Sunday, August 26, 2012

သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ ~ Forbes



ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes က ဒီနှစ်အတွင်း သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းကို မနေ့က ထုတ်လိုက်ပါပြီ။ အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည် (အဆင့် ၁၉)လည်း ပါပါတယ်။
သြဇာအရှိဆုံးကတော့ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာခဲ (အဆင့် ၁) နဲ့ အမေရိကန်က ဟီလာရီကလင်တန် (အဆင့် ၂)တို့ ဖြစ်ပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာခဲ

နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်တွေက အမျိုးသမီးများ၊ မီဒီယာမှာ အထင်ကရ ဖြစ်နေတဲ့ အမျိုးသမီးများကို နယူးယောက်အခြေစိုက် Forbes က ရွေးချယ်ထားတာပါ။

http://www.forbes.com/power-women/list/


ထိုင်းရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဒေါ်ရင်လတ်ရှင်နာဝပ် (အဆင့် ၃၀)၊ အိန္ဒိယနိုင်ငံရေးခေါင်းဆောင်တယောက်ဖြစ်သူ ဆိုနီယာဂန္ဒီ (အဆင့် ၆) တို့လည်း ပါပါတယ်။

အထင်ကရများ
ဂျနီဖာလိုပက်ဇ် (အဆင့် ၃၈)

ဂျနီဖာလိုပက်ဇ်ကို ရွေးထားတာကတော့ သရုပ်ဆောင်မှုအားကောင်းချက်ကြောင့်တော့ ဟုတ်ဟန်မတူပါဘူး။
ဂီတ၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား ထုတ်လုပ်ရေး လုပ်ငန်းရှင်ဖြစ်တဲ့အတွက် စီးပွားရေးမဂ္ဂဇင်းကြီးက ရွေးလိုက်တာ ဖြစ်နိုင်ပါတယ်။

ရှကီယာ (အဆင့် ၄၀)

ဝါကာဝါကာသီချင်းကြောင့် လူသိပိုများလာတဲ့ ရှကီယာကလည်း စီးပွားရေးမဂ္ဂဇင်းကြီးအတွက် ၂၀၁၂ သြဇာကြီးအမျိုးသမီးပါပဲ။
သူက ဂျက်ကီချန်းလိုပဲ ယူနီဆက်ရဲ့ချစ်ကြည်ရေးသံတမန် ဖြစ်ပါတယ်။

ဆိုဖီယာ ဘာဂရာ (အဆင့် ၇၅)

သူကတော့ ရှကီယာလိုပဲ စပိန်စကားပြောပရိသတ်တွေကြားထဲ အထူး ထင်ရှားသူ သရုပ်ဆောင်၊ လုပ်ငန်းရှင်ပါ။ ပိုင်ဆိုင်မှု ဒေါ်လာ ၁၉ သန်း ရှိ၊ လေးတယောက်မိခင်၊ တခုလပ်

အထက်ဖော်ပြပါ အထင်ကရ ၃ ယောက်ထက် ရှေ့ရောက်နေသူကတော့ လေဒီဂါဂါ ဖြစ်ပါတယ်။ ပေါက်တတ်ကရဒီဇိုင်းစုံကို အမြတ်တနိုးဝတ်ဆင်တတ်တဲ့ အဆိုတော်လေဒီဂါဂါဟာ ဒီနှစ် သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ ထဲမှာ အသက် အငယ်ဆုံးပါ။ ၂၆ နှစ် ရှိပါပြီ။


အဲလီဇဘက်ဘုရင်မကြီးနဲ့ လေဒီဂါဂါတို့ ၂၀၀၉ ဒီဇင်ဘာမှာ တွေ့ဆုံကြပုံ (Photo: LEON NEAL/AFP)


ဗြိတိသျှဘုရင်မကြီး (အဆင့် ၂၆)
ဒီ အယောက် ၁၀၀ အကြောင်းကို အင်္ဂလန်အခြေစိုက် တယ်လီဂရပ်က သတင်းဖော်ပြရာမှာ လေဒီဂါဂါက ဗြိတိသျှဘုရင်မကြီးထက် သြဇာပိုကြီးနေတယ်လို့ အစချီရေးထားပါတယ်။
ဘုရင်မကြီးက ဒေါ်လာ သန်း ၅၀၀ ကြွယ်ဝဖွယ်ရှိပါသတဲ့။

မျက်နှာသစ်များ
မျက်နှာသစ် ၁၆ ဦး ပါပါတယ်။ အဲဒီထဲမှာ တဦးကတော့ ပန်းသီးဖခင်ကြီးစတိဂျော့ရဲ့ဇနီး Laurene Powell Jobs ( အဆင့် ၄၉)ပါ။ ခင်ပွန်းသည် မရှိတော့တဲ့နောက် သူဟာ ကယ်လီဖိုးနီးယားပြည်နယ်ထဲက
ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီးများ အခြေစိုက်ရာ ဆီလီကွန်တောင်ကြားမှာတော့ အချမ်းသာဆုံးအမျိုးသမီး ဖြစ်နေပါပြီ။

ဒီ ၁၀၀ ထဲမှာ မပါတဲ့ အမျိုးသမီး ၁၆ ဦးရဲ့အမည်ကိုလည်း သီးသန့် ထုတ်ပြန်ထားပါတယ်။
အဲဒီထဲမှာ ဒိုင်ယာနာရဲ့ချွေးမ ကိတ်၊
ပြင်သစ်သမ္မတရွေးပွဲဝင်ဖို့ ပြင်နေတဲ့ Marine Le Pen,
ပြင်သစ်ဘဏ္ဍာရေးဝန် Christine Lagarde နဲ့
အမေရိကန် တောင်ပိုင်းကယ်ရိုလိုင်းနားပြည်နယ်မှူး Nikki Haley တို့လည်း ပါပါတယ်။
news from>>http://blog.irrawaddy.org/2012/08/forbes.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...