Tuesday, August 28, 2012

စမတ်ဖုန်းကင်မရာ megapixels မြင့်တိုင်း ဘာကြောင့် ပုံထွက်မကောင်းတာလဲ


by Internet Journal on Tuesday, August 28, 2012 at 9:09pm ·


ယနေ့ခေတ်မှာ စမတ်ဖုန်းရဲ့ ကင်မရာစွမ်းဆောင်ရည်ကို megapixels နဲ့ တိုင်းတာနေမှုကို မေ့လိုက်သင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့ အရောင်းရဆုံး စမတ်ဖုန်းဖြစ်တဲ့ Galaxy S II ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းဖြစ်ပြီး quad-core နဲ့ Android Ice Cream Sandwich အသုံးပြုထားတဲ့ Samsung Galaxy S III မှာ 8-megapixel ကင်မရာပါဝင်ပေမယ့် ထင်သလောက် ပုံထွက်ကောင်းမွန်ခြင်းမရှိတာကြောင့် ဖြစ်ပါတယ်။.

  
ဒါ့အပြင် ယနေ့ခေတ် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကင်မရာတွေအတွက် 8-megapixel ကို စံသတ်မှတ်ချက် တစ်ခုအနေနဲ့ အသုံးပြုကြပေမယ့်လည်း Samsung Galaxy S III ရဲ့ ကင်မရာဟာ Samsung Galaxy Nexus ရဲ့ 5-megapixel ကင်မရာလောက် အသုံးပြုသူများရဲ့ အမွှမ်းတင်မှုကို ရရှိခဲ့ခြင်း မရှိပါဘူး။ 5-megapixel ကင်မရာတွေဟာ အလွန်ကောင်းမွန်တယ်လို့ မဆိုနိုင်ပေမယ့်လည်း 8-megapixel မှန်ဘီလူးပါဝင်တဲ့ ဖုန်းတွေထက် ပိုမိုကောင်းမွန်နိုင်ပါတယ်။ Samsung Focus ရဲ့ 5-megapixel ကင်မရာဟာ Motorola Droid Razr ရဲ့ 8-megapixel မှန်ဘီလူးထက် ပိုမိုလှပတဲ့ ဓာတ်ပုံများကို ရိုက်ကူးပေးနိုင်ပြီး 5-megapixel ကင်မရာပါဝင်တဲ့ Apple iPhone 4 ကလည်း အချို့သော 8-megapixel ကင်မရာတွေထက်  ပိုမိုကောင်းမွန်တဲ့ ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။

ဒါပေမဲ့ ကင်မရာ megapixel မြင့်တိုင်း စွမ်းဆောင်ရည်မကောင်းဘူးလို့ ပြောလို့မရနိုင်ပြန်ပါဘူး။ HTC One X ရဲ့ စွမ်းဆောင်ရည်မြင့် 8-megapixel စမတ်ဖုန်း ကင်မရာဟာ လျင်မြန်တဲ့ ရိုက်ချက်တွေနဲ့ ဓာတ်ပုံများကို ရိုက် ကူးပေးနိုင်သလို HTC Titan II ရဲ့ 16-megapixel ကင်မရာကလည်း အရည်အသွေးမြင့်တဲ့ ဓာတ်ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။
ကင်မရာ တစ်ခုမှာ ကင်မရာ မှန်ဘီလူးက အဓိကကျသလို ၎င်းရဲ့ နောက်ကွယ်မှာရှိတဲ့ light sensor, image processor နဲ့ အတူတွဲဖက်သုံးနိုင်မယ့် software တို့ကလည်း အရေးပါပါတယ်။

Sensor
Optical system မှာ အရေးအကြီးဆုံး အရာက ဘာလဲလို့မေးရင် အလင်းဖမ်းယူနိုင်တဲ့အရာဖြစ်တဲ့ sensor က အရေးကြီးဆုံးဖြစ်တယ်လို့ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတွေက ဖြေပါလိမ့်မယ်။ Sensor ဟာ ဒစ်ဂျစ်တယ် ကင်မရာတစ်လုံးရဲ့ အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလင်းမရှိပါက ဓာတ်ပုံမရိုက်နိုင်တဲ့ အတွက်ကြောင့်ပါ။
အလင်းဟာ ကင်မရာ မှန်ဘီလူးတစ်လျှောက် ဝင်လာပြီးတဲ့နောက် အချက်အလက်တွေကို လက်ခံခြင်းနဲ့ ၎င်းတို့ကို electronic signal အဖြစ်ပြောင်းလဲပေးမယ့် ကင်မရာ sensor ကို ဖြတ်သန်းပါတယ်။ အဲ့ဒီနေရာမှာ image processor ဟာ ပုံရိပ်ကို ဖန်တီးပေးပြီး noise လိုမျိုး အားနည်းချက်တွေကို ကောင်းမွန်အောင် ပြင်ဆင် ပေးပါတယ်။

Image sensor ရဲ့ အရွယ်အစားကလည်း အရေးကြီးပါတယ်။ Sensor အရွယ်အစား ကြီးမားတဲ့အခါ pixels ပမာဏ များပြားပြီး pixels ပမာဏများပြားတဲ့အတွက် အလင်းကို ပိုမိုဖမ်းယူ နိုင်မှာဖြစ်ပါတယ်။ အလင်းများများ ဖမ်းယူနိုင်တဲ့အခါမှာတော့ အရည်အသွေးမြင့်မားတဲ့ ပုံရိပ်ကို ရရှိမှာပါ။

ကျွမ်းကျင်သူပညာရှင်များကတော့ pixels နဲ့ sensors အကြားက ဆက်စပ်မှုကို ရေပါဝင်တဲ့ ရေပုံးနဲ့ ကတ္တရာလမ်း အဖြစ် ခိုင်းနှိုင်း ဖော်ပြကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျယ်ပြန့်တဲ့ ကတ္တရာလမ်းပေါ်မှာ ရေပုံးတွေကို များများထားတဲ့အခါမှာ ရေ များများရနိုင်တဲ့ သာဓကလို အရွယ်အစားကြီးမားတဲ့ sensor ကြောင့် pixels ပမာဏ ပိုမိုများပြားပြီး အလင်းကို ပိုမို ရယူနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အရွယ်အစားကြီးမားတဲ့ sensor တွေကို ဥပမာအနေနဲ့ဆိုရရင် digital SLR ကင်မရာတစ်ခုရဲ့ 8-megapixels ဟာ စမတ်ဖုန်းကင်မရာ တစ်ခုရဲ့ 10-megapixels ထက် ပိုမိုကောင်းမွန်ပါတယ်။ Pixels ပမာဏတူညီတဲ့အခါမှာလည်း DSLR ရဲ့ pixels ပမာဏက ပိုမိုများပြားတာကြောင့် အလင်းကို ပိုမိုရယူနိုင်ခြင်းဖြစ်ပါတယ်။ အလင်းပမာဏ ပိုမိုရရှိတဲ့ အခါမှာ ပုံရိပ်ရဲ့ noise တွေကို ပိုမိုလျှော့ချပေးနိုင်ပြီး dynamic range ကို ပိုမိုကောင်းမွန်စေပါတယ်။

ကင်မရာ sensor တွေရဲ့အကြောင်းကို ဖော်ထုတ်ရေးသားခဲ့တဲ့ Gartner က လေ့လာဆန်းစစ်သူ Jon Erensen ရဲ့ အဆိုအရ 1-megapixel နဲ့ 2-megapixel sensor တွေဟာ pixel အရွယ်အစား သေးငယ်အောင် (သို့မဟုတ်) pixels ပမာဏပိုမိုဝင်ဆံ့အောင် ပြုလုပ်ထားပြီး image sensor ကို တူညီအောင် ပြုလုပ်ထားတဲ့အ တွက် အလင်းဝင်ရောက်တဲ့အခါမှာ sensor ရဲ့ photo-sensitive အစိတ်အပိုင်းဟာ အလင်းကို ခက်ခက်ခဲခဲ ဖမ်းယူရတဲ့အတွက် noise များ ပိုမိုဖြစ်ပေါ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းကဲ့သို့ pixels အရေအတွက်နဲ့ sensor ရဲ့ အရွယ်အစားအကြား ဆက်စပ်မှုကြောင့် အချို့သော 5-megapixel ကင်မရာတွေဟာ အခြားသော 8-megapixel ကင်မရာတွေထက် စွမ်းဆောင်ရည် ပိုမိုသာလွန် ရခြင်းဖြစ်ပါတယ်။ နောက်ပြီး ပါးလွှာတဲ့ စမတ်ဖုန်းတစ်ခုမှာ sensor အရွယ်အစားကို ကန့်သတ်ထားပြီး sensor အရွယ်အစားကို တိုးမြှင့်ထားခြင်းမရှိဘဲ megapixel တွေကိုပိုမိုထည့်သွင်းတဲ့အခါမှာ အလင်းဝင်ရောက်မှု နည်းပါးတဲ့အတွက် မလိုလားအပ်တဲ့ ဓာတ်ပုံအရည်အသွေး လျော့ကျမှုဖြစ်ပေါ်စေပါတယ်။

HTC ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ Bjorn Kilburn က 16-megapixel ကင်မရာတပ်ဆင်ထားတဲ့ Titan II နဲ့ 8-megapixel ကင်မရာပါဝင်တဲ့ HTC One X တို့ရဲ့ pixel အရွယ်အစားကို ဖော်ပြခဲ့ရာတွင် HTC Titan II မှာ 1.12 microns ရှိပြီး One X မှာ 1.4 microns ရှိတယ်လို့ ဖော်ပြခဲ့ပေမယ့် CNET ရဲ့ Josh Goldman က ၎င်းတို့ဟာ သေးငယ်တဲ့ pixel အရွယ်အစားဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံအရည်အသွေး ကို နှိုင်းယှဉ်တဲ့အခါမှာ pixel ခြင်း နှိုင်းယှဉ်တာက ပိုမိုသင့်တော်တယ်လို့  ၎င်းက ဆိုပါတယ်။
စမတ်ဖုန်းကင်မရာတွေထဲမှာ Nokia 808 PureView ရဲ့ 41-megapixel ကင်မရာက အလွန်စိတ်ဝင်စားဖွယ် ကောင်းပါတယ်။ Smart Devices အဖွဲ့နဲ့ လုပ်ဆောင်တဲ့ Nokia ရဲ့ ကင်မရာနည်းပညာဌာနမှ အကြီးအကဲ ဖြစ်သူ Juha Alakarhu ရဲ့ရှင်းပြချက်အရ PureView ဟာ 41-megapixel အထိ ဖမ်းယူနိုင်ပေမယ့် အသုံးပြုသူအများစုကတော့ ဓာတ်ပုံတွေကို 5-megapixels အနေနဲ့သာ ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့် ဖုန်းပေါ်ကနေ digital zoom ကို အသုံးပြုတဲ့အခါမှာ ပုံရိပ်တစ်ခုရဲ့ pixel တစ်ခုချင်းစီကို အနီးကပ် ကြည့်ရှုနိုင်ပါတယ်။ ဒါမှသာ မှုန်ဝါးနေတဲ့အရာများ၊ focus မပြတ်သားမှုများနဲ့ အရောင်စိုပြည်မှု ရှိ၊ မရှိ တို့ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။
808 PureView မှာတော့ Nokia ဟာ PureView ရဲ့ 5-megapixel default resolution အတွက် “oversampling” လို့ခေါ်တဲ့ လုပ်ငန်းစဉ်ကို အသုံးပြုပါတယ်။ ရိုက်ကူးထားတဲ့ အချက်အလက်တွေကို pixel ခုနစ်ခုကနေ တစ်ခုအထိ ချုံ့ပေးတဲ့အတွက် “superpixel” လို့လည်း ခေါ်ပါတယ်။ Object တစ်ခုကို zoom in လုပ်လိုက်တဲ့အခါမှာ သာမန်မြင်တွေ့မှုထက် ပိုမိုတဲ့ zoom in နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။
ငါးနှစ်အကြာ ကြိုးပမ်းပြုလုပ်ထားတဲ့ အထက်ပါနည်းပညာ ပါဝင်တဲ့ PureView ဟာ sensor ရဲ့ အရွယ်အစားအပေါ် မှီခိုထားခြင်းမရှိတဲ့အပြင် noise လိုမျိုး အပြစ်အနာအဆာတွေကို လျှော့ချဖို့အတွက် ပြဿနာဖြေရှင်းမှုစနစ်များလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

Image processor
မှန်ဘီလူးအရည်အသွေးနဲ့ sensor အရွယ်အစားတို့အပြင် အခြားအရေးပါတဲ့အချက်ကတော့ image processor ဖြစ်ပါတယ်။ ခေတ်ပေါ် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း CPU အများစုမှာ graphic processor တွေ built-in ပါဝင်ပါတယ်။ အဆိုပါ graphic processor တွေဟာ hardware လုပ်ဆောင်မှုကို မြှင့်တင်ပေးနိုင်တဲ့ အတွက် ပင်မ application processor ကို အလွန်အမင်း အလုပ်လုပ်စရာမလိုစေဘဲ ဓာတ်ပုံ၊ ဗီဒီယို၊ ဂိမ်း စတဲ့ ပုံရိပ်တွေကို လျင်မြန်စွာ ဖန်တီးပေးနိုင်ပါတယ်။

HTC ကုမ္ပဏီဟာ HTC ImageChip လို့ခေါ်တဲ့ HTC One ဖုန်းများအတွက် image processor ကို Mobile World Congress မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ၎င်း chip ကို HTC Ove V, HTC One S နဲ့ HTC One X တို့ မှာ အသုံးပြုထားပြီး အဆိုပါ ဖုန်းအမျိုးအစား သုံးမျိုးမှာ အခြား feature အနည်းငယ် ကွာခြားမှုရှိပေမယ့်လည်း မြင့်မားတဲ့ ဓာတ်ပုံစွမ်းဆောင်ရည်အဆင့်အတန်းကို ရရှိနိုင်ပါတယ်။ သီးခြား processor အနေနဲ့ HTC One X global version မှာ Nvidia Tegra 3 processor ကို အသုံးပြုထားပြီး U.S version မှာတော့ Qualcomm Snapdragon S4 processor ကို အသုံးပြုထားပါတယ်။

Image processor ဟာ shutter နှေးကွေးမှုကို မဖြစ်ပေါ်စေရန် အထောက်အကူပြုတဲ့အတွက် ကင်မရာနဲ့ ဓာတ်ပုံကို ရိုက်ကူးတဲ့အခါမှာ capture button ကို နှိပ်လိုက်တာနဲ့ ဓာတ်ပုံရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စမတ်ဖုန်းတွေမှာ ပိုမိုအသုံးပြုလာကြတဲ့ backside-illuminated sensor တွေ အကြောင်းကိုလည်း သိထားဖို့လိုပါတယ်။ ဒီ sensor အမျိုးအစားဟာ photosensitivity မြင့်မားတဲ့အတွက် အလင်းရောင်နည်းတဲ့ နေရာတွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ရိုက်ကူးစေနိုင်ပါတယ်။

ကင်မရာရဲ့ sensor အရွယ်အစားနဲ့ image processor ဟာ အရည်အသွေးမြင့် စမတ်ဖုန်း ဓာတ်ပုံ ဖန်တီးရာမှာ အရေးအပါဆုံးအရာများဖြစ်နိုင်သလို အရည်အသွေးမြင့် အစိတ်အပိုင်းတွေကလည်း ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံ ကိုဖန်တီးခြင်းအတွက် စဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချက်ဟာ တန်ဖိုးမြင့် ကင်မရာတွေဘက်ကို ဦးတည်တာကြောင့် ကုန်ကျစရိတ် ပိုမိုနိုင်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...