Friday, August 8, 2014

တ စ်ေ န့ တာ - ခ ဏ နား

(၈ နာရီခွဲမှ ၁၂ နာရီ)
ရုံးရောက် - ခဏနား - သတင်းဖတ် - ခဏနား -
အီးမေးလ်စစ် - ခဏနား - ကွေကာအုတ် သွားဖျော် - ခဏနား -
သီချင်းဖွင့်စရာ ရွေး - ခဏနား - အီးမေးလ် ပြန် - ခဏနား -
ကွေကာအုတ် သောက် - ခဏနား - သီချင်းနားထောင် - ခဏနား -
ပုံတွေ ဟိုလှန် ဒီလှန် ကြည့် - ခဏနား - ဖုန်းလာလို့ ပြော - ခဏနား -

ဟိုလုပ် ဒီလုပ် - ခဏနား - ဖဘကြည့် - ခဏနား -
လိုက်ခ်လုပ် - ခဏနား - ကော်မန့်ရေး - ခဏနား -
ယူကျု့ကြည့် - ခဏနား - နေ့လည် ဘာစားရမလဲ တွေး - ခဏနား -
ဟိုလျှောက် ဒီလျှောက်လုပ် - ခဏနား - သူများနဲ့ စကားပြော - ခဏနား -

(၁၂ နာရီမှ ၁ နာရီ)
ထမင်းစား - ဖဘကြည့် - လိုက်ခ်လုပ် - ကော်မန့်ရေး -
ယူကျု့ကြည့် - ဘလော့ဖတ် - ကော်မန့်ရေး - စာရေးစရာ အကြံထုတ် -
ရေသောက် - စာရေး - နားချိန်မရှိ -

(၂ နာရီမှ ၅ နာရီ)
ဟိုတွက် ဒီတွက် - ခဏနား - ကော်ဖီသွားဖျော် - ခဏနား -
သီချင်းနားထောင် - ခဏနား - စာရေး - ခဏနား -
ပုံတွေ ဟိုလှန် ဒီလှန် ကြည့် - ခဏနား - ဖုန်းလာလို့ ပြော - ခဏနား -
ကော်ဖီသောက် - ခဏနား - စာဖတ် - ခဏနား -
ဖဘကြည့် - ခဏနား - လိုက်ခ်လုပ် - ခဏနား -
ကော်မန့်ရေး - ခဏနား - အိပ်ချင်ပြေ - ခဏနား -
Gmail စစ် - ခဏနား - ပန်းသီးခွဲစား - ခဏနား -
ဟိုလျှောက် ဒီလျှောက်လုပ် - ခဏနား - သူများနဲ့ စကားပြော - ခဏနား -

(၅ နာရီ)
အလုပ်ထဲ စိတ်ရောက် - အလုပ် စလုပ် -
အလုပ်ထဲ စိတ်ရောက် - အလုပ် လုပ် -
အလုပ် လုပ် -
အလုပ် လုပ် -

(၆ နာရီ)
သူများပြန်လို့မှ ကိုယ်မပြန်ရင် မဖြစ်ဘူး။ ရုံးမှာ သရဲရှိတယ် ကြားတယ်။

ပီ အက်စ် - တကယ်ဆို ကိုယ်ဟာ ရုံးမှာ အရမ်းအလုပ်များသူ တစ်ယောက်ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...