Wednesday, August 13, 2014

စိတ်ညစ်ခြင်း နှင့် စိတ်ဓာတ်ကျခြင်း ...

စိတ်ညစ်ခြင်း နှင့် စိတ်ဓာတ်ကျခြင်း ...
*************

လူတိုင်း စိတ်ဓါတ်ကျတာတွေ စိတ်ညစ်တာတွေ ရှိကြပါတယ် ။
အမြဲတမ်းတော့ မဖြစ်ကြပါဘူး ။ လိုချင်မှုတွေ အားကြီးလာတဲ့အခါ
ကိုယ့်ကိုယ်ကို အားမရဖြစ် တာကြောင့် စိတ်ဓါတ်ကျတဲ့အခါရှိတယ်။
ကိုယ့်ကိုယ် တစ်ယောက်ယောက်က မခံနိုင်အောင်အောင် စနောက်ခြင်း
မဟုတ်ရင် ရိုင်းစိုင်းစကားပြောတဲ့အခါ စိတ်တိုတတ်ပါတယ် နောက်
ငါဒီလူကို ဘယ်လိုပြန်လုပ်ရမလဲဆိုတာတွေးရင်းနဲ့ အလိုလို စိတ်ညစ်နေတတ်
ပါတယ် ဒါက ဒေါသကြောင့်ပါ ။ အရာတိုင်းကို လျစ်လျူရှုဖို့ မလိုပေမယ့်
ကိုယ့်အတွက် အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကိုတော့ လျစ်လျူရှုရပါမယ်။

အဓိကက စိတ်ပါ မိမိစိတ်ကို မိမိ အမြဲဆန်းစစ်ကာ တွေးတောပါ ။
ငါတွေးနေတာတွေကရော ငါ့အတွက် အကျိုးရှိလား ဘယ်သူ့အတွက်အကျိုးရှိလဲ
စဉ်းစားတတ်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရင့်ကျက်တဲ့ စိတ်တွေ ဖြစ်လာမှာပါ ။

ငါက လူငယ်ပဲ လူငယ်စိတ်နဲ့ ဒုန်းဒိုင်းလုပ်မရပါဘူး ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်
မိမိစိတ် မိမိ ထိန်းချုပ်နိုင်မှသာ အမှားနည်းမှာပါ ။ သူများ စိတ်ညစ်နေချိန်မှာ
အားပေးစကားပြောတဲ့ ကိုယ့်အတွေးအတိုင်း ၊ ကိုယ်စိတ်ညစ်ချိန်မှာ ပြန်တွေးလိုက်ပါ။

ပုတုဇဉ် လူသားပေမယ့် (၁၀)ခါလုပ်ရင် အနည်းဆုံးတစ်ကြိမ်တော့မှားမှာပါ ။
ဒါတွေဟာ စိတ်ဓါတ်ကျစရာ စိတ်ညစ်စရာမဟုတ်ပါဘူး အမှားထဲက သင်ခန်းစာယူတတ်ရင် တဖြည်းဖြည်း အမှားနည်းလာပြီး အမှန်တွေကို သိမြင်လာမှာပါ။ 

လူတစ်ယောက်မှာ အရေးကြီးဆုံးကစိတ်လို့ကျွန်တော်ထင်ပါတယ်
ဒါပေမယ့် ဒီစိတ်ကို လွှတ်ထားလို့ မရပါဘူး ဦးနှောက်နဲ့ဆုံးဖြတ်ရပါမယ်
ဒါဖြင့်ဆံုးဖြတ်ရမယ့် ဦးနှောက်ကရော အမှန်တွေး တတ်လား??? 
အမှန်မြင်တတ်လား ??
အမှန်တရားတွေကိုရော ဘယ်လောက် သိထားပြီးပြီလဲ နားလည်ထားပြီးပြီလဲဆိုတာမိမိကိုယ် မိမိအသိဆုံးပါ ။ လိုချင်မှုတွေကို မများပါနဲ့ ။ 
သူက သိပ္ပံပညာရှင်မို့
ငါလည်း သိပ္ပံပညာရှင်ဖြစ်ရမယ် လို့ ရည်မှန်းချက်တော့ရှိပါ ဒါပေမယ့် အရမ်းကြီး
မမျှော်လင့်ပါနဲ့ ကိုယ်က သိပ္ပံပညာရှင်ဖြစ်ချင်သူဆို ကိုယ့်လမ်းကြောင်းအတိုင်း
ကိုယ်လျှောက်သွားပါ ။ လူတိုင်းမှာ ပါရမီတွေမတူညီပါ သဘာက၀ ပေးတဲ့
ဦးနှောက်မှတ်ဥာဏ်လည်း မတူပါ။ဒါပေမယ့် မိမိလုပ်နိုင်စွမ်းကိုတော့ အကောင်းဆုံးအခြေအနေထိရောက်အောင်မြှင့်တင်ပါ ။ 

လူတိုင်း ကျွန်တော်ပြောခဲ့တာလေးတွေကို
သိကြမှာပါ ဒါပေမယ့် တကယ်လက်တွေ့မှာ ငါကျင့်သုံးနေပြီလားဆိုတာ
ကိုယ့်ကိုယ်ကို ပြန်မေးကာ ဆင်ခြင်နိုင်ပါစေ ။ ဘာပဲဖြစ်ဖြစ် စိတ်ဓါတ်ကျတယ်
စိတ်ညစ်တယ်ဆိုတာက အရှုံးပေးနေတာပါ အရာတိုင်းကို အရှုံးပေးနေသလိုပါပဲ။
တက်လမ်းတွေ ပိတ်မယ် အောင်မြင်မှုတွေနဲ့ဝေးမယ် မှန်ကန်မှုတွေနဲ့
ပိုဝေးသွားပါလိမ့်မယ် ။ အမှားထဲက သင်ခန်းစာ ယူတတ်ရင် 
တော့ပျော်ရွှင်စရာတွေကြုံလာမှာပါ ။

ခွက်ဒစ် ။ မူရင်းရေးသူ

လူတိုင်း စိတ်ဓါတ်ကျတာတွေ စိတ်ညစ်တာတွေ ရှိကြပါတယ် ။
အမြဲတမ်းတော့ မဖြစ်ကြပါဘူး ။ လိုချင်မှုတွေ အားကြီးလာတဲ့အခါ
ကိုယ့်ကိုယ်ကို အားမရဖြစ် တာကြောင့် စိတ်ဓါတ်ကျတဲ့အခါရှိတယ်။
ကိုယ့်ကိုယ် တစ်ယောက်ယောက်က မခံနိုင်အောင်အောင် စနောက်ခြင်း
မဟုတ်ရင် ရိုင်းစိုင်းစကားပြောတဲ့အခါ စိတ်တိုတတ်ပါတယ်။ 

နောက်
ငါဒီလူကို ဘယ်လိုပြန်လုပ်ရမလဲဆိုတာတွေးရင်းနဲ့ အလိုလို စိတ်ညစ်နေတတ်
ပါတယ် ဒါက ဒေါသကြောင့်ပါ ။ အရာတိုင်းကို လျစ်လျူရှုဖို့ မလိုပေမယ့်
ကိုယ့်အတွက် အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကိုတော့ လျစ်လျူရှုရပါမယ်။
အဓိကက စိတ်ပါ မိမိစိတ်ကို မိမိ အမြဲဆန်းစစ်ကာ တွေးတောပါ ။
ငါတွေးနေတာတွေကရော ငါ့အတွက် အကျိုးရှိလား ဘယ်သူ့အတွက်အကျိုးရှိလဲ
စဉ်းစားတတ်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရင့်ကျက်တဲ့ စိတ်တွေ ဖြစ်လာမှာပါ ။
ငါက လူငယ်ပဲ လူငယ်စိတ်နဲ့ ဒုန်းဒိုင်းလုပ်မရပါဘူး ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်
မိမိစိတ် မိမိ ထိန်းချုပ်နိုင်မှသာ အမှားနည်းမှာပါ ။ သူများ စိတ်ညစ်နေချိန်မှာ
အားပေးစကားပြောတဲ့ ကိုယ့်အတွေးအတိုင်း ၊ ကိုယ်စိတ်ညစ်ချိန်မှာ ပြန်တွေးလိုက်ပါ။
ပုတုဇဉ် လူသားပေမယ့် (၁၀)ခါလုပ်ရင် အနည်းဆုံးတစ်ကြိမ်တော့မှားမှာပါ ။
ဒါတွေဟာ စိတ်ဓါတ်ကျစရာ စိတ်ညစ်စရာမဟုတ်ပါဘူး အမှားထဲက သင်ခန်းစာယူတတ်ရင် တဖြည်းဖြည်း အမှားနည်းလာပြီး အမှန်တွေကို သိမြင်လာမှာပါ။
လူတစ်ယောက်မှာ အရေးကြီးဆုံးကစိတ်လို့ကျွန်တော်ထင်ပါတယ်
ဒါပေမယ့် ဒီစိတ်ကို လွှတ်ထားလို့ မရပါဘူး ဦးနှောက်နဲ့ဆုံးဖြတ်ရပါမယ်
ဒါဖြင့်ဆံုးဖြတ်ရမယ့် ဦးနှောက်ကရော အမှန်တွေး တတ်လား???
အမှန်မြင်တတ်လား ??
အမှန်တရားတွေကိုရော ဘယ်လောက် သိထားပြီးပြီလဲ နားလည်ထားပြီးပြီလဲဆိုတာမိမိကိုယ် မိမိအသိဆုံးပါ ။ လိုချင်မှုတွေကို မများပါနဲ့ ။
သူက သိပ္ပံပညာရှင်မို့
ငါလည်း သိပ္ပံပညာရှင်ဖြစ်ရမယ် လို့ ရည်မှန်းချက်တော့ရှိပါ ဒါပေမယ့် အရမ်းကြီး
မမျှော်လင့်ပါနဲ့ ကိုယ်က သိပ္ပံပညာရှင်ဖြစ်ချင်သူဆို ကိုယ့်လမ်းကြောင်းအတိုင်း
ကိုယ်လျှောက်သွားပါ ။ လူတိုင်းမှာ ပါရမီတွေမတူညီပါ သဘာက၀ ပေးတဲ့
ဦးနှောက်မှတ်ဥာဏ်လည်း မတူပါ။ဒါပေမယ့် မိမိလုပ်နိုင်စွမ်းကိုတော့ အကောင်းဆုံးအခြေအနေထိရောက်အောင်မြှင့်တင်ပါ ။
လူတိုင်း ကျွန်တော်ပြောခဲ့တာလေးတွေကို
သိကြမှာပါ ဒါပေမယ့် တကယ်လက်တွေ့မှာ ငါကျင့်သုံးနေပြီလားဆိုတာ
ကိုယ့်ကိုယ်ကို ပြန်မေးကာ ဆင်ခြင်နိုင်ပါစေ ။ ဘာပဲဖြစ်ဖြစ် စိတ်ဓါတ်ကျတယ်
စိတ်ညစ်တယ်ဆိုတာက အရှုံးပေးနေတာပါ အရာတိုင်းကို အရှုံးပေးနေသလိုပါပဲ။
တက်လမ်းတွေ ပိတ်မယ် အောင်မြင်မှုတွေနဲ့ဝေးမယ် မှန်ကန်မှုတွေနဲ့
ပိုဝေးသွားပါလိမ့်မယ် ။ အမှားထဲက သင်ခန်းစာ ယူတတ်ရင်
တော့ပျော်ရွှင်စရာတွေကြုံလာမှာပါ ။
ခွက်ဒစ် ။ မူရင်းရေးသူ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...