Saturday, August 18, 2012

အဖြူဆင်းခြင်း ( White discharge ) .......အမျိုးသမီးကျန်းမာရေး



လူသားမျိုးနွယ်စု အမျိုးသမီးများတွင်သာဖြစ်ပေါ်လေ့ ရှိသော ပြဿနာတရပ်အနေနဲ့ တွေ့ ကြုံနေရသည့် အဖြူဆင်းခြင်း ဖြစ်ပါသည်။ အဖြူဆင်းခြင်းကို ( White discharge ) လို့ လည်း ခေါ်ဝေါကြပါတယ် ။
အဖြူဆင်းခြင်းတွင် ဖြစ်လေ့ဖြစ်ထအဖြစ်ဖြင့် မူမှန်ဆင်းခြင်းနှင့် ပုံမှန်မဟုတ် မူမမှန်ခြင့်ဖြင့် အဖြူဆင်းခြင်းလို့  နှစ်မျိုးသတ်မှတ်ထားရှိ ဖြစ်ပေါ်လေ့ ရှိပါသည် ။

သတ်မှတ်ချက်အရ အပျိုဖော်ဝင် အမျိုးသမီး (puberty) တဦးသည် တလအတွင်းကို နှစ်ကြိမ်ခန့် အဖြူဆင်းခြင်း ဖြစ်ပေါ်လေ့ ရှိကြောင့် ထို့ ကဲ့သို့  အဖြူဆင်းခြင်းကို မူမှန်အဖြူဆင်းခြင်း ( normal white discharge ) အဖြစ်သတ်မှတ်ခေါ်ဝေါကြရပါသည် ။ အခုလို ဆင်းခြင်းဖြစ်ပေါ်တတ်သည့်မှာ ရက်အနေဖြင့် ၄၅ ရက်ကို တဝက်ထားလိုက်ပါက မူမှန်ဆင်းခြင်း ပထမအကြိမ်ဖြင့် ဖြစ်ပေါ်ဆင်းလေ့ရှိပါသည် ။

ဘယ်လို့ အချိန်တွေမှာ ထပ်မံဆင်းခြင်းဖြစ်ပေါ်တတ်သလဲဆိုရရင် မိန်းကလေးတွေရဲ့  ဓမ္မတာသွေးမပေါ်ခင် ရှေ့ရက်ပိုင်းတွေတွင် ထပ်မံပြီး ဒုတိယအကြိမ် ဖြစ်ပေါ်ဆင်းတတ်ကြပါတယ် ၊ ပုံမှန်မူမှန်အဖြူဆင်းခြင်းတွင် မသိမသာလောက် အနည်းငယ်အဖြစ်ဖြစ်ပေါ်ပါတယ် ဆင်းနေပါလား ဆိုသည့် အသိအနေအထားအဖြစ်သိရှိပြီး ဆင်းခြင်းဖြစ်ပေါ်ပါသည် ။ မူမှန်ဆင်းခြင်းကြောင့် အနံ့ အသက်မှာဆိုးဝါးစွာနံ့ ခြင်းနှင့် ယားယံခြင်းများလည်း မရှိဘဲ ဆင်းတတ်ကြပါသည် ။

ပုံမှန်မဟုတ် မူမမှန်အဖြူဆင်းခြင်း ( abnormal white discharge) ကိုပြောရရင် ပုံမှန်အဖြူဆင်းခြင်းရဲ့  ယေဘုယျအားဖြင့် ဆန့် ကျင်ဖက်လို့ ပြောဆိုရပါလိမ့်မည် ။ မူမမှန်တွင် ဆီးဆင်းခြင်း ပမာဏများလာမယ် ၊ ဆီးဆင်းခြင်းကြောင့် အနံ့ သက်တွေက ဆိုးဝါးစွာ အနံ့ တွေနံမယ် ၊ယားယံခြင်းတွေဖြစ်ပေါ်လာခြင်းဘဲ ဖြစ်ပါသည်။

မူမမှန် အဖြူဆင်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရာများစွာရှိပေမဲ့ ယေဘုယျအားဖြင့် ပိုးဝင်ခြင်း ကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်ပါတယ် ။ပိုးဝင်ခြင်းကြောင့် မဖြစ်ဘူးဆိုလျှင်

(၁) လိင်ဆက်ဆံခြင်း များလွန်သည့် အတွက် သားအိမ်ခေါင်း(cervix) လုပ်ဆောင်မူ့ များခြင်း ၊

(၂) သားအိမ်ထဲတွင် ထည့်ထားသော သန္ဓေတားပစ္စည်း (နေရာမမှန်ခြင်း )

(၃) စိတ်ဖိစီးသောက ( Stress ) များ ခံစားဖြစ်ပေါ်လာခြင်း
ဖော်ပြပါ အချက်တွေကြောင့် မူမမုန် အဖြူဆင်းခြင်းများ ဖြစ်ပေါ်တွေ့ ရှိရပါသည် ။

မိန်းကလေးတွေမှာတစ်ကိုယ့်ရည် သန့် ရှင်းရေး ပြု လုပ်သည့်အခါ ရေသန့် သန့် နှင့် ဆပ်ပြာနုနုလေးကို အသုံးပြု့ ခြင်းဖြင့် အပေါ်ယံ သန့် စင်နိုင်ပြီး တချို့ မိန်းကလေးများသည် ပိုးသတ်ဆေးဆပ်ပြာဖြစ်သော ဒတ်တော ၊ အဆက်ပ်တော စတဲ့ ပိုး သတ်ဆေးတွေနဲ့ အတွင်း ဖက်ကို ဆေးကြောခြင်းများ ပြုလုပ်တတ်ကြပါတယ် ။ မလုပ်သင့်ကြောင်း ပြောလိုပါသည် ။

ပိုးသတ်ဆေးတွေဟာ မိန်းမကိုယ်မှာရှိတဲ့ အကျိုးပြု ဘတ်တီးရီးယား ( helpful bacteria) တွေကို သတ် ပစ်လေ့ ရှိသောကြောင့် အက်ဆစ်ဓါတ်ကို လျော့စေပါတယ် ။ဒါကြောင့် ပိုးသတ်ဆေးဆပ်ပြာကြောင့် Acid ဓါတ်ကျသွားရင် ပြင်ပ ဘတ်တီးရီးယား ပိုးတွေဝင် လာစေပြီး မူမမှန် အဖြူဆင်းခြင်း ( Abnormal white discharge) ကို ဖြစ်ပေါ်စေပါတယ် ။

ပုံမှန်ဖြစ်ပေါ်မူမှန်ဆင်းခြင်းကိုတော့ ဆရာဝန်ကို ပြသရန်မလိုပေးမဲ့ ပုံမုန်မဟုတ် မူမမုန်ဆင်းခြင်း ဖြစ်ပေါ်နေပါ နောက်ဆက်တွဲကျန်းမာရေးဆိုင်ရာ ပြဿနာများ ရှိလာနိုင်သည့်အတွက် သက်ဆိုင်ရာ သားဖွားမီးယပ် ဆရာဝန်များနှင့် ပြသသင့်ကြောင်း အကြံ့ ပြု့ ပြောကြားလိုပါသည် ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...