Sunday, August 17, 2014

ဟဲဗီးဝိတ်ချန်ပီယံလူးဝစ်၏ မန်နေဂျာ ဖရင့်မယ်လိုနေက ကယ်လီဟူသော မိန်းမသားဘ၀သို့ပြောင်းလဲတော့ မည်ဖြစ်ကြောင်းကြေညာလိုက်ရာ အံသြတုန်လှုပ်ကြရ



ဖရင့်မယ်လိုနေကို လင်းနော့ခ်လူးဝစ်ဆိုတဲ့ ဗြိတိန်နိုင်ငံသား နာမည်ကျော် ဟဲဗီးဝိတ်လက် ဝှေ့ချန်ပီယံ နဲ့ အတူတွဲသိကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ သူဟာ လူးဝစ်စ်ကို ဗြိတိန်ရဲ့ပထမဆုံး ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ဆယ်စုတစ်စုကြာရှိနေအောင်လုပ်ပေးခဲ့တဲ့ သူ့ရဲ့မန်နေဂျာ (မြှင့်တင်ရေးမှူး)ဖြစ်နေလို့ပါ။ ဖရင့်ကို ခပ်ရင့်ရင့် စကား ပြောတတ်သူအဖြစ်လဲ သိကြပါတယ်။

အသက် ၆၁နှစ် အရွယ်ရှိပြီဖြစ်တဲ့ဖရင့်က သူ့အနေဲ့ ကယ်လီ ဆို တဲ့အမည်သစ်နဲ့ အမျိုးသမီးဘ၀ကိုပြောင်းလဲ ခံယူလိုက်ပြီလို့ကြေညာလိုက်တော့ အားလုံးအထိတ်တလန့်ဖြစ် ကုန်ပါတယ်။
အိမ်ထောင်နှစ်ဆက်ရှိခဲ့သူ၊ကလေးသုံးယောက်အဖေ ဖရင့်က သူ့အနေနဲ့ကလေးဘ၀ကတည်းက ခန္ဓာကိုယ် မှားဝင်နေမိသလိုခံစားခဲ့ရပါတယ်၊အဲဒါကြောင့် မိန်းမသားဘ၀ပြောင်းလိုက်ဖို့ရဲရင့်တဲ့ ဆုံးဖြတ်ချက်ချလိုက်ရတာ ပါလို့ ဗြိတိန်ထုတ် The Mirror သတင်းစာကြီးနဲ့အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားပါတယ်။



`ကျွန်မဟာ ခန္ဓာကိုယ်အမှားကြီးနဲ့မွေးလာခဲ့သူပါ။ ကျွန်မကိုယ်ကျွန်မ မိန်းမပဲဆိုတာ အမြဲတမ်းသိထားပါ တယ်`လို့ ကယ်လီတစ်ဖြစ်လဲ ဖရင့်က စိတ်လှုပ်ရှားစွာနဲ့ပြောပါတယ်။
`အမှောင်ရိပ်ထဲမှာ ကျွန်မဆက်မနေနိုင်တော့ဘူး။ အဲဒါကြောင့် ဒီလိုဆုံးဖြတ်လိုက်တာပါ။ ၀န်ပိသလိုလေးလံဖိ စီးပြီးနေရရင် ကြာရင် ကျွန်မသေလိမ့်မယ်`ဟု သူကပြောပါတယ်။
`မွေးတုန်းကမှားခဲ့တာကို အခု ဆေးပညာနည်းနဲ့အမှန်ပြင်လိုက်ပါပြီ။ ကျွန်မမှာ မိန်းမဦးနှောက်နဲ့ပါ။မိန်းမတွေ ကိုမနာလိုတတ်တယ်လေ`
လွန်ခဲ့တဲ့ (၂)နှစ်ကတည်းကစပြီး သူဟာ ဟိုမုန်းကုထုံးနဲ့ လျှို့ဝှက်စွာကုသခံယူခဲ့ပါတယ်။အမွှေးအမြှင်တွေ ကို နာရီပေါင်းများစွာကြာအောင် နှုတ်ခဲ့ရတယ်။ အသံကိုကျင့်ခဲ့ရတယ်။ ဗြိတိန်ရဲ့ကျန်းမာရေးဆိုင်ရာညွှန်ကြားချက် များအရ မိန်းမလိင်ပြောင်းချင်တဲ့သူဟာ မိန်းမလို (၂)နှစ်ကြာအရင်နေဖို့လိုပါတယ်။အဲဒါကြောင့် အခု၂ နှစ်ပြည့် ပြီဆိုတော့ သူ့အနေနဲ့ လိင်ခွဲစိတ်ပြီး မိန်းမဘ၀ပြောင်းတော့မှာဖြစ်ပါတယ်။
သူဟာ ၁၉၈၉ကနေ ၂၀၀၁ အထိ လူးဝစ်ကို ဟဲဗီးဝိတ်ချန်ပီယံဖြစ်အောင် မန်နေဂျာအနေနဲ့ဆောင် ရွက်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ဖရင့်ဟာ လက်ဝှေ့လောကကနေ အနားယူခဲ့ပါတယ်။
ကယ်လီတစ်ဖြစ်လဲဖရင့်က သူ့အနေနဲ့ ဘယ်အမျိုးသားနဲ့မှ ခန္ဓာကိုယ်ချင်းနှီးနှောတာလုပ်မှာမလုပ်ဘဲ ကျန် ရှိတဲ့ဘ၀တစ်လျောက်လုံးမှာ တစ်ကိုယ်တည်းဘ၀နဲ့အရိုးထုတ်သွားမယ်လို့ ပြောကြောင်းပါ။


(ဖရင့်ဘ၀ကပုံနှင့် ကယ်လီတစ်ဖြစ်လဲဘ၀ကပုံများ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...