Monday, August 27, 2012
ကြောက်ရွှံ့ခြင်းနဲ့  စစ်ခင်းခဲ့တယ်
by Robina Lwin on Monday, August 27, 2012 at 7:17am 
    မေမေရဲ့ မျက်လုံးဟောက်ပက်ကြားက မျှော်လင့်ချက်တွေကို သမီး ဖျက်
ခဲ့မိတယ်မေမေ..
နောက်ဆုံးရလဒ်ကတော့ မနာလို ၀န်တိုတက်တဲ့ ၀ံပုလွေ ကြားမှာ ရတက်ပွား
လို့ .ဗျာများခဲ့ရုံလေးနဲ့ ..အဆုံးမဲ့ ခရီးကို မျက်စောင်းဒဏ်အောက်ကဘဲ မာန်
စောင်းထက်ခဲ့ရပါတယ်..မေမေ
         မေမေ့ကိုကျောခိုင်းခဲ့လို့ ..သမီးတစ်ယောက်ထဲ ဘ၀မှာ ၂ ကြိမ် ၂ ခါ
ကြောက်ရွှံ့ တုံလှုပ်ခဲ့တယ်မေမေ..အဲ့ဒီ နေ့ လေးတွေကို သမီး မေ့လို့  မရဘူး
         သမီးတို့ ကျောင်းသားစခန်းမှာ သစ်သားတုပ်တွေကို သေနတ်ရုပ်လုပ်
ပြီး..သင်တန်းတက်နေတဲ့ ကျောင်းသားလေးတွေမှာ ..တောကောင်လာရင်
တောင်..ခြောက်စရာ သေနတ် တစ်လက်တစ်လေတောင် မရှိခဲ့ဘူးမေမေ
         စခန်းမှာ ဂစ်တာတီးကျွမ်းကျင်တဲ့ ကိုဒေးဗစ်က ဦးဆောင်လို့ ..
နေ၀င်းနိုင်..သာကျော်မောင်.ထွန်းထွန်း..တို့ နဲ့ အတူ သမီးတို့ မာလာဆောင်
တစ်ဆောင်လုံး..တစ်အိမ်တက်ဆင်း ညလုံးပေါက် ..ခရစ္စမတ် သီချင်းနဲ့ နှုတ်
ဆက်ပြီး..အလှုခံခဲ့ကြတယ်..
         ပြောရတာ ရှက်လဲရှက် ရီလဲရီချင်ပါတယ်မေမေ..ရတဲ့ အလှုငွေနဲ့ 
စခန်းရဲ့ ပထမဆုံး ပိုင်ဆိုင်တဲ့ သေနတ် ၂ လက်ကိုဝယ်ယူနိုင်ခဲ့ကြတယ်မေမေ
သမီးတို့ ပြုံးခဲ့ကြတယ်..
         အဲ့ဒီအချိန်မှာ သမီးတို့ မာလာဆောင်သူလေးတွေက ငယ်ငယ်လေးတွေ
ပေါ့ မေမေ ..မေသက်ဇော်..မိုးမိုး.မင်းမင်း.စီစီ..သိန်းသိန်း ..ထူးကိုကို..နွယ်နီ
နှင်းနွယ်.သီသီနဲ့ မီးမီး..အများကြီးဘဲမေမေ..အာလုံးရဲ့ စွမ်းဆောင်မှုထဲမှာ
သမီးလဲ ပါဝင်ခဲ့လို့  ပီတီတွေ ဖျာနေခဲ့တယ်..
         သမီး ကြောက်ရမဲ့နေ့ ကိုရောက်လာတယ်မေမေ..သေနတ်ပစ်ဘို့ 
ကျည်ဆံမရှိဘူးဆိုဘဲ....ကရင်ဗိုလ် တစ်ယောက်က ကျည်အတောင် ၁၀၀..
လက်ဆောင်ပေးမယ်ဆိုလို့ ..မဲဆောက်မြို့ နဲ့  အဝေးဆုံး တစ်နေရာကို..
ဧရာဝတီမှာ လုပ်ခဲ့တဲ့ အောင်နိုင်ဦးနဲ့ သွားယူခဲ့ကြတယ်..ကျည်အတောင့်
၁၀၀..ထည့်ထားတဲ့..အိပ်ကြီးကို သမီးက ခု ထိုင်ထားရတယ် မေမေ..
       မိန်းခလေးဆိုရင်..ထိုင်းရဲက သိတ်ပြီး မသင်္ကာ မဖြစ်ဘူးတဲ့..ဂိတ်တစ်ခု
ရောက်တိုင်း….ထိုင်းရဲတွေ လက်မှတ် လာစစ်တော့..သမီး မျက်လုံးတွေကို
ဝေးဝေးကိုသာ ကြုံးကြည့်ခိုင်းပြီး..ဟန်မပျက် နေခဲ့တဲ့ သမီး .ရင်ထဲမှာ ရထား
၁၀..စင်းလောက် ခုတ်မောင်းနေတယ်..မေမေ
       ဂိတ် ၃ ဂိတ်ကို အောင်မြင်စွာကျော်ဖြတ် ပြီးတော့..သမီးအောက်က ကျည်
ထုပ်ကို .အောင်နိုင်ဦးက ဂုဏ်ယူတဲ့ အပြုံးနဲ့ ..မ..ယူလိုက်တယ်..သက်မ အကြီး
ကြီး ကို ချပြီး..လွှတ်မြောက်ခြင်း ငှက်ငယ်တစ်ကောင်လို .သမီး ပျော်သွားတယ်
မေမေ..
       သမီးရဲ့ မှတ်တမ်းမှာ..စခန်းရဲ့ မထမဦးဆုံး သေနတ် ၂ လက်နဲ့ ကျည်အ
တောင့် ၁၀၀.ကို စခန်းရဲ့ ပထမဦးဆုံး ပစ္စည်း အဖြစ် ရအောင် စွမ်းဆောင်ခဲ့တယ်
လို့ ..ကျေနပ်နေတယ် မေမေ..
       သိလား မေမေ ဒီနေ့ မှာတော့ ..ပြန်စဉ်းစားတိုင်း  ..သမီးလုပ်ဆောင်ခဲ့မိ
တာ အဓိပ္ပါယ်ရှိ မရှိတော့ မသိဘူး..၀ံပုလွေတွေ ရဲ့ ပျက်ရယ်ပြုခြင်းကိုတော့
ခံခဲ့ရတယ်မေမေ..
       မပြီးသေးဘူး မေမေ ..သမီးတို့ စခန်းပျက်တော့ အပြင်မှာ လှုပ်ရှားနေရ
တဲ့ သမီး..စခန်းကို မပြန်တော့ဘဲ.. မဲဆောက်မှာ အသဲခြောက်အောင်နေလိုက်
တယ်..သမီးလို ဘ၀တူ ကျောင်းသား ၅ ယောက်နဲ့ အတူနေပြီး..သမီးတက်တဲ့
ပညာလေးနဲ့  ကျောက်အရောင်းအ၀ယ်ကို အကူ လုပ်ခဲ့တယ်..သမီးတို့  ၆ ယောက်
လောက်ငှအောင် စားသောက်ခဲ့ကြတယ်..
        တစ်နေ့ မှာတော့.နေထိုင်ခွင့် လက်မှတ် မရှိဘဲ..ထိုင်းမှာ အလုပ်လုပ်နေတဲ့
သမီးကို ရဲ က ဖမ်းပြီး အချုပ်ထဲ ပို့ လိုက်တယ်..မေမေ
       မေမေရေ လို့  အကျယ်ကြီး အော်ပစ်လိုက်ချင်တယ်..ကြောက်လိုက်တာ
မေမေ..ထိုင်း ခေတ္တ အချုပ်ခန်းက အမျိုးသမီးနဲ့ အမျိုးသား..ရော ထားကြ
တယ်..တခြားအချုပ်သားတွေက..ကြမ်းကြမ်းရမ်းရမ်း ပုံကြီးတွေ..သမီးကိုတစ်
စုံတစ်ခုများ လုပ်လိုက်ရင် မတွေးဝံ့စရာဘဲ..
      သမီးရဲ့ လည်ချောင်းတွေ ချောက်ကပ်နေတယ်မေမေ..လက်ဖျားတွေ က
လည်း အေးစက်လို့ ..သမီး ..ဘယ်အချုပ်သားရဲ့ မျက်နှာမှ မကြည့်ဘဲ..ခေါင်း
ငုံ့ ပြီး ရှိုက်နေခဲ့တယ်..သမီး အကြောက်လွန်နေတယ်..
       ၃..နာရီလောက်ကြာတော့ အချုပ်ခန်း တံခါး ဖွင့်သံကြားပြီး..သမီးကိုလာ
ခေါ်သွားတယ်..အပြင်ရောက်တော့..ကျောက်ကုန်သည် လုပ်နေတဲ့.သမီးရဲ့
အချစ်ဆုံး သူငယ်ချင်းက..သမီးကို ဘတ်ငွေ ..၈ ထောင်နဲ့ ထုတ်ပေးခဲ့တယ်
သမီး ဘာတွေဘဲ စွန့် စွန့်စားစား..လုပ်ခဲ့ လုပ်ခဲ့..ကိုယ့်သမိုင်းက ကိုယ့်မှာဘဲ
ရှိတဲ့ အတွက် ..ငြူစူခြင်းပြင်းတဲ့ ၀ံပုလွေတွေရဲ့ ရယ်မောခြင်းထဲမှာ..သမီးရဲ့
လုပ်ဆောင်မှုတိုင်းက အဆုံးသတ်ခဲ့ရတယ်..
      သမီး ကြောက်တယ် မေမေ..
ကြောက်ရွှံ့ ခဲ့တဲ့ ..အဖြစ်တွေက..ရင်ထဲမှာ..နစ်နေတုံးဘဲ…မေမေ
~~Robina (8888)
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...