သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၇)
သစ်ထူးလွင် |
- အရေးပေါ် အခြေအနေ ဆီယာရာ လီယွန်း ကြေညာ
- ဈေးခွန်မဆောင်ဟုဆိုကာ မင်းပြားသို့ ခရမ်းသီးသွားရောင်းသည့် အုတ်ဖေါ်ကံရွာသားများကို မြောက်ဦးစည်ပင်က ထိန်းသိမ်းထား
- လယ်ယာသုံးစက်ပစ္စည်း လယ်သမားများကို အရစ်ကျ ပြန်ရောင်းပေးရန် တင်ပြ
- အမျိုးသားပညာရေး ဥပဒေဟာ အရေးပါတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာစေလိမ့်မယ် – ဒေါ်စုစုလွင်
-
ကုမ္ပဏီမှတ်ပုံတင်မှု အဆင့်အချို့ဖြေလျှော့ပေးရန်စီ
စဉ် - မိုင်းပေါ်ဈေးမီးလောင် ကျပ်သိန်း ၈၀ ထက်မနည်း ဆုံးရှုံး
- ထိုင်းလက်ရေးလှပြိုင် ပွဲမြန်မာကလေးငယ်အနိုင်ရ
- နယ်စပ်ကုန်သွယ်ရေးဂိတ်၌ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ
- ဇနီးဖြစ်သူက အကျဉ်းထောင်အတွင်းရှိခင်ပွန်းထံ စိတ်ကြွရူးသွပ်ဆေးပြား ပေးပို့ရန်ကြိုးပမ်းစဉ် ဖမ်းဆီးခံရ
- လမ်းဘေးတွင် လမ်းလျှောက်နေသူ အမျိုးသားကို ယာဉ်တိုက်မိသဖြင့် သေဆုံး
- ကားတင်သွင်းမှုနှင့် သက်ဆိုင်သည့် အများပိုင်ကုမ္ပဏီ တည်ထောင်မည်
- အစိုးရတပ်အရာရှိ သတ်ဖြတ်ခံရမှုအား ရိုက်နှက်စစ်ဆေးခြင်းကြောင့် ဒေသခံ ရွာလုံးကျွတ် ထွက်ပြေး
- မိုင်းရှူးမှ အပျိုကြီးတဦးအား အစိုးရတပ်မတော်မှ အဓမ္မပြုကျင့်
- ထိုင်းဘတ်ငွေအတုများ သတိထားရန် အာဏာပိုင်များ သတိပေး
- အော်ရီဒူးဆင်းကတ် ရန်ကုန်မြို့တွင် ကြိုတင်ရောင်းချ
- တောင်ကြီးမြို့နှင့် ပင်လုံမြို့တို့တွင် ဖောက်ထွင်းခိုးယူ ခံရမှု ဖြစ်ပွား
- ကျောက်တံခါးမြို့နယ်တွင် တုတ်နှင့် ရိုက်ပြီး စက်လှေ တစ်စင်းနှင့် ငွေများ လုယူ ထွက်ပြေးမှု ဖြစ်ပွား
- ရခိုင်ပြည်နယ် ဘာ့ကြောင့် မဖွံ့ဖြိုးရတာလဲ
- ဌက်ဖျားဆေးမတိုးသူတွေ များလာနေ
- မြောက်ကိုရီးယား တာတိုပစ်ဒုံးလက်နက်တွေ ထပ်စမ်းသပ်ပစ်လွှတ်
- ကယ်ဆယ်ရေးယာဉ်တန်း ဆီးရီးယားထဲထပ်လွှတ်မယ်
- လိုင်ဘေးရီးယားမှာ ကျောင်းတွေ ပိတ်
- ၀န်ကြီး Kerry သြဂုတ်လခရီးစဉ်အတွင်း မြန်မာ့ပြုပြင်ပြောင်း လဲရေး ဖော်ဆောင်မှုလေ့လာမည်
- အိန္ဒိယမှာ မြေပြိုမှုကြောင့် သေဆုံးသူ ၁၅၀ ထိရောက်ရှိနိုင်
- မြန်မာ့အပြောင်းအလဲ နဲ့ Prof. Steinberg ရဲ့  အမြင်အတွေး
Posted: 31 Jul 2014 07:21 AM PDT
ဆီယာရာ
လီယွန်း Sierra Leone နိုင်ငံမှာ အသက်သေစေ နိုင်တဲ့ အီဘိုလာ Ebola
ဗိုင်းရပ် စ် ပျံ့နှံ့နေမှု အန္တရာယ်ကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ အတွက်
အရေးပေါ် အခြေအနေကို ကြေညာလိုက်ပါတယ်။
ရောဂါ စတင် ဖြစ်ပွားရာ အဓိက နေရာတွေ အားလုံးကို ဘယ်သူမှ မဝင်ထွက်ရအောင်
တားမြစ်မယ်လို့ သမ္မတ Ernest Bai Koroma က ပြောပါတယ်။
လိုင်ဘေးရီးယား နိုင်ငံမှာလည်း တင်းကျပ်တဲ့ အရေးပေါ် အစီအစဉ်တွေ ချမှတ်
လုပ်ဆောင်နေပါတယ်။
|
Posted: 31 Jul 2014 07:17 AM PDT
ဈေးကောင်းရသော
မင်းပြားမြို့သို့ ခရမ်းသီးသွားရောင်းသည့် မြောက်ဦးမြို့နယ်၊ အုတ်ဖေါ်ကံ
ကျေးရွာသားအချို့အား ဈေးခွန်မဆောင်ဟုဆိုကာ မြောက်ဦးမြို့ စည်ပင်က ယာယီ
ထိန်းသိမ်းထားသည်ဟု ကျေးရွာလူကြီးများက နိရဉ္စရာသို့ ပြောကြားသည်။
“ သူတို့က မြောက်ဦးမှာရောင်းတာ မဟုတ်ပါဘူး။
မင်းပြားမြို့မှာရောင်းမယ်ဆြို
|
Posted: 31 Jul 2014 04:30 AM PDT
အမေရိကန်ဒေါ်လာ
သန်း ၁၀၀ တန်ဖိုးရှိတဲ့ လယ်ယာသုံး စက်ပစ္စည်း ကိရိယာတွေကို အကြွေးစနစ်နဲ့
တောင်ကိုရီးယားနိုင်ငံက ၀ယ်ယူပြီး လယ်သမားတွေကို အရစ်ကျစနစ်နဲ့
ပြန်ရောင်းပေးမယ့် အစီအစဉ် ခွင့်ပြုပါလို့ သမ၀ါယမ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြည်ထောင်စုလွှတ်တော်ဆီ တင်ပြပါတယ်။
ဇူလိုင် ၃၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ
|
Posted: 31 Jul 2014 04:28 AM PDT
ပြည်ထောင်စု
လွှတ်တော်က ဇူလိုင်လ ၃၀ ရက်မှာ အတည်ပြုလိုက်တဲ့ အမျိုးသား ပညာရေး
ဥပဒေကြမ်းအရ တက္ကသိုလ်ပညာရေးပိုင်းနဲ့ တိုင်းရင်းသား စာပေ သင်ကြားရေး
အပိုင်းတို့မှာ အရေးကြီးတဲ့ ပြောင်းလဲတိုးတက်မှုတွေ ဖြစ်လာမယ်လို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့
ပညာရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်က ပြောပါတယ်။
အခု အတည်ပြုလိုက်တဲ့ ဥပဒေဟာ ပြည်သူ့လွှတ်တော်က တင်ထားတဲ့ ဥပဒေဖြစ်ပြီး
အစိုးရက သတင်းစာထဲ
|
Posted: 31 Jul 2014 04:25 AM PDT
ရန်ကုန်
ဇူလိုင် ၃ဝ
စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူစေ
ရေးအတွက် ကုမ္ပဏီမှတ်ပုံတင် ရာတွင် ဆောင်ရွက်ရသည့် အဆင့် များမှ
အချို့အဆင့်များကို မကြာမီ ပယ်ဖျက်ပေးသွားရန်စီစဉ်လျက်ရှိ ကြောင်း
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အတွင်းရေးမှူးဦးအောင်
နိုင်ဦးက ယခုလ ၂၇ ရက်က ကျင်းပသော ကုန်သွယ်မှုနှင့်ရင်းနှီး
မြှုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်ေ
|
Posted: 31 Jul 2014 01:06 AM PDT
ဂျူလိုင်လ
၃၁ ရက် ၂၀၁၄
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲ
မိုင်းပေါ်ဈေး ယမန်နေ့က မီးလောင်ကျွမ်းခဲ့ရာ ကျပ်သိန်း ၈၀ ထက်မနည်း
ဆုံးရှုံးကြောင်း ဒေသတွင်းသတင်းအရ သိရှိရ သည်။
“မီးလောင်တဲ့အချိန်က မနက်စောစော ၄ နာရီခွဲလောက်။ ခေါက်ဆွဲဆိုင်က
လျှပ်စစ်ဝါယာရှော့ခ် ဖြစ်ပြီး လောင်တယ်လို့ အာဏာပိုင်တွေက ပြောတယ်။
ဈေးရဲ့သုံးပုံနှစ်ပုံလောက် မီးထဲပါသွား တယ်” ဟု မိုင်းပေါ်ဒေသခံ
|
Posted: 31 Jul 2014 01:18 AM PDT
ရန်ကုန်
ဇူလိုင် ၃ဝ
မြန်မာရွှေ့ပြောင်းလုပ်သား မိဘနှစ်ဦးက မွေးဖွားသော
ကလေးငယ်တစ်ဦးသည်ထိုင်း နိုင်ငံ၌ ကျင်းပခဲ့သော ထိုင်း လက်ရေးလှပြိုင်ပွဲ၌
အနိုင်ရခဲ့ ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ယနေ့ ဖော်ပြ သည်။
ယမန်နေ့ကကျင်းပသော ထိုင်းအမျိုးသားဘာသာစကား နေ့အထိမ်းအမှတ်လက်ရေးလှ
ပြိုင်ပွဲတွင် Tak ခရိုင်ရှိ Arunmetha ကျောင်းတွင် ပညာသင်ကြားနေသည့် အသက်
(၁၂ နှစ်)အရွယ် Yasa ဆိုသည့် မြန်မာကလေးငယ်သည် မူလတန်း
|
Posted: 31 Jul 2014 12:59 AM PDT
တာချီလိတ် ဇူလိုင် ၃ဝ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချ
|
Posted: 31 Jul 2014 12:55 AM PDT
ဘားအံ
ဇူလိုင် ၃ဝ
ကရင်ပြည်နယ် ဘားအံ အကျဉ်းထောင်၌ မူးယစ် ဆေးဝါးမှုဖြင့် အချုပ်ခံ နေရသော
ခင်ပွန်းဖြစ်သူထံသို့ ၎င်း၏ ဇနီးဖြစ်သူက စိတ်ကြွရူးသွပ်မူးယစ် ဆေးပြား
ပေးပို့ရန် ကြိုးပမ်းစဉ် ဇူလိုင် ၂၆ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်က ဘားအံ
အကျဉ်းထောင် တာဝန်ကျ ဝန်ထမ်းများနှင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ
ပူးပေါင်း ဖော်ထုတ် ဖမ်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးအမှု ဖြင့်အချုပ်ခံနေရသူ နိုင်နိုင်အေး(၃၃နှစ်
|
Posted: 31 Jul 2014 12:49 AM PDT
ရန်ကုန်၊
ဇူလိုင် ၃၁
၃၀.၇.၂၀၁၄ ရက်နေ့ ၁၈၂၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်း
အတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာသော ထ/----ဘီအမ်(စက်ရုံဝန်ထမ်း
ကြို/ပို့) ယာဉ်သည် မီးခွက်ဈေးအောက် ထိပ်အလွန်အရောက် အရှိန်လွန်ကာ
လမ်းဘေး၌ လမ်းလျှောက်နေသော အမည်၊ နေရပ်လိပ်စာ(စုံစမ်းဆဲ)၊ အသက်(၄၀)နှစ်ခန့်
အမျိုးသားတစ်ဦး(ပုဆိုးခရမ်းရော
|
Posted: 31 Jul 2014 12:46 AM PDT
ကားတင်သွင်းမှုနဲ့
သက်ဆိုင်တဲ့ အများပိုင် ကုမ္ပဏီတခု တည်ထောင်သွားမှာဖြစ်ပြီး ကားထားဖို့နေရာ
အခက်အခဲရှိနေတဲ့ ပြဿ နာဖြေရှင်းတာ အပြင် အခြား လုပ်ငန်းတွေကိုလည်း
လုပ်ကိုင်သွားဖို့ ရှိတယ်လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနဲ့
ဖြန့်ဖြူးရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။
ဒီအများပိုင် ကုမ္ပဏီဟာ ကနဦးအနေနဲ့ ဆိပ်ကမ်းနဲ့ နီးတဲ့ နေရာတခုခုမှာ ပြည်ပက
တင်သွင်းလာတဲ့ ကားတွေကို ယာယီထားနိုင်မယ့်
|
Posted: 31 Jul 2014 12:42 AM PDT
ဂျူလိုင်
၃၁ ရက် ၂၀၁၄
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် (တရုတ်နယ်စပ်) နောင်မတာရွာအနီး
အစိုးရ တပ်မတော် အရာရှိ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ရွာအကြီးအကဲ များနှင့်
ဘာသာပြန်များအား ဆက်တိုက် ရိုက်နှက်စစ်ဆေး မှုကြောင့် ဒေသခံ ၄၀၀ ကျော်
(ရွာလုံးကျွတ်) တရုတ်နယ်သို့ တိမ်းရှောင်လိုက်ရ သည်ဟု သိရပါသည်။
နောင်မတာရွာအကြီးအကဲများအား အစိုးရတပ်မတော်က ဆင့်ခေါ်ကာ ဂျူလိုင် ၂၉ ရက်နေ့က
တညလုံး
|
Posted: 31 Jul 2014 12:37 AM PDT
ဂျူလိုင်
၃၁ ရက် ၂၀၁၄
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မိုင်းအောတ် ကျေးရွာအုပ်စု
အတွင်း နေ ထိုင်သည့် အသက် ၃၂ နှစ် အရွယ် ဒေသခံအမျိုးသမီး တဦး ဂျူလိုင် ၂၃
ရက်နေ့က အစိုးရတပ်မတော်သားတဦး၏ အဓမ္မပြုကျင့် ခြင်းခံရ သည်ဟု ဒေသခံများ
ပြောပြချက်အရ သိရသည်။
မိုင်းရှူးမြို့ မြောက်ဘက် မိုင်းအောတ် ကျေးရွာအုပ်စုဝင် နမ့်ပါလမ်ရွာ
တွင်နေ ထိုင်သည့် အသက် ၃၂ နှစ် အရွယ်(အမည်မဖေါ်လို) အမျိုးသမီး တဦး သည်
|
Posted: 31 Jul 2014 12:34 AM PDT
ထိုင်းနိုင်ငံတောင်ပိုင်း
တရန်းခရိုင်မှာ ဘတ်ငွေအတုတွေ တွေ့ရှိခဲ့ပြီးတဲ့နောက် ငွေစက္ကူတွေ
သတိထားသုံးစွဲဖို့ ထိုင်းနိုင်ငံတော်ဘဏ်က ပြည်သူတွေကို သတိပေးထားပါတယ်။
ဘဏ်လည်ပတ်မှုငွေထဲမှာလည်း 9 – A 3828862 နဲ့ 9 – A 3828863 နံပါတ်ပါ ဘတ်ငွေ ၁
ထောင်တန် ၂ ရွက် ၀င်ရောက်လာတာ တွေ့ရှိရပြီး အဲဒီငွေစက္ကူ ၂ ရွက်ဟာ အစစ်နဲ့
အလွယ်တကူ ခွဲခြား သိမြင်နိုင်ကြောင်း၊ အဓိကအချက်မှာ ထိုင်းဘုရင်ပုံမှာ ရေစာ
မပါရွိဘဲ ေ
|
Posted: 31 Jul 2014 12:31 AM PDT
မြန်မာနိုင်ငံမှာ
ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရထားတဲ့ ကာတာ အခြေစိုက် အော်ရီဒူးကုမ္ပဏီက
ဆင်းကတ်တွေကို ရန်ကုန်မြို့မှာ ဒီနေ့ ၅၀၀၀ ကျပ်နဲ့
ကြိုတင်ရောင်းချနေပါတယ်။
ဇူလိုင် ၂၉ ရက်နေ့က မန္တလေးနဲ့ နေပြည်တော်မှာ ဆင်းကတ်တခု ကျပ် ၁၅၀၀
စတင်ရောင်းချပေးခဲ့ပြီးနောက် ဒီနေ့ ရန်ကုန်မြို့မှာ ရောင်းချနေတာပါ။
အော်ရီဒူး ဖုန်းအချင်းချင်း မိနစ် ၉၀၀ နဲ့ မက်ဆေ့ခ်ျအစောင် ၉၀၀၊
အခြားဖုန်းတွေကို မိနစ် ၉၀၊ မက်ဆေ့ခ်ျအစောင်
|
Posted: 30 Jul 2014 08:21 PM PDT
ရှမ်းပြည်နယ်
တောင်ကြီးမြို့ စဝ်စံထွန်း ရပ်ကွက် စဝ်စံထွန်းဈေး၌ ယမန်နေ့ နံနက် ၆ နာရီက
ဆိုင်ခန်းအတွင်းရှိ အဝတ်အထည်များ ခိုးယူခံရကြောင်း သိရသည်။
ဖြစ်စဉ်မှာ စဝ်စံထွန်း ဈေးရှေ့ ဝင်ပေါက် တံခါးမကြီးနှင့် ကပ်လျက် အပြင်ဘက်
တိုက်တန်းတွင် မယဉ်ယဉ်ဝင်း ဖွင့်လှစ်ထားသည့် မိုးယံရွှေလမင်း
ထီရောင်းဝယ်ရေးနှင့် အထည်စတိုးဆိုင်ရှိ ဆိုင်ခန်းတံခါးမှာ ပွင့်နေပြီး
အဝတ်များ ပြန့်ကျဲနေကြောင်း ဆိုင်ချင်း ကပ်လျက်နေသူ
|
Posted: 30 Jul 2014 08:01 PM PDT
ပဲခူးတိုင်း
ဒေသကြီး ကျောက်တံခါး မြို့နယ် ပဒိုနယ်မြေ ရဲစခန်းအပိုင် ရဲစခန်း၏
အနောက်ဘက် ၂၅ မိုင်ခန့်အကွာ ပဲခူးရိုးမ တောင်ပေါ် ဘိုင်းဒါးချောင်း ဖျား
တဲတိုက်တွင် တူမီးသေနတ် နှင့်ပစ်၊ ဓား နှင့်မွှန်း၊ တုတ် နှင့်ရိုက်၍
လုယက်မှု တစ်ခုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၄ ရက် နံနက် ၁ဝ နာရီ ခန့်က ပဲခူးရိုးမတောင်ပေါ်
ဘိုင်းဒါးချောင်း ဖျားတဲတိုက်တွင် နေထိုင်သော ဦးဖိုးချို ၄၈နှစ် (ဘ)
ဦးကောက် တောင်ယာ လုပ် (
|
Posted: 30 Jul 2014 07:56 PM PDT
ရခိုင်ပြည်နယ်
ကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သွားရောက်ပြီး ရခိုင် လူမှု အသိုင်းအဝိုင်း
နဲ့ တွေ့ဆုံခဲ့တဲ့ ဗြိတိသျှ သံအမတ် အင်ဒရူး ပက်ထရစ် ရဲ့ ဘီဘီစီ
မြန်မာပိုင်းကို ပေးခဲ့တဲ့ အင်တာဗျူးထဲ မှာ၊ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာ
တစ်ခုကို ကိုးကားပြီး၊ ရခိုင်ပြည်နယ် ဟာ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့
ပြည်နယ် ဒေသကြီးတွေထဲ မှာ အဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်တယ် ဆိုပြီး
ပြောသွားပါတယ်။
လယ်ယာ စိုက်ပျိုးရေး ကဏ္ဍဍမှာ စနစ်တကျ
|
Posted: 30 Jul 2014 07:47 PM PDT
အရှေ့တောင်အာရှက
နိုင်ငံတွေဖြစ်ကြတဲ့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ
မှာ ဌက်ဖျားရောဂါကုသဆေး မတိုးတော့တဲ့လူနာတွေ အများအပြားတွေ့နေရပြီလို့
ကမ္ဘာ့ ကျန်းမာရေး ထိပ်တန်းပညာရှင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က သတိပေးလိုက်ပါတယ်။
New England ဆေးပညာဂျာနယ်မှာ ဖေါ်ပြချက်အရဆိုရင် မြန်မာနိုင်ငံအရှေ့ပိုင်း၊
ကမ္ဘောဒီးယား မြောက်ပိုင်းနဲ့ အနောက်ပိုင်းတို့အပြင် ထိုင်းနဲ့
ဗီယက်နမ်နိုင်ငံတွေက
|
Posted: 30 Jul 2014 07:40 PM PDT
မြောက်ကိုရီးယားနိုင်ငံက
တာတိုပစ် ဒုံးကျည် ၄ ခုကို ထပ်မံစမ်းသပ် ပစ်လွှတ်လိုက်ပါတယ်။ ဒါဟာ
မြောက်ကို ရီးယား အနေနဲ့ ဒုံးကျည်တွေ၊ အမြောက်တွေ စမ်းသပ်ပစ်လွှတ်မှု တွေထဲက
နောက်ဆုံး စမ်းသပ် ပစ်လွှတ်မှုလည်း ဖြစ်ပါတယ်။
ပြုံယမ်းမြို့ရဲ့ အနောက်မြောက်ဘက်ကနေ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ဒုံးကျည် ၂
ခုကို စမ်းသပ် ပစ်လွှတ်လိုက်ပြီး နောက်ထပ် ၂ ခုကိုတော့ အဲဒီနေ့
နောက်ပိုင်းမှာပဲ စမ်းသပ် ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယား
|
Posted: 30 Jul 2014 07:39 PM PDT
ဆီးရီးယား
နိုင်ငံထဲကို၊ ကယ်ဆယ်ရေး ပစ္စည်းတွေ သယ်ဆောင်ထားတဲ့၊ ထောက်ပံ့ရေး ယာဉ်တွေ၊
အခု လာမယ့် ရက် အနည်းငယ် အတွင်းမှာပဲ၊ ထပ်မံစေလွှတ်သွားဖို့ ရှိတယ်
ဆိုပြီး၊ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာနားလည်း ကူညီစောင့်ရှောက်ရေး အဖွဲ့ရဲ့
အကြီးအကဲ၊ ဗယ်လရီ အားမို့စ်က ပြောလိုက်ပါတယ်။
ဒီလို စေလွှတ်တဲ့ အခါမှာတော့ ယိုယွင်းလာတဲ့ အခြေအနေတွေ ကြောင့်၊ အီရတ်
နိုင်ငံဘက်ခြမ်း ကနေတော့၊ စေလွှတ်မှာ မဟုတ်ဘူး ဆိုပြီးတော့ လည်းြေ
|
Posted: 30 Jul 2014 07:37 PM PDT
အီဘိုလာ
ဗိုင်းရပ်စ်ပိုး ကူးစက် ပျံ့နှံ့နေတဲ့ အပေါ်၊ ထိန်းချူပ်နိုင် ဖို့၊
လိုင်ဘေးရီးယား နိုင်ငံက၊ အရေးပေါ် စီမံချက်တွေ ချမှတ် လိုက်ပါတယ်။
လိုင်ဘေးရီးယား မှာ ရှိတဲ့ စာသင်ကျောင်း အားလုံးကို ပိတ်လိုက်ပြီး၊
မရှိမဖြစ် လိုအပ်တဲ့ အစိုးရ ရုံးတချို့က အပ၊ ကျန် အစိုးရ ဝန်ထမ်းတွေ
အားလုံး၊ ရက်ပေါင်း ၃၀၊ ခွင့်မယူ မနေရ၊ ယူခိုင်း လိုက်ပါတယ်။
တချို့ ရပ်ကွက်တွေ နေရာတွေ မှာ၊ လူဝင်လူထွက် မပြုလုပ် စေတော့ပဲ၊ ပိတ်ဆို့
|
Posted: 30 Jul 2014 07:33 PM PDT
မြန်မာနိုင်ငံဟာ
ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ချိုးကွေ့ လာတယ် ဆိုပေမဲ့
အောင်မြင်မှုရဖို့ အခက်အခဲတွေ တော်တော်များများ ရင်ဆိုင်ရ ဦးမယ်လို့
အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ
မြန်မာနိုင်ငံ အတွက် စမ်းသပ်ခံ ကာလဖြစ်ပြီး ဒီအခြေအနေကို တကမ္ဘာလုံး
စောင့်ကြည့်နေသလို၊ ပြုပြင်ပြောင်းလဲ မှုတွေ အောင်မြင်မှုရဖို့ အမေရိကန်
ပြည်ထောင်စုက ဆက်ပြီး အားပေး ကူညီသွားမယ်လို့
|
Posted: 30 Jul 2014 05:15 PM PDT
အိန္ဒိယနိုင်ငံ
အနောက်ပိုင်းမှာ မြေပြိုမှုတွေ ဖြစ်ခဲ့တဲ့အတွက် လူ ၁၉ ဦးလောက်
သေဆုံးပြီး အယောက် ၁၅၀ ကျော် ပိတ်မိနေဆဲ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ပိတ်မိသူတွေကို ကယ်ဆယ်ဖို့ အရေးပေါ် ကယ်ဆယ်ရေး သမားတွေ
လုပ်ဆောင် နေကြပြီ ဖြစ်ပါတယ်။
Pune ပူးနာ ခရိုင် အတွင်းက ကျေးရွာ တရွာလုံး မြေအောက် ရောက်ရှိ
သွားတာ ဖြစ်ပါတယ်။
မိုးရာသီ အတွင်း မိုးသည်းထန်စွာ ရွာသွန်း ပြီးနောက် တောင်ကုန်းပေါ်က
|
Posted: 30 Jul 2014 04:41 PM PDT
ဒီတပတ်
မြန်မာ့အရေး သုံးသပ်ချက် အစီအစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်
ပြောင်းလဲ ရေးမှာ အဟန့် အတား၊ အနှောက် အယှက်၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး
မတည်မငြိမ် ဖြစ်မှု တွေကြောင့် နောက်ပြန်ဆုတ်၊ မအောင်မမြင်
ဖြစ်သွားနိုင်သလား ဆိုတာကို မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ David
Steinberg (Georgetown University) နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေး
သုံးသပ်ထား ပါတယ်။
ဦးကျော်ဇံသာ ။ ။ Prof. Steinberg အခုတလောြ
|
0 comments:
Post a Comment