အမည်မည်းစာရင်းပယ်ဖျက်တဲ့အပေါ် အမြင်များ
နောက်ဆုံးရေးသားချိန် 31 August 2012, 14:06 AEST
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNSရဲ့ အဆွင်းရေးမှူး ကိုငွေလင်းက
ကျနော်တို့က တိုင်းပြည်အတွက် အလုပ်လုပ်ကြတယ်၊ အတွေးအခေါ်အရ၊ အလုပ်အကိုင်အရ သူတို့နဲ့ မတူဘူး၊ မတူတဲ့အတွက် ကျနော်တို့ကို black list လုပ်ထားတာ၊ ပြောရရင်တော့ black list လုပ်တာကိုက ပထမ အချက်က သဘာဝမကျဘူးပေါ့ဗျာ၊
ဒါတခု နောက်တခုကတော့ အခုလို အတွေးအခေါ်အရ အလုပ်အကိုင်အရ မတူတဲ့သူတွေကိုလည်းပဲ လက်တွဲပြီးတော့မှ ဆောင်ရွက်တော့မယ်ဆိုတဲ့သဘောမျို
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်လည်း
နာမည်ပျက်စာရင်း ၆ထောင်ကျော်ရှိတဲ့အထဲက ၂ထောင်ကျော်ကို ပယ်ဖျက်လိုက်ပြီပေါ့လေ၊ ဒီကနေ့နာမည် စာရင်းထွက်လာတယ်ပေါ့၊ အဲမှာ ကြည့်လိုက်တဲ့အခါကျတော့ ကျတော်တို့ နာမည်တွေပါတယ်ပေါ့၊ ဒီအပေါ်မှာ တော့ ဘာပဲပြောပြော ကောင်းတဲ့လက္ခနာလို့ ပြောရမှာပေါ့၊ အကျဉ်းထောင်ထဲက ထွက်လာတဲ့သူပဲဖြစ်စေ နယ်စပ်ဒေသက ပြန်လာတဲ့သူပဲဖြစ်စေ နိုင်င့တကာက ပြန်လာတဲ့သူပဲဖြစ်စေ နိုင်ငံအကျိုးကို သယ်ပိုးလိုချင်တဲ့ သူ တွေအားလုံးဟာ ကျနော်တို့ မြန်မာနိုင်ငံ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်ကို ဒီမိုကရေစီထွန်းကားမှုဖြစ်စဉ်ကို ပြန်လည်ထူထောင်ရေးကာလတွေမှာ တကယ်ကို ထဲထဲဝင်ဝင်နဲ့ ပါဝင်နိုင်ဖို့အတွက် ဖန်တီးပေးရမှာ ဖြစ်ပါ တယ်၊ အဲဒါက လက်ရှိအစိုးရက ဖန်တီးပေးရမဲ့ကိစ္စဖြစ်သလို ကျန်တဲ့နိုင်ငံသားတွေ ဒီအရေးကိုလေ့လာ ဆောင် ရွက်လိုတဲ့သူတွေကလည်း တာဝန်ရှိတယ်လို့ ထင်ပါတယ်၊ အဲတော့ AAPP အနေနဲ့တော့ ဒီဘက်မှာ ရှိတာနဲ့စာရင် ဗမာပြည်မှာ လုပ်တာက ပိုပြီးတော့ ထိရောက်မယ်လို့ ထင်တယ်၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ လက်ရှိနိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေး မချိုးဖောက်ခံရအောင်လို့ ကျနော်တို့ ဆောင်ရွက်နေမယ်၊ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်း သားတွေကို ပြန်လည်ထူထောင်ရေးကိစ္စတွေ အဲဒါတွေကို ကျနော်တို့ တတ်နိုင်သလောက်နည်း လမ်း တွေရှာဖွေပြီး ကြိုးစားသွားရမယ်။
ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PLNO ရဲ့ ဥက္ကဌ ခွန်ဥက္ကာကလည်း
ကျနော်တို့ တောင်းဆိုထားတာလည်းပါပါတယ်၊ ပထမတွေ့ဆုံထဲက ကျနော်တို့ရဲ့အဖွဲ့ဝင်တွေဟာ ပြည်ထောင်စုထဲမှာ လွတ်လက်စွာသွားလာဖို့၊ ပြည်သူလူထုတွေ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ပဏာမ သဘောတူညီချက်ထဲမှာ ပါပြီးသားဖြစ်ပါတယ်၊ အဲဒီအပေါ်မျာ ပြည်ထောင်စုအစိုးရလည်း သဘောထား ကြီး ကြီးနဲ့ သမတက ကင်းလွတ်ခွင့်အမိန့်ထုတ်ပြန်တာ နဲ့ တူပါတယ်၊ သမတကင်းလွတ်ခွင့်အမိန့်ကို ကျနော်တို့က အဲဒီဟာကို ကျနော်တို့က သဘောပေါက်တယ်၊ နာမည်ပျက်စာရင်းကနေပယ်ဖျက်တယ်ဆိုတာ အဲတာကြိးကတော့ နည်းနည်း ကိုးလိုကန့်လန်ကြီး ၊ ကျနော်တို့ ၃မြို့နယ်ပါတဲ့ ပအို့ဒေသလေးမှာ PLO ပအို့အမျိုး သားအဖွဲ့ချုပ် နိုင်ငံရေးပါတီနဲ့ သူရဲ့လူကြီးတွေကတော့ ကြည့်ရှု့စောင့်ရျောက်ပါတယ်၊ ဒါပေမဲ့ ဒီသတ်မှတ် ထားတဲ့ ပအို့ဒေသ၃မြို့နယ်အပြင်မှာရှိတဲ့  ပအို့ပြည်သူလူထုတွေကိုတော့ ထိထိရောက်ရောက်မလုပ်နိုင်တဲ့ အခါကျတော့ ကျနော်တို့ အပစ်ရပ်အဖွဲ့အနေနဲ့ အဲဒီလူထုတွေရဲ့ အခြေအနေကိုပေါ့ဗျာ အတတ်နိုင်ဆုံး စောင့်ရှောက်ဖို့ သူတို့အတွက် အလုပ်လုပ်ဖို့ ဒါကျနော်တို့ရဲ့ ပြင်ဆင်ချက်ဖြစ်ပါတယ်။
ထိုင်းမြန်မာနယ်စပ်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူတွေဖြစ်တဲ့  ဒေါက်တာနိုင်အောင်၊ ကိုအောင်မိုးဇော်၊ ဒေါက်တာသောင်းထွန်း၊ ကိုညိုအုန်းမြင့် နဲ့ အမေရိကန် အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ ကိုမိုးသီးဇွန်၊ ကိုထွန်းအောင်ကျော်နဲ့ ၇ဦးပါအဖွဲ့တို့ ဒီကနေ့မှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
မနက်ဖြန်မြန်မာပြည်သွားရောက်မဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ခရီးစဉ်မှာ လိုက်ပါသွားသူတဦးဖြစ်တဲ့ ကိုညိုအုန်း မြင့်က အခုလိုပြောပါတယ်။
ကျနော်တို့ကတော့ မနက်ဖြန် ၃၁ရက်နေ့ကျရင် ကျနော်တို့ မြန်မာပြည်ရောက်ပါမယ်၊ မြန်မာပြည်ကို သွားပါမယ် ၊ အဓိကကတော့ ဒီဘက်မှာရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆော င်တွေ ဖြစ်ကြတဲ့ ဦးမိုးသီးဇွန်နဲ့ အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ ကျနော်တို့ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မြန်မာ့အရေး ဆောင်ရွက်သူတွေ ၂ဖွဲ့ပေါ့နော် အဲဒီကနေပြီးတော့မှ ကျနော်တို့ သမတဦးသိန်းစိန်နဲ့ တွေ့ဖို့ စီစဉ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိရေးအခြေအနေကို သွားရောက်လေ့လာကြတဲ့ ပြည်ပက နိုင်ငံရေးလှုပ်ရှားသူတွေအနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံနိုင်ဖို့အတွက် စီစဉ်ထားပေမဲ့ တွေ့ခွင့်ရမရ ဆိုတာတော့ သမ္မတရဲ့ အချိန်ပေးမှု အပေါ်မှာ မူတည်နေတယ်လို့ ပြောပါတယ်။
အခုလိုပြည်တွင်းကို တရားဝင် ၀င်ရောက်ခွင့်ရရှိပြီး နောက်ပိုင်းမှာ ပြည်တွင်းမှာ နေထိုင် အလုပ်လုပ်ကိုင်နိုင်ဖို့ ကလည်း သမတရဲ့တွေ့ဆုံဆွေးနွေးချက်တွေအေ ပ်ါမှာ အများကြီးမူတည်နေတယ်လို့ ကိုညိုအုန်းမြင့်က ပြောကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတွေလည်း ပယ်ဖျက်စာရင်းထဲပါ
မြန်မာစစ်အစိုးရလက်ထက်တည်းကစလို့  နှစ်နဲ့ချီပြီး အမည်ပျက်စာရင်း Black List ထဲမှာ ပါတဲ့ လူ ၂၀၀၀ ကျော်ထဲက နိုင်ငံတကာမှာရောက်ရှိနေတဲ့ ပြည်ပအတိုက်အခံအဖွဲ့အစည်းတွေက မြန်မာနိုင်ငံသား အမည်စာရင်းတွေ ကို ဒီကနေ့ သမတရုံးက ထုတ်ပြန်လိုက်ပါတယ်။
ပယ်ဖျက်လိုက်တဲ့ မြန်မာနိုင်ငံသား စာရင်းထဲမှာ ဒေါက်တာစိန်ဝင်း၊ မိုးသီးဇွန်၊ ဒေါက်တာ စပ်ဇန်ညောင်ဝေ၊ ဒေါက်တာ စင်သီယာမောင် ၊ဒေါက်တာ နိုင်အောင် အစရှိတဲ့ နာမည်ကျော် နိုင်ငံရေးသမားတွေနဲ့ သတင်းထောက်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ဦးဖြစ်တဲ့ Aris, Alexander နဲ့ Aris Kim တို့လည်း ပါဝင်ပါတယ်။
အဲ့ဒီထဲက ဒေါက်တာနိုင်အောင်၊ ညိုအုန်းမြင့်နဲ့ ဒေါက်တာ သောင်းထွန်းတို့ဟာ သြဂုတ်လ ၃၁ ရက်နေ့ ဒီကနေ့နေ့လည်မှာ ရန်ကုန်မြို့ကို လေကြောင်းခရီးနဲ့ ပထမဆုံး ပြန်ဝင်မယ်လို့ ဒေါက်တာ နိုင်အောင် က ရေဒီယို သြစလေးလျ ကို အခုလို ပြောပါတယ်။
ကျနော်တို့ အခုသွားတာက သူတို့က တစ်ယောက်ချင်း ဖိတ်တယ်ဆိုတော့ ဒီ တစ်ယောက်ချင်း အနေနဲ့ပဲ သွားတာ ဖြစ်ပါတယ်၊ အပြီးပြန်တဲ့ဥစ္စာမဟုတ်ပါဘူး၊ ကျနော်တို့ သွားမည့် အဓိက ရည်ရွယ်ချက်ကတော့ ဒီ သမတ အပါအ၀င်ပေါ့ အစိုးရက တာဝန်ရှိတဲ့လူတွေနဲ့ တွေ့ဖို့ ကိစ္စပါမယ် ကျန်တဲ့အစီအစဉ်တွေကိုတော့ ကိုယ့်ဆန္ဒနဲ့ကိုယ် လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်လို့ ပြောပါတယ်၊ ဆိုတော့ ကျန်တဲ့ ကျနော်တို့ အထဲမှာရှိတဲ့ ခေါင်းဆောင်တွေ ဒီမိုကရေစီ အင်အားစုတွေ အဲ့ဒါတွေ အားလုံးနဲ့ ကျနော်တို့ တွေ့ဖို့အတွက် ကြိုးစားမယ် နောက်ပြီးတော့ ဒီ လူထုအခြေပြု အဖွဲ့အစည်းတွေ အဲ့ဒါတွေနဲ့လည်း ကျနော်တို့ တွေ့ဖို့ ကြိုးစားမယ်၊ နောက် တတ်နိုင်သမျှ ပြည်သူတွေရဲ့ အသံကိုလည်း နားထောင်ဖို့ ရှိပါတယ်၊ ဆိုတော့ အခုခရီးစဉ်ကတော့ တွေ့ဆုံရင်းလည်း လေ့လာရေး အစီအစဉ်ပေါ့၊ ကျနော် အခုလို ဗမာပြည်ကို လာတဲ့အချိန်မှာ ဒီအထဲမှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးကလည်း ကျနော်တို့ကို ရဲဘော်ရဲဖက်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါလို့ တခါတည်း မေတ္တာရပ်ခံပါတယ်။
သမတ ဦးသိန်းစိန်အပါအ၀င် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာလည်း မြန်မာပြည်ငြိမ်းချမ်းရေး ဖြစ်ဖို့အတွက် အဆိုပြုချက်တွေ တင်ပြသွားမှာဖြစ်ပြီး အဆင်ပြေခဲ့ရင် နယ်စပ်မှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပါဝင် လုပ်ဆောင်ဖို့ ကိစ္စတွေ အဓိက ပြောဆိုမှာဖြစ်တယ်လို့ ဒေါက်တာ နိုင်အောင် က ဆက်ပြောပါတယ်။
ကျနော်တို့ဖက်က တင်ပြဖို့ရှိတာကတော့ ဒီ ၂၀၁၅ မတိုင်ခင်မှာ အားလုံးပါဝင်တဲ့ ဗမာပြည် တည်ဆောက်ရေးကို ဘယ်လိုလုပ်ကြမလဲဆိုတဲ့သဘောတူညီ ချက်တွေ ပေါ်ထွက်လာနိုင်မည့် တွေ့ဆုံဆွေးနွေးပွဲမျိုးတစ်ခု လုပ်ဖို့လိုတယ် ဆိုတဲ့ ကိစ္စ၊ နောက်တခုက ဒီ ပြည်ပမှာ ရှိနေကြတဲ့ နိုင်ငံရေး လုပ်ဆောင်နေတဲ့သူတွေအားလုံးက လုံခြုံစိတ်ချစွာနဲ့ နိုင်ငံရေး လွတ်လပ်ခွင့် ရှိရှိနဲ့ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေကို ပြန်လုပ်နိုင်အောင် အတွက်ကို မူသဘောထား ထုတ်ပြန်ကြေညာချက်တွေ နောက် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ ရှင်းလင်းတဲ့ ပွင့်လင်းတဲ့ လုပ်ဆောင်မှု နည်းလမ်းတွေကိုပါ ထုတ်ပြန်ပြီး ကြေညာပေးဖို့ လိုတယ်ဆိုတဲ့ ဥစ္စာမျိုးတွေ ကျနော်တို့ ပြောမှာ ဖြစ်ပါတယ်။ နောက် ဒီလိုမျိုး အမျိုးသားပြန်လည်သင့်မြတ်ရေးး ဒီမိုကရေစီရေးကို စတင်ဆောင်ရွက်နေပြီဆိုလို့ရှိ ရင်လည်း ဒီ နိုင်ငံရေး အကျဉ်းသားတွေ မရှိသင့်တော့တာတွေ နောက်ပြီးတော့မှ အမည်မဲစာရင်းထဲမှာ လေးထောင်ကျော်လောက် ထပ်မကျန်သင့်တော့တာတွေ နောက်ပြီးတော့ အပြစ်အခတ်ရပ်စဲရေးကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဖို့ဆိုတဲ့ ကိစ္စတွေ ရှိလို့ရှိရင် ဒါဟာ စစ်မှန်တဲ့ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပိုပြီး ဖြစ်လာမယ်လို့လည်း ကျနော်တို့ တင်ပြမှာပါ။
ရန်ကုန်ရောက်ရှိတာနဲ့ ခရီးစဉ်ဘယ်လိုဖြစ်လာတယ်ဆိုတာနဲ့ ခရီးစဉ်ရဲ ရည်ရွယ်ချက်တွေကို သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁ ရက်နေ့မှာတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ဦးအောင်မိုးဇော်နဲ့ FTUB မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချူပ် က ဦးမောင်မောင် တို့ မြန်မာနိုင်ငံကို ပြန်ဝင်ကြမှာဖြစ်တယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

0 comments:
Post a Comment