Saturday, August 9, 2014

၈၈-ဆိုတာဒီလိုရှိတယ် ~~~ ငါ့ညီ


၈၈- ဆိုတာ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာပြီးအလွယ် တကူကောက်ကပ် ကောက်ခွာလုပ်လို့ရတဲ့ အဝါရောင်ဒေါင်းရုပ် စတေကာလေးကိုပြောတာမဟုတ်ဘူး ငါ့ညီ။
၈၈- ဆိုတာဒီမိုက ရေစီတိုက်ပွဲဝင် ရင်း ကျခဲ့တဲ့ကျောင်းသားသွေးနဲ့ ကျန် ရစ်သူကျောင်းသားတွေ ရင်ဘတ်မှာသေရာပါ ရိုက်နှိပ်ထားတဲ့ အသားတံဆိပ်တွေပဲ။

၈၈- ဆိုတာရာသီဥတုအခြေအ နေ ကောင်းမှအခန့်သားထုတ်ဝတ် ရဲတဲ့ လည်ကတုံးအင်္ကျီဖြူဖြူကိုပြောတာမဟုတ်ဘူး ငါ့ညီ။
၈၈- ဆိုတာမိုးပေါ်ထောင် မပစ်ပဲ လူအုပ်ကြားထဲတည့်တည့်ရွာချလာတဲ့ ကျည်ဆံမိုးတွေကြားထဲ သွေးသံတရဲရဲဖြစ်သွားဖူးတဲ့နီရဲရဲ အင်္ကျီတွေပဲ။
၈၈- ဆိုတာ လိုင် စင် ခွင့်ပြုချက် ရ တော့မှ ကိုယ့်နာမည် ကိုယ့်
အဖွဲ့ရောင်းအားမြင့်အောင်အော်ဟစ်ကြော်ငြာနေရတဲ့ လော်စပီ
ကာကထွက်လာတဲ့ အသံမဟုတ်ဘူး ငါ့ညီ။
၈၈- ဆိုတာ စစ်အစိုးရက ပြည်သူတွေအမှန်ကို မသိနိုင် မကြား
နိုင် အောင် ကတ်ကြေးနဲ့ဖြတ် ငွေမင် နဲ့သုတ် ဖုံးဖိအ မှောင် ချ
ခဲ့တဲ့ကြားက ယိုစိမ့်ထွက်လာတဲ့ ရဲရဲတောက် သွေးစွန်းအမည်
နာမ တွေပဲ။
၈၈- ဆိုတာဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာဖြစ်ခဲ့
တာမဟုတ်ဘူး ငါ့ညီ။
၈၈- ဆိုတာ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က မင့်အိမ်ရှေ့လမ်းမ
ထက်မှာ အမှန်တကယ်ဖြစ်ခဲ့တာ ။
၈၈- ဆိုတာ ဆင်သေကို ဆိတ်သ ရေနဲ့ဖုံး သူခိုးကလူဟစ်ထား
တဲ့ အစိုးရသတင်းဆောင်းပါးတွေထဲက စာသားတွေမဟုတ်ဘူး
ငါ့ညီ။
၈၈- ဆိုတာ နိုင် ငံတကာမဂ္ဂဇင်း ဂျာနယ် တွေမှာ အထင် အရှား
အ လေးထားဖေါ်ပြခံရတဲ့ သမိုင်းဓါတ်ပုံ တွေပဲ။
၈၈- ဆိုတာ ထုံးဖြူဖြူတွေအသုတ်ခံထားရတဲ့ အ ကောင်းပကတိ
နံရံဖွေးဖွေးကြီး မဟုတ်ဘူး ငါ့ညီ။
၈၈- ဆိုတာ ကျည်ဆံရာတွေ သွေးစင် ပေကျံရာ တွေနဲ့အတွင်း
သားအုတ်ကွက်တွေကို မြင် နိုင် တဲ့ အတိတ်နံရံဟောင်းတစ်
ချပ်ပဲ။
၈၈-ဆိုတာ မနားတမ်းအက် ရှင် စိတ်ကူးယဉ် စစ် ရုပ် ရှင် ဇာတ်
လမ်းတစ်ခုမဟုတ်ဘူး ငါ့ညီ။
၈၈- ဆိုတာ ဘရင်း ကယ် ရီယာတွေ လုံထိန်းတွေ နံပါတ်တုတ်
တွေ ဒိုင်းတွေ မျက် ရည်ယိုဗုံးတွေ လက်ပစ်ဗုံးတွေ ရိုင် ဖယ်
သေနတ်တွေ မောင်းပြန်သေနတ်တွေ ဘက်နက်တွေ အပြာ
ရောင် အချုပ်ကားတွေ သံဆူးကြိုးတွေ ဓါတ်ဆီဗုံးတွေ ဂျင် ဂလိ
တွေ ဓါးရှည်တွေ ဝါးချွန်တွေ လှံတွေနဲ့ လူထောင် ချီသေသွားတဲ့
ဒီနိုင် ငံရဲ့ ဖြစ် ရပ် မှန် တိုက်ပွဲတွေပဲ။
မှတ်ချက်။ ။ မောင်ယုပိုင် ရဲ့စာသားကို မူရင်းအတိုင်းမျှဝေသည်။
Sk

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...