Saturday, August 9, 2014

ဦးဝီရသူ မှ ဦးဘုန်းဓာတုသို့ ပေးစာ

ကို ကွန်း added 2 new photos.
ကို ကွန်း's photo.
ကို ကွန်း's photo.
ဦးဘုန်း(ဓာတု)က.....လောကအမြင်နဲ့....
အရှင်ဝီရသူ ကို တွယ်လိုက်တယ်.....။
အရှင်ဝီရသူက.....ဓမ္မ အမြင်နဲ့.....
ဦးဘုန်းကို......ဖယ်..(ပယ်)... လိုက်တယ်......။
တကယ်တော့.....လောကအမြင် အသိ ဟာ...
ဓမ္မ အမြင်အသိနဲ့..နှိုင်းယှဉ်လိုက်ရင်.....
ဆီ နှင့် ရေ............နံ့သာဆီ နှင့်...အီး
အဆင့်ပါပဲ.......။
လောကကိုချစ်....ဓမ္မကို....ပစ်ပယ်နေကြမယ်ဆိုရင်တော့......
လောကရဲ့...ကောက်ကျစ်ယုတ်မာမှုတွေ....ကို. တစ်နေ့.......လူးလိမ့် ခံစားကြရအုံးမယ်ဆိုတာ....
မြေကြီးလက်ခတ် မလွဲ...........ပါပဲ.....။.

(၁)
ဆရာဘုန်း (ဦးဘုန်း-ဓာတု) ရေ….. ကျေးဇူးပဲဗျာ။
တစ်နေ့ ဒီလိုပဲဖြစ်လာလိမ့်မယ်လို့ ထင်ပြီးသားပါ။ အဲဒီတစ်နေ့ကို စောင့်ကြိုခဲ့ရတာ ခုမှ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။
ဘာကြောင့်လဲဆိုတော့ ဦးဇင်းရောက်လေရာ အရပ်ဒေသတွေမှာ ဆရာဘုန်းရဲ့ သဘောထားတွေကို သိခဲ့ရလို့ပါပဲ။ ဆရာဘုန်း ၉၆၉ ကို ဘယ်လိုသဘောထားတာ၊ မဘသကို ဘယ်လိုသဘောထားတာ၊ အမျိုးစောင့်ဥပဒေကို ဘယ်လိုသဘောထားတာဆိုတာတွေက ဆရာဘုန်းဟောပြောပွဲရောက်ရာ ဒေသတိုင်းမှာ ပြန့်နှံ့နေလိုပါပဲ။
ဆရာဘုန်းနှင့် ဇော်ခိုင်ဦးတို့ပေါင်းပြီး ဆရာမဒေါ်ယဉ်ယဉ်နုကို အကြပ်ကိုင် အနိုင်ကျင့်လိုက်တာမှာ ပိုပြီး ပေါ်လွင်ခဲ့ပေမယ့် အမျိုးဘာသာ သာသနာကို တိုက်ရိုက်ထိပါးလာခြင်းမဟုတ်သေးလို့ စောင့်ကြည့်နေခဲ့တာပါ။
အခုတော့ အမျိုးသားရေးအမြင် လုံခြုံရေးအမြင်နှင့် ပြောကြားခဲ့တဲ့ ဦးဇင်းကို အဇာတသတ်လို့ သတ်မှတ်လိုက်တာတွေ့ရလို့ ကျေးဇူးတင်မိတယ်ဗျာ။
(၂)
ဆရာဘုန်းရဲ့ စာထဲက ပထမကောင်မလေးရဲ့ မိခင်က ဝီရသူသဝါဒီမို့လို့ ထားလိုက်ပါတော့နော်။
ဒုတိယ အရက်သည် ဒေါ်ရီရဲ့ဆင်ခြေကို သရော်သွားတာလည်း လက်ခံပါတယ်ဆရာ။
ဆရာဘုန်း အမေရဲ့ အတွေးအခေါ် ပထမပိုင်းဟာလည်း မှန်ကန်ပါတယ်ဆရာ။
အားကိုးရသည်ဖြစ်စေ၊ အားမကိုးရသည်ဖြစ်စေ သားသမီးတွေကို မိဘဆိုတာက ချစ်နေမှာပဲမဟုတ်လား။ မေတ္တာပျက်တယ်လို့မှ မရှိပဲ။
ဆရာဘုန်း အဖေပေါ်မှာထားတဲ့ မေတ္တာတရားကျတော့ ဆွေးနွေးစရာလေးတွေ ပေါ်လာတယ်ဗျ။
ဆရာဘုန်းအဖေက ဆရာဘုန်းအမေအတွက် အားမကိုးရသူမှ မဟုတ်ဘဲ။ အားကိုးရသူဖြစ်နေတယ်လေဗျာ။ အားကိုးလောက်သူသာ မဟုတ်တာပါ။
ဆရာဘုန်းအမေကို မေးလိုက်ပါ။
အဖေသာ ပိုက်ဆံလုံးဝမရှာနိုင်တဲ့သူ အသုံးအဖြုံးကြီးတဲ့သူ၊ ဝင်ငွေလုံးဝ မရှိတဲ့သူ၊ မယားရှာသမျှ ဖြုန်းတီးပစ်တဲ့သူ၊ ဒါမှမဟုတ် ရသမျှကို သားမယားအတွက် မထောက်ပံ့ဘဲ သူစိမ်းတွေအပေါ် ကောင်းပြနေတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်ကော အမေက အဖေ့အပေါ် ဘယ်လိုသဘောထားမလဲလို့ ဒါလေးပါနော်..။
အားကိုးရတဲ့သူနှင့် အားကိုးလောက်တဲ့သူ ဒါလေးကိုတော့ မြင်အောင်ကြည့်စေချင်တယ် ဆရာဘုန်းရယ်။
အဖေက အမေစိတ်တိုင်းကျ ဖြည့်ဆည်းမပေးနိုင်ခဲ့တာက အားမကိုးလောက်တာပါ။
လူကောင်းတစ်ယောက်၊ လူမှန်တစ်ယောက် ရိုးသားကြိုးစားသူတစ်ယောက် သားမယားအပေါ် ကိုယ်တတ်နိုင်သလောက်လေးနှင့် သစ္စာရှိရှိ တာဝန်ကျေခဲ့သူတစ်ယောက်၊ ဒါတွေဟာ အားကိုးစရာ အချက်အလက်တွေ မဟုတ်ဘူးလားဗျာ။ အားကိုးထိုက်တဲ့ ဂုဏ်ကျေးဇူးတွေ မဟုတ်ပေဘူးလားဗျာ။
တကယ်လို့ အဲဒီအရည်အချင်းတွေ မရှိဘူးဆိုရင် သားမယားအပေါ် တာဝန်မကျေဘူးဆိုရင် သားမယားကို အငတ်ထားတယ်ဆိုရင် အမေက အဖေ့အပေါ် ဘယ်လိုသဘောထားမလဲလို့ တစိတ်လောက် မေးကြည့်ပေးပါအုံးနော်….။
(၃)
အငယ်ဆုံးကောင် အရက်သမား အားမကိုးရလည်း ချစ်နေမြဲဆိုတဲ့ ဆရာဘုန်းအမေရဲ့ မေတ္တာတရားကို လေးစားပါတယ်ဗျာ။
သားလေးတစ်ယောက်ရှိပါတယ်။ ဒီသားလေးက အားမကိုးရလို့ အိမ်နီးချင်းတွေခေါ်ပြီး စောင့်ရှောက်ခိုင်းနေရတဲ့ မိတ်ဆွေတွေကိုလည်း ကိုယ်ချင်းစာမိတယ်ဗျာ။
သားသမီးတွေက ဆိုးသွမ်းလွန်းလို့ နေ့စဉ်နှင့်အမျှ မျက်ရည်နှင့်မျက်ခွက်ဖြစ်နေရတဲ့ မိဘတွေ၊ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာခဲ့ရတဲ့ မိဘတွေ၊ သေအထိ လှည့်မကြည့်နိုင်လောက်အောင် ဥပေက္ခာပြုရက်တဲ့ မိဘတွေကိုလည်း သနားတယ်ဗျာ။
သူတို့ကို မိဘမေတ္တာ ခေါင်းပါးရန်ကော….. ဆိုပြီး အပြစ်မတင်ရက်ဘူးဗျာ။
မိဘတွေက သားသမီးတွေကို ချစ်တာချင်း အတူတူတောင် လိမ္မာရေးခြားရှိတဲ့၊ ထူးချွန်ထက်မြတ်တဲ့၊ ကျေးဇူးတရားသိတတ်တဲ့ ၊ အားကိုးရတဲ့ သားသမီးတွေကို ပိုပြီး သံယောဇဉ်ကြီးကြပါတယ်ဗျာ။ ဒါကိုရော ဆရာဘုန်းရဲ့ အမေက ငြင်းပယ်မှာလားလို့ မေးပါရစေနော်…။
(၄)
ဆရာဘုန်းရဲ့ ချစ်ဇနီးကိုလည်း မေးကြည့်ပါအုံးနော်…။
မိန်းမသားတွေလိုလားတောင့်တကြတဲ့ ကာမသုခနှင့် ဓနသုခ ဒီဆန္ဒနှစ်မျိုးလုံးကို ဆရာဘုန်းကသာ ဖြည့်ဆည်းမပေးနိုင်ဘူးဆိုရင်၊ လုံးဝကို ဖြည့်ဆည်းမပေးခဲ့ဘူးဆိုရင် ဆရာဘုန်းအပေါ် အခုလိုဘဲ- ကြည်ဖြူနေမှာလားလို့။
(၅)
အဇာတသတ်က ဒေဝဒတ်ကြီးကို ချစ်တာမဟုတ်ပါဘူးဗျာ။ အားကိုးမိတာပါဗျာ။ အားကိုးမှားခဲ့တာပါဗျာ။ ဆရာတင်မှားခဲ့တာဗျာ။ ဒေဝဒတ်က တန်ခိုးနှင့်မှိုင်းတိုက်ထားလို့ အားကိုးရာအစစ်ကို မမြင်ခဲ့ရှာတာပါဗျာ။
ဒေဝဒတ်က အဇာတသတ်အတွက် ဘာတွေများ အားကိုးရလို့တုန်းဗျ။ ဘုရားကသာ အဇာတသတ်အတွက် အားကိုးရသူဖြစ်တာပါဗျ။
(၆)
“အားကိုးရတယ်ဆိုတာ မှတ်ထား - ငါ့သမီးရဲ့ စည်းစိမ်၊ ဥစ္စာ၊ အာဏာ၊ ငွေကြေးမဟုတ်ဘူး။ ကိုယ့်ကျင့်တရားဟဲ့၊ ကိုယ်ကျင့်သီလဟဲ့။”
ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ ဆရာဘုန်းအမေကို လေးစားမိတယ်ဗျာ။ ဒါပေမယ့် တရားသေတော့ မသတ်မှတ်လိုက်နဲ့နော်။ မိန်းမသားတိုင်း ဆရာဘုန်းအမေလို စိတ်ထားမျိုးချည်း အောက်မေ့မိမှာစိုးလို့ပါ။
အစတုန်းက ရိုးတယ် ရိုးတယ်ဆိုပြီး ပိုးကြပန်းကြ။
နောက်ကျတော့ ရိုးလွန်းလို့ ရိုးလွန်းလို့ဆိုပြီး စွန့်ပစ်သွားရက်တဲ့ မယားတွေလည်း ဒုနဲ့ဒေးဗျ။
ရိုးသားမှုဟာ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပေမယ့် ရိုးသားမှုတစ်ခုတည်းနဲ့ အလုပ်မဖြစ်ဘူးဗျ။
ရိုးသားဖို့ တစ်ခုတည်းအတွက် ဘုရားပွင့်လာတာ မဟုတ်ဘူးဗျ။ သစ္စာလေးပါးကို သိဖို့အတွက်လည်း ပါတယ်ဗျ။
(၇)
“ကိုယ့်အလိုကို မလိုက်တိုင်း မချစ်ဘူးလို့ ပြောတဲ့သူဟာ အလွန် အသိဉာဏ်နည်းတဲ့သူပဲ။ အဲဒါ အဇာတသတ်ရဲ့ အတွေးအခေါ်ဟဲ့၊ လူမိုက်စကားဟဲ့။ ”
ကျေးဇူးတင်ပါတယ် အမေ။
ဦးဇင်းကို အသိဉာဏ်နည်းတဲ့သူ၊ အဇာတသတ်၊ လူမိုက် လို့ သတ်မှတ်ပေးတဲ့အတွက် ကျေးဇူးတင်မိတာပါ အမေ။ အမေအရင်းလို သဘောထားပါတယ် အမေ။ မိခင်တစ်ဦးက သားဆိုးသားမိုက်ကို ကြင်ကြင်နာနာနှင့် နာနာကြင်ကြင် အပြစ်ပြ ဆုံးမတယ်လို့ဘဲ သဘောထားပါတယ် အမေ။
ဆရာဘုန်းကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။
“အကုသိုလ်ကြီးလိုက်တာ။ အားကိုးရမှ ချစ်မယ်ဆိုရင် ငါ့သားပြောတဲ့ ဒေါ်ရီ ဖြစ်ကုန်တော့မှာပေါ့”
ဦးဇင်းရဲ့ အကုသိုလ်ကို တွေးပူပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် အမေ။
ဘုရားသားတော်တစ်ပါးကို အရပ်သည် ဒေါ်ရီနှင့် တစ်တန်းတည်း သတ်မှတ်ပေးလိုက်လို့လည်း ကျေးဇူးအထူး တင်မိတာပါ အမေ။
(ဂ)
ဆရာဘုန်းရေ …… ဆရာဘုန်းရေးတဲ့ အရပ်သတင်း အရပ်အတင်းဖြစ်တဲ့ အရပ်သည် ဒေါ်ရီရဲ့ အကြောင်းပြချက် ‘ဆင်ခြေ’ တွေကို ပကတိအရှိတရားလို့ သတ်မှတ်ကြတော့မှာလားဗျာ။
ချစ်ခြင်းတရားနှင့် အားကိုးခြင်း။
ချစ်ရတဲ့သူက အားကိုးမရတော့
အားကိုးရတဲ့သူကို ချစ်ရတာပါ …… တဲ့။
(ဆရာဘုန်းရဲ့ ညည်းချင်းလေးပါ။)
အားကိုးရမှ ချစ်ရမှာလားဗျာ။
(ဆရာဘုန်းရဲ့ ဒွိဟအတွေးလေးပါ)
အားကိုးရမှ ချစ်ရမှာမဟုတ်ပါဘူး။ အားကိုးရသည်ဖြစ်စေ အားမကိုးရသည်ဖြစ်စေ ချစ်ထိုက်ပါတယ်။ ချစ်ရပါမယ်။
“ဆရာဘုန်း လာတွေ့ပြီးအပြန်မှာ- ကိုတွက်ကို ပြန်ပြောတဲ့ မှတ်ချက်စကားလေး ဦးဇင်း မှတ်မိတယ်။ ဘုန်းဘုန်းက အန်တီကို ငါတို့ထက်တောင် ပိုချစ်နိုင်တာပဲ”
ဒါ့ကြောင့် အားကိုးရသည်ဖြစ်စေ၊ အားမကိုးရသည်ဖြစ်စေ ချစ်ထိုက်သူဆိုရင် ချစ်ကိုချစ်ရမှာပါဗျာ။
ဆရာဘုန်းကိုလည်း မေးရအုံးမယ်။
အားကိုးရတဲ့သူကို မုန်းရမှာလား ဆရာ။
အားကိုးရတဲ့သူကို မုန်းတာ မေတ္တာတဲ့လား ဆရာ။
အားကိုးရတဲ့သူကို ချစ်ခွင့်မရှိဘူးလား ဆရာ။
အားကိုးရတဲ့သူကို ချစ်သူမဟုတ်တာ တစ်ခုတည်းနဲ့ မုန်းတီးပစ်ရမယ်ဆိုတာ လူ့ကျင့်ဝတ်လား ဆရာ။
အားကိုးလို့မရပေမယ့် ချစ်သူအပေါ် မေတ္တာမပျက်သင့်သလို၊ အားကိုးလို့ ရနေပါလျှက်နဲ့ မချစ်သူအပေါ် အမုန်းမဆင့်သင့်ပါဘူး ဆရာ။
(၉)
မ.ဆ.လ လက်ထက်တုန်းကရော၊ န.ဝ.တ - န.အ.ဖ လက်ထက်တုန်းကရော ချစ်တဲ့သူတွေကို အားကိုးလိုက်ကြတာ - ဟိုဌာနနေရာပေး၊ ဒီဌာန တာဝန်ပေးနဲ့ အားကစားတို့၊ ပညာရေးတို့မှာတောင် မရှောင် ဆွေမျိုးတွေကိုခန့်၊ စစ်သားတွေကိုခန့်၊ ကြာတော့ စစ်သားကတော်တွေ၊ ရဲသားကတော်တွေ၊ ကျောင်းဆရာမတွေ၊ သူနာပြုဆရာမတွေ၊ ဖာတန်းရောက်တဲ့သူက ရောက်၊ ဘဝပျောက်တဲ့သူက ပျောက်။ အာဆီယံဒုတိယရခဲ့တဲ့ ဘောလုံးအသင်းလေးတောင် အခုချိန်ထိ နလန်မထူနိုင်ဖြစ်ခဲ့ရပြီ။
ချိုင်းထောက်တို့၊ ဗိုက်မှောက်တို့ဆိုတာ ချစ်သူဦးစားပေး စနစ်ရဲ့ ပြယုဂ်တွေပဲလေဗျာ။
(၁၀)
ဆရာဘုန်းရေ - ပညာရပ် အနက်အဓိပ္ပါယ်ကို ပြောပါရစေဗျာ။
ပကာရေန ဇာနာတီတိ ပညာ။
အပြားအားဖြင့် သိသောတရား။
ဘက်ပေါင်းစုံ၊ ရှုထောင့်မျိုးစုံမှ ချဉ်းကပ်အဖြေရှာသော တရားကိုယ်မှ ပညာလို့ ခေါ်ပါတယ်ဗျာ။
ဆရာ့အမြင်ကပဲ မှန်တယ်။
ဆရာ့အမေအမြင်ကပဲ မှန်တယ်။
ဒေါ်ရီရှုထောင့်ကပဲ မှန်တယ်။
ပထမကောင်မလေးရဲ့ မိခင်အယူအဆကပဲ မှန်တယ်လို့ ဆုံးဖြတ်ရင် မပြည့်စုံပါဘူးဗျာ။
ဆရာဘုန်းရဲ့ အတွေးအမြင်တွေဟာ သညာအဆင့် ဗဟုသုတအဆင့်မှာပဲ ရှိပါသေးတယ်။
ပညာအဆင့်၊ အသိတရားအဆင့်ကို မရောက်ရှိသေးပါဘူး။ အားထုတ်ပါဦးဆရာ။ လေ့လာပါဦးဆရာ၊ ဆည်းပူးပါဦးဆရာ။
ဆရာ ပညာရှိအဆင့်ရောက်တဲ့အခါမှာ အခုလို ရေးမိခဲ့တာလေးကို အဂတိမလိုက်ပဲ တခုတ်တရ ပြန်လည် သုံးသပ်ပေးပါဦးနော်ဆရာ။
(၁၁)
ဆရာဘုန်းရေ……. ဆရာဘုန်းက ဦးဇင်းကို အဇာတသတ်နှင့်နှိုင်းလို့ပြောရဦးမယ်။
အဇာတသတ်က ဦးဇင်းတို့ရဲ့ ကျေးဇူးရှင်ဗျ။
ဦးဇင်းတို့၊ ဆရာဘုန်းတို့ အမြတ်တနိုးနှင့် တန်ဖိုးထား ကိုးကွယ်နေကြတဲ့ သာသနာတော်ဟာ အဇာတသတ်မင်းကြီးရဲ့ ကောင်းမှုကုသိုလ်တွေ ဖြစ်တယ်ဗျ။ တကယ်လို့သာ အဇာတသတ်က သင်္ဂါယန ဒါယကာ မလုပ်ခဲ့ရင် ဆရာဘုန်းအမြင်လည်း ကိုယ်ကျင့်တရားကို တန်ဖိုးထားရကောင်းမှန်း သိမှာ မဟုတ်ဘူး။ ဆရာဘုန်းလည်း - ကုသိုလ် အကုသိုလ် ခွဲခြားတတ်မှာမဟုတ်ဘူး။
ဦးဇင်းလည်း လူ့အသိတရားတောင်ရှိမှာ မဟုတ်ဘူး။ အဇာတသတ်ကြောင့်သာ အခုလိုဘဝမျိုးမှာ ရပ်တည်နိုင်ခဲ့ကြတာဖြစ်လို့ ဦးဇင်းတို့ သာသနာအတွက်တော့ အဇာတသတ်ဟာ အင်မတန် ကျေးဇူးကြီးမားတဲ့ လူယုတ်မာကြီး တစ်ယောက်ပါဗျာ။
အဲဒီ ဖအေသတ်ပြီး နန်းလုခဲ့တဲ့ အဇာတသတ် လူယုတ်မာကြီးကို ဘုရားက ချစ်တော်မူတယ်ဗျ။
မဟာရာဇ - မြတ်သောမင်းကြီးလို့ တလေးတစားတောင် ခေါ်ရှာသား။ (ပရိသတ်ရှေ့မှာတောင် ခေါ်တာနော်)
အမှန်ဆို -
ဟေ့ကောင် - အဖေသတ်ခဲ့တဲ့ကောင်
ဟေ့ကောင် - သာသနာဖျက်
ဟေ့ကောင် - လူမိုက်အားပေးဆိုပြီး မှတ်လောက်သားလောက်အောင် ပြင်းပြင်းထန်ပြောပြီး - ငါ့ဆီမလာနှင့်၊ ငါ့သာသနာနဲ့ မတန်ဘူးဆိုပြီး ပက်ပက်စက်စက်ကို နှိပ်ကွပ်ပစ်သင့်တာဗျ။
အံမယ် - ချစ်ရုံတင်မကဘူး- အားကိုးလိုက်သေးတယ်ဗျ။
အဖသတ်သမားကြီးကိုဗျာ - ဧတဒဂ်လို ဘွဲ့ထူး ဂုဏ်ထူးတွေတောင် ချီးမြှင့်လိုက်သေးဗျ။
တကယ်ဆိုရင် အဇာတသတ်ဟာ ဖနောင့်နဲ့သာ တန်တဲ့သူပါဗျာ။
(၁၂)
ဆရာဘုန်းကိုလည်း မေးပါရစေနော်။
အဖသတ်ခဲ့တဲ့ အဇာတသတ်
အရိယာကို ပြစ်မှားခဲ့တဲ့ အဇာတသတ်
သာသနာကိုဖျက်ဆီးခဲ့တဲ့ အဇာတသတ်
လူမိုက်အားပေး၊ ကြံရာပါဖြစ်ခဲ့တဲ့ အဇာတသတ်။
ဒီလောက်မုန်းစရာကောင်းတဲ့ လူယုတ်မာကြီးကိုဗျာ- ဘုရားက မဟာရာဇလို့ခေါ်တယ်။ ဧတဒဂ်ဘွဲ့ပေးတယ်။ ချီးမြှင့်မြှောက်စားတယ်။
ဒါဆိုရင် - ဘုရားကိုရော အသိဉာဏ်မဲ့တဲ့သူလို့ ပြောမှာလားဟင်။ လူမိုက်အားပေးလို့ သတ်မှတ်မှာလား ဟင်။ အရက်သည်ဒေါ်ရီနှင့် ခိုင်းနှိုင်းမှာလား ဟင်။
ဘုရားကို ကြည်ညိုသူဖြစ်ပါလျက်နဲ့
ဘုရားကတောင် အားကိုးရတဲ့သူ ဖြစ်ပါလျက်နဲ့
သာသနာအတွက် ကျေးဇူးကြီးသူ ဖြစ်ပါလျက်နဲ့
အတိတ်က ကျူးလွန်ခဲ့တဲ့ အမှားတစ်ခုလေးကို ကွက်ကြည့်ပြီးတော့ အဇာတသတ်ကို မုန်းရမှာလား ဆရာ။
အဇာတသတ်ကို အားမကိုးရတော့ဘူးလား ဆရာ။
အဇာတသတ်ကို ကျေးဇူးမတင်ရတော့ဘူးလားဆရာ။
ဆရာ့အဆုံးအဖြတ်ပေးပါနော်။
ဆရာက မုန်းလိုက်ဆိုရင် ဦးဇင်းကလည်း အဇာတသတ်ကြီးကို ခါးခါးသီးသီး မုန်းတီးပစ်လိုက်ပါ့မယ်။
(၁၃)
ဆရာဘုန်းရေ - ပညာရှိသူတော်ကောင်းဆိုတာ အဂတိကင်းရပါတယ်ဗျာ။
ဆန္ဒာဂတိ - အချစ်ကိုဦးစားပေးတဲ့သူ၊ ချစ်ရင်အပြစ်မမြင်စနစ် ကျင့်သုံးသူ
ဒေါသာဂတိ - အမုန်းတရားကို ရှေ့တန်းတင်တဲ့သူ၊ မချစ်ရင် အပြစ်မြင်စနစ် ကျင့်သုံးသူ။
ဘယာဂတိ - အကြောင်းတရားနှင့် ဆုံးဖြတ်ခဲ့တဲ့သူ။
မောဟာဂတိ - မသိမိုက်မဲမိတဲ့သူ။
ပြဿနာတစ်ခုကို အဖြေရှာတဲ့အခါမှာပဲဖြစ်ဖြစ်။
အလုပ်တစ်ခုကို ချဉ်းကပ်တဲ့အခါမှာပဲဖြစ်ဖြစ်။
ချစ်၊ မုန်း၊ ကြောက်ရွံ့၊ မသိမိုက်မဲမှုဆိုတဲ့ အဂတိတရားလေးကို အရင်ဖယ်ထုတ်ပြီးမှ ဆုံးဖြတ်ရပါတယ်ဗျာ။
ချစ်တာတစ်ခုတည်းနှင့်မပြီးဘူး။
ယုံမှတ်လို့ ပုံအပ်ခဲ့ရင် အကုန်ခက်ကုန်လိမ့်မယ်နော်။
အမုန်းတရားကို ရှေ့တန်းတင်ရင် မှားနိုင်တယ်။
အကြောက်တရားနဲ့ အလုပ်လုပ်ရင် နစ်နာကုန်မယ်။
မသိဘဲနဲ့ ရမ်းလုပ်မိရင် ငါးပါးမှောက်မယ်။
ဆရာဘုန်းတစ်ယောက် အဂတိတရား ကင်းရှင်းစွာဖြင့် နိုင်ငံရဲ့အနာဂတ်ကို တည့်မတ်ဖြောင့်တန်းစွာ တည်ဆောက်နိုင်ပါစေဗျာ……….။
အဇာတသတ်ကိုမှ ချစ်မိသူ

ဦးပဉ္စင်း ဝီရသူ(မစိုးရိမ်)
4.8.2014

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...