သစ်ထူးလွင် သတင်းစုစည်းမှု (၅-၈)
သစ်ထူးလွင် |
- ထရန်စဖော်မာဝင်းအတွင်း ၀င်ရောက်ခဲ့သူ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး
- ကူးစက်မြန်အီဘိုလာရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
- မြစ်ရေ တိုက်စား မှုကြောင့် ကမ်းပါး ပြိုကျကာ မြစ် အတွင်း စေတီတော် နစ်မြုပ်
- ဗိုလ်ချုပ်ဟောင်းတစ်ဦး ဇနီးနှင့် ရေတပ်က သိမ်းထား သော မြေများ ပြန်ရရေး သံတွဲ ဂျိတ်တောတွင် ဆန္ဒဖေါ်ထုတ်
- တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးရာ၌ သက်သေအဖြစ် နှစ်နိုင်ငံထပ်တိုး
- ကွတ်ခိုင်တွင် လူငယ်တဦး သေနတ်ပစ်ခံရပြီး သေဆုံး၊ အဖြစ်မှန် ဖော်ထုတ်ပေးရန် တောင်းဆို
- ၈၈ အရေးအခင်းနှိမ်နင်းမှု သမ္မတ ဦးသိန်းစိန် ပတ်သက်ခြင်းမရှိဟု ငြင်းဆို
- တရားမ၀င် အိန္ဒိယနိုင်ငံထုတ် ကာမအားတိုးဆေး ကျိုင်းတုံတွင် ဖမ်းဆည်းရမိ
- ကွမ်းစားဆေး နှင့် ကွမ်းပေါင်း နှပ်ဆေးများ စားသုံးမှုကြောင့် သွားဖုံး ၊ ပါးစောင်ကင်ဆာ ဖြစ်ပွားမှု များပြားလာ
- အီဘိုလာရောဂါနှင့် ပတ်သက်ပြီး ပြင်ဆင်မှု အခြေအနေ ဒေါက်တာ စိုးလွင်ငြိမ်းကို မေးမြန်းချက်
- ဗုဒ္ဓပုံတော် မင်ကြောင်ထိုးသူ ပြည်နှင်ဒဏ်ပေးခံရ
- ဟင်္သာတမြို့တွင် ခရိုင်ပညာရေးဌာနကို ဆန္ဒဖော်ထုတ်
- ဘုန်းကြီးကျောင်းသို့ အရက်သောက်စားပြီး မလာရန် တားမြစ်ပြောဆိုသူကို ပန်းအိုးဖြင့်ရိုက်နှက်ခဲ့၍ သေဆုံး
- ရခိုင်မှာ ငါးဖမ်းသင်္ဘာနစ်ပြီး လူ၂၀နီးပါး ပျောက်နေဆဲ
- နယူးရောက်ဆေးရုံမှာ လူနာတဦး Ebola ရောဂါပိုး ရှိ မရှိ စစ်ဆေး
- မြန်မာအစိုးရ နောက်ပြန်လှည့်မှု ဝန်ကြီး Kerry သတိပေးဖို့ HRW တိုက်တွန်း
- လူထုကို ဦးသိန်းစိန် နှိမ်နင်းခဲ့သလား
- ၇၂နာရီ အပစ်ရပ်ဖို့ အစ္စရေးနဲ့ ဟားမာ့စ် သဘောတူ
- ပြည်သူ့ဘဏ္ဍာငွေများဖြင့် ကြွယ်ဝချမ်းသာ နေကြသော အခွန်ဝန်ထမ်းများကို ဖော်ထုတ် အရေးယူ ပေးပါရန် (သို့မဟုတ်) အခွန်ဝန်ထမ်းများကို အခွန်ကောက် ပေးပါရန် (ပေးစာ)
- ရန်ကုန်မြို့တွင်းရှိ လမ်းဘေး ဈေးသည်များကို အခွန်လွတ် ဈေးများသို့ ပြောင်းရွှေ့ ပေးမည်
- လူမှုကူညီရေးအတွက် ၇နာရီကြာ အပစ်ရပ်ပြီးရင် စစ်ဆင်ရေး ပြန်လုပ်မယ်လို့ဆို
- ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမား မှတ်ပုံတင် အခြေအနေ (ရုပ်/သံ)
- လူကုန်ကူးမှုနဲ့ ထိုင်းနိုင်ငံ (ရုပ်/သံ)
- တူးဖော်ဆဲ တမုတ်မြို့ဟောင်း မှ ယဉ်ကျေးမှု အမွေအနှစ် တို့ကြောင့် ယူနက်စကို စာရင်း ၀င်နိုင်မည့် အချက်နှင့် ပြည့်စုံနေဟုဆို
- အိုရီဒူးဆင်းကဒ် ဈေးပိုရောင်းတဲ့ ဆိုင်တွေကို အရေးယူဖို့ စီစဉ် (ရုပ်/သံ)
Posted: 05 Aug 2014 04:55 AM PDT
ရန်ကုန်၊
သြဂုတ် ၅
၅.၈.၂၀၁၄ ရက်နေ့ ၀၇၅၀ အချိန်တွင် သာကေတမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်
သာကေတမြို့နယ်၊ ၂/မြောက် ရပ်ကွက်၊ သဒ္ဒါလမ်းနှင့် အနော်မာလမ်း ထောင့်ရှိ
ထရန်စဖော်မာတွင် အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံးကြောင်း သတင်းအရ
သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ၎င်းရပ်ကွက်နေ ဇာနည်၊ (၄၅)နှစ်ဖြစ်ကြောင်း
သိရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် အရက်အလွန်အကျွံသောက်သဖြင့် စိတ်မူ
|
Posted: 05 Aug 2014 03:37 AM PDT
နေပြည်တော် သြဂုတ် ၎
ကျန်းမာရေး ဝန်ကြီးဌာနသည် ကူးစက်မြန် အီဘိုလာ ရောဂါ မြန်မာနိုင်ငံတွင်
ကူးစက် ပြန့်ပွားခြင်း မရှိ စေရေး အတွက် ရောဂါ ဖြစ်ပွားမှု စောင့်ကြပ်
ကြည့်ရှုခြင်း၊ ရောဂါဖြစ်ပွားမှု သံသယ ရှိသူ များအား သတ်မှတ်ထား သော
ဆေးရုံများသို့ ပို့ဆောင်၍ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း
လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက် ပြန့်ပွားမှု
ရှိသောနိုင်ငံများမှ မြန်မာနိုင်ငံသို့
|
Posted: 05 Aug 2014 03:29 AM PDT
ရန်ကုန်၊
သြဂုတ် ၅
တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင် ကျေးရွာအုပ်စု၊
ရွာသစ်ကျေးရွာ၏ ရွာဦးထိပ်တွင် ၁၃၇၁ ခုနှစ်မှစတင်၍ တည်ထားသော
ဥာဏ်တော်(၉)တောင်ရှိ ငြိမ်းအေးချမ်းသာ ဆုတောင်းပြည့် စေတီတော်မှာ ၂.၈.၂၀၁၄
ရက်နေ့ ၁၁၃၀ အချိန်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် အလျားပေ(၃၀)၊
အနံပေ(၂၀)ခန့်ရှိ ကမ်းပါးပြိုကျရာတွင် ပါသွားခဲ့ပြီး မြစ်အတွင်းသို့
တိမ်းစောင်းသွားခဲ့ကာ စေတီအနီးရှိ တံခွန်တိုင်မှာ လည်း
|
Posted: 05 Aug 2014 03:21 AM PDT
ရခိုင်ပြည်နယ်
သံတွဲမြို့နယ် အပိုင် ငပလီမြို့ ဂျိတ်တောတွင် ဒေသခံ ပြည်သူ (၅၀) ကျော်သည်
သူတို့ထံမှ ဗိုလ်ချုပ်ဟောင်းတစ်ဦးဇနီး အပါအ၀င် ရေတပ်နှင့် ငါးလုပ်ငန်း
ဦးစီးဌာနမှ သိမ်းထားသော လယ်မြေများကို ပြန်ပေးရန် ဆန္ဒဖေါ်ထုတ်
တောင်းဆိုခဲ့ကြသည်။
ဆန္ဒဖေါ်ထုတ်သူများသည် ယနေ့နံနက် ၁၂ နာရီခန့်က ဂျိတ်တောကျေးရွာမှ မြပြင်ရွာထိ
ချီတက်ကာ ဆန္ဒဖေါ်ထုတ်ခဲ့သည်။
ဆန္ဒပြသူများသည် “ နတ်မော်တောင်အတွင်းရှိ
|
Posted: 05 Aug 2014 03:14 AM PDT
သြဂတ်စ်လ
၅ ရက် ၂၀၁၄
အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များကြား တနိုင်ငံလုံး
ဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးရာ၌ ဂျပန်နှင့်နော်ဝေး နိုင်ငံ
တို့ကို အသိသက်သေအဖြစ် ဆောင်ရွက်ရန် လိုင်ဇာ အစည်းအဝေး၌ တင်ပြရာ သဘောတူမှု
ရရှိခဲ့ကြောင်း သိရှိရပါသည်။
“အရင်ကတော့ အသိသက်သေတွေအဖြစ် ပုဂ္ဂိုလ် ၂ ယောက်နဲ့ နိုင်ငံကြီး ၅
နိုင်ငံပေါ့။ UN အတွင်းရေးမှူးနဲ့ အာဆီယံအတွင်းရေးမှူး။ နိုင်ငံတွေကတော့
|
Posted: 05 Aug 2014 03:08 AM PDT
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် လွယ်ငွင်းမှာ နေထိုင်တဲ့ ၁၆ နှစ်အရွယ်
လူငယ်တဦး သေနတ်ထိမှန် သေဆုံးသွားတာတဲ့အတွက် အဖြစ်မှန် ဖော်ထုတ်ပေးဖို့
မိသားစုတွေက လိုလား နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့က ကွတ်ခိုင်မြို့နယ်က ဟိုကျန့်အုပ်စုရှိ
လွယ်ငွင်းကျေးရွာ မှာ နေထိုင်တဲ့ ဦးနော်ဘောက် ရဲ့သားဖြစ်သူ အသက် ၁၆
နှစ်အရွယ် မာတီး (ခ) ဘရန်နန်ဟာ သူတို့ မိသားစု စိုက်ပျိုးထားတဲ့
တောင်ယာစိုက်ခင်း ယာတဲအတွင်းမှာေ
|
Posted: 05 Aug 2014 03:06 AM PDT
၁၉၈၈
အရေးအခင်းကာလက ရန်ကုန်မြို့မှာ ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က
နှိမ်နင်းမှုမှာ သမ္မတ ဦးသိန်းစိန် ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ သမ္မတရဲ့
ပြောရေး ဆိုခွင့်ရှိသူက ငြင်းဆို လိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီရေး၊ တပါတီ အာဏာရှင် ဆန့်ကျင်ရေး လူထုအုံကြွဆန္ဒပြမှုမှာ
အကြမ်းဖက် နှိမ်နင်း ခံရပြီး လူထောင်ချီ သေဆုံး ခဲ့ရတဲ့ ၈၈ အရေးအခင်း ၂၆
နှစ် ပြည့်ဖို့ အချိန် နီးကပ်လာတာနဲ့အမျှ ဒီနှိမ်နင်းမှုမှာ သမ္မတ
|
Posted: 05 Aug 2014 12:59 AM PDT
ကျိုင်းတုံ၊
သြဂုတ် ၅
တရားမ၀င် ကာမ အားတိုးဆေး (၄၉၀)ဗူးကို ကျိုင်းတုံ တရားမ၀င် ကုန်သွယ်မှု
တားဆီး ထိန်းချုပ်ရေး အဖွဲ့မှ သိမ်းဆည်း ရမိခဲ့ကြောင်း။ ကျိုင်းတုံနယ်စပ်
ကုန်သွယ်ရေး စခန်း၊ တရားမ၀င်ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးအဖွဲ့
အမှတ်(၂)သည် ၂၀၁၄ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့ ကျိုင်းတုံ -တာချီလိတ်
နောင်နွန်း စစ်ဆေးရေးဂိတ်၊ နတ်စင်အနီး၊ ရှောင်ကွင်းလမ်းထိပ်တွင်
အိန္ဒိယနိုင်ငံထုတ် ကာမအားတိုးဆေး MASTIGRA (
|
Posted: 05 Aug 2014 12:52 AM PDT
ကောလင်း
၊ ၅-၈-၂၀၁၄
မြို့တိုင်းလိုလို ကွမ်းစားသုံးမှု များပြား လာသည်နှင့် အမျှ
အိန္ဒိယနိုင်ငံမှ တရားမဝင် တင်သွင်းသော နိုင်တီတူး၊ ဖိုတီဖိုက် စသည့်
ဆေးပြင်းများကို စားသုံး နေကြသည်။ ထို့ပြင် Shikhar (ရှီးခါး)၊
ကင်းမြီးကောက် တံဆိပ်ပါ ကွမ်းပေါင်း ဆေးထုပ်များကို လူငယ်အများစု စားသုံးမှု
ပိုမို များပြား လာကြသည်။ ယခင်က ကွမ်းကို ကွမ်းသီး၊ ထုံး၊ ဆေးရွက်ကြီး
တို့ဖြင့် စားသုံးကြရာမှ ယခုအခါ ကွမ်းစားသုံး မှုသည်
|
Posted: 05 Aug 2014 12:42 AM PDT
ကူးစက်နှုန်း
မြန်ပြီးတော့ ဖြစ်ပွားပြီဆိုရင် သေဆုံးဖို့ ရာနှုန်းများတဲ့ အီဘိုလာ
ရောဂါဟာ ကမ္ဘာမှာ စိုးရိမ်ရတဲ့ အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မှာရော ဘယ်လို ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်
ဆိုတာကို ကျန်းမာရေးဦးစီး ဌာန လက်အောက် ရှိ ရောဂါနှိမ်နင်းရေး ဌာနက ဒုတိယ
ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းကို ဒီဗွီဘီက ဆက်သွယ်
မေးမြန်း ထားပါတယ်။
By ပိုင်စိုး (ဒီဗွီဘီ)
|
Posted: 05 Aug 2014 12:27 AM PDT
မြန်မာနိုင်ငံကို
လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသည်တစ်ယောက်ဟာ သူ့ရဲ့ ခြေသလုံးမှာ
ဗုဒ္ဓပုံတော်တွေကို ဆေးမင်ကြောင် ရေးထိုးထားတဲ့ အတွက် သက်ဆိုင်ရာက
ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း သိရပါတယ်။
ကနေဒါနိုင်ငံသား Mr Polley Jason Scott ဟာ ဇနီးဖြစ်သူနဲ့အတူ
မြန်မာနိုင်ငံကို ဇူလိုင် ၂၇ ရက်က ရောက်ရှိခဲ့ပြီး အင်းလေး၊ မန္တလေး၊ ပုဂံ၊
မော်လမြိုင်၊ ကျိုက်ထီးရိုး စတဲ့နေရာတွေကို သွားရောက်လည်ပတ်ခဲ့ပါတယ်။
ဒါပေမဲ့
|
Posted: 05 Aug 2014 12:19 AM PDT
ဟင်္သာတ၊
သြဂုတ် ၅။
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ် တံတားဦး အုပ်စု အပါအဝင် ကျေးရွာ (၁၅)
ရွာမှ ကျောင်းသား မိဘနှင့် ကျောင်းကော်မတီဝင်များ စုပေါင်းကာ သြဂုတ်လ ၅
ရက်နေ့တွင် ဟင်္သာတမြို့ပေါ်၌ ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း သိရသည်။
"ပညာရေးနှင့် ပြည်သူလူထုအပေါ် အလေးထား ဆောင်ရွက်ပေးခြင်းမရှိသော
ခရိုင်ပညာရေးမှူးအလိုမရှိ"၊ “ စည်းကမ်းပျက်ဆရာ/ဆရာမများ အလိုမရှိ ”၊
“ငွေကြေးတောင်းခံသော လက်ထောက်ပညာရေးမှူးအား
|
Posted: 05 Aug 2014 12:14 AM PDT
ရန်ကုန်၊
သြဂုတ် ၅
၎.၈.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းကျေးရွာ
ဘုန်းကြီး ကျောင်းတိုက်နေ ဘုန်းကြီးကျောင်းသားဖြစ်သူ ကိုခိုင်ဇော်သည်
ကျောင်းတိုက်၏ အရှေ့ဘက်မှ ရန်ဖြစ်သံကြား၍ သွားရောက်ကြည့်ရှု ခဲ့ပါသည်။
ထိုသို့သွားရောက်ကြည့်ရှုခဲ့ရာ ကျောင်းဝင်းအတွင်း သံမံသလင်းပေါ်၌
ဘုန်းကြီးကျောင်းသားဖြစ်သူ ကိုခင်ဌေး၊ (၂၇)နှစ်မှာ နှုတ်ခမ်းဝဲဘက်၊ ၀ဲပါး၊
ဝဲမျက်ခုံးနှင့် ၀ဲချိုစောင်းတို့တွင်ေ
|
Posted: 04 Aug 2014 08:03 PM PDT
ရခိုင်ပြည်နယ်နားက
ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ငါးဖမ်း သင်္ဘာတစ်စီး
နစ်မြုပ်သွားခဲ့ရာမှာ အခုချိန်ထိ လူ ၁၇ ဦးလောက် ပျောက်ဆုံးနေပါတယ်။
ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ် အကြား ပင်လယ်ပြင်မှာ ငါးဖမ်းနေတဲ့ အဏ္ဍဍဝါမင်း ၉
ဟာ သြဂုတ်လ ၂ ရက်နေ့က နစ်မြုပ်သွားခဲ့တာပါ။
သင်္ဘာ နစ်မြုပ်စဉ်မှာ ငါးဖမ်းသင်္ဘာမှာ လူ ၂၂ ဦး လိုက်ပါလာပြီး တနင်္လာနေ့
ညနေအထိ ၆ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပိုက်တွေကိုေ
|
Posted: 04 Aug 2014 07:35 PM PDT
အီဘိုလာ
ဗိုင်းရပ်ကူး စက်ခံရဖွယ် လက္ခဏာမျိုး လူနာတစ်ဦးကို အမေရိကန် ပြည်ထောင်စု
နယူးယောက်ဆေးရုံမှာ စမ်းသပ် တွေ့နေ ရပါတယ်။ အဲဒီလူနာဟာ အဖျားပြင်းပြီး
အစာအိမ် လမ်းကြောင်းဆိုင်ရာ ပြဿနာနဲ့ Mount Sinai ဆေးရုံကို တနင်္လာနေ့
အစောပိုင်းက ရောက်ရှိလာပြီး သူ့ကို အခု သီးခြား ခွဲထုတ်ထား တယ်လို့
တာဝန်ရှိ သူတွေက ပြောပါတယ်။
သူဟာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ အာဖရိကတိုက် အနောက်ခြမ်း
ဒေသကို မကြာခင်က
|
Posted: 04 Aug 2014 07:30 PM PDT
ARF
အာဆီယံ ဒေသတွင်း အစည်းအဝေး တက်ဖို့ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတဲ့
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီကို မြန်မာ အစိုးရကို
မြန်မာ့နိုင်ငံရေး အတွက် ဖိအားပေး ပြောဆိုမှု လုပ်ဖို့ဆိုပြီး
တိုက်တွန်းမှုတွေ အတော်များများ ရှိနေပါတယ်။ ဒီအထဲမှာ HRW
နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့လည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဟာ ဒီမိုကရေစီ ဖြစ်ထွန်းမှုမှာ အောင်မြင်မှု
|
Posted: 04 Aug 2014 07:21 PM PDT
သမ္မတဦးသိန်းစိန်ဟာ
၁၉၈၈ လူထုအရေး အခင်း ကြီးကို နှိမ်နင်းဖြိုခွဲသူ တွေထဲမှာ အဓိက ပါဝင်သူ
တယောက် ဖြစ်တယ်လို့ ဝီကီလိခ် က ထုတ်ဖော် လိုက်ပါတယ်။
အမေရိကန် သံရုံး သံတမန်တွေဆီ ကနေ ပေါက်ကြား လာတယ်ဆိုတဲ့ ၂၀ဝ၄ ခုနှစ် တုန်းက
ရက်စွဲနဲ့ ကြေးနန်း တစောင်ကို ကိုးကားပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အဲဒီသံတမန် ကြေးနန်းမှာ ဖော်ပြချက်အရ ဗိုလ်မှူးသိန်းစိန်ဟာ အဲဒီတုန်းက
အရေးအခင်းကို အဓိကနှိမ်နင်းဖြိုခွင်းခဲ့တဲ့ ခြေမြန်တပ်မ
|
Posted: 04 Aug 2014 07:14 PM PDT
ဂါဇာ
ကမ်းမြောင်ဒေသမှာ အင်္ဂါနေ့ မနက်က စလို့ ၃ရက်ကြာ အပစ်ရပ်ဖို့
အီဂျစ်အစိုးရရဲ့ အဆိုပြုချက်ကို အစ္စရေးနဲ့ ဟားမာ့စ်တို့က လက်ခံလိုက်ပြီလို့
နှစ်ဘက် တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။
အပစ်ရပ်ရေး အဆိုပြုချက်ကို အစ္စရေးတို့ဖက်က စည်းမျဉ်း ကန့်သတ်ချက် မရှိ
လက်ခံမှာ ဖြစ်ပြီး ကိုင်ရိုမြို့ဆီ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွှတ်မယ်လို့
ပြောပါတယ်။
အဲဒီ ၃ရက်ကြာ အပစ်အခတ် ရပ်ပြီးတဲ့အခါ အမြဲတန်း အပစ်ရပ်ရေးနဲ့
|
Posted: 04 Aug 2014 05:21 PM PDT
မည်သည့်လမဆို လစဉ်လဆန်း ၁ရက်နေ့သို့ ရောက်တိုင်း မြန်မာပြည်သူများ
ပုံမှန်စောင့်ကြည့် ရင်ခုန် မျှော်လင့် နေကြသည့်ပွဲ ၁ခုရှိသည်။
ထိုပွဲမှာအောင်ဘာလေ ထီဖွင့်ပွဲပင် ဖြစ်တော့သည်။ ဆင်းရဲတွင်းနက် နေသော
ပြည်သူများအတွက် အခွန်ဦးစီးဌာနမှ ကျင်းပသော အောင်ဘာလေထီဖွင့်ပွဲမှာ အလွယ်
ဆုံး၊ အမြန်ဆုံး၊ အကောင်းဆုံး သူဌေး ဖြစ်ခွင့်ပင်ဖြစ်တော့သည်။ မူရင်းဈေး
၂၀၀ရှိသည့်ထီလက်မှတ်များကို ဈေးနှုန်း
|
Posted: 04 Aug 2014 05:16 PM PDT
ရန်ကုန်မြို့တွင်း၌
မြို့အင်္ဂါရပ်နှင့် ညီညွတ်ပြီး သန့်ရှင်းသပ်ရပ်မှု ရှိစေရန် လမ်းဘေးဈေးသည်
များကို စက်တင်ဘာလမှ စ၍ ရောင်းချခွင့် ပြုတော့မည် မဟုတ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ထံမှ သိရသည်။
ရန်ကုန်မြို့တွင်း ရောင်းချလျက် ရှိသော လမ်းဘေးဈေးသည် များကို ၂ဝ၁၁
ခုနှစ် ဇွန် ၁ ရက်မှ စတင်၍ ဈေးကောက် ကောက်ခံခြင်း မပြုဘဲ ညနေ ၃ နာရီမှ ည ၉
နာရီ အထိ ရောင်းချခွင့် ပေးခဲ့သော်လည်း သတ်မှတ်ချိန်ထက်
|
Posted: 04 Aug 2014 05:05 PM PDT
ဂါဇာဒေသမှာတော့ လူမှု အကူ အညီ ပေးရေး အတွက် ၇ နာရီကြာ အပစ်ရပ်ပြီးတဲ့
နောက်မှတော့ စစ်ဆင်ရေးတွေကို ဆက်လက် လုပ်ဆောင် သွားမယ်လို့ အစ္စရေး
စစ်တပ်က ဆိုပါတယ်။
ရေရှည်လုံခြုံရေး ရရှိတဲ့ အထိ စစ်ဆင်ရေးတွေ ဆက်လုပ်သွား မယ်လို့
အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျာမင် နာတန်ရာဟု က ပြောဆို လိုက်ပါတယ်။
အပစ်ရပ်တဲ့ အချိန်အတွင်း သွေးထွက် သံယိုမှုတွေ လျော့ကျ သွားပေမယ့်
ဂါဇာမြောက်ပိုင်းက ဒုက္ခသည်
|
Posted: 04 Aug 2014 04:59 PM PDT
ထိုင်းနိုင်ငံ
အမျိုးသား ငြိမ်းချမ်းရေးနဲ့ ဥပဒေ စိုးမိုးရေး ကောင်စီက ဇွန်လ ၂၈
ရက်နေ့ကစပြီး အရင်ဖွင့်ထားတဲ့ ၀မ်းစတော့ဆားဗစ်လို့ခေါ်တဲ့ အလုပ်သမားတွေကို
မှတ်ပုံတင်ပေးတဲ့ နေရာ ၂၃ ခုသာမက ခရိုင် ပေါင်း ၄၃ ခုမှာ မှတ်ပုံတင်လုပ်
ပေးမယ်လို့ ကြေညာထားပါတယ်။ ဗွီအိုအေသတင်းထောက် မအေးမာ က သတင်း
ပေးပို့ထားပါတယ်။
|
Posted: 04 Aug 2014 04:55 PM PDT
လူကုန်ကူးမှုတွေ
ရှိနေပြီး အလုပ်သမားကို ကျေးကျွန်သဖွယ် အသုံးချနေတယ်လို့ စွပ်စွဲခံနေရတဲ့
ထိုင်းနိုင်ငံကို နိုင်ငံတကာက ပိုပြီး အာရုံစိုက် စောင့်ကြည့်နေပါတယ်။
ဘန်ကောက်မြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုကို သွားလေ့လာခဲ့တဲ့ VOA
သတင်းထောက် Steve Herman ရဲ့ သတင်းပေးပို့ချက်ကို ကိုဥာဏ်ဝင်းအောင်က
တင်ပြထားပါတယ်။
|
Posted: 04 Aug 2014 12:36 PM PDT
ကျောက်ဆည်
၊ ၄-၈-၂၀၁၄
ပန်းလောင်မြစ် ၏ အရှေ့ဘက် ကြောင်ပန်းကုန်း ကျေးရွာအနီး တွင် တည်ရှိခဲ့သော
တမုတ်မြို့ဟောင်း ကို ကျေးရွာ ဂေါပက များနှင့် သမိုင်း ပညာရှင်များ
တူးဖော်လျက် ရှိရာ အဆိုပါ မြို့ဟောင်းရှိ ယဉ်ကျေးမှု အမွေအနှစ် တို့သည်
ယူနက်စကို ၏ စာရင်းဝင် နိုင်သည့် အချက်များ နှင့် ပြည့်စုံလျက် ရှိသည်ဟု
သမိုင်း ပညာရှင် ဦးဝင်းမောင် ( တမ္ပ၀တီ ) က ပြောကြား ခဲ့သည်။
မြင်းခွာ ပုံသဏ္ဍာန် ရှိသော အုတ်မြို့ရိုး
|
Posted: 04 Aug 2014 12:35 PM PDT
သတ်မှတ်ဈေးထက်
ပိုတင်ရောင်းချတဲ့ အိုရီဒူး ဖုန်းဆင်းကဒ် ရောင်းတဲ့ ဆိုင်တွေကို
အရေးယူဖို့ အော်ရီဒူးကုမ္ဗဏီမှ စီစဉ်နေပါတယ်။ ဒီအကြောင်းကို ဒေါ်ယမင်းဦးက
တင်ဆက်ထားပါတယ် DVB TV - 04.08.2014
|
0 comments:
Post a Comment