Wednesday, August 29, 2012

မျက်ကန်း မျိုးချစ်


by Mar Ga Luelin on Wednesday, August 29, 2012 at 12:02am ·


ခဏနောက် ခဗျားပါးစပ်ကိုပိတ်
ဆိတ်ဆိတ်လေး နေပေးစမ်းပါ
မျက်စိကန်းပြီးမျိုးချစ်ဖို့မဆိုနဲ့
ကိုယ့်ဟာကိုယ်တောင် မျိုးချစ်လား မချစ်လား အသေအချာမသဲကွဲ . . .


ကိုယ့်အမျိုး ကိုယ့်အဆွေများ အတိဒုက္ခရောက်
ဟိုလူ့ကြောက်  ဒီလူ့ကြောက်အခြေအနေမှာတောင်
အစားအစာ တစိ တငေါက်
အားပေးစကား တခွန်းလောက်မှ
မပြောခဲ့နိုင်တဲ့ ငချောက်ငမျောက် . . .

အမှန်က အမှားဖြစ်
စကားလုံးစစ် မှာတောင်
ရပ်တည်ချက် ခိုင်ခိုင် မမြဲ
စာပေနဲ့ဥပဒေ အားနည်းတော့
စာသာကြွယ်လူတွေရှေ့မှာ ရှုံးပြီးရင်း ရှုံးတယ်
သောက်သုံးမကျလိုက်ပုံများ
အပြင်က အသက်တွေသာမက
ဖန်သားပြင်က အရှက်ကိုပါ မကာကွယ်နိုင် . . .
်
ကိုယ်ထက်ငယ်သူ
ကိုယ်နဲ့ရွယ်တူ
( တကယ့်မျိုးချစ်စစ်စစ်တွေ ) ရဲ့
ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လူမျိုးအတွက်ကာကွယ်ပွဲတွေမှာလည်း
ဆိုင်းဘုတ်လေးတချက် မကိုင်ရဲ
တိုင်တည်သံတခွန်း မထွက်ခဲ့
ဖြစ်လာမယ့် ဘ၀နဲ့ရာထူးအတွက် ငဲ့တဲ့ ငနဲ . . .

ပြည်နယ်ထက် ပြည်ထောင်စုကို ပိုသစ္စာရှိချင်ခဲ့
လူမျိုးထက် နိုင်ငံတော်ကို ပို မြတ်နိုးချင်ခဲ့
ပိစိညှောင့်တောင့်သော အမိမြေကာကွယ်ရေးစာတွေကြောင့်
မျက်ကန်း မျိုးချစ်လို့ အပြောခံရတိုင်း
မတန်မရာ ဂုဏ်ထူးကြီးတခုအပေးခံရသလို
ရှက်စိတ်တွေ ၀ဲ . . .


 မာဃ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...