Thursday, August 30, 2012

အဓိပ္ပါယ်ရှိသောနေ့ များ


by Ba La on Wednesday, August 29, 2012 at 11:50pm 

ကျွန်တော့် လက်ထဲမှာ အလှူငွေ 720400 /- ကျပ် လက်ခံ ရရှိထားတယ် ။

စထွက်ခဲ့တုန်းကတော့ ဘာလှူရမှန်းကို မသိဘူးဗျာ အဟုတ် ... စဉ်းစားသွားတာတော့ ဆန်ပေါ့  
သူက အဓိက လိုမယ်လေ ဒါကြောင့် ကျွန်တော့် ရှိတဲ့ ပိုက်ဆံလေးနဲ့ ထိထိရောက်ရောက်လုပ်နိုင်မယ့် လုပ်ငန်းလေးကို ကားပေါ်မှာ စဉ်းစားလာမိတယ် ။


ပုသိမ်ကို ည 7 နာရီ 30 လောက်ရောက်လာတယ် ။

ရောက်ရောက်ခြင်းပဲ ပုသိမ်က ဆရာများ အကူအညီဖြင့် ကျွန်တော် ကမ့်တွေကို လိုက်ကြည့်တယ် ........ ။

ညမှောင်မှောင် မိုးဖွဲဖွဲ ရေတက်နေတဲ့ လမ်းမှာ ဆိုင်ကယ်တွေကို သတိနဲ့ ထားမောင်းနေရတာကို သိလိုက်တော့ အားနာမိပြန်ရော ...

အဲဒါနဲ့ ရေကြည်ဦး ဆိုတဲ့ ကမ့်လေး တစ်ခု နားကို ရောက်သွားတယ်။ ကမ့်လေးထဲ ရောက်တော့ ကမ့်အုပ်ချုပ်ရေးမှူးကို ၀င်တွေ့ပြီး ကမ့်ထဲကို လျောက်ကြည့်ကြတယ် ။ တစ်နေရာရောက်တော့ 
အဖွားကိုတွေ့လိုက်တယ် အနားသွားပြီး ကိုယ်ကို စမ်းကြည့်တော့ ခြစ်ခြစ်တောက် ပူနေတယ်လေ ...

မေ့နေတာလား ? အိပ်နေတာလား ? မသိလို့ အဖွား အဖွားလို့ လှုပ်နှိုးပြီး မေးလိုက်တော့ နိုးလာတယ် ။

မေးကြည့်မိတယ် အဖွား ဘာဖြစ်တာလဲပေါ့ ...... ။

ဖျားနေတာတဲ့လေ အောက်ခင်း ဖျာကြမ်းလေး တစ်ချပ်ပေါ်မှာ ၊ စောင်မပါ ဘာမပါ အိပ်ရင်း အဖျားကို အန်တုနေတာ ဘာဆေးသောက်ထားလဲ ဆိုတော့ ပါရာစီတမော တစ်လုံး နဲ့   ဘာမီတွန် တစ်လုံး ထုပ်ထားတာကို ထုပ်ပြတယ် ။ ရင်ထဲမှာဗျာ မကောင်းလိုက်တာ ။

ကဲ ကောင်းတာ မကောင်းတာ အသာထား ဆက်ကြည့်ဦးမှ ဆိုပြီး ဘုရားဆောင်းတန်း ပါတ်လိုက်တော့ အဖိုး တစ်ဦးကိုမိသားစုက ၀ိုင်းပြုစုနေတာကိုတွေ့လိုက်ရတယ် ... ။

ဘာဖြစ်နေတာပါလိမ့်ပေါ့  .....

မေးကြည့်တော့ လေဖြန်းခြင်သလိုဖြစ်နေတာတဲ့ ရော ... ။

ကမန်းကတမ်း အနားကို သွားရင်း လက်ကို ကိုင်ကြည့်လိုက်တော့ အေးစက်နေတယ် ။ ဒါနဲ့ ဘာဆေး သောက်လဲ မေးတော့ မြန်မာဆေးမှု့န့်တွေ နဲ့ English ဆေးလေးတွေ ထုပ်ပြတယ် ။

တက်သလောက် မှတ်သလောက် English စာကို အားကိုး ရင်းဖတ်ကြည့်တော့ ဘုရား သွေးကျဆေးတွေ ။

အဲဒါ နဲ့ လိုင်း မိခြင် သယောင်ယောင်ဖြစ်နေတဲ့ ဖုန်းလေးကို အားကိုးပြီး သူငယ်ချင်း ဆရာဝန်ဆီကို ဖုန်းဆက်ရပြန်တယ် ။

ဒီနာမည် နဲ့ သွေးကျဆေးတွေ တိုက်ထားတယ်ပေါ့ ဘာလုပ်ရမလဲပေါ့  ....

သူက ကမန်း ကတမ်းပြောတာ အားရှိစရာပါ ဆေးရုံမြန်မြန်ပို့လိုက်တဲ့  :-( 

အဲဒါ နဲ့ ပါလာတဲ့ ဆရာကို အကူအညီတောင်းရတော့တာပေါ့ ။


( ဒီနေရာလေးမှာ အဖိုးအိပ်တာလေ )

အဲဒါ နဲ့ ဆရာ့ ကောင်းမှု့ကြောင့် အဖိုး ဆေးရုံကို ရောက်သွားတယ် ။

အဲလို နဲ့ အဲညမှာ ကျွန်တော်တို့ ကောင်းကောင်း အိပ်ပျော်ခဲ့ပါတယ် ......... ။

နောက်နေ့ ...

ဟိုဘက် လျှောက်ကြည့် ဒီဘက် လျှောက်ကြည့်

သာပေါင်းသွား ..........

ဆေးရုံပြေး ...........

လိုတာလေးတွေ လိုက်လုပ်နေပေမယ့် အဲဒီနေရာကို ဘယ်လို လှူရကောင်းမလဲ စဉ်းစားနေမိပါတယ် ။

ပုသိမ်မှ ဆရာများ ရဲ့   အကူအညီဖြင့် အဲဒီ စခန်းမှ သက်ကြီး ဖိုးဘွား စာရင်း အသက် 60 အထက် စာရင်းကို သိရတော့
နည်းနည်း စဉ်းစားရ အဆင်ပြေလာတယ် ။

41 ယောက်တဲ့လေ .......  ။

အဲဒါ နဲ့

(1) စောင်တစ်ထည်
(2) ပုကန် ( 2 ) ချပ်
(3) ဇွန်း ( 2 ) ချောင်း
(4) အလှူငွေ 5000 ( အဖိုး အဖွား တစ်ဦးလျှင် ဆေးဝါးကုသစရိတ် နှင့် လိုရာသုံးရန် ) ကိုစိမ်းခက်စိုး နှင့် သူငယ်ချင်းများ

အဖိုး အဖွား 37 ဦးကို လှူတန်း ပေးနိုင်ခဲ့တယ် ။

(သူငယ်ချင်းတွေ ယုံယုံကြည်ကြည် လှူတန်းပေးလိုက်တဲ့ ငွေထဲက ငွေအချို့နဲ့ပေါ့ )

ကျန်တဲ့ အဖိုး အဖွား 4 ဦး နဲ့ နောက်ထပ် လူစာရင်း တိုး 4 ဦး ပေါင်း 8 ဦး ကိုတော့ စာရင်းသာ တက်လာတဲ့ အတွက်
ပစ္စည်းများကိုသာ လှူတန်း နိုင်ခဲ့တယ် ။


ဝမ်းသာ သွားတဲ့ တစ်ယောက်ကို ပေးပြီးတိုင်း ဆုတွေ တစ်သီကြီး အကြာကြီးပေးနေတဲ့ အဖိုး အဖွားတွေကို ကျွန်တော် နှုတ်ခမ်းကိုက်ကာ ကြည့်နေရင်း စဉ်းစားမိတာက .......... ၊

ဒီ အလှူ ဒီနေ့လေးဟာ အဓိပ္ပါယ်ရှိသောနေ့ များ စွာထဲမှ နေ့တစ်လေးပါပဲလို့ ........။

လှူတန်းခွင့်ပေးသော အလှူရှင်များ အားလုံး ဒီပိုစ့်လေးကို ဖတ်မိကြပါစေ ။

ကျွန်တော့်လိုပဲ ကြည်နူးပိတိဖြစ်မိကြပါစေ ။

ဝိုင်းဝန်းကူညီကြသော ၊ အားလုံးသော သူငယ်ချင်းများ ၊ ဒီပိုစ့်လေးကို ဖတ်ရင်း ၀မ်းသာပိတိ ဖြစ်ရင်း သာဓု ခေါ်နိုင်ကြပါစေလို့ အလှူရှင်များ ကိုယ်စား အမျှဝေလိုက် ရပါတယ်နော်  ... ။

အားလုံးကိုလဲ အဖိုး အဖွားများ ကိုယ်စား ကျေးဇူးတင်လျှက်


ဗလ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...