Tuesday, August 28, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၈)


သစ်ထူးလွင်


Posted: 28 Aug 2012 04:18 AM PDT
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက် များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန် များကို ကျေပွန်စွာ မထမ်းဆောင် ခြင်းတို့အရ စွပ်စွဲပြစ် တင်သည့် အဆိုကို သြဂုတ် ၂၈ ရက်တွင် ကျင်းပသော အမျိုးသားလွှတ် တော် အစည်းအဝေး၌ မဲခွဲဆုံးဖြတ် ရာ တက်ရောက်သော ကိုယ်စား
လှယ်အားလုံး၏ သုံးပုံနှစ်ပုံကျော် ထောက်ခံသဖြင့် အထက်ပါအဆို မှာ အတည်ဖြစ်သွားသည်။ -----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ







Posted: 28 Aug 2012 03:44 AM PDT
  ကျောင်းသား လူငယ်များ အနေဖြင့် စာမေးပွဲ ဖြေခါနီး စိတ်အပန်း ဖြေရန် ရည်ရွယ်ချက်ဖြင့် တက်ရောက် လေ့ရှိသော EXAM PARTY များတွင် စီးပွားရေး လုပ်ငန်းရှင်များက SEXY DANCE COMPETITION များပါ ထည့်သွင်းလာ သည့်အတွက် မိဘများ အနေဖြင့် စိုးရိမ်ပူပန် လျှက်ရှိ ကြောင်း သိရှိရသည်။

အဆိုပါ ကြော်ငြာများအား  စီးပွားရေး လုပ်ငန်းရှင်များက  လူသုံးများသော FACEBOOK  ၊TWITTER ကဲ့သို့သော လူမှုရေး ကွန်ယက်များတွင် ထည့်သွင်းလာသလို RELAX ပြုလုပ်နိုင်ရန် နေ့လည် ၂ နာရီမှ ည ၉ နာရီအထိဟု ဆိုကာ ENTERTAINMENT တစ်ခုက လက်ကမ်း စာစောင် ဖြန့်ဝေနေခြင်းဖြစ်ပြီး အချို့ကြော်ငြာများတွင်GSM ကဒ်ပါ ကံစမ်းမဲ ဖောက်ပေးဦးမည်ဟု ပါရှိသည်။

" အဲဒီလိုမျိုးဆိုင်တွေ  ခေတ်သဘောအရ  ပေါ်ပေါက်လာတာကို  နားလည်ပါတယ်။ သူတို့က စီးပွားရှာတာတော့ရှာပေါ့နော်။ ဒါပေမဲ့ကျောင်းသားတွေကို  အခုလိုမျိုးဖျက်ဆီးတာမျိုးတော့  မလုပ်သင့်ဘူးလို့ ထင်တယ်။ သူတို့လည်း ကျောင်းသားဘဝကနေ ကြီးလာကြတာပဲလေ။ သူတို့ နားလည်ရမှာပေါ့။ သားသမီးချင်းလည်း စာနာသင့်တယ်"  ဟု ဒဂုံ တက္ကသိုလ်မှ ပါမောက္ခတစ်ဦးက  ပြောသည်။

ယမန်နှစ်က EXAM PARTY  မှအပြန် ကျောင်းသားများ ရန်ဖြစ်ကြရာ သုံးဦးဒဏ်ရာရကာ နှစ်ဦးမှာ ပြင်းထန်ကြောင်းသိရသလို လက်ရှိ ရန်ကုန်မြို့တွင် EXAM PARTY (၅)ခုဝန်းကျင် ရှိကြောင်း  လူငယ်အသိုင်းအဝိုင်းက သိရှိရသည်။

နှစ်တိုင်းလိုလိုပင် အမည်မဖော်လိုသော ကလပ်များသည် ကျောင်းသားများ စာမေးပွဲဖြေဆိုရန် နီးကပ်လာသည်နှင့်အမျှ နှစ်ယောက်ဝင်လျှင် တစ်ယောက်ဝင်ကြေးအခမဲ့ ရသောဆိုင်များ၊ ဘီယာလေးခွက်သောက်လျှင် တစ်ခွက်အလကားပေးသော ဆိုင်အမျိုးမျိုးရှိနေကြောင်း တွေ့ရ သော်လည်း ယခုနှစ်ကဲ့သို့ ပေါ်ပေါ်ထင်ထင် ကြော်ငြာမှုမျိုး မဟုတ်ပေ။

' အန်တီတို့တုန်းကဆိုရင်  စာမေးပွဲနီးလာရင်  စိတ်တည်ငြိမ်အောင်ဆိုပြီး တရားစခန်းဝင်ကြတယ်။ စာမေးပွဲနီးလေလေ အပျော်အပါးကို လျှော့လေပဲ။ အခုခေတ်ကလေးတွေက အဲလိုလုပ်ရတာကို ရှက်ဖို့ကောင်းတယ် ထင်နေကြတယ်။ မဟုတ်တာလုပ်တာကြတော့ ရှက်ရကောင်း မှန်းမသိဘူး။ တစ်ချို့ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ဘီယာ ဘယ်လောက် သောက်နိုင်တာတို့၊ ရည်းစား ဘယ်နှစ်ယောက် ထားတာတို့၊ မဟုတ်တာကိုပဲ ပြိုင်ဆိုင်နေကြတယ်။ အခု ဒီကိစ္စဆိုရင် ဗုဒ္ဓ ဘာသာအရကြည့်ရင်လည်း မသင့်လျော်ဘူး။ အန်တီတောင် အန်တီ့သမီးကို သေသေချာချာ ဂရုစိုက်ရမယ်' ဟု PARTY များတွင် SEXY DANCE ထည့်သွင်းလာသည့် ကိစ္စနှင့်ပတ်သက်၍ ကျောင်းသားမိဘတစ်ဦးက ပြောကြားခဲ့သည်။

SEXY DANCE  ဆိုလျှင်လည်း မည်သို့ကသည်မှာ လူတိုင်းသိပါသည်။  ထိုအကအား ပြိုင်ပွဲလုပ် ဦးမည်ဆိုသည့်အခြေအနေမှာ ကမ္ဘာပေါ်တွင် အရှက်အကြောက်ကြီးမားသည့်   မြန်မာမိန်းကလေး များအတွက် ဖြစ်သင့်သည့် အခြေအနေမဟုတ်ကြောင်းကိုလည်း မိဘအသိုင်းအဝိုင်းက သုံးသပ် ထားသည်။

ထိုကဲ့သို့ PARTY များတွင် စားသောက်ကြသည့်အခါ လူငယ်များဖြစ်သည့်အလျောက် ထိန်းထိန်းသိမ်းသိမ်း သောက်ကြမည် မဟုတ်သည့်အတွက် ဖြစ်လာနိုင်မည့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ မိဘများအတွက် ရင်လေးဖွယ်ပင်ဖြစ်သည်။

' ညီမကတော့ အဲဒီလိုမျိုးတွေကို စိတ်လည်း မဝင်စားပါဘူး၊ ဒါပေမဲ့ တစ်ချို့ဆိုရင် သွားမယ်တကဲကဲနဲ့ အခုကတည်းက ဟန်ပြင်နေကြတာ၊ အိမ်ကအဆင်ပြေတဲ့လူတွေအတွက် တစ်သောင်း၊ နှစ်သောင်းက ပြဿနာ မဟုတ်ပေမဲ့ ညီမတို့ကျတော့ တစ်ထောင်၊နှစ်ထောင်တောင် တန်ဖိုးထားရတယ် ' ဟု နည်းပညာတက္ကသိုလ်၊ တတိယနှစ်တွင် တက်ရောက်နေသော မအေးချမ်းမွန်က  လူငယ်များအတွက်ပြောကြားပေးခဲ့သည်။

မြတ်မိုးကျော်(မြစ်မခ)
by Myit Makha Mediagroup




Posted: 28 Aug 2012 03:40 AM PDT
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် ကိုဖြတ်၍ အာဆီယံ လမ်းမကြီး ဖောက်လုပ် မည်ဆိုသော သတင်းများကြောင့်  နောင်ချို အိမ်ခြံမြေ ဈေးကွက်မှာ ပေ(၆ဝ-၈ဝ)တစ်ကွက်လျှင် ကျပ်သိန်းထောင် ချီ၍ မြင့်တက် လာခဲ့သည်။

“လားရှိုးလမ်းဘေး အချက်ချာကျတဲ့  ဈေးရပ်ကွက်မှာကမ္ဘောဇဘဏ်ခွဲဖွင့်ဖို့  ဝယ်သွားတာ ၆ဝ- ၈ဝ တစ်ကွက်ကို သိန်း(၁၅ဝဝ)နဲ့ ဝယ်သွားတယ်၊  အရောင်းအဝယ်ကတော့ အာဆီယံလမ်းဖောက်မယ်ဆိုလို့လား မသိဘူး  သိသိသာသာမြင့်တက်လာတယ်”ဟု အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းလုပ်သူ ကိုစိုင်းညီထွန်းက ပြောသည်။

နောင်ချိုမြို့ရှိ မန္တလေး-လားရှိုးလမ်းမဘေးတွင်  ပေ၆ဝ-၈ဝမြေကွက်ကို သိန်း(၁၅ဝဝ)အထိ  ပေါက်ဈေး ရှိနေပြီး၊  ဈေးရပ်ကွက်တွင် ကျပ်သိန်း(၆ဝဝ)မှ (၁ဝဝဝ)ဝန်းကျင်အထိဈေးရှိပြီး၊  အခြားလူသိများသည့် တောင်ရပ်ကွက်တွင်  ကျပ်သိန်း(၆ဝဝ)ဝန်းကျင်၊  ဘူတာရပ်ကွက်တွင် ပေ၈ဝ- ၆ဝ တစ်ကွက်လျှင် ကျပ်သိန်း(၅ဝဝ)ဝန်းကျင်နှင့်  ကံကြီးလမ်းဘေးတွင်ကျပ်သိန်း(၃ဝဝ)မှ  (၅ဝဝ)အထိရှိပြီး ပါဟတ်ရပ်ကွက်တွင် ကျပ်သိန်း(၃ဝဝ)အထက် ဈေးရှိကြောင်း  အကျိုးဆောင်များထံကသိရှိရသည်။

မန္တလေးနှင့်မိုင်(၈ဝ)ကျော်သာ ဝေးကွာခြင်း၊ တောင်ပေါ်ဒေသဖြစ်ခြင်း၊ ထင်ရှားသည့် ဂုတ်ထိပ် တံတားနှင့် ဂုတ်တွင်းတံတားများ၇ှိခြင်း၊ ကားလမ်းနှင့်ရထားလမ်း ဆက်သွယ်မှုလွယ်ကူခြင်းကြောင့် ဝယ်သူစိတ်ကြိုက် နေရာဖြစ်ပေါ်လျှက်ရှိပြီး အိမ်”၊ခြံ၊မြေဈေးကွက်ပိုမိုလှုပ်ရှားလာခဲ့သည်ဟု  နယ်ခံကိုမျိုးက ပြောသည်။

ယခုနစ်သြဂုတ်လ(၁၂)ရက်နေ့မှ စတင်ကာ အိမ်၊ခြံ။မြေဈေးကွက် အခွန်နှုန်း(၃ဝ)ရာခိုင်နှုန်း ကျော်အထိ တိုးမြင့်ခဲ့သော်လည်း နောင်ချို အိမ်ခြံမြေအရောင်အဝယ်ဈေးကွက်မှာ ဆက်လက်မြင့်တက်လျှက်ရှိကြောင်းကိုလည်း သိရှိရသည်။

အိမ်မြေဈေးကွက်မြင့်တက်လာမှုနှင့်အတူ  ဒေသခံတောင်သူများမှာလည်း  မိမိတို့ပိုင်ဆိုင်သည့် လယ်ယာမြေများအား အကွက်ရိုက်ရောင်းချမှုများရှိလာသည်။

‘ပေ၆ဝ-၈ဝမြေကွက်တစ်ကွက်ကို အနည်းဆုံးသိန်း (၅ဝ)ရှိတယ်၊  နောက်ပိုင်းရောင်းလာရတော့ တောင်သူတွေတောင်မြေကို  အကွက်ရိုက်ပြီးရောင်းလာကြတယ်” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ မနန်းက ပြောသည်။

အာဆီယံလမ်းမကြီးဖောက်လုပ်ရန်အတွက်  နောင်ချိုမြို့နယ်တွင်ယခုနှစ်လယ်ပိုင်းက  စတင်တိုင်းထွာ ခဲ့ခြင်းဖြစ်ပြီး  မြို့တွင်းမှဖြတ်သန်းရန်အတွက် တိုင်းထွာတာရာတွင်ဖျက်ရမည့်  အဆောက်အဦး များပြားလွန်းသည့်အတွက်   မြို့ပြင်မှ ပတ်သွားရန်အတွက် စီစဉ်နေပြီး မဆုံးဖြတ်ကျသေးကြောင်း ကိုလည်း မြို့ခံများထံက သိရှိရသည်။

ငြိမ်းချမ်း-ရှမ်း/မြောက်(မြစ်မခ)
by Myit Makha Mediagroup


Posted: 28 Aug 2012 03:37 AM PDT
လက်ပံတောင်း ကြေးနီစီမံကိန်း လုပ်ငန်းများ ဖော်ဆောင်ရာ စွန့်ပစ်မြေ ဆီလွှာများနှင့် စွန့်ပစ် ပစ္စည်းများ စုပုံခြင်းကြောင့်  လက်ပံတောင်း ကြေးနီစီမံကိန်း ပတ်ဝန်းကျင် ရှိရွာအချို့  သောက်သုံးရေ အခက်အခဲ နှင့် ရင်ဆိုင်လာရ ကြောင်း မိုးကြိုးပြင် မြောက်ပိုင်း မှ ဒေသခံများထံက သိရှိရသည်။

အဆိုပါ စွန့်ပစ် ပစ္စည်းများ တင်ပါဝင်သော ဓာတုဆေးဝါးများမှာ  မြေဆီလွှာအတွင်းမှ သောက်သုံးရေကန်များအတွင်းသို့ စိမ့်ဝင်ခြင်းကြောင့် သောက်သုံးရေရှားပါးနေခြင်းဖြစ်သည်။‘

''ကျွန်မတို့ရွာနဲ့  ၂မိုင်ကျော် ဝေးတဲ့ ရွာတွေမှာ သောက်ရေထဲ ဒုတ္ထ္ထာရေတွေဝင်ပြီး သောက်ရေ ရှားပါးနေပါပြီ။ သူတို့ အခု မြစ်ရေပဲ သောက်နေရတယ်'' ပာု မိုးကြိုးပြင်မြောက်ပိုင်းရွာမှ မမြင့်မြင့်သိန်းက ပြောသည်။

ကြေးနီတူးဖော်ရေးလုပ်ငန်းနှင့် နီးစပ်သည့် ကျေးရွာများဖြစ်သော ကန်ကုန်း၊ကန်တော ၊ရေကြည်ပင်၊ ရွေးပင်ကောက်၊ဝက်ဒန်း  အစရှိသည့် ကျေးရွာများမှာ ထိုအခက်အခဲနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

အဆိုပါဒုတ္ထ္ထာရေများသည် ကော့ပါးဆာလဖိတ်များ အများဆုံးပါဝင်ပြီး အိုင်းယွန်းနှင့် ဇင့် သတ္ထုဓါတ်များလည်း ပါဝင်နေကြောင်းဆရာဝန်တစ်ဦးထံက  သိရှိရသည်။

''ဒုတ္ထ္ထာရေတွေသောက်မိရင် ကျောက်ကပ် မှာကျောက်တည်တာတွေဖြစ်နိုင်တယ် ။ ကိုယ်အင်္ဂါ မညီမျှတာ ရောဂါတွေလည်း ခံစားရနိုင်ပါတယ် '' ဟု ရေနှင့်ပတ်သက်ပြီး နာလည်တတ်ကျွမ်းသည့် အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာမြင့်ဦးက ပြောသည်။

ထို့ပြင် အညစ်အကြေးနှင့်ဓါတုဆေးဝါးများရှိနေသည့် နေရာနှင့် ပေ(၅ဝ) အကွာတွင်သာ သောက်သုံးရေကန်များ ရှိသင့်ကြောင်း ထိုအချက်မှာလဲ မြန်မာနိုင်ငံတွင် မည်သူမှလိုက်နာကျင့်သုံး ခြင်းမရှိသည့် ကျန်းမာရေးဆိုင်ရာ စည်းမျည်းတစ်ခုဖြစ်ကြောင်း အထက်ပါဆရာဝန်က ပြောကြားသည်။

အဆိုပါ ရွာများရှိ ဒေသခံကလေးသူငယ်အချို့ မှာလည်း ဓာတုဆေးဝါးများ စိမ့်ဝင်သည့်ရေများ သောက်သုံးမိခြင်းကြောင့်  ကိုယ်အင်္ဂါမညီမျှသော လက္ခဏာများ ခံစားလာရကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

“  ဒီရွာတွေက ကလေးအချို့ က ရေတွေကြောင့်လားတော့ မသိဘူး ဗိုက်ရွဲတာတွေ ခေါင်းကြီး ကိုယ်သေးတာတွေ ဖြစ်လာတယ်'' ပာု ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ စွန့်ပစ်ပစ္စည်းများ မစုပုံရေးအတွက် ဒေသခံတောင်သူလယ်သမားများက အဓိကထား လူ၁ဝဝဝ ဝန်းကျင်က   ကြေးနီစီမံကိန်းအနီးတွင် လယ်ယာမြေ မကျူးကျော်ရဆိုသည့်  ဆိုင်းဘုတ် များဖြင့် သြဂုတ်လ(၂၅)နှင့်(၂၇)ရက်နေ့များတွင် သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသသည်။

 လယ်မြေပျက်စီးမှုများ ကြုံတွေ့နေရပြီး ကျေးရွာ (၄) ရွာခန့်မှာ ရွာပျက်များ အဖြစ်သို ရောက်ရှိနေကြောင်းကိုလည်း သိရသည်။

''ကျွန်မတို့  ဆန္ဒပြတော့  ရဲတွေ အုပ်ချုပ်ရေးမှုတွေကပုဒ်မ (၁၄၄)နဲ့ တားတယ်။ နောက်လည်း ဆန္ဒ ဆက်ပြမယ်။ ဒါပေမဲ့ သူတို့ကိုတော့ ဘာမှပြန်မပြောတော့ ဘူး။'' ပာု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ပံတောင်းကြေးနီစီမံကိန်းကြောင့် လယ်မြေပျက်စီးမှုများ ကြုံတွေ့နေရပြီး ကျေးရွာ (၄) ရွာခန့်မှာ ရွာပျက်များ အဖြစ်သို့   ရောက်ရှိနေကြောင်း သာမက စာသင်ကျောင်း တစ်ကျောင်းနှင့်  ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းပါ သိမ်းယူခြင်းခံခဲ့ ရကြောင်းကိုလည်း သိရသည်။

ထို့သို့  ကျန်းမာရေးအခြေအနေ ဆိုးရွားလာနိုင်ခြင်းနှင့်  ဓာတုပစ္စည်း အန္တရယ်ခံစားလာနိုင်ခြင်း ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေဖြင့် ဇူလိုင် ၂၈ရက်နှင့် ၂၉ရက်တွင် ခံစားနိုင်ဖွယ် ရှိကြောင်း ပြောကြားခဲ့ပြီးနောက် သြဂုတ်(၂၁)ရက်တွင်   ကြေးနီစီမံကိန်းအား ပြန်လည်လုပ်ပိုင်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup


Posted: 28 Aug 2012 03:31 AM PDT
မွေးရာပါ ဦးနှောက်ကျွံ ရောဂါဖြင့် ဦးခေါင်းတစ်ခုစာ အသားပို ပါလာသော ကလေးငယ် တစ်ဦး ရန်ကုန် ပြည်သူ့ဆေးရုံ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဌာနတွင် တက်ရောက်ကုသ နေကြောင်း သိရသည်။ အသက် ၁ လနှင့်ရက် ၂၀ ရှိ အဆိုပါ ကလေးငယ်သည် ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 28 Aug 2012 03:04 AM PDT
 မူဆယ် ... မန္တလေး လမ်းတလျှောက် ..အသက်ကို ပဓာန မထားဘဲ မိသားစု စား ဝတ်နေရေး ပြေလည်အောင် ဖြေရှင်းနေကြတဲ့ ဆိုင်ကယ် ကယ်ရီ သယ်တဲ့ လူ တွေ ပါ …အရင် ကထက် ထုထည် ကြီးမား လာတာ က ..လမ်းကြေး ပေးရတာများ လာ လို့ ..အရင် ၃ စီး ကနေ ..အခု ၅ စီး ထိ တိုး သယ် လာတာ တဲ့ ..ဆိုင်ကယ် တစ်စီး ပေါ် ငါး စီး တင် ..စုစုပေါင်း ၆ စီး နဲ့ ..
ပြင်ဦးလွင် ၁၈ မိုင် ကျော်ပြီး ချိန် မှာ ..---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 








Posted: 28 Aug 2012 02:54 AM PDT
ရှမ်းပြည်နယ် တောင်ကြီးမြို့ ၂၂.၈.၂၀၁၂ ရက်နေ့  ည ၁ဝ နာရီခွဲ အချိန်တွင် စာကျက်ဝိုင်းမှ ပြန်လာသော အထက (၇) ကျောင်းသား ခွန်အောင်ခမ်းဦး အသက်(၁၆) နှစ် နှင့် အောင်သိန်းဦး (၁၆) နှစ် ၁၀ တန်းကျောင်းသား တို့သည် စာကျက်ဝိုင်းမှ ဆိုင်ကယ်နှင် ပြန်လာစဉ် အုပ်စုဖွဲ့  ပြီး ဝိုင်းရိုက်ခံရ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 







Posted: 28 Aug 2012 01:57 AM PDT
ယခု ကျင်းပ လျက်ရှိသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအား စွပ်စွဲပြစ်တင်သည့် အဆိုဆွေးနွေး လျက်ရှိသည်။

 တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇော်မိုးက ခုံရုံး၏ ဆုံးဖြတ်ချက်သည် မှားယွင်းမှုမရှိကြောင်းပြောသည်။ ၄င်းက“ဥပဒေပြုလွှတ်တော်က လူအများဖြစ်၍ လက်မခံနိုင်ယုံမျှဖြင့် စွပ်စွဲပြစ်တင်ခြင်းသည် ဒီမိုကရေစီစနစ်နှင့် မညီညွတ်တဲ့ လုပ်ဆောင်မှုဖြစ်သွားပါမယ်”ဟုပြောပြီး ပြည်သူ့အကျိုးရှေးရှု၍ ပြန်လည်ညှိနှိုင်းအဖြေရှာသင့်ကြောင်း ပြောသည်။

တိုင်းရင်းသားကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်က ခုံရုံး၏ဆုံးဖြတ်ချက်သည် လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးနေသည့် စွပ်စွဲပြစ်တင်ခြင်းသည် အခြေခံဥပဒေပါ အခွင့်အရေးများအတိုင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုကို ထောက်ခံကြောင်း ပြောသည်။

ယင်းအဆိုကို ယနေ့ညနေတွင် အဆုံးဖြတ်ရယူမည်ဖြစ်ပြီး ကိုယ်စားလှယ်ဦးရေစုစုပေါင်း၏ သုံးပုံနှစ်ပုံ ထောက်ခံပါက အတည်ဖြစ်မည်ဖြစ်သည်။

By ပြည်သူ့ခေတ်





Posted: 28 Aug 2012 01:50 AM PDT
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ သြဂုတ်လ ၂၇ ရက်နေ့က နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ UNFPA ဒါရိုက်တာ Dr.Babatunde Osotimehin နဲ့ အဖွဲ့ဝင်တွေကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ညနေ ၆ နာရီကနေ ၇ နာရီထိ တွေ့ဆုံတဲ့ ဒီတွေ့ဆုံမှုမှာ UNFPA ရဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေ ၊ လုပ်ဆောင်မှုတွေ၊ လုပ်မယ့်လုပ်ငန်းစဉ်တွေ အကြောင်းနဲ့ လူငယ်မြင့်တင်ရေး၊ အသက်ကြီး သူတွေကို စောင့်ရှောက့်ရေး၊ အမျိုးသမီး တွေကို ကာကွယ် စောင့်ရှောက်ရေး အထူးသဖြင့် စိတ်ပိုင်းရုပ်ပိုင်း ဆိုင်ရာခံခဲ့ရသော အမျိုးသမီးတွေအတွက် ကာကွယ်စောင့်ရှောက်ရေးဟာ UNFPA နဲ့ တစ်သားတည်းဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ ပြည်သူလူထု ကြားမှာ ICPD အတွက် လူတွေသိစေရန်အလို့ငှာ UNFPA အားထောက်ခံအားပေးရန် ပြောဆိုခဲ့ကြတယ်လို့သိရပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

by BurmaVJMedia



Posted: 28 Aug 2012 01:35 AM PDT
သြဂုတ်လ ၊ ၁၈ ရက်နေ့ က မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ရွှေဘုံသာရပ်၊
ရဲသင်တန်း ကျောင်းအနီး မှာ ရဲတပ်ကြပ် တစ်ဦးက အသက် ၆၅ နှစ်အရွယ် အမျိုး
သမီးကြီး တစ်ဦးကို ခဲနဲ့ ထုနှက်ရိုက်ခဲ့ပီး သတိမေ့ သွားချိန်မှာ ရွှေထည် ပစ္စည်းတွေ ကို
ယူဆောင်သွားခဲ့တဲ့ အမူ့ ဖြစ်ပွားခဲ့ပါတယ်။ အခုဖြစ်ပွား ခဲ့တာနဲ့ ပက်သက်ပီး ရိုက်နှက်
မူ့ ကျူးလွန်ခဲ့ သူကို ရေနံချောင်း ရဲစခန်းမှာ ဖမ်းဆီး အမူ့  ဖွင့် ထားပါတယ်။

ရိုက်နှက်ခံရသူ ဒေါ်ဝင်းမြင့် ကတော့ ဒဏ်ရာတွေကြောင့် မကွေး ပြည်သူ့  ဆေးရုံမှာ
တင်ထားရပါတယ်။ အခုအဖြစ်အပျက်နဲ့ ပက်သက်ပီး ရိုက်နှက်ခံရသူ ကာယကံရှင်ကို
ဆေးရုံပေါ်မှာ သွားရောက်မေးမြန်းထားပါတယ်။ DVB TV News

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 28 Aug 2012 01:19 AM PDT
ရန်ကုန်၊ သြဂုတ် ၃ဝရက်နေ့တွင် ယုဇန ကုမ္ပဏီရုံးချုပ်ရှေ့ တွင် ကချင်ပြည်နယ်ဟူး ကောင်းချိုင့်ဝှမ်းဒေသ မှတောင်သူများ ဆန္ဒဖော်ထုတ်ကြ မည်ဖြစ်ကြောင်းသိ ရသည်။

လယ်ယာမြေ သိမ်းဆည်းခံ ထားရမှု ပြန်လည်ရရှိရေး ၊လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးနှင့် လူသား ချင်းစာနာမှု မရှိသည့် လုပ်ငန်းရှင်များ အလိုမရှိ စသည့် အချက်များ ကိုတောင်း ဆိုဆန္ဒပြမည်ဟု ဦးဆောင်လှုပ်ရှား ပါဝင်မည့်သူ ဒေါ်ဘောက်ဂျာက ပြောသည်။

““ကချင်ပြည်နယ်ဟူးကောင်း ချိုင့်ဝှမ်းကလယ်ဧ ကနှစ်သိန်းကျော် လောက် ကို ယုဇနကုပ္မဏီက သိမ်းယူထား တာတယ်။ ရန်ကုန်ကယုဇနကုပ္မဏီ ရုံး ချုပ် ရှေ့ကိုကျွန်မတို့အယောက်၅ဝလောက် က ပိုစတာတွေ ကိုင်ပြီးနိုင်ငံတော် သီချင်းဆို မယ်။ဟောပြောပွဲကိုလည်း လုပ်မယ်။ကျွန်မ ကိုယ်တိုင်လယ်သိမ်းခံထားရတာတွေကို လည်းဟေြာေ ပာတင်ပြ တောင်း ဆိုသွား မယ်””ဟုဒေါ်ဘောက်ဂျာ ကပြော သည်။

ယင်းကဲ့သို့ဆန္ဒဖော်ထုတ်နိုင် ရန် အတွက် သက်ဆိုင်ရာမြို့နယ်ရဲစခန်း သို့လည်းတင်ပြထားရာခွင့်ပြုချက်ရထား ပြီဖြစ်ကြောင်း လည်း ဒေါ်ဘောက်ဂျာက ပြောသည်။

““သြဂုတ်၃ဝရက်နေ့မနက် ၁၁နာရီကနေ၁နာရီထိ ဆန္ဒပြခွင့်ပေးထား တယ်။ကျွန်မတို့တောင်းဆိုတာက မနက် ၁ဝနာရီကနေ၁နာရီထိေ တာင်းဆိုပေမယ့် တစ်နာရီပယ်ချ ခံလိုက်ရတယ်””ဟုယင်းက ပြောသည်။
အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ဗဟန်းမြို့နယ်ရဲစခန်းသို့သြ ဂုတ်၂၈ ရက် နေ့မွန်းလွဲ၁၂နာရီခွဲခန့်က ဆက်သွယ် မေးမြန်းရာ ဟုတ်မှန် ကြောင်းဖြင့်တာဝန် ကျ ဝန်ထမ်းတစ်ဦးက ပြောသည်။

““အကြောင်းအရာကတော့မှန် ပါတယ်။အထက်ဌာနအဆင့်ဆင့်ဆီကို တင်ပြထားတယ်။အုပ်ချုပ်ရေးမှုးရုံးက ခွင့်ပြုမိန့်ချထားပေးရမှာပါ””ဟုအဆိုပါ ဝန်ထမ်းကဆိုသည်။

ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှုး ရုံးမှလည်း အဆိုပါကိစ္စရပ်သည် ရဲစခန်း နှင့်သာသက်ဆိုင်ကြောင်းတာဝန်ကျဝန် ထမ်းတစ်ဦးက အဆိုပါနေ့ရက် အချိန်ခန့် ကပင် ပြန်လည်ပြောကြားခဲ့သည်။

ကျော်သူ - Yangon Media Group
ဒေါ်ဘောက်ဂျာ




Posted: 28 Aug 2012 01:06 AM PDT
ရန်ကုန်၊ သြဂုတ်-၂၈တာမွေအ၀ိုင်းအနီး အောင်ချမ်းသာ အိမ်ရာတွင် ယနေ့သြဂုတ် ၂၈ ရက် ၇နာရီ ၄၀ မိနစ်ကျော်က တွေ့ရသော   ဗုံးဟုယူဆရသည့် အထုပ်မှာ ဗုံးမဟုတ်ကြောင်း ဗဟန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက 7Day News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အောင်ချမ်းသာအိမ်ရာတွင် ယနေ့နံနက်ပိုင်းက ဗုံးလန့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ယင်းအိမ်ရာတွင် နေထိုင်သူများက ပြောသည်။

ပေါက်ကွဲပစ္စည်းဟု ယူဆရသောအရာကို ယင်းအိမ်ရာတွင် ရပ်တန့်ထားသော အဖြူရောင် မီနီလိုက်ထရပ်ကား နောက်ခန်းအတွင်းတွင် ကြွပ်ကြွပ်အိတ်အမည်းဖြင့် ထုပ်ထားခြင်းကို ယင်းကား၏ ယာဉ်မောင်းက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ပုဂိုလ်များက ပြောသည်။ ဗုံးဟု မသင်္ကာဖွယ်ရာ အဆိုပါပစ္စည်းကို တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လာရောက်စစ်ဆေးမှုများ ပြုလုပ်ပြီး နံနက် ၁၀ နာရီ ခန့်က ယူဆောင်သွားခဲ့သည်။

အဆိုပါ သံသယဖြစ်ဖွယ် အထုပ်ကို အောင်ချမ်းသာအိမ်ရာရှိ ဒီလှိုင်းစာစောင်ရုံးခန်း မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ခြမ်းတွင် ရပ်ထားသော ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ ကားထဲမှတွေ့ရခြင်းဖြစ်သည်။

by 7Day News Journal


ဓါတ်ပုံ - 7Day News Journal
ဓါတ်ပုံ - 7Day News Journal



Posted: 27 Aug 2012 11:20 PM PDT
မိတ္ထီလာမြို့  အောင်ဆန်း နယ်မြေ(၁) ရပ်ကွက်တွင် ဖွင့်လှစ် ရောင်းချနေသော ကျော် စက်သုံး ဆီဆိုင်ကို မြို့ပြင်သို့ ပြောင်းရွှေ့  ဖွင့်လှစ်ပေးရန် ၄င်းရပ်ကွက်ရှိ ရပ်ကွက်သူ ရပ်ကွက်သားများက ယနေ့နံနက် (၉)နာရီမှ စတင်ကာ  နည်းဥပဒေနှင့် အညီ တစ်နာရီခန့် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- ညီညီဇော် - 7Day News Journal



Posted: 27 Aug 2012 11:04 PM PDT
သြဂုတ်လ ၂၈ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၁၃

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 27 Aug 2012 10:58 PM PDT
သြဂုတ်လ (၂၇) ရက်နေ့ ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၁၉

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 27 Aug 2012 10:34 PM PDT

မြန်မာ အစိုးရ အနေနဲ့ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်း IFI တွေနဲ့ ပူးပေါင်းလုပ် ဆောင်တဲ့ နေရာမှာ ဘဏ္ဍာငွေကြေးပိုင်း ဆိုင်ရာ ပွင့်လင်းမြင် သာမှုရှိဖို့အတွက် အမေရိကန် အစိုးရက လုပ်ဆောင်ဖို့ အမေရိကန် အောက်လွှတ်တော်ရဲ့ ထိပ်တန်း လွှတ်တော် အမတ်နှစ်ဦးက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် အောက်လွှတ်တော် ဘဏ္ဍာငွေကြေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ရီပတ်ဘလီကန်လွှတ်တော် အမတ် စပန်ဆာ ဘက်ခပ်စ် (Spencer Bachus) နဲ့ ကော်မတီရဲ့ဝါရင့်အဖွဲ့ဝင် ဒီမိုကရက်တစ် လွှတ်တော်အမတ် ဘာရ်နီ ဖရန့်က် (Barney Frank) တို့ လက်မှတ်ရေးထိုးပြီး သြဂုတ်လ ၂၂ ရက်နေ့ စွဲနဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး တင်မ်သီ ဂိုင်သ်နာ (Timothy Geithner) ဆီ ပေးပို့တဲ့ စာထဲမှာ အဲဒီလို တိုက်တွန်းထားတာပါ။

မြန်မာအစိုးရက အပြောင်းအလဲတွေ ဖော်ဆောင်နေတာကို အဲဒီ အမေရိကန်လွှတ်တော်အမတ်တွေ က အသိအမှတ်ပြုပေမဲ့ အစိုးရရဲ့ ပွင့်လင်းမြင်သာရှိမှုနဲ့ လူ့အခွင့်အရေးကိစ္စတွေဟာ အထူး အရေးကြီးနေသေးတယ်ဆိုတာ သူတို့အနေနဲ့ သတိမူထား တယ်လို့ စာထဲမှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ခံတဲ့စနစ်ရှိဖို့၊ လူ့အခွင့် အရေးကို လေးစားလိုက်နာဖို့နဲ့ မြန်မာလူထုရဲ့ ချက်ခြင်းလက်ငင်း လူမှု ဘ၀လိုအပ်ချက်တွေကို IFI အဖွဲ့အစည်းတွေက အထူးအာရုံစိုက်ရေး IFI အဖွဲ့အစည်း တွေမှာ အမေရိကန်အစိုးရရဲ့ ခေါင်းဆောင် မှုကို အသုံးချပြီး လုပ်ဆောင်ပါလို့ လွှတ်တော်အမတ်တွေက တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရစစ်တပ်နဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့ကို စာထဲမှာ အထူး သီးခြားဖော်ပြထားပြီး မြန်မာ အစိုးရအဖွဲ့အစည်းတိုင်းမှာ ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာ ပွင့်လင်းမြင် သာမှုရှိရေး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ လုပ်ထုံးလုပ်နည်းတွေ စံနှုန်းတွေ အတိုင်း လိုက်နာလုပ်ဆောင်ဖို့ အမေရိကန် လွှတ်တော်အမတ်နှစ်ဦးက တိုက်တွန်းထားပါ တယ်။ 
 
ဗွီအိုအေ (မြန်မာဌာန)
 
 


Posted: 27 Aug 2012 10:30 PM PDT
ချင်းပြည်နယ်ရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ အတွက် (JICA) လို့ခေါ်တဲ့ ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီက မြန်မာကျပ်ငွေ သန်းပေါင်း ၉၉၀၀ ခန့် ထုတ်ချေးမှာဖြစ်ကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ၀န်ကြီး ဦးဗန်ထောင်းက ပြောပါတယ်။

“ဂျပန်အစိုးရရဲ့ ODA (Oversea Development Agency) ကနေပြီးတော့ ချေးငွေ ထုတ်ချေးမယ့် အစီစဉ်ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရကနေ MOU ထိုးပြီးမှ လုပ်ပေးတဲ့ အစီစဉ်ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရ တဆင့်ဖြစ်ပါတယ်။ စုစုပေါင်း သန်းပေါင်း ၉၉၀၀ ဖြစ်ပါတယ်။ အဓိက ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက်ပါ’’

ဂျပန်နိုင်ငံ အစိုးရက ထောက်ပံ့ထားတဲ့ အဲဒီ JICA အဖွဲ့က အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းနဲ့ ချင်းပြည်နယ် အစိုးရကို ထုတ်ချေးပေးမှာဖြစ်ပြီး ချင်းပြည်နယ်အတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍမှာ အလွန်အကျိုး ဖြစ်စေလိမ့်မယ်လို့လည်း ၀န်ကြီး ဦးဗန်ထောင်းကပြောပါတယ်။

“ကျွန်တော်တို့ ၀ဥ စိုက်ပျိုးရေးလုပ်ငန်း၊ စပါးစိုက်ပျိုးရေးလုပ်ငန်း၊ နွားနောက် မွေးမြူရေး လုပ်ငန်းတွေမှာ အများကြီး ဖွံ့ဖြိုး တိုးတက်လာမှာပေါ့။ အခုက ကျွန်တော်တို့ လုပ်ငန်း လုပ်ချင်ပေမယ့်လည်း ငွေကြေး ရင်းနှီးမှုက ခက်ခဲနေကြတာကိုး။ ပြည်သူလူထုက ခုလို ချေးငွေတွေ လာရင်တော့ ကျွန်တော်တို့အတွက် များစွာ အထောက်အကူပြုမှာပေါ့’’

ဘယ်အချိန်မှာ ဒီချေးငွေတွေကို စတင်ထုတ်ချေး ပေးမလဲဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ JICA အေဂျင်စီက တာဝန်ရှိသူတွေဟာ သြဂုတ်လ ၃၀ ရက်နေ့မှာ ချင်းပြည်နယ်မြို့တော် ဟားခါးကို သွားရောက်မှာဖြစ်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် JICA အေဂျင်စီဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အခြေစိုက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေး ကဏ္ဍတွေမှာ ကူညီ ထောက်ပံ့ပေးနေတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီစဉ် (UNDP) 2011 ခုနှစ် စစ်တမ်းကောက်ယူချက်အရ ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်း ၁၄ ခုထဲမှာ ဖွံ့ဖြိုးမှု အနည်းဆုံး၊ အဆင်းရဲဆုံး ပြည်နယ် ဖြစ်ပါတယ်။

RFA Burmese





Posted: 27 Aug 2012 10:25 PM PDT
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...