Tuesday, August 28, 2012

ဝါရှင်တန်အစိုးရရဲ့သဘောထားဟာ သာမန်ပြည်သူတွေအတွက် ဆောင်းတွင်းအိမ်မက်တခုလေလား?



ဟိုးခေတ်က ၁၉၇၅ - ၁၉၈၇ ဝန်းကျင်တွေက မုံရွာဆိုတဲ့နယ်မြို့လေးက အထကကျောင်း(၁၊၂၊၃) ကျောင်းတွေမှာ ဘတ်စ်ကက်ဘော အားကစားနည်းကို ကျောင်းသား/သူတွေကစားခဲ့ကြတယ်။ ကျောင်းလက်ရွေးစင်..........နောက်မြို့နယ် လက်ရွေးစင်........... တိုင်းလက်ရွေးစင်........အဆင့်ဆင့်အသီးသီးနဲ့ ကစားနိုင်ခဲ့တဲ့ အားကစားနည်းတခုဟာ ၁၉၈၈ခုနှစ်နောက်ပိုင်းကနေ ယနေ့လက်ရှိ
အချိန်မှာတော့ မြန်မာနိုင်ငံရဲ့ အစိုးရအထက်တန်းကျောင်းသား/သူအတွက် ကစားဖို့အခွင့်အရေးဟာ အိမ်မက်တခုပမာဖြစ်ခဲ့ရပြီး.............. ပိုက်ဆံတတ်နိုင်သောအသိုင်းအဝန်းကမိသားစုဝင်တွေသာ တက်ရောက်နိုင်တဲ့ ILBC ကျောင်းမျိုးက ကျောင်းသူ/သားတွေသာ ကစားခွင့်ရနိုင်တဲ့ မဟာအားကစားနည်းတခုအဖြစ်စိတ်မကောင်းစရာတွေ့မြင်နေရပါတယ်။
ဒီဓါတ်ပုံလေးမြင်ရတော့ မြန်မာနိုင်ငံအပေါ်သဘောထားတဲ့.........မြန်မာနိုင်ငံပြောင်းလဲရေး ကို ကူညီဆောင်ရွက်ပေးမယ့် ဝါရှင်တန်အစိုးရရဲ့သဘောထားဟာ သာမန်ပြည်သူတွေအတွက် ဖြစ်လာနိုင့်ပါ့မလား?................
ယနေ့ မြန်မာပြည်သူတွေဟာ အပြောင်းအလဲကိုမျှော်လင့်နေကြတယ်.........တောင့်တနေကြတယ်။ သာမန်လက်လုပ်လက်စား၊ လူလတ်တန်းစား အလွှာစုံကပါ။ အမေရိကန်ရင်နှီးမြုတ်နှံမှုတွေ ခြေလှမ်းပြင်နေတာ လူလတ်တန်းစား စီးပွားရေးသမားတွေအတွက် တော့ စိတ်ကူးယဉ်ဝိုးတဝါးအိပ်မက်တခုပါဘဲ................ နောက် ပညာရေးဏ္ဍမှာ ခေတ်မှီပညာသင်ကြားအတွက် ပညာရေးစကောလားတွေ သာမန်မိသားစုကပေါက်ဖွားလာတဲ့ ကျောင်းသူ/သားတွေအတွက်ရနိုင်ပါ့မလား?..............

(ဝါရှင်တန် ချစ်ကြည်ရေးအားကစားခရီးစဉ်အဖြစ်ရောက်ရှိနေသောအဖွဲ့မှ ILBC ကျောင်းသူ/ကျောင်းသားများအား ဘတ်စ်ကက်ဘော နည်းပညာ ညွှန်ပြ။)

Photo - U.S. Embassy Rangoon
Darvin Ham and Allison Feaster demonstrate jumpshooting technique during a basketball clinic.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...