ခြင်းအဆင့်များ ပါ ဝင်ပါသည်။

အချောသပ်ပုံဖော်ပြီးသား အိုး များကို မိုး၊ လေ လုံခြုံသော အဆောက်အအုံများထဲတွင် တစ် ပတ်မျှထားလေ့ရှိပါသည်။ ထို့နောက် ယင်းအိုးများ(အထူးသဖြင့် ပန်းအိုး) တွင် ပန်းခက်၊ ပန်းနွယ်၊ အရုပ်ပုံ ဒီဇိုင်းများပြုလုပ်လိုပါက အချော သတ်ပုံဖော်ပြီး အဆင့်တွင် ဒီဇိုင်း ကျွမ်းကျင်သူ လုပ်သားများက အိုး များ၊ ပန်းအိုးများ၏အပြင်ဘက် အိုး အသားများကို လှီးထုတ်၊ ခြစ်ချ၊ ထပ်ပိုးခြင်းဖြင့် လိုအပ်သလို ပုံဖော် ကြပါသည်။ နွယ်ငြိမ်းရွာမှ ပြုလုပ် သော စဥ့်ထည်များမှာ အမျိုးအစား စုံလင်လှပါသည်။ ကလေး ကစား စရာ စဥ့်ထည်များမှအစ လူမှု အသုံး အဆောင်များ ၊နေအိမ်အလှဆင် ပစ္စည်းများ၊ လုပ်ငန်းသုံးစဥ့်အိုးကြီး များ၊ နိုင်ငံခြားသို့ တင်ပို့သော အလှပန်းအိုးကြီးများ ဖြစ်ပါသည်။ အထူးအော်ဒါ မှာသော စဥ့်ထည်များ ကိုလည်း လက်ခံ၍ ပြုလုပ်ပေးကြ ပါသည်။

စဥ့်ထည်အစိမ်း (အိုးစိမ်းအိုး ကြမ်း) ပြုလုပ်ပြီးလျှင် သဘာဝ လေ ဖြင့် အခြောက်ခံရပါသည်။ အပူ၊အအေး မျှတမှုရှိရန် လိုအပ်ပါသည်။ အခြောက်ခံရာတွင် စဥ့်ထည်ပစ္စည်း အကြီးများဖြစ်လျှင် နွေရာသီတွင် ငါး ရက်မျှ၊ မိုးရာသီတွင် ၁ဝ ရက်မျှ အထိ ဖြစ်ပါသည်။ အိုးစိမ်းကို အခြောက်ခံပြီးပါက အညိုရောင်နှင့် အနက်ရောင်ရရှိစေရန် စဥ့်ရည် (ချော် ရည်) လောင်းရပါသည်။ စဥ့်ရည် အဖြစ် အသုံးပြုရန် ချော်ခဲ(ခဲကာဘွန် နိတ်)ကို အသုံးပြုကြပါသည်။ အခြား အရောင်များရရှိလိုပါက အဖြူရောင် မြေမှုန့်များကို ရေဖျော်ကာ အိုးစိမ်း များတွင် သုတ်လိမ်းရပါသည်။ အစိမ်း ရောင်ရရှိလိုပါက ချော်ရည်တွင် ဒုတ္တာ ရောစပ်၍ လည်းကောင်း၊ အပြာ ရောင် ရရှိလိုပါက ကိုဗော့ အောက် ဆိုဒ်အမှုန့် ရောစပ်၍လည်းကောင်း၊ အဝါရောင် ရရှိလိုပါက ခဲမှုန့်ရောစပ် ၍လည်းကောင်း၊ စဥ့်ရည်ဖျော်လောင်း ရပါသည်။ လိုအပ်သော ကုန်ကြမ်း များကို အမှတ်(၁)သတ္တုတွင်း၊ နမ္မ တူဘော်တွင်းသတ္တုတွင်း၊ ရမည်း သင်းနှင့် နေပြည်တော် ပျဉ်းမနားများ မှ ရရှိပါသည်။

နောက်ဆုံးတွင် အချောသပ် ခြင်း (မီးဖုတ်ခြင်း) အဆင့်ကို ဆောင် ရွက်ရပါသည်။ မီးဖုတ်ရာတွင်လည်း စဥ့်ထည်အရွယ်အစားကိုလိုက်၍ တစ် ရက်မှ သုံးရက်အထိ ကြာတတ် ပါသည်။ ဤအဆင့် ပြီးပြီဆိုပါက ရောင်းချရန် အဆင်သင့် ဖြစ်နေသော စဥ့်ထည်များကို ရရှိပြီဖြစ်ပါသည်။ နွယ်ငြိမ်းကျေးရွာမှ စဥ့်ထည်ကုန် ချောများအား ပြည်တွင်းဒေသအနှံ့ သို့သာမက ထိုင်း၊ ပြင်သစ်၊ အစ္စရေး နှင့် အင်္ဂလန်နိုင်ငံများသို့ အဓိက တင်ပို့ပါသည်။

နွယ်ငြိမ်းရွာကလေးသည် စဥ့် ထည်များဖြင့် အစဉ်အမြဲလှပလျက်ရှိ ပါသည်။ ဧရာဝတီ ကမ်းနဖူးတွင် စဥ့်အိုးကြီးများကို စီစီရီရီ ချထားသည် မှာ နွယ်ငြိမ်းကျေးရွာ၏ သင်္ကေတပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအလယ် ပိုင်း နှင့် အထက်ပိုင်းရှိ ဘုရားပွဲများ တွင်လည်း နွယ်ငြိမ်းဒေသထွက် စဥ့် ထည်အရောင်းဆိုင်များကို တွေ့နိုင် ပါသည်။ အိမ်များ၊ ရုံးများ၊ ကျောင်း များ၊ ဟိုတယ်များ၌လည်း နွယ်ငြိမ်း လက်ရာ စဥ့်ထည်များက နေရာယူ လျက်ရှိပါသည်။ မြန်မာ့ရိုးရာ လက်မှု ပညာတစ်ရပ်ဖြစ်သော စဥ့်အတတ် ပညာများ မပျောက်မပျက် ထွန်းကား လျက်ရှိနေသေးသည့် နွယ်ငြိမ်းရွာ ကလေးသည် စဥ့်ထည်လုပ်ငန်း ကြောင့် လူသိများ ထင်ရှားလျက်ရှိ ပါသည်။ တည်ဆောက်ပြီးစီးခါနီး ပြီဖြစ်သည့် ဧရာဝတီမြစ်ကူး ရတနာ သိင်္ဃတံတားကြီး မှာလည်း နွယ်ငြိမ်း ကျေးရွာအနီးမှနေ၍ တစ်ဘက်ကမ်း စဥ့်ကူးဘက်ဆီသို့ ဆက်သွယ်ထား သည်ကို တွေ့ရပါသည်။ တံတား ကြီးပြီးစီးပါက စဥ့်ထည်များဖြင့် ပနံရနေသည့် နွယ်ငြိမ်းရွာကလေး၏ အလှသည် ပို၍ ရုပ်လုံးကြွလာလိမ့် မည်ဟု ဆိုချင်ပါတော့ သည်။

လွင်ချန်ဖြိုး(နတ်မောက်) http://www.zaygwet.com/business.php?id=104
— in Nwenyein, Myanmar.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...