Thursday, August 30, 2012

သံစုံမြည်တဲ့ဟန်းဖုန်းလေး


by Myo Myint Thwe on Wednesday, August 29, 2012 at 8:59pm 

                   
 ငယ်ငယ်တုန်းက အော်ဟစ်ဆိုခဲ့ဖူးတဲ့ကဗျာအပိုင်းအစလေးတစ်ခု ပြန်ပြီးဆိုဖြစ် နေပါတယ်။ ပြီးခဲ့တဲ့တစ်ရက်သားမှာတော့ စက်ရုံကင်တင်းမှာ နေ.လည်စာ ထမင်းစားချိန်မှာ စက်ရုံက သန်.ရှင်းရေးအမျိုးသမီးတစ်ယာက်ရဲ. အားပါးတရပြောလိုက်တဲ့ စကားကို ကြားလိုက်ရတာကြောင့် ကျမတို. ထမင်းဝိုင်းမှာပြုံစိစိနဲ.ဖြစ်ခဲ့ရပါတယ်။
အရယ်သန်တဲ့ ကျမကထမင်းသီးမတတ်ရယ်လိုက်တာ ဘေးက သူငယ်ချင်းကဆွဲဆိတ်ရတဲ့ထိပါပဲ။ ကျမတို.ရဲ. သန်.ရှင်းရေးအမျိုးသမီးက ဟန်းဖုန်းကိုဟန်ပါပါ နားမှာကပ်ပြီးကိုင်းရင်းနဲ. “ ဟဲ့ -- နင့်ကို ဘယ်အဆိုင်း ဆင်းရမယ်ဆိုတာကို ငါ - နင့်ကိုမုတ်ဆိတ်ပို.လိုက်တယ်လေ မတွေ.ဘူးလား - နင်မုတ်ဆိတ်ကို ဖွင့်တတ် ရဲ.လား သေချာကြည့်လေတဲ့ ” တဖက်ကလူကလဲ သူ.လိုသန်.ရှင်းရေး ၀န်ထမ်းတစ်ဦးပါပဲ ဟိုဘက်ကဘာပြန်ပြောတယ်မသိရပေမဲ. သူ.ရဲ.လေသံနဲ. အိုက်တင်ကို ကျမသဘောကျလွန်းလို. အခုထိပြန်မြင်ကြည့်မိတိုင်းသဘောကျစွာပြုံးမိပါတယ်။
                   လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်နီးပါခန်.ကထဲကပေါ်လာတဲ့ဟန်းဖုန်းတွေအကြောင်း ပြောကြတာတွေများ လှပေမဲ. ကနေ.ထိ ရိုးမသွားသေးပါဘူး။ ဆဲလ်လူလာဖုန်းတွေစပေါ်လာတော့ ဖုန်းကိုင်နိုင်တဲ့လူတန်းစားတစ်ရပ် သပ်သပ်ပေါ်လာ သလိုပါပဲ။ နှစ်တွေကြာပြီမို. ဆက်သွယ်ရေး ၀န်ကြီးဌာနကို ငွေဘယ်လောက်သွင်းရတယ်ဆိုတာ မသိတော့ပါဘူး။ အ၀င် - အထွက် ပိုက်စံပေးရတော့ မဖြစ်မနေမှပဲကိုယ့်ဖက်ကစခေါ်ကျတယ်။ ကျမတို. ဆရာတစ်ယောက်ဆို အကြောင်းကိစ္စရှိလို. 1 ခါက 2 ခါ သူ.ဆဲလ်လူလာဖုန်းကိုခေါ်ရင် အော်ပါတော့တယ် - အ၀င် 25 - အထွက် 25 - နင်တို.မပေးရတိုင်းမခေါ်နဲ.တဲ့။ ဒီနောက်တော့ GSM နဲ. CDMA ဖုန်းတွေ ပေါ်လာတော့လဲ ကျမတို.လိုလူတန်းစားနဲ.လားလားမှမဆိုင်ပဲ လမ်းပေါ်မှာ သူများ “ဟလို” ပြောသံ ကြားတိုင်း အထင်တကြီးနဲ. လိုက်ကြည့်ခဲ့ရတာပါပဲ။ ဟန်းဖုန်းတစ်လုံးလျှောက်ရဖို. ဘယ်လူကြီး - ဘယ်ဝန်ကြီး လက်မှတ်ပါရင်ရတယ်၊ မဲဖောက်ပေးတယ်ဆိုလို. လျှောက်လွှာတွေ အကြိမ်ကြိမ် တင်ခဲ့ဖူးတဲ့လူတွေထဲမှာ ကျမလဲပါခဲ့ပါတယ်။ 2000 ခုနှစ် ပတ်ဝန်ကျင်က ကျမမောင်ဝမ်းကွဲ တစ်ယောက် ဟန်းဖုန်းမဲပေါက်ပြီးပြန်ရောင်းစားလိုက်တာ အပြန်စားဟိုတယ်မှာ မင်္ဂလာဆောင် နိုင်တဲ့စရိတ်ရလို.မိန်းမယူနိုင်ခဲ့ပါတယ်။ အဲ့ဒီတုန်းက အစိုးရကိုသွင်းရတာ 10 သိန်းလောက် ထင်တယ် သူပြန်ရောင်းစားလို.ရတာက သိန်း 30 လောက်ရလိုက်တယ်။ ဟန်းဖုန်းတစ်လုံး မဲပေါက်ရင် - ရရင် ဘ၀တခုလုံးပြောင်းသွားမတတ်ဖြစ်ခဲ့ဖူးပါတယ်။ ကျမသူငယ်ချင်း တစ်ယောက်ကတော့ သူ.ယောက်ျား စင်င်္ကာပူမှာ အလုပ်လုပ်ပြီးစုလာတဲ့ပိုက်စံ သိန်း 30 လောက်ကို ဟန်းဖုန်းတစ်လုံးဝယ်ကိုင်လိုက်ပါတယ်။ အဲ့ဒီအချိန်က ဒဂုံမြို.သစ်မြောက်ပိုင်းမှာ 40-60 မြေတစ်ကွက်ကို သိန်း 30 ကျော်ပဲရှိပါသေးတယ်။ ယောက်ျားက မြေကွက်ဝယ်ချင်ပေမဲ. မိန်းမက ဟန်းဖုန်းကိုင်ချင်လို.၀ယ်ကိုင်ခဲ့တာ ပြီးခဲ့တဲ့နှစ်ကုန်လောက်က မြေကွက်ဈေးတွေ အဆမတန်တက်တဲ့အချိန်မှာတော့ လင်မယားနှစ်ယောက် ရန်ဖြစ်ကျပါတော့တယ်။  လမ်းပေါ်မှာ ဟန်းဖုန်းလေးကိုင်ပြီးပြောနေတဲ့ မိန်းကလေးတွေ တွေ.ရင်လဲ အားကျပြီးလိုက်ကြည့်ခဲ့ရပါတယ်။ ဒီကြားထဲ ကြည့်မိသမျှ ကိုရီးယားဇာတ်ကားကစလို. နိုင်ငံခြားရုပ်ရှင်တွေထဲမှာက ဟန်းဖုန်းတွေပလူပျံအောင်သုံးပြနေတော့ ကိုယ်တိုင်ဟန်းဖုန်း ကိုင်ချင်တဲ့စိတ်ကပိုးဝင်တဲ့အနာရင်းသလိုကြွလာပါတယ်။ မိန်းကလေးတချို. ဟန်းဖုန်းတစ်လုံးရဖို. - ပိုင်ဆိုင်နိုင်ဖို. အရင်းအနှီးကြီးကြီးတွေပေးခဲ့ရတဲ.အကြောင်းလေးတွေလဲ ပုံပြင်လိုလို ၀တ္ထုဇာတ်လမ်းလိုလို ကြားခဲ့ဖူးတာတွေလဲရှိပါတယ်။ အဲ့ဒီနှစ်ပိုင်းတွေကထဲက စပွန်ဆာဆိုတဲ့ ဝေါဟာရနဲ. ဟန်းဖုန်းဆိုတဲ့ ဝေါဟာရ က တွဲလျှက်ကပ်လျှက်ခောတ်စားလာတယ်ထင်ပါတယ်။
                    5 သိန်းတန်ဟန်းဖုန်းတွေပေါ်လာတဲ့အချိန်မှာတော့ ကျမအပါအ၀င် လူတော်တော် များများက ဟန်တောင်မဆောင်နိုင်ကျတော့ပါဘူး နှစ်နဲ.ချီပြီးမျိုသိပ်ထားတဲ့ ဟန်းဖုန်းကိုင်ချင်တဲ့ စိတ်တွေက 15 သိန်းတုန်းက ချိုးနှိမ်ထားနိုင်ပေမဲ. 5 သိန်းဆိုတဲ့အချိန်မှာတော့ ဘယ်လိုမှထိန်းမရတော့ပါဘူး။ သူများတွေထက် 3 ဆလောက် လျှော့ထားတာ ဒါမှဟန်းဖုန်း မကိုင်နိုင်သေးရင် ညံ့ရာကြရောမယ်ထင်ပြီးဝမ်းသာအားရ မစားရက်မသောက်ရက် စုထားတာလေးတွေကိုထုတ်ပြီး ဟန်းဖုန်းတစ်လုံးဝယ်ကိုင်လိုက်တော့မှ ချင်ချင်းပြေသွားပါတယ်။
တကယ်တော့ ဟန်းဖုန်းတစ်လုံး(သို.မဟုတ်) ဆင်းမ်းကဒ်တစ်ခုရဲ.တန်ဖိုးဟာ အိမ်နီးချင်း နိုင်ငံတွေမှာ အလကားတောင်ပေးနေရတာ၊ သူ.တို.လိုင်းကိုသုံးဖို. ဘယ်လိုဆွဲဆောင်မှုတွေ ဆားဗစ်တွေပေးရတယ်၊ ဖုန်းပြောခတွေမှာလဲ ကုမ်ပဏီတွေအပြိုင်အဆိုင် လျှော့ပေးနေရတာ၊ ညနက်ပိုင်းမှာဆိုအလကား၊ ဘယ်အချိန်မှာဆို လျှော့ဈေး ဒီလိုမျိုးတွေ နေ.တိုင်းမြင်နေ ကြားနေပေမဲ. ကိုယ်တိုင်က ဟန်းဖုန်းကိုင်ချင် နေတော့ မသိချင်ယောင်ဆောင်နေခဲ့တယ်။ မနေနိုင်လွန်းစွာနဲ. 5 သိန်းပေးပြီးကိုင်ခဲ့ရတဲ့ဟန်းဖုန်းက တစ်နှစ်ကျော် လောက်ပဲရှိသေးတယ် တ၀က်ဈေး 2 သိန်းခွဲဖြစ်သွားတယ် ကြီးကြီးကျယ်ကျယ်ပြောရရင် ပိုင်ဆိုင်မှုတန်းဖိုး တ၀က်လျှော့ သွားတာပေါ့။ ဒါပေမဲ. စိတ်မညစ်ပဲ ၀မ်းသာမိတာအမှန်ပါ။ ဒီထက်ပိုပြီး 5000 တန်ဖုန်း ပေါ်လာရင်လဲ ပိုဝမ်းသာရဦးမှာပါပဲ။ တစ်နေ.ကထပ်ကြားလိုက်ရတဲ့ ဆင်းမ်းကဒ်တွေကို အလကားဝေသင့်တယ်ဆိုတာကိုလဲ ကြိုဆိုမှာပဲ။ တကယ်တန်းလဲ ဒီလိုပဲဖြစ်သင့်ပါတယ်။ လူတိုင်း ဟန်းဖုန်းကိုင်နိုင်တော့ပိုကောင်းတာပေါ့။ လူတစ်ယောက်ဟန်းဖုန်းတစ်လုံးထက် ပိုကိုင်တော့ရော ပိုမကောင်းဘူးလား။ ဆင်းမ်းကဒ်တင်မဟုတ်ဘူး ဟန်းဆက်ပါလိုတယ်လေဆိုရင်လဲ ကိုယ်မှာရှိတဲ့ ငွေအင်အားနဲ.နိုင်သလောက်တန်ဖိုးနဲဟန်းဆက်တွေ ရှိတာပဲမဟုတ်လား။ အပြန်စား အိုင်ဖုန်း - စမတ်ဖုန်းတွေမှကိုင်မယ်၊ ဒီလိုဖုန်းတွေရအောင်လုပ်မယ်ဆိုရင်တော့ ကိုယ့်ဒေါသနဲ.ကိုယ်ပဲလေ။ ဈေးထဲက ငါးသယ် အဒေါ်၀၀ကြီးတစ်ယောက် ရွှေလက်ကောက်တွေအပြည့်နဲ. ငါးညှီရည်တွေ ပေနေတဲ့လက်နဲ. ဆမ်မ်ဆောင်း ဂလက်စီကိုပွတ်နေတာတွေ.တော့လဲ ကိုယ့်အိပ်ထဲက တရုတ်ဖုန်းလေးကိုမမြင်အောင်သိမ်းထားလိုက်ရတာပေါ့။
                            ဆရာတစ်ယောက်ကတော့ ဒီလိုပြောဖူးပါတယ် --  GDP (Gross Domestic Product) တမျိုးသားလုံး စုစုပေါင်း ထုတ်လုပ်မူတန်ဖိုးနဲ. Per Capita လူတဦးချင်းစီရဲ့ဝင်ငွေ ... ဆိုပြီးတော့သည်နှစ်ခုမှာ တိုင်းပြည်နဲ့ အစိုးရ (တေဇလိုခရိုနီသူဌေးတွေအပါအ၀င်)က ချမ်းသာပြီး တိုင်းပြည်ရဲ့ထုတ်ကုန်တန်ဖိုးကမြင့်လာပေမဲ့ လူတဦးချင်းစီရဲ့ ၀င်ငွေက နိမ့်နေရင် တိုင်းပြည်ဆက်ဆင်းရဲနေမှာပဲ ... လူတွေကဖုန်းတွေသုံးလာနိုင်ပေမဲ့ လူသားအရင်းအမြစ်တွေ မဖွံ.ဖြိုးလာဘူးဆိုရင်... အဲသည်လူ.အဖွဲ.အစည်းဟာ မငြိမ်းချမ်းပဲ ကြီးနိုင်ငယ်ညှင်းနဲ့ ငွေများတရားနိုင် ... ရာထူးကြီးရာ မျက်နှာကြီးရာ ဟင်းဖတ်ပါ ... မြေနိမ့်ရာလှံစိုက်ဖြစ်ပြီး ... Social Security ခေါ်တဲ့ လူမူရေးလုံခြုံမူတွေဆိတ်သုဉ်းနေဦးမှာပဲ .... သည်တော့ .... Sustainable Development ခေါ်တဲ့ အမှန်တကယ် ခိုင်မာတဲ့ တိုးတက်မူဖြစ်ဖို့ အတွက် .... ရုပ်ဝတ္တုရော လူသားအရင်းအမြစ် (Human Resource) ပါ ဟန်ချက်ညီညီ တိုးတက်ရမယ် ... သည်လိုမှမဟုတ်ရင် .... မြောက်အုန်းသီးရသလို ဟန်းဖုန်းမမြင်ဖူးလို. သူများကိုင်တိုင်း ကိုင်နေတဲ့ ငကြောင်တွေ ငကြွားတွေ ဖြစ်နေမှာပဲ ... ဒါပေမဲ့ လူတွေဖုံးကို အားလုံးသုံးလာနိုင်ရင်တော့ ဒီလူ. အဖွဲ.အစည်း အတွက်သိပ်ကောင်းတဲ့ လက္ခဏာပါ ... အိမ်တွေ ခြံတွေရောင်းပြီး ဖုံးဝယ် သုံးရလောက်အောင်တော့ အရူးမထသင့်ဘူးပေါ့ ... အဓိက အချက်က Basis needs တွေ ဖြစ်တဲ့ စာဝတ်နေရေး အခြေခိုင်ကြရမယ် ... အခြေခံပညာတွေအခြေခိုင်ရမယ် ကျန်းမာရေးအခြေခိုင်ရမယ် ဒါမှ တရားဥပဒေစိုးမိုးနိုင်မယ် ... သည်လိုမှမဟုတ်ရင် .... အတုအရောင် တိုးတက်မူဖြစ်ပြီး အဲသည်တယ်လီဖုံးတွေကလည်း အတင်းတုပ်ဖို့ နဲ့  ဘယ်နေရာဗုံးကွဲတယ် ဘယ်နေရာမီးလောင်နေတယ် တခြားသာရေးနာရေး အသိအပေးဖို. သတင်းအချက် အလက်တစ်ခုကို တဦးနဲ.တဦးအမြန်ဆုံးသိအောင် လုပ်ဖို့ အတွက်၊ ဖုန်းလေးနဲ့ ရည်းစားကိုအလွမ်းသယ်ဖို.အတွက် တန်ဆာပလာတခုထက်ပိုလာမှာ မဟုတ်ဖူးလို.ပြောခဲ့ဖူးပါတယ်။
                            ဆရာပြောခဲ့သလို အတုအရောင် တိုးတက်မှုလို.ပဲဆိုဆို၊ ကိုယ့်အလုပ်ကိုင်နဲ.သင့်တော်လိုအပ်တာ မဟုတ်ပဲ ကိုင်ချင်လွန်းလို.ပဲဆိုဆို အခုဆိုရင်လမ်းပေါ်မှာ၊ ဘတ်စ်ကားပေါ်မှာ လူစည်ကားရာမြို.တွင်းနဲ. မြို.ပြင်နယ်တွေမှာ၊ ၀န်ထမ်းတွေ၊ ဈေးသယ်တွေ၊ အငှားကားသမားတွေတင်မကတော့ပဲ အခုဆို ဆိုက်ကားသမားတွေပါ ဟန်းဖုန်းကိုင်နေကျတာ၊ ဖုန်းလေးတွေကိုယ်စီနဲ. ပြောနေကျတဲ့လူတွေကို တွေ.ရတိုင်း ကျမ တကယ်သဘောကျမိ ပါတယ်။ နောက်ဆက်တွဲဖုန်းပြောခကုန်ကျစရိတ်ကတော့ မီးဖိုချောင်စရိတ်ထဲကပဲ နှုတ်နှုတ်၊ ကလေးမုန်.ဖိုးထဲကပဲလျှော့လျှော့ အဆက်ပြေသလိုလုပ်ကြရမှာပေါ့။ နောက်နောင် ဆင်မ်းကဒ်အလကားဝေတဲ့အချိန်ကျရင် သန်း 60 သော ပြည်သူတွေအားလုံး ဟန်းဖုန်းကိုင်ကျတဲ့အခါ  ---- ---- ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...