Friday, August 8, 2014

ဟာသစုဗူး (၁)

‪#‎စိတ်ချရအောင်‬

ကလေးတစ်ယောက် စတိုးဆိုင်လာပြီး အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်ဝယ်တယ်။ အရောင်းတာဝန်ခံက လျှာရှည်ပြီးမေးတယ်။
တာဝန်ခံ- ကလေး ရဲ့  အမေ အတွက်လား။
ကလေး-ဟုတ်ပါဘူး။
တာဝန်ခံ-သြော် ဒါဆို ကလေးရဲ့  အစ်မအတွက်ပေါ့။


ကလေး-သူ့အတွက်လည်းဟုတ်ဘူး။
တာဝန်ခံ-ဟင် ဒါဆို ဘယ်သူ့အတွက်လည်း။
ကလေး--ညီလေးအတွက်ပါ။ တီဗွီမှာကြော်ငြာတယ် ဒါကိုသုံးထားရင် စက်ဘီးလည်းစီးနိုင်ပါတယ်၊ ရေလည်းကူးနိုင်ပါတယ်၊ ဒါလေးနဲ့ဆိုလုံခြုံမှုရှိတယ် ဆိုလို

#‎်ပြင်ဆင်မှု‬

ဘိုးအင်းဂျက်လေယာဉ်ကြီး စက်ချို့ယွင်းသွားပြီး မြေပြင်သို့ထိုးဆင်းနေစဉ် လေယာဉ်မယ်က အသံချဲ့စက်မှ ကြေငြာလိုက်သည်။
ကျေးဇူးပြု၍ မိမိတို့ရဲ့နိုင်ငံကူးလက်မှတ်များကို ပါးစပ်မှာကိုက်ထားပေးကြပါရန် လေးစားစွာ အသိပေး ကြေငြာအပ်ပါသည်
ဘာလုပ်ဖို့လဲဗျာ
မြေပြင်ရောက်ရင် အလောင်းချင်း မမှားတော့ဘူးပေါ့ရှင်

#‎Oိာန်‬....

မိန်းမ ။ မောင်ရေ .. လက်ရှိထမင်းချက်ကိုတော့ ဖြုတ်ပစ်မှပဲ.. သူချက်တိုင်း
ဟင်းတွေတူးတာချည်းပဲ။
ယောက်ျား၊။ ဖြုတ်တော့ မဖြုတ်ပစ်ပါနဲ့ကွာ။ အရံထားပါ .. နောက်တစ်ယောက်သာ ထပ်ပြီးငှား။
မိန်းမ။ အို . ထမင်းချက် နှစ်ယောက်ကြီးများတောင် ဘာလုပ်ဖို့လည်းမောင်ရဲ့။
ယောက်ျား၊ ညအိပ်ညနေလာတဲ့ ဧည့်သည်လာရင် အခုလက်ရှိထမင်းချက်ကို
အချက်ခိုင်းရတာပေါ့ကွာ။ ဒါမှ ကြာကြာမတည်းမှာ။

#‎သိပြီးသား‬

စိတ်ရောဂါ ဖြစ်နေကြသူ ကိုဆွေ နဲ့ ကိုငွေ တို့ ငှက်ပျောသီး စားနေကြသည်။
ကိုငွေ က ပြောသည်။
`ဟေ့... မင်းဘာဖြစ်လို့ အခွံမနွှာသလဲကွ´ ကိုဆွေပြန်ဖြေသည်
`ဘာ နွှာစရာလိုသလဲ ၊ အထဲမှာ ဘာရှိတယ်ဆိုတာ ငါသိပြီးသားပဲဟာ ´

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...