*** သီလရှင်များကို စာနာပါ ***
ဝါတွင်းကာလ ရောက်ပြီဆိုတာနှင့် တောအဖိတ်၊ မြို့ အဖိတ် ဟူ၍ သီလရှင်ဆရာလေးများက ရွပ် ကွက် အသီးသီးနေအိမ်များသို့  အလှူခံကြွရောက် လာကြပါပြီ။ သီလရှင်ဆရာလေးများရဲ့ ဘ၀ ဟာ ကြည့်တတ် မြင်တတ်ရင် အင်မတန်မှ သနားစရာကောင်းလှ ပါတယ်။ ဘုန်းကြီးများလို နေ့  စဉ် ဆွမ်းခံ အလှူအိမ် မရကြတာကြောင့်လည်း၊ မိမိတ၀မ်းတခါး ဆွမ်း ၂ နပ်စာ (အာရုံဆွမ်း ၊ နေ့  ဆွမ်း) အတွက် မိမိဖာသာ တာဝန်ယူကြရတာပါ။
၁-ဇွန်း ဆန်လေးရဖို့ အရေး မိုးလင်းမှ မိုးချုပ် နေပူစပ်ခါး လှည့်လည်ကြရပြီး၊ ဆရာလေးများအတွက် မထူးဆန်းသောစကားကတော့ " ကန်တော့ပါသေးရဲ့ " ဆိုတဲ့ လူမမြင်ရဘဲ အိမ်ထဲမှ ထွက်ပေါ်လာတဲ့ စကားသံပါဘဲ။ ထို " ကန်ေ တာ့ ပါသေးရဲ့ " ဆိုတဲ့ စကားသံ မကြားရမချင်း အိမ်ရှင် ဘယ်အပေါက်ကနေ ထွက်လာမလား ရယ် လို့  မတ်တပ်ရပ်စောင့်မျှော်ကြရ ရှာပါတယ်။
သီလရှင်အများစုမှာ..အမိအဖ မရှိ၍သော်လည်းကောင်း (သို့ မဟုတ်) အမိအဖက ချို့ တဲ့လွန်းတာကြောင့် ဥမမယ် စာ မမြောက်သေးတဲ့ အရွယ်က တည်းက ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းတွေကို စွန့် ပစ် ခံ ဘ၀ဖြင့် ရောက်လာကြရ ရှာပါတယ်။ ထိုခိုကိုးရာမဲ့ သမီး ငယ်လေးများကို အ၀တ်အစားဆ င်မြန်း မှု နှင့် ဗာဟီရကိစ္စ အ၀၀အတွက် တာဝန်ကြီးလေး လှတာကြောင့်လည်း၊ လူပုဂ္ဂိုလ် အ နေဖြင့် မထားတော့ဘဲ အသက် ၃ နှစ် အရွယ်၊ တခါတလေ ထိုအသက်မတိုင်မှီမှာပင် သီလ ရှင် ၀တ်ဆင်စေပါတယ်။
ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေဖြင့်သော်လည်းကောင်း
https://www.facebook.com/
0 comments:
Post a Comment