Monday, August 27, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၈)


သစ်ထူးလွင်


Posted: 27 Aug 2012 04:58 AM PDT
မြန်မာကျပ်ငွေ ၅ ထောင်တန်အတု သိန်းတရာကျော်အား သယ်ဆောင် ရောင်းချနေသည့် နှစ်နိုင်ငံ မှတ်ပုံတင် ကိုင်ဆောင်သူ  အမျိုးသမီးအား ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် တဖက်ခြမ်း သျှမ်းပြည် တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲ၌ ဖမ်းမိကြောင်း နယ်စပ် သတင်းရပ်ကွက် ကဆိုပါသည်။

နှစ်နိုင်ငံမှတ်ပုံတင်ကိုင်ဆောင်သူနန်းနု နှင့် ကျပ်ငါးထောင်တန်အတုများ
“ပိုက်ဆံတွေကို ထိုင်းဘက်ခြမ်းကနေသယ်လာတဲ့သူကလေ နှစ်နိုင်ငံစလုံးရဲ့မှတ်ပုံတင်ကို ကိုင်ဆောင်ထားတယ်။ ထိုင်းဘက် မှာဆိုရင် တောင်ပေါ်သားကတ်ကိုသုံးတယ်။ အဲဒီမှာသူ့နာမည်က နန်းနုတဲ့။ မြန်မာနိုင်ငံသားစီစစ်ရေး ကတ်ထဲမှာတော့ သူ့နာမည် နန်းပေါက်တဲ့။ အသက်က ၄၀ ကျော်ကျော်လောက်ရှိတယ်” ဟု ဟိုမိန်းပြည်သူ့စစ်တပ်ဖွဲ့ နှင့် နီးစပ်သူတဦး ကပြောသည်။

အဆိုပါနန်းနုအား ယခုလ ၂၄ ရက် က သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲ (ထိုင်းနိုင်ငံ မယ်ဟောင် ဆောင်မြို့နှင့် မျက် နှာချင်းဆိုင်ရှိ) ၌ မြန်မာ ၅၀၀၀ တန်အတု ကျပ်သိန်း ၁၅၀ ဖိုးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းသည် ကျပ် ၅၀၀,၀၀၀ ကို ဘတ်ငွေ ၇,၀၀၀ ဖြင့်ရောင်းချနေခြင်းဖြစ်ကြောင်း နယ်စပ်နေ ဌာနေပြည်သူ့စစ် များကပြောသည်။

“ဒီကနေ့ငွေလဲနှုန်းနဲ့တွက်မယ်ဆိုရင် ကျပ် ၅၀၀,၀၀၀ ဟာ ဘတ်ငွေ ၁၈,၅၀၀ ကျတယ်လေ။  ဒါကြောင့်ပေါ့။ သူက အခု အဖမ်း ခံရတာ တတိယအကြိမ်ပေါ့။ ပထမအကြိမ် ကျပ်ငွေအတု သုံးသိန်းဖိုး၊  ဒုတိယအကြိမ်ကျတော့ ကျပ်ငွေအတု ငါးသန်းဖိုး( ကျပ်သိန်း ၅၀) နဲ့ဖမ်းမိတယ်။ ဒီတခေါက်တော့ သူ့ကို ခရိုင်တရားရုံးကို ပို့လိုက်ပြီ ။ မနေ့ကဘဲ” ဟု အဆိုပါ ထိုင်းရဲက ဆက်လက်ပြောပြသည်။

ပိုက်ဆံအတုများအား ချင်းမိုင်မြို့နေ စိုင်းဆောလုံ ဆိုသူထံမှ ယူလာကြောင်း နန်းနု ခေါ်နန်းပေါက်က ပြောခဲ့သော်လည်း အဆိုပါ စိုင်းဆောလုံအား ယနေ့တိုင် ထိုင်းရဲများ မဖမ်းမိသေးကြောင်း၊  စိုင်းဆောလုံမှာ ယခင်က ဦးခွန်ဆာ၏ မုံးတိုင်းအာမီ တပ်မတော်၌ ရုံးဝန်ထမ်းတဦး ဖြစ်ခဲ့ဖူးကြောင်း ထိုင်းရဲများကပြော၏။

နန်းနု၏ (ထိုင်းနိုင်ငံ) တောင်ပေါ်သားမှတ်ပုံတင်ကတ်ပြား
အမေရိကန်ဒေါ်လာငွေအပြင် တရုတ်ယွမ်ငွေ ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေအတုများ ထုတ်ဝေသယ်ဆောင်မှုပြဿနာမှာ ထိုင်း-မြန်မာနယ်စပ်၌ အစဉ်အဆက်ဖြစ်ပေါ်နေသော ပြဿနာဖြစ်သည်။အဆိုပါငွေစက္ကူအတုများမှာ မူးယစ်ဆေးချက်လုပ်ရန် ဘိန်းစိုက်တောင်သူများထံမှ ဘိန်းစိမ်းဝယ်ယူဖို့ ထုတ်လုပ်အသုံးပြု သည့်ငွေများဖြစ်ပြီး ထိုမှတဆင့် မြို့တွင်းသို့ ပံျ့လာခြင်း ရှိနေသည်ဟု ငွေရှင်များက သုံးသပ်ပြောဆိုသည်။နယ်စပ်၌ ထိုကဲ့သို့ ငွေစက္ကူအတု ပေါများခြင်းကြောင့်လည်း တာချီလိတ်မြို့နေ ဒေသခံအများစုမှာ မြန်မာငွေစက္ကူ လက်ဝယ်ထားရှိလိုသည့် ဆန္ဒမရှိခြင်းဖြစ်ကြောင်းလည်း တာချီလိတ်မြို့ စီးပွါးရေးလုပ်ငန်းရှင်များကပြောသည်။

သျှမ်းသံတော်ဆင့်

Posted: 27 Aug 2012 04:39 AM PDT
ယနေ့သြဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် လွှတ်တော် အသီးသီး ဖွဲ့စည်းထား သည့် ကော်မတီ ကော်မရှင် နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အဖြစ် ထည့်သွင်း အဓိပ္ပာယ်ဖွင့် ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက် များနှင့် ညီညွှတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ခုံရုံး ဥပဒေများအရ လုပ်ပိုင်ခွင့် မရှိ ပဲလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တည်ဆဲဥပဒေများပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မှားယွင်းစွာဆုံးဖြတ်ခဲ့ခြင်း ဖြစ်သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးသည် မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟုဆိုကာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး ကကြေညာချက်ထုတ်ပြန်ပေးရေး အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆို အတည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးမြင့်စိုးက အရေးကြီး အဆိုအဖြစ် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း ခဲ့သည့် အဆိုအား ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၄၅) ဦး အစား ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကိုယ်စားလှယ် (၂၂) ဦး ကို ပါတီ အလိုက် အချိုးကျစနစ်ဖြင့် ဆွေးနွေး ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်တွင် မဲစနစ်ဖြင့် ဆုံးဖြတ်ရာ ထောက်ခံသူ ၄၄၇ ဦး ကန့်ကွက်သူ ၁၆၈ ဦး ကြားနေ ၄ ဦး ရှိသဖြင့် ပြည်ထောင်စုလွှတ်တော်က ယင်းအဆိုကို အတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ဝေမာသိမ့် - Yangon Media Group




Posted: 27 Aug 2012 04:33 AM PDT
ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဆိုင်ရာအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၌ ယနေ့ ဒေါ်အောင်ဆန်း စုကြည်(ကော့မှူးမဲဆန္ဒနယ်)၏ ဆွေးနွေးချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်။

အခု ဦးမြင့်စိုး အဆိုကို တရားဥပဒေ ရှုထောင့်က ကြည့်နိုင်သလို နိုင်ငံရေးရှုထောင့်ကလည်း ကြည့်နိုင်ပါတယ်။ တရားဥဒေ ရှုထောင့်ကနေ အများအပြား ဆွေးနွေးသွားပြီး ဖြစ်ပါတယ်။ အဲဒါကိုတော့ ထပ်ပြီး မဆွေးနွေးတော့ပါဘူး။ နိုင်ငံရေးရှုထောင့်ကနေပဲ ဆွေးနွေးပါရစေ။

နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီမိုကရေစီကိုကျင့်သုံးတဲ့ နိုင်ငံတွေမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့အကြား ချိန်ခွင်လျှာညီမျှရေးအတွက် ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အငြင်းအခုံတွေ ဖြစ်ကြတာ ပြသနာတွေတက်တာ မထူးဆန်းပါဘူး။

ထိုနည်းတူပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်တာ။ သဘော မတူညီမှုတွေဖြစ်တာ၊ ပြသနာတွေတက်တာလည်း မထူးဆန်းပါဘူး။ ဒီလိုအခြေအနေတွေ ရောက်ခဲ့ရင် ကြိုက်သလို မကြိုက်သလို ဒီဘက်ဟိုဘက် ဝေဖန်တာ တိုက်ခိုက်တာ ပြောဆိုတာတွေ ရှိတတ်ပါတယ်။

ဒီလိုပြသနာတွေတက်လို့ ကျွန်မတို့အနေနဲ့လည်း စိတ်ပျက်စရာလည်း မရှိပါဘူး။ ကြောက်ရွံ့စရာလည်း မရှိပါဘူး။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ပြသနာတွေပဲဖြစ်ဖြစ် တယ်အရေးကြီးတာက ဒီပြသနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာပါပဲ။ ပြသနာကို ဖြေရှင်းတဲ့နေရာမှာ တကယ့် ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ညီရဲ့လား။ တကယ်ကို ပြည်သူပြည်သားတွေရဲ့ အေးချမ်းသာယာရေးကို ဦးတည်ရဲ့လားဆိုတာကို စဉ်းစားပြီးတော့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။

 ပြသနာဖြေရှင်းပုံ ဖြေရှင်းနည်းက မှန်လို့ရှိရင် ကျွန်မတို့ နိုင်ငံရဲ့ သိက္ခာလည်းတက်ပါလိမ့်မယ်။ ပြည်သူတွေကလည်း ဒီဖြေရှင်းပုံဖြေရှင်းနည်းရဲ့ရလဒ်ကို တလေးတစားနဲ့ လက်ခံမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မပြောချင်တိာက အခုကိစ္စက တရားဥပဒေကိစ္စဖြစ်တဲ့အပိုင်းမှာ တရားဥပဒေအရ ကျေကျေနပ်နပ် နှစ်ဦးနှစ်ဖက် ဆွေးနွေးဖို့လိုပါတယ်။

 တစ်ဖက်နဲ့တစ်ဖက် လေးစားဖို့လိုပါတယ်။ ကိုယ့်အမြင်နဲ့မတူတဲ့သူဟာ အားလုံးမှားတယ်ဆိုပြီးတော့ စွပ်စွဲလို့မရပါဘူး။ ကိုယ့်အမြင် သူ့အမြင် နှစ်ဖက်စလုံးကို လေးစားဖို့လိုပါတယ်။ နားလည်အောင် လုပ်ဖို့လိုပါတယ်။ ပြည်သူတွေလည်း နားလည်အောင် လုပ်ဖို့လိုပါတယ်။ အဓိကကတော့ ပြည်သူတွေပါပဲ။ ပြည်သူတွေအတွက်ဆိုတဲ့ ဒီပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူတွေရဲ့ လေးစားမှုခံနိုင်မှ ပြည်ထောင်စုလွှတ်တော်ဆိုတဲ့ ဂုဏ်နဲ့ကိုက်ညီမှာ ဖြစ်ပါတယ်။

 ဒါကြောင့်အခု ပြသနာတက်နေတာ မှန်ပါတယ်။ ဒီပြသနာကို ဖြေရှင်းတဲ့နေရာမှာ အားလုံးဟာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် သဘောထားကြီးကြီးနဲ့ အမြော်အမြင်ရှိရှိနဲ့ ဖြေရှင်းဖို့ကိုပဲ ဦးတည်ကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။

Popular Myanmar News Journal

ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်၌ ခုံရုံးကိစ္စ ဆွေးနွေးနေစဉ်



Posted: 27 Aug 2012 02:54 AM PDT
တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် လေးစားရန် လိုအပ်ပြီး ပြဿနာများ ဖြေရှင်းရာတွင် နှစ်ဖက်စလုံးမှ သဘော ထားကြီးစွာဖြင့် ပြေပြေ လည်လည် ညှိနှိုင်း ဖြေရှင်းရန် မေတ္တာရပ် ခံကြောင်း ကော့မှူး မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ယနေ့ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းသည့် အရေးကြီး အဆိုအား ဆွေးနွေးရာတွင် ထည့်သွင်းပြောကြား ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- သီဟသွယ် (NHK)



Posted: 27 Aug 2012 02:26 AM PDT

အင်းစိန် အကျဉ်းထောင်တွင် မူးယစ်ဆေးဝါး အမူဖြင့်ထောင် ဒဏ် ၁၂နှစ်ကျခံနေရသော တရားခံ တစ်ဦး ဩဂုတ်လ ၂၆ ရက်နံနက် ၆ နာရီခန့်က  ထွက်ပြေး လွတ်မြောက် သွားကြောင်း အကျဉ်းဦးစီး ဌာနမှ တာဝန် ရှိသူ တစ်ဦး က အတည် ပြုပြော ကြားလိုက်သည်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 26 Aug 2012 11:58 PM PDT
မိုဘိုင်း ဖုန်းသုံးစွဲနေ သူများ အနေဖြင့် ငွေကျပ် တစ်သောင်း တန်ထက် ပိုမို နည်းပါးသည့် တန်ဖိုးနည်း ဖုန်းငွေဖြည့်ကဒ် (Prepid) (သို့မဟုတ်) ငွေဖြည့် စနစ်များ ပေါ်ထွက်လာရန် မျှော်လင့်လျှက် ရှိကြောင်း သိရှိရသည်။ အရှေ့တောင် အာရှ အိမ်နီး ချင်းနိုင်ငံများတွင် မိုဘိုင်း ဖုန်းများအား ငွေဖြည့်ရာ၌ မိမိ တတ်နိုင်သည့် ငွေကြေး ပမာဏ အတိုင်းသာ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Aug 2012 11:45 PM PDT
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့မှ ရေဘေးသင့် သူများအား အလှုရှင်များက လှုဒါန်းသော ဆန်များဝေရာ၌ ရက်ကွက်များတွင်   ပြဿနာများ  ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံက သတင်းရရှိသည်။ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌမှ ရေဘေးသင့် ပြည်သူများကို လှုဒါန်းသမျှ ပစ္စည်းများ အာလုံးကို မချွင်းမချန် ပေးကြရန် ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Aug 2012 11:36 PM PDT
ကျူးကျော် နေထိုင်သူများ အတွက် ထန်းတပင် မြို့နယ်တွင် ဆင်းရဲသား မြို့တော် စီမံကိန်း တစ်ခုအကောင် အထည်   ဖော်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF)က သိရှိရသည်။

''ဆင်းရဲသား ပပျောက်စေ ချင်တယ်ဆိုရင် အဲ့ဒီလို အခြေခံ လူတန်းစားတွေကို တကယ် ပပျောက်အောင် ဆေးမြီးတိုနဲ့ မလုပ်ပါနဲ့။ တကယ်ကို ပပျောက်နိုင်တဲ့ နည်းလမ်းနဲ့သုံး ။ တကယ့်ကို dosage အပြည့်ပေးပေါ့နော် အဲ့လိုပေးမှ ဆင်းရဲမှု ပပျောက်သွားမှာပါ။ အဲ့ဒီရည်ရွယ်ချက်နဲ့ လုပ်တာပါ။'' လှိုင်သာယာ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ ဗဟိုကော်မတီဝင်ဦးမြင့်သိန်းက ပြောသည်။

အဆိုပါ စီမံကိန်းအတွက် ထန်းတပင်မြို့နယ်တွင် လယ်မြေဧက (၇ဝ)ဝယ်ယူကာ ဦးစားပေးအနေဖြင့် လှိုင်သာယာ မင်းကြီးမဟာ မင်းခေါင်းလမ်းရှိ ကျူးကျော်နေထိုင်သူ အိမ်ခြေ(၁ဝဝ)ဝန်းကျင်အတွက် (၆)လအတွင်း စတင် အကောင် အထည်ဖော်   ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“ ထန်းတပင်က လယ်ဧက(၇ဝ)အတွက် ကျွန်တော်က သိန်း(၁ဝဝ)ထည့်မယ်ပေါ့ ဒီကျူးကျော်နေအိမ်တွေ ဆီကတော့ တစ်လကို သုံးသောင်းနှုန်းနဲ့ (၂)လကောက်ဖို့တော့ ရည်ရွယ်ထားတယ်။  လယ်ပိုင်ရှင်တွေကလည်း ငွေကို တစ်ဝက်ပဲ အရင်ပေးထား ကျန်တဲ့ငွေကို နှစ်နှစ်အတွင်း အကြေဆပ်ရမယ်ပေါ့နော် ၊ ဝါးဓနိရောင်းတဲ့ သူတွေကလည်း အဲလိုပဲ စရံငွေလောက်ပဲပေးထားဆိုတော့ အဲဒီကထွက်လာမယ့်ငွေနဲ့ အိမ်တွေ အရင်ဆောက်မယ် နောက်ဖက်မှာ မွေးမြူရေးခြံလေးတွေ လုပ်ပေးမယ်။ အဲ့ဒီအချိန်မှာတော့ ဝင်ငွေလေးတွေ ပြန်ပြီးတော့ ရလာနိုင်မယ် ” ဟု ဦးမြင့်သိန်းက ပြောသည်။

ဆင်းရဲသားမြို့တော်စီမံကိန်းပြုလုပ်ရခြင်းမှာ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး အိုးသစ်အိမ်သစ်ထူထောင်ပြီးပါက မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း ၊ ဈေးဆိုင်ဖွင့်လှစ်ခြင်းဖြင့် အနာဂတ်ကို ရှင်သန်စေလိုကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

လှိုင်သာယာမြို့နယ် မင်းကြီးမဟာ မင်းခေါင်လမ်းရှိ ကျူးကျော်နေအိမ်အများစုမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း နာဂစ်ဒဏ်ခံရခြင်းကြောင့် ပြောင်းရွှေ့နေထိုင်သူများဖြစ်ပြီး လက်လုပ်လက်စားဘဝဖြင့် စားဝတ်နေရေး   ဖြေရှင်း နေကြရကြောင်း ဒေသခံများထံက သိရှိရသည်။

'' ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဧရာကျေးရွာ နာဂစ်ဒေသကပါ၊ ရန်ကုန်မှာ အပေါင်းအသင်းမိတ်သဟာတွေ ပြောတာဟိုမှာတော့ အလုပ်ကရှာလုပ်ရင်တော့ ရတယ်ဆိုတော့ အသိမိတ်ဆွေတစ်ဦးနဲ့ မိသားစုအထုပ်အပိုး လေးတွေနဲ့ ရောက်လာတာပေါ့   ရောက်တော့ ဒီနားဒီလိုတဲလေးဆောက်ပြီးနေလို့ရတယ်ဆိုလို့ နေတာ '' ဟု လှိုင်သာယာမြို့နယ် မင်းကြီးမဟာ မင်းခေါင်လမ်းရှိ ကျူးကျော်နေထိုင်သူ ဦးသန်းရှိန်က ပြောသည်။

ကျူးကျော်နေအိမ်မှ မိသားစုဝင်အချို့မှာ သား/သမီးများကို ကျောင်းထားပေးနိုင်ခြင်းမရှိဘဲ အလုပ်ခွင်ဝင်ခိုင်းထား ကြောင်း ကိုလည်း သိရှိရသည်။

'' မြေးလဲရှိတယ် တူမလေးလည်း ရှိတယ်။ ခြောက်တန်းအရွယ်ကိုတော့ ကျောင်းထားတယ် ကိုးတန်းနဲ့ ဆယ်တန်းအတွက်ကတော့ မတက်နိုင်လို့ ကျောင်းမထားရဘူး အလုပ်ခွင်ဝင်ခိုင်းထားရတယ် ဒီနားလေးက ဖိနပ်စက်ရုံမှာပဲ အလုပ်လုပ်ခိုင်းထားတယ် သူတို့လစာနဲ့တော့ ဘယ်လောက်မလဲ ‘ဒီလိုပဲ အဆင်ပြေအောင် လောက်ငှအောင် နေရတာပေါ့ '' ဟု ကျူးကျော်နေ ထိုင်သူ ဒေါ်စန်းရီက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်အဖြစ်နေထိုင်သူများမှာ လှိုင်သာယာမြို့နယ် ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) ၊ သာကေတမြို့နယ် ၊ ဒေါပုံမြို့နယ် အစရှိသော မြို့နယ်များတွင်အများအပြားရှိနေသော်လည်း ကနဦးအနေဖြင့် လှိုင်သယာမြို့နယ်မှ ကျူးကျော်နေထိုင်သူ များအတွက် ဆင်းရဲသားမြို့တော်စီမံကိန်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပူးပေါင်းကူညီလိုသော အဖွဲ့အစည်းများနှင့်အလှူရှင်များ ၊အတတ်ပညာရှင်များ၊ နည်းပညာရှင်များနှင့် အခြား နယ်ပယ်အသီးသီးမှ ပညာရှင်များ ကပံ့ပိုးကူညီပေးမည်ဆိုပါက အခြားသော   မြို့နယ်များရှိကျူးကျော် နေထိုင်နေရသူများအတွက်ပါ စီမံကိန်းများရေးဆွဲဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ဆင်းရဲသားမြို့တော်စီမံကိန်းအား လှိုင်သာယာ NDF ပါတီ ဗဟိုကော်မတီဝင် ဦးမြင့်သိန်းက ဦးစီးဦးဆောင်ပြုလုပ်၍ ဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup





Posted: 27 Aug 2012 12:00 AM PDT
ယနေ့ သြဂုတ်လ ၂၇ ရက်နေ့ တွင် ရန်ကုန်-နေပြည်တော် ပြေးဆွဲသည့် ၃၁ အဆန် ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၈ နာရီတွင် ထွက်ခွာလာရာ တိုးကြောင်ကလေးဘူတာနှင့် ငမိုးရိပ် ဘူတာကြား အရောက်တွင် ရထားလမ်းချော်မှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ ဖြ
စ်ပွားချိန် မှာ ယနေ့နံနက် ၈ နာရီ ၂၀ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ရပ်ကြောင့် ရထားဘီးစတင်လမ်းချော်သည့် နေရာမှစ၍ ပေတစ်ရာခန့်အထိ တရွတ်တိုက်ချော်ထွက် သွားကာ သံလမ်း များကြားမှ ကွန်ကရစ် ဇလီဖားတုံး ၁၀၀ ကျော် ခန့် ပျက်စီးသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါရထားနှင့်လိုက်ပါလာသူ ရထားလုံခြုံရေး ရဲတပ်ကြပ် ကိုအေးထွန်း ကို ရန်ကုန်မီဒီယာဂရုပ်မှ မေးမြန်းရာ "ရထားကြောင့် ဖြစ်တာလား သံလမ်းရဲ့အားနည်းချက်လား ဆိုတာ လောလောဆယ်အဖြေရှာလို့ မရသေးဘူး ဒီနေရာမှာ အရင်ကလမ်းချော်တာမျိုးမရှိဘူး ခရီးသည်တွေလည်း ဘာမှ မဖြစ်ဘူး" ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသည့် ရထားသံလမ်းဘေးတွင် နေထိုင်သူ ဦးဝင်းလှိုင်က "အသံက ဂျိမ်း ဂျိမ်း ဆိုပြီးအကျယ်ကြီးကြား လိုက်ရတယ် အော်တဲ့သူ ကလည်းအော် ပြေးတဲ့သူတွေပြေးဖြစ်ကုန်တယ် ။ ဖြစ်တဲ့ အတွဲကအရမ်းခါနေတော့ မှောက်သွားမှာ စိုးရတယ်။မီပွားတွေလည်း ထွက်ပြီး ညော်လည်းညော်ကုန်တယ် ဘယ်လိုဖြစ်မလဲဆိုပြီး ရထားမှောက်မှာစိုးလို့ကြည့်နေကြတာ ရထားဘီးက တအားချော်တာ "ဟု ပြောကြားသည်။

အဆိုဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသော ရန်ကုန်ဘူတာကြီး၏ ဒုရုံပိုင်ချုပ်ကြီး ဦးရဲလွင်အား မေးမြန်းရာတွင် "အခုဖြစ်စဉ်က ဘာကြောင့် ဖြစ်တယ် ဆိုတာ မပြောနိုင်သေးဘူး ရထားတွဲကြောင့်ဖြစ်တာလား ၊ လမ်းကြောင့်ပဲလား ၊ စက်ခေါင်းမောင်းတဲ့ သူရဲ့ အနှေးအမြန်ကြောင့် ဖြစ်တာလား ဆိုတာတွေကို သေချာဆန်းစစ်ရ ဦးမယ် သုံးမျိုးစလုံးလည်း ဖြစ်သွားနိုင်တယ် ၊ အဖြေတော့ မပေးနိုင်သေးဘူး" ဟု ပြောကြားသည်။

အဆိုပါ ရထားဘီးချော်မှုကြောင့် ခရီးသည်များထိခိုက်ဒဏ်ရာရှိမှု မရှိခဲ့ကြောင်း သိရသည်။ ဘီးချော်သွားသည့် ရထားတွဲကို တိုးကြောင်ကလေး ဘူတာအထိ သယ်ယူသွားပြီး ယင်းဘူတာတွင် ဖြုတ်ထား ခဲ့မည် ဖြစ်ကြောင်း နှင့် ခရီးစဉ်ကို ဆက်လက်ပြေးဆွဲ ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။ ဖြစ်ပွားသည့် ရထား အတွဲမှာ ရထားစက်ခေါင်းမှ စတင်ရေတွက်လျင် ၅ တွဲမြောက်အတွဲဖြစ်ကြောင်း သိရသည်။

ကျော်သူ ၊ အေးမြမြထွန်း - Yangon Media Group

ရထားဘီးချော်မှုကို ပြင်ဆင်မှုများ ပြုလုပ်နေစဉ်



Posted: 26 Aug 2012 09:32 PM PDT
ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၆ နာရီတွင် UNFPA ကမ္ဘာ့ကုလသမ္မဂ လူဦးရေ ရန်ပုံငွေအဖွဲ့၏ ညွှန်ချုပ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်း
စုကြည်တို့ သည် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် အချက်(၃) ချက်ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အချက်များမှာ - UNFPA ၏ ၂၀၁၂ မှ ၂၀၁၅ အထိ ၃ နှစ်ကြာဆောင်ရွက်မည့် စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းတွင်ဆောင်ရွက်မည့် လုပ်ငန်းများ မှာ ကျေးလက်ဒေ သဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျော့ချမှု စီမံချက် ၊ သားဖွားမိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက် မှု တိုးမြှင့်ဆောင်ရွက်ရေးနှင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးစီမံချက်တို့ ဖြစ်ကြောင်း သိရသည်။

ဝေမာသိမ့် - Yangon Media Group




Posted: 26 Aug 2012 09:23 PM PDT
သြဂုတ်လ ၂၇ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၇

ဂျာနယ်ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Aug 2012 09:05 PM PDT
တည်ဆဲ ဥပဒေပါ ပြဌာန်း ချက်များကို ဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ပါ သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် မှားယွင်း ဆောင်ရွက် ခဲ့မိကြောင်းကို ကြေညာချက် ထုတ်ပြန် ပေးရေးအတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆိုကို လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၄၆ ဦးက ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို  နှိပ်ပါ

လွှတ်တော်



Posted: 26 Aug 2012 08:31 PM PDT
လမင်းကြီးက ပြုံးပြနေတာကို ကြည့်ပြီး နီးလ်ကို သတိရလိုက်ပါ
အမေရိကန် ပြည်ထောင်စုမှာ မနေ့က ကွယ်လွန်သွား ခဲ့တဲ့ လကမ္ဘာ ပေါ် ပထမဆုံး ခြေချခဲ့သူ အမေရိကန် အာကာသ ယာဉ်မှူး နီးလ် အမ်းစထရောင်း အတွက် ချီးကျူး ဂုဏ်ပြုပွဲတွေ အကြီးအကျယ် ပြုလုပ်နေ ပါတယ်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 26 Aug 2012 07:16 PM PDT
ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စကတ်နားက ဒါရေရာမြို့မှာ အလောင်းတွေ အမြောက်အမြား တွေ့ရတယ်လို့ အစိုးရကို ဆန့်ကျင်နေတဲ့ အတိုက်အခံတွေက ပြောကြားလိုက်ပြီး၊ ဒီအလောင်းတွေဟာ အစိုးရတပ်တွေက သတ်ဖြတ်ခဲ့တာလို့ စွပ်စွဲလိုက်ပါတယ်။

အတိုက်အခံတွေ အပြောအရ ဆိုရင်တော့ ဒါရေရာမြို့က သေဆုံးသွားသူ အများစုဟာ အကျဉ်းနည်းနဲ့ သတ်ဖြတ်ခံခဲ့ရ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အတည်ပြုလို့ မရသေးတဲ့ သတင်းတပုဒ်အရဆိုရင် အလောင်း ၂၀၀ ကို အိမ်တွေနဲ့ မြေအောက်ခန်းတွေ ကနေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အတိုက်အခံတွေရဲ့ အသံ ကို ထည့်သွင်း မတင်ပြဘဲ ထုတ်လွှင့်ခဲ့တဲ့ ဆီးရီးယား အစိုးရရုပ်သံရဲ့ အဆိုအရတော့ ဒါရေရာမြို့က အလောင်း တွေဟာ အကြမ်းဖက် သမားတခိျု့ကို သုတ်သင်ခဲ့တာလို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ အတိုက်အခံ ဘက်ကို ဘက်ပြောင်းသွား ပြီလို့ သတင်းတွေ ထွက်နေတဲ့ ဆီးရီးယား ဒုတိယ သမ0x081မတ ဖာရွတ် အယ်လ် ရှာရာ ကလည်း အီရန်ကနေ ရောက်လာတဲ့ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ တာကြောင့် ကောလဟလတွေကို ရှင်းလင်းလိုက် သလိုတော့ ဖြစ်သွားခဲ့ပါတယ်။

ဒါရေရာမြို့မှာ ရက်ပေါင်းများစွာ အကြီးအကျယ် တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်မှာ စနေနေ့ ကတော့ သမ0x081မတ အာဆတ်ရဲ့ တပ်ဖွဲ့ဝင်တွေက ဒီမြို့ကို စီးနင်း ဝင်ရောက်ခဲ့ ပြီ ဖြစ်ပါတယ်။

အိမ်နီချင်း လက်ဘနွန်နိုင်ငံ ဘေရွတ်ကနေ သတင်းပို့နေတဲ့ ဘီဘီစီ သတင်းထောက် ဘာဘရာ ပလက်ကတော့ ပြီးခဲ့တဲ့ တလလောက်က ဒါရေရာကနေ ဆုတ်ခွာခဲ့ရတဲ့ အစိုးရကိုဆန့်ကျင်နေတဲ့ သူပုန်တပ်တွေက အဲဒီမြို့မှာ ပြန်စုစည်းဖို့ လုပ်နေတုန်း အခုလို အစိုးရတပ်တွေက ပြန်သိမ်းဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အတိုက်အခံတွေဘက်ကတင်ထားတဲ့ အတည်မပြုနိုင်တဲ့ ဗီဒီယိုတခု မှာတော့ အဗူ အော်လီမန်း အယ်လ် ဒါရာနီ ဗလီအတွင်းမှာ အလောင်းတွေ အများကြီး တန်းစီ နေတာကို တွေ့ရ ပါတယ်။ အတိုက်အခံတွေ အဆိုအရ အလောင်းတွေရဲ့ ခေါင်းနဲ့ ရင်ဘတ်မှာ သေနတ် ဒဏ်ရာတွေကို တွေ့ရပြီး၊ အစိုးရ တပ်တွေက အိမ်ပေါက်စေ့ စီးနင်းတုန်းမှာ သတ်ဖြတ်ပစ်ခဲ့ တာလို့ ဆိုပါတယ်။

ယူကေ အခြေစိုက် အတိုက်အခံ အင်အားစုတခု ဖြစ်တဲ့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ အဆိုအရ စနေနေ့ တရက်ထဲမှာကို ဆီးရီးယား နိုင်ငံတဝန်း လူပေါင်း ၁၈၃ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ သူတို့ ပြောတာတွေ ကိုတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆီးရီးယား နိုင်ငံမှာ ပြည်ပ မီဒီယာတွေကို သတင်း ယူခွင့် မပြုပါဘူး။

ဒါပေမဲ့လို့ ဆီးရီးယား နိုင်ငံတွင်းက အတိုက်အခံ အင်အားစုတွေ ကလည်း အခု ဒါရေရာမြို့မှာလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေဟာ အခု နောက်ပိုင်းလတွေ အတွင်းမှာ ပိုပြီး များလာတယ်၊ အထူးသဖြင့် အစိုးရ တပ်တွေ မြို့တွင်း ဝင်လာပြီး အိမ်ပေါက်စေ့ စီးနင်းမှုတွေ လုပ်ပြီးနောက်မှာဆို အခုလိုပဲ အလောင်းတွေ အများကြီး တွေ့ရတတ်တယ်လို့ ပြောကြပါတယ်။

အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး Human Rights Watch ကလည်း ဒီလိုမျိုး ဖြစ်တာတွေဟာ ပုံစံသစ် မဟုတ်တော့ဘူး၊ ဒါပေမဲ့ ဆီးရီးယားမှာ အခုလို ဖြစ်လာနေတာတွေက သတ်ဖြတ်မှု အရေအတွက် များလာတာနဲ့ နေရာတော်တော် များများမှာ ဖြစ်လာတာကို တွေ့ရတယ်လို့ ထုတ်ဖော် ပြောလာပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အစိုးရရုပ်သံရဲ့ အဆိုအရတော့ အကြမ်းဖက် သမား တခိျု့ကို သုတ်သင်ခဲ့တာလို့ ဆိုပါတယ်



Posted: 26 Aug 2012 08:27 PM PDT
မြန်မာနိုင်ငံမှာ အားကစားနဲ့ဆိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပဖို့အတွက် အမေရိကန်နိုင်ငံ ဘတ်စ်ကတ်ဘော အဖွဲ့ (NBA) က မန်နေဂျာတွေ ပါတဲ့ အမေရိကန် ဘတ်စ်ကတ်ဘော သံတမန် အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရောက်နေကြပြီး၊ ဒီကနေ့ သြဂုတ်လ ၂၆ ရက်မှာတော့---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


 မြန်မာပြည်ဖွား အမေရိကန် ဘတ်စ်ကတ်ဘော မန်နေဂျာ ရစ်ချတ် ချို 

NBA Basketballအမေရိကန် ဘတ်စ်ကတ်ဘောသမားကိုယ်တိုင်က ကစားပြခဲ့ပါတယ်။ 



Posted: 26 Aug 2012 08:37 PM PDT
၈၈ မျိုးဆက်ကျောင်းသား ဦးဆောင်သူတွေ ပြည်ပခရီးသွားလာဖို့ အတွက် နိုင်ငံကူး လက်မှတ်တွေကို အခုချိန်ထိ သက်ဆိုင်ရာက ထုတ်မပေးသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။ ထောင်ဒဏ် (၆၅) နှစ်နဲ့အထက် ချမှတ်ခံခဲ့ရတဲ့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင် (၁၉) ဦးဟာ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Photo courtesy of 88 Generation Students Group
၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်ပါသည်။ 


Posted: 26 Aug 2012 08:42 PM PDT
ကချင်ပြည်နယ်၊ မြစ်ကြီးနား တက္ကသိုလ်က ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ သောကြာနေ့တိုင်း အဓမ္မ လုပ်အားပေး ခိုင်းစေခံနေရတယ်လို့ သိရပါတယ်။
မြစ်ကြီးနား တက္ကသိုလ် ဆရာ၊ ဆရာမတွေဟာ စီတာပူ သီတာအေးရပ်ကွက် ကမ်းနားလမ်းပေါ်မှာရှိတဲ့--

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြစ်ကြီးနားတက္ကသိုလ်



Posted: 26 Aug 2012 08:49 PM PDT
ကချင်ပြည်နယ် ဖားကန့် မြို့ နယ်မှာ အစိုးရ စစ်တပ်စစ်ကြောင်းတွေနဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွါးနေတဲ့ အတွက် စစ်ပြေးဒုက္ခသည်တွေ ဖါးကန့် မြို့ ပေါ်ကို ထွက်ပြေးလာတာ အခုဆိုရင် အနည်းဆုံး သုံးသောင်းကျော် ရှိပြီလို့  ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Photo courtesy of KIO
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လကစပြီး တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့၏ မှတ်တမ်းပုံ ဖြစ်ပါသည်။



Posted: 26 Aug 2012 06:56 PM PDT
...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...