Wednesday, August 29, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၈)


သစ်ထူးလွင်


Posted: 29 Aug 2012 06:32 AM PDT
ဂျပန်နိုင်ငံသား တစ်ဦးနှင့် လက်ထပ်ပြီး အိမ်ခြံမြေများ ၀ယ်ယူဈေး ကစားမှုဖြင့် စစ်ဆေးခံရရင်း အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန အဆောက်အအုံမှ ပြုတ်ကျသေဆုံးခဲ့ရသော မနန်းဝိုးဖန်မှာ မတော်တဆ ပြုတ်ကျသေဆုံး ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းဖော်ထုတ် ရရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရှိရသည်။

ဂျပန်နိုင်ငံသား Mr.Namase Motohiko ဖြစ်သူသည် မနန်းဝိုးဖန်နှင့်လက်ထပ်ပြိး မြေကွက်များကိုဝယ်ယူဈေးကစားနေကြောင်း တိုင်ကြားချက်ကို ၂၀၁၂ ခုနှစ်မတ်လအတွင်းက ရရှိခဲ့သဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ညွှန်ကြားခဲ့ကြောင်း၊ ဆင့်ဆို အကြောင်းကြားချက်အရ မနန်ဝိုးဖန်က ၄င်း၏ ရှေ့နေဖြစ်သူ မအိအိအောင်နှင့် မတ်လ ၂၁ရက်နေ့တွင် လာရောက်သတင်းပို့ခဲ့ပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း၊ မနန်းဝိုးဖန်အားပြစ်မှုကြောင်းအရ တရားခံအဖြစ်ခေါ်ယူ စစ်ဆေးခဲ့ခြင်းမဟုတ်ကြောင်း၊ မနန်းဝိုးဖန်အားပြစ်မှုကြောင်းအရ တရားခံအဖြစ် ခေါ်ယူစစ်ဆေးခဲ့ခြင်းမဟုတ်ဘဲ အမှုနှင့်ပတ်သက်သည့် သက်သေအထောက်အထားများနှင့် စာရွက်စာတမ်း သက်သေခံချက်များ ရှာဖွေစုဆောင်းခြင်း၊ ဆက်စပ်အတည်ပြု မေးမြန်းခြင်းများကိုသာ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အမှုနှင့်ပတ်သက်ပြီး သိကျွမ်းသည်ဟု ထင်မြင်ယူဆရသူများကို တစ်ဆက်တစ်စပ်တည်း တားဆီးချုပ်နှောင်ထားရှိချိန် ၂၄နာရီထက် မကျော်လွန်စေရေးအတွက်လည်း အထူးအလေးထားစီမံကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ မတ်လ ၂၄ရက်နေ့ နံနက် ၅နာရီတွင် မနန်းဝိုးဖန်သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအဆောက်အအုံမှာ ကျသေဆုံးသွားကြောင်း၊ ယင်းသေဆုံးမှုကို ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး အခြေအနေအသေးစိတ်စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးချက်များအရ မနန်းဝိုးဖန်မှာ မတော်တဆပြုတ်ကျသေဆုံးခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ်တရားရုံးကလည်း ဇွန်လ ၁၃ရက်နေ့တွင် သေမှုသေခင်းဖြစ်စဉ်အဖြစ် အပြီးသတ်အမိန့် ချမှတ်ခဲ့ကြောင်းသိရှိရသည်။

သို့သော်လည်း မနန်းဝိုးဖန်သေဆုံးမှုအတွက် ရန်ကုန်တိုင်းဒေသကြီးရုံး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အကြီးအကဲနှစ်ဦးတို့ကို ဌာနညွှန်ကြားရေးမှူးချုပ်က သတိပေးဆုံးမပြီး အထိုက်အလျောက်တာဝန်ရှိသည့် ဦးစီးအရာရှိ၊ စုံစမ်းစစ်ဆေးရေးမှူး၊ ဒုတိယစုံစမ်းစစ်ဆေးရေးမှူးအပါအ၀င် ၀န်ထမ်း (၅) ဦးကို ဌာနဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မနန်းဝိုးဖန်၏ခင်ပွန်း ဂျပန်နိုင်ငံသား Mr.Namase Motohiko  အပါအ၀င်မြေကွက်အရောင်းအ၀ယ်လုပ်သူ ခြောက်ဦးကို မေလ ၁၇ရက်နေ့မှ စတင်ဖမ်းဆီးပြီး လှိုင်သာယာမြို့နယ် တရားရုံတွင် ပြစ်မှုကြီးအမှတ် ၉၇၆/၂၀၁၂ဖြင့် တရားစွဲဆို အမှုစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

Venus News Weekly  


သေဆုံးသူ မနန်းဝိုးဖန် (ဓာတ်ပုံ - YPI)



Posted: 29 Aug 2012 06:04 AM PDT
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုနယ် ဆမ္မဆယ်ကျေးရွာမှ တဆင့် တရုတ်ပြည်သို့ နွားကောင်ရေ တင်ပို့မှုများရှိ နေရာ  တစ်နေလျှင် နွားကောင်ရေ (၁၀၀၀)၀န်းကျင်  တင်ပို့နေ သည်ဖြစ်၍ နွားမျိုးပြုန်း တီးမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

နောင်ချိုမြို့နယ်   ဆမ္မဆယ်မှတဆင့် တရုတ်ပြည်သို့တင်ပို့ရာတွင်   (၁၂)ဘီးကားကြီးများဖြင့် တင်ပို့နေခြင်း ဖြစ်ပြီး   ကားတစ်စီးလျှင်နွားအကောင်ရေ(၂၀)မှ(၂၅)ကောင်အထိ တင်ဆောင်ကာတစ်နေ့လျှင်  ကားအစီးရေ (၅၀)အထိ  သယ်ဆောင်နေခြင်းဖြစ်သည်။

“တစ်နေ့ကိုကားအစီးရေ (၅၀)လောက် တင်ပို့နေတော့ ကြာရင်နွားကောင်ရေ မျိုးတုန်းသွားမှာကို ဒေသခံတော်တော်များများက  စိတ်ပူနေကြတယ်”ဟု   ဆမ္မဆယ်ရွာခံတစ်ဦးဖြစ်သူကပြောသည်။

အဆိုပါနွားများမှာ မြန်မာပြည်အလယ်ပိုင်းမှ  အများဆုံးဖြစ်ပြီး   ဈေးကောင်းပေးဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တင်ဆောင်သောကားများမှာ   ဆမ္မဆယ်မှမူဆယ်အထိ  တစ်ကြောင်းလျှင် ကားတစ်စီးလျှင်ကျပ်(၈)သိန်း အထိကျန်ကြောင်း  ကားခေါင်မိုးပေါ်တွင်   နွားကြည့်ရန်အတွက်   လိုက်ပါသူတစ်ဦးမှာ  တစ်ခေါက်လျှင် ကျပ်(၂) သောင်းဝန်းကျင်ရရှိကြောင်းကိုလည်း ယာဉ်မောင်းအသိုင်းအ၀ိုင်းကသိရသည်။ှ

“ဒီနွားတွေဟာ  ကျွန်တော်တို့တောင်သူလယ်သမားတွေ့ရဲ့  ကျေးဇူးရှင်တွေပါ သတ်ဖို့ရာအတွက် သူများနိုင်ငံပို့တာကြာလာရင်   နွားတွေမျိုးတုန်းသွားစိုးရိမ်ရတယ်၊  ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် မြန်မာပြည်မှာနွားမှ ကျန်ပါဦးမလားမသိဘူး”ဟု   နောင်ချိုမြို့နယ်သွေးလှုရှင်အဖွဲ့မှ လူငယ်တစ်ဦးက ပြောသည်။

အဆိုပါကားများမှာ ည(၉း၀၀)နာရီဝန်းကျင်တွင်  နောင်ချိုမြို့တွင်းမှ  ဖြတ်သန်းလေ့ရှိကြောင်းကိုလည်း မြို့ခံများက ဆိုသည်။

 နောင်ချိုမြို့နယ်အတွင်းတွင်   ၂၀၁၂ခုနှစ်အတွင်း   နွားခိုးသယ်ဆောင်မှုများအတွက် အရေးကြီးသယ်ဆောင်မှုပုဒ်မ (၈၁)နှင့်အမှုတစ်မှုပါ လူ(၅)ဦးအား   ဖမ်းဆီးထားပြီးဖြစ်ကြောင်း နောင်ချိုမြို့နယ်ရဲစခန်းမှ   ဒုရဲအုပ်တစ်ဦးက   အတည်ပြုပြောကြားခဲ့သည်။

အဆိုပါနွားများတင်ဆောင်နေသောနေရာမှာ   နောင်ချိုမြို့နယ် ဆမ္မဆယ်မှ သုံးဆယ်မြို့သို့ သွားသော ကားလမ်းဘေးတွင် တည်ရှိကြောင်းကိုလည်း ဆမ္မဆယ်ရွာခံများထံက သိရှိရသည်။

ငြိမ်းချမ်း(မြစ်မခ)
by Myit Makha Mediagroup




Posted: 29 Aug 2012 05:54 AM PDT
သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့် က ရန်ကုန်တိုင်း သာကေတမြို့ နယ် ကန်ကြီးဒေါင့် မှတ် တိုင် Horizon ကျောင်းအနီးမှာ ဆွမ်းခံကြွ ဆရာတော်များ တင်ဆောင်လာသည့် light truck ကားနှင့် သစ်လုံးတင် ဆောင်လာသည့် ကွန်တိန်နာကား တိုက်မိခဲ့ ကြောင်းသိရပါတယ်။

သံဃာ ကိုးပါးနှင့် လူလေးဦး လိုက်ပါလာသော Light Truck ယာဉ်သည် သာကေတ မြို့ နယ်မှ ယုဇန ဥယာဉ်မြို့ တော် အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းသို့ အသွားမှာ ယာဉ်တိုက်မှု ဖြစ်ပွါးခဲ့တာပါ။

အဆိုပါ ယာဉ်တိုက်မှုကြောင့် သံဃာလေးပါးနှင့် လူနှစ်ဦး ထိခိုက် ဒါဏ်ရာရခဲ့ကြောင်း မျက်မြင်တွေ့ ရှိသူ တဦးက Myanmar News Now သိရပါတယ်။


 ယနေ့ ဖြစ်ပွါးခဲ့သည့် ယာဉ်တိုက်မှု မြင်ကွင်း

Posted: 29 Aug 2012 05:16 AM PDT
ဦးကိုကိုလှိုင် (သမ္မတရုံးနိုင်ငံရေး အကြံပေး)

ဝန်ကြီးအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ရှင်းချက်ပေါ့။ တစ်ချက်က ဘာမြင်လဲဆိုတော့ အသိပညာရှင်တွေ အတတ်ပညာရှင်တွေကို ဒုတိယဝန်ကြီးတွေအဖြစ်နဲ့ ထည့်ထားတယ်။ ဒါကတော့ ဘာကိုပြသလဲဆိုရင် သက်ဆိုင်ရာ အသိပညာနဲ့ အတတ်ပညာလိုအပ်တဲ့ ဝန်ကြီး ဌာနတွေမှာ အသိပညာရှင် အတတ်ပညာရှင် တွေ ထည့်သွင်းလာခြင်းဟာ ပြုပြင်ပြောင်းလဲ ရေးရဲ့ ဒုတိယအဆင့်ကို စတင်တဲ့အခါမှာ အရှိန် အဟုန်မြှင့်ဖို့ လူအင်အားတွေ ဖြည့်ဆည်းလိုက် တယ်ဆိုတဲ့ သဘောမျိုး။ ကောင်းပါတယ်။နောက်တစ်ခုက ဝန်ကြီးတွေ၊ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးအဖြစ်နဲ့ ပြောင်းလဲပြီး ထည့် သွင်းလိုက်တဲ့ ဝန်ကြီးတွေလည်း ရှိပါတယ်။ ကျွန် တော်ထင်တာတော့ အလုပ်က သမ္မတဦးစီးတဲ့ အစိုးရအဖွဲ့ဆိုတော့ ဒါကို ဝင်ထမ်းပေးမယ့် သူ၊ တာဝန်ကို ဝင်ပြီးတော့ ခွဲဝေထမ်းဆောင်ပေးမယ့် သူ ဒါကို အင်အားဖြည့်တယ်လို့ မြင်တယ်။ ကုန်ကုန်ပြောရင် နောက်တစ်ဆင့် အရှိန်အဟုန်နဲ့ တက်ဖို့စပြီးတော့ အားယူတဲ့ သဘောလို့ အဲဒီလိုပဲ မြင်ပါတယ်။

ဆရာဖေမြင့် (ပြည်သူ့ခေတ်အယ်ဒီတာချုပ်)

သမ္မတအနေနဲ့ သူစောစောက ခန့်ထားခဲ့ တဲ့ ဝန်ကြီးအဖွဲ့နဲ့ သူ အလုပ်လုပ်လာတယ်။ တစ်နှစ်ကျော်လုပ်လာပြီးတဲ့နောက်မှာ တွေ့ ကြုံရတဲ့ အတွေ့အကြုံတွေ ဒီလူတွေရဲ့ လုပ် ရည်ကိုင်ရည်တွေကြည့်ပြီးတော့ လူပုဂ္ဂိုလ် တွေကို ကြည့်ပြီးတော့ ဆီလျော်တဲ့နေရာကို ပြောင်းတယ်ရွှေ့တယ်။ အဲဒီလို မြင်တာပဲ။ဒါက အစိုးရရဲ့ နိုင်ငံရေးစနစ် အပြောင်း အလဲတော့ မဟုတ်ဘူး။ အစိုးရယန္တရားတွေမှာ လုပ်ရကိုင်ရ တာ ပိုအဆင်ပြေအောင်လို့၊ တချို့ လူပုဂ္ဂိုလ်တွေ စိတ်တိုင်းမကျတာရှိမယ်။ အဲဒါ တွေကို ရွှေ့တယ်ပြောင်းတယ်။ တချို့ဌာနတွေ အဆင်မပြေတာရှိမယ်ပေါ့ဗျာ။ အဲဒါတွေကြည့် ပြီး ဒီပုဂ္ဂိုလ်က ဒီနေရာနဲ့ မသင့်တော်ဘူးဆိုပြီး ပေါ့။ စီမံဘဏ္ဍာနဲ့ စီးပွားရေးဆိုင်ရာ လုပ်နေတဲ့ ဝန်ကြီးတွေဖြစ်တဲ့ ဦးလှထွန်း၊ ဦးတင်နိုင်သိန်း တို့ကို သမ္မတရုံးဝန်ကြီးအဖြစ် ရွေးလိုက်တယ် ဆိုတော့ ဘဏ္ဍာရေးကိုင်တွယ်တဲ့ ပုဂ္ဂိုလ်တွေ ကို နေရာရွှေ့ပြောင်းလိုက်တဲ့ သဘောပေါ့။ ဒီနေရာမှာ လူသစ်တွေ ဝင်လာမယ့် သဘော ပေါ့။

ကိုမင်းကိုနိုင် (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)

ကျွန်တော် ထင်ပါ တယ်။ ကောင်းတဲ့ လက္ခ ဏာလို့ပဲ မြင်ပါတယ်။ ဘာဖြစ်လို့လဲ ဆို တော့ တကယ် ပြုပြင် ပြောင်းလဲရေး သမားတွေကို အင်အားရှိရှိ လုပ်နိုင်အောင် ဒီလိုစီစဉ်တယ်လို့ပဲ ကျွန် တော်မြင်ပါတယ်။ အစောကြီးကတည်းကလည်း သမ္မတကြီးက အရိပ်အမြွက် ပြောပြီးသားပါ။ ပြုပြင် ပြောင်းလဲ ရေးကို တကယ်လုပ်မယ့် သူတွေ ပိုပြီးတော့ လုပ်နိုင် ကိုင်နိုင် အားရှိသွားတယ်လို့ ထင်တယ်။

ဆရာဝင်းထွဋ်ဇော် (စာရေးဆရာ)

သမ္မတရုံးဝန်ကြီး ၄ ယောက် ဦးအောင် မင်းတို့၊ ဦးစိုးသိန်းတို့ စတဲ့သူတွေကို သမ္မတရုံး ဝန်ကြီး ခန့်လိုက်တယ်ပေါ့ဗျာ။ သူတို့နဲ့ပတ် သက်လို့ အပြင်မှာ ပြောနေကြတာတော့ ဒီမိုက ရေစီကို ပိုပြီးတော့လုပ်တဲ့ လူတွေပေါ့ဗျာ။ သမ္မတကြီးနဲ့လည်း နီးစပ်တဲ့သူတွေ။ အဲဒီလို ပြောကြတယ်။ ဟုတ်တာ မဟုတ်တာတော့ ကျွန်တော်မသိဘူးပေါ့။ သမ္မတကြီး အနေနဲ့ ကတော့ လုပ်ငန်းတွေကို ပိုပြီးတော့ ဒီမိုကရေစီ ကို ပိုပြီးအားကောင်းအောင်လုပ်မယ်ဆိုတဲ့ ပုံစံမျိုး ရှိလိမ့်မယ်လို့ ထင်တယ်လေ။ သူနဲ့ စိတ်တူကိုယ်တူရှိတဲ့ သူတွေပေါ့ဗျာ။ နောက် ကိုယ့်ရဲ့အဖွဲ့သားတွေ သမ္မတရုံးမှာ ပိုပြီး အားဖြည့်ပေးလိုက်တယ်လို့ ထင်တာပဲ။အပြောင်းအလဲကတော့ ဒါ ပထမအဆင့် ပေါ့။ နောက်လည်း အပြောင်းအလဲ တချို့ လာနိုင်မယ်လို့ ထင်တယ်။ ပြန်ကြားရေး ဆို လည်း ဦးအောင်ကြည်ပေါ့။ ဦးကျော်ဆန်းက တခြား ရောက်သွားပြီလေ။ အပြောင်းအလဲ ကို ပိုပြီးကောင်းအောင် တာစူတယ်လို့ပဲ မြင်တာပဲ။

ဦးအောင်လှထွန်း(ရိုက်တာသတင်းဌာန)

အပြောင်းအလဲက နေရာအပြောင်း အလဲပေါ့နော်။ ကျွန်တော် မြင်တာပေါ့လေ။ ဒီပုဂ္ဂိုလ်တွေပါပဲ။ ပါတီတစ်ခုတည်းကပဲ။ ဒီနောက်ခံပဲ။ ဒါကို နေရာပြောင်းတာပေါ့။ ကျွန် တော်ထင်ပါတယ်။ မူဝါဒရေးရာ အပိုင်းမှာတော့ သိပ်ပြီးအပြောင်း အလဲ မရှိဘူး။  ဒီပုဂ္ဂိုလ်တွေက အားလုံး အတူတူ လုပ်လာကြတာ။ ကိုယ်စားပြုတာကလည်း တစ်ပါတီ ဆိုတော့။နည်းနည်းတော့ လူမှန် နေရာမှန် ဖြစ် လာလိမ့်မယ်လို့ထင်ပါတယ်။အပြောင်းအလဲ ကတော့ ကောင်းသော အပြောင်းအလဲလို့ ယူဆပါတယ်။ ဒါပေမဲ့ ဒီထက်မကတော့ ပြောင်းလဲဖို့ လိုအပ်တာပေါ့။ ကျွန်တော်တို့ အဓိက မျှော်လင့်တာက လူတွေ ပြောင်းလဲ တာထက် မူတွေပြောင်းဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒုဝန်ကြီးပိုင်းမှာတော့ ကျွန်တော် အားရပါတယ်။ ပညာရှင်တွေ ပါတယ်။ ညွှန် ချုပ်အဖြစ် အကြာကြီးလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ။ တကယ့်ကို ကျွမ်းကျင်ပြီးသား။ ဒါကိုတော့ လက်ကမ်းကြိုဆိုပါတယ်ဗျ။

by Popular Myanmar News Journal



Posted: 29 Aug 2012 05:13 AM PDT
ကြီးမားခံ့ ညားသော လွှတ်တော် အဆောက်အအုံ အတွင်းမြင်ကွင်းများ က တီဗီဖန် သားပြင်ပေါ်တွင် သက် ဝင်လှုပ်ရှားနေသည်။ အမျိုးသားဝတ်စုံ အဆင်တန် ဆာတစ်ခုဖြစ်သော မောင့်ကျက်သ ရေခေါင်းပေါင်းများဖြင့် လွှတ်တော် ကိုယ်စားလှယ်များ။ ရှေ့ဘက်စင်မြင့် ပေါ်မှ လွှတ်တော်ဥက္ကဋ္ဌက အဆို တင်သွင်းနေသော ကိုယ်စားလှယ် ကို ကြည့်နေသည်။ တင်သွင်းသော အဆိုနှင့် အကြောင်းအရာများကို မြန်မာ့အသံအစီအစဉ်တင်ဆက်သူ က သတင်းအဖြစ် ထုတ်လွှင့်နေခြင်း  ဖြစ်သည်။ သို့သော် တီဗီရှေ့တွင် မည်သူ မျှမရှိပါ။ ''မိန်းမ တီဗီပိတ်လိုက်ဦး လေ''။''ရှင်မကြည့်တော့ဘူးလား။ သတင်းလာနေတယ်လေ''။ ''ဘာမှ မဟုတ်ပါဘူးကွာ။ စာတွေပဲ ဖတ်ပြ နေတာ။ ဒါပဲ။ ပိတ်လိုက်တော့။''အထက်ပါအဖြစ်အပျက်နှင့် စကားများမှာ လုပ်ကြံဖန်တီးထား သော ဇာတ်လမ်းမဟုတ်ပါ။ ရန်ကုန် မြို့ရှိ၊ မြို့နယ်တစ်ခုမှ အသက် ၃ဝ ဝန်းကျင်ရှိ ဘွဲ့ရပညာတတ် ကုမ္ပဏီ  ဝန်ထမ်းလင်မယားနှစ်ဦး၏ညစဉ် ၈ နာရီသတင်းလာချိန်တိုင်း ဖြစ်ပျက်နေ ကျအကြောင်းအရာတစ်ခုအား ကာယကံရှင်များ ကပြောပြခြင်းဖြစ်သည်။ ''ကျွန်တော်တို့က ဘာတွေလုပ် ပေးမယ်၊ ဘာတွေပြောင်းလဲမယ်ဆို တာကိုပဲ လက်တွေ့ကျကျ သိချင် တယ်။ အခုဟာက ဘယ်တုန်းက ဘယ်လိုတွေ လုပ်ခဲ့တယ်။ ဘာတွေ ဘယ်နှခုရှိပါတယ် ဆိုတာတွေ စားမြုံ့ပြန်နေတာ။ ဝန်ခံရရင် လွှတ် တော်ကို စိတ်ကိုမဝင်စားတာ''ဟု အထက် ပါလင်မယားမှ အမျိုးသား ဖြစ်သူ အိုင်တီပညာရှင် ကိုရဲမင်းက ဆိုသည်။

လွှတ်တော်သို့မဟုတ် သမိုင်းအချိုးအကွေ့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ရွေး ကောက်ပွဲပြီးနောက်ပိုင်း ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလတွင် အမျိုးသားလွှတ် တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေ သကြီးလွှတ်တော်များ အသီးသီးပေါ် ပေါက်ခဲ့သည်။ ယင်းနောက် ပြည် ထောင်စုလွှတ်တော်မှ တစ်ဆင့် ဦးသိန်းစိန်ဦးဆောင်သော အစိုးရ တစ်ရပ်ပေါ်ပေါက်လာသည်။ နှစ်ပေါင်းများစွာ ပြင်ဆင်ရေးဆွဲ ခဲ့သော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေစတင်အသက်ဝင်ခြင်းနှင့်အတူ နှစ်ပေါင်း ၅ဝ ခန့်အတွင်း မြန်မာနိုင်ငံ ၌ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဟူ၍ တိုင်းပြည် အချုပ်အခြာအာဏာကို ပဲ့ပြင် ထိန်းကြောင်းမည့် မဏ္ဍိုင်သုံးရပ် တစ်သီးတခြားစီ ပေါ်ပေါက်လာ သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို မယုံကြည်သူများပင် သမ္မတဦးသိန်း စိန်၏ သန့်ရှင်းသော အစိုးရ၊ ကောင်း မွန်သော အုပ်ချုပ်ရေး မိန့် ခွန်းများကြောင့် တပ်မတော် တစ် ပိုင်းအရပ်သားအစိုးရကို စတင် ယုံကြည်ခဲ့သည်။ ''အစိုးရအဖွဲ့အစည်းက အစိုးရ နဲ့ ဆိုင်တဲ့ အလုပ်တွေလုပ်ကြတယ်၊ တာဝန်ယူကြတယ်။ ဒီအတိုင်းပဲ တရားရေးအလုပ်တွေ လုပ်ကြတယ်။  သူတို့တာဝန်သူတို့လုပ်ကြတယ်။ ဒီလိုပဲပြည်သူများရဲ့ ကိုယ်စားလှယ်၊ အမျိုးသားများရဲ့ ကိုယ်စားလှယ်များ ပါဝင်တဲ့ ကျွန်တော်တို့ လွှတ်တော်  ကလည်း ကျွန်တော်တို့လုပ်ရမယ့် လုပ်ငန်းတာဝန်တွေ လုပ်ကြရမယ်၊၊ လုပ်တဲ့အခါမှာလည်း တာဝန်ကျေဖို့ လိုပါတယ်။ အဲဒီလို တာဝန်ကျေ အောင် လုပ်ဖို့ဆိုရင် ကျွန်တော်တို့ တွေက မိမိတို့ရဲ့ အဓိကလုပ်ငန်း တွေကို ထမ်းဆောင်တဲ့အခါမှာ တာဝန်ကျေအောင်လုပ်နိုင်တဲ့ စွမ်း ရည်၊ အရည်အချင်းတွေ ရှိဖို့လိုပါ တယ်''ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂ဝ၁၁ ခုနှစ်၊ မေလ ၂၃ ရက်နေ့လွှတ် တော်ရုံးခန်းမ၌ ပြုလုပ်သော ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ် တော်ကော်မတီ (၄) ရပ်၊ တိုင်း ဒေသကြီးနှင့် ပြည် နယ်လွှတ်တော် ဥက္ကဋ္ဌများ၏ လွှတ် တော်လုပ်ငန်း ဆိုင်ရာ ဆွေးနွေးပွဲတွင် လမ်းညွှန် မှာကြားခဲ့သည်။ ထို့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လက်ရှိအ ခြေအနေနှင့် မကိုက်ညီသည့် ဥပဒေ များကို ပြင်ဆင်ရေး၊ ဖြည့်စွက်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြဋ္ဌာန်းရေး သည် နိုင်ငံနှင့် ပြည်သူအတွက် အဓိကတာဝန်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ထိုအချိန်မှ စ၍ သူရဦးရွှေမန်း နှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို နိုင်ငံရေး လေ့လာစောင့်ကြည့်သူအချို့ စိတ် ဝင်တစားရှိခဲ့သည်။ သို့သော် . . ယခင်လွှတ်တော်သုံးကြိမ် ကျင်းပခဲ့စဉ်ကထက် ဇူလိုင်လ ၄ ရက်က စတင်ကျင်းပသော လွှတ် တော်အစည်းအဝေးများမှစ၍ ကြား ဖြတ်ရွေးကောက်ပွဲ၌ ပြည်သူ၏ တစ်ခဲနက် ထောက်ခံမှုဖြင့် လွှတ် တော်တွင်းရောက်ရှိလာသည့် NLDကိုယ်စားလှယ်များကို ပြည်သူက ပိုစိတ်ဝင်စားခဲ့သည်။ ထို့ကြောင့်ပင် NLD ပါတီမှ ပုသိမ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းသော အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုစာရင်းတင်ပြရေးနှင့် ပတ် သက်၍ လွှတ်တော်၏ တုံ့ပြန်မှုကို လူထုက အလေးထားခဲ့သည်။ သို့ သော် ထောက်ခံမဲ ၆၈ မဲသာရ၍ အပြတ်အသတ်ရှုံးနိမ့်ပြီး တင်သွင်း သော အဆိုပျက်ပြယ်ခဲ့သည်။

မတူသောဆန္ဒများဖြင့် လွှတ်တော် ''အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင် မှုထုတ်ဖော်ကြေညာရေးအဆို တင်တာ လွှတ်တော်က ပယ်ချ လိုက်တယ်။ ဒါကို ပြည်သူက ဘယ်လိုသဘောထားမလဲ။ ပြည်သူ က နိုင်ငံ့ခေါင်းဆောင်တွေကို အစိုးရ မဖြစ်ခင်က ဘာအလုပ်လုပ်လဲ။ အစိုးရဖြစ်ပြီးနောက် သန့်ရှင်းစွာ အလုပ်လုပ်လားဆိုတာ ပြည်သူက အစစ်ဆေးခံစေချင်တာ။ ပြည်သူရဲ့ ရွေးချယ်မှုနဲ့ အစိုးရလုပ်သူဟာ သူ တို့ရဲ့ ရိုးသားဖြောင့်မတ်မှုအတွက် စစ်ဆေးခံသင့်တယ်။ ဒါကို မလိုဘူး ဆိုပြီး ပယ်ချတယ်။ ဒီလိုပယ်ချတာ အကြောင်းတော့ရှိရမယ်။ ဒါကို စဉ်း စားလို့မရဘူး''ဟု မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ပြည်သူ့ ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီ တာ စာရေးဆရာ မောင်ဝံသက ပြောသည်။ထိုနည်းတူပင် လက်ရှိ လူထုအတွင်းလူပြော အများဆုံး ရှုပ်ထွေးမှုအဖြစ်ဆုံး ဖြစ်ပေါ်နေသော လယ် ယာမြေပိုင်ဆိုင်မှုအငြင်းပွားပြဿနာ များနှင့် ပတ်သက်၍ ဇူလိုင်လ ၂၃ ရက်က ကျင်းပသော ပြည်ထောင် စုလွှတ်တော်တွင် ဇလွန်မဲဆန္ဒနယ် မှ ဦးတင်ထွတ်က လယ်ယာမြေများ သိမ်းဆည်းခံ ရခြင်းများအား စုံစမ်း လေ့လာဖော်ထုတ်ပြီးတောင်သူများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဆောင်ရွက်ပေးရန် အဆိုကို တင်သွင်းခဲ့သည်။ ယင်းအဆိုကို ထောက်ခံ ဆွေးနွေးသူများစွာဖြင့် အတည်ဖြစ်ခဲ့ သော်လည်း ကန့်ကွက်သူများမှာ လည်း မနည်းပေ။''မတရားသိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေကို စုံစမ်းစစ်ဆေး ရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ ဒါက အောင်မြင်တယ်။ ဒါပေမဲ့ ကန့် ကွက်တဲ့သူတွေက များတယ်။ ဒါကို မစစ်ဆေးသင့်ဘူးဆိုပြီး မဲပေးတဲ့သူ တွေ။ အဲတော့ ကျွန်တော်တစ်ခု စဉ်းစား တယ်။ ပါတီကနေပြီး ဒီအဆို အတည်ပြုသွားလို့ ဘယ်လိုမှ မဖြစ် သင့်ဘူးဆိုပြီး အပေါ်က ညွှန်ကြား၊ အဲဒီအတိုင်း ကန့်ကွက် ပေါ့။ ပြည်သူလူထုရဲ့ သဘောထားနဲ့ လုံးဝဆန့် ကျင်ပြီးဆုံးဖြတ်တဲ့ပါတီဟာ နောက် ရွေးကောက်ပွဲမှာ သေချာပေါက်ရှုံး မှာပဲ။ ဘယ်လိုမှ ရပ်တည်လို့မရ တော့ဘူး''ဟု လွှတ်တော်အတွင်း အဆိုနှင့် မေးခွန်းများ ကန့်ကွက် ပယ်ချခံရခြင်းများနှင့် ပတ်သက်၍ စာရေးဆရာမောင်ဝံသက သုံးသပ် ပြောကြားသည်။

ဝေဖန်မှုများကြားက သက်ဝင်နေတဲ့ လွှတ်တော်ယခုလအတွင်း လွှတ်တော် အစည်းအဝေးများကို နိုင်ငံရေးလေ့လာစောင့်ကြည့် သူများနှင့် စိတ်ဝင် စားသူများအကြား ဝေဖန်သံအမျိုးမျိုး ထွက်ခဲ့သည်။ သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ အခြေ ခံဥပဒေခုံရုံးကိစ္စနှင့် ပတ်သက်၍ အ ပြန်အလှန်သဝဏ်လွှာပေးပို့ခြင်းအ ပါအဝင် ပြည်သူလူထုနှင့် တိုက်ရိုက် ပတ်သက် သော အထက်ပါ လယ်ယာမြေအငြင်းပွားမှု ကိစ္စများ၊ အစိုးရအဖွဲ့များ၏ ပိုင်ဆိုင်မှု ထုတ်ဖော် ကြေညာရေး အဆိုတို့ကြောင့် အိပ်နေသော လွှတ်တော်မဟုတ် ကြောင်း သက်သေသာဓကပြရာ ရောက်သည်။ပြည်သူလူထုသည် ၄င်းတို့၏ အခြေခံ စားဝတ်နေရေးနှင့် ပတ်သက် လာသောအခါ လွှတ်တော်အပေါ် စိတ်ဝင်စားလာခဲ့သည်။ ယခင်လွှတ်တော်အကြိမ် များတွင် မေးမြန်းသူ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်နှင့် ပတ်သက်ပြီး သက် ဆိုင်ရာ ဝန်ကြီးဌာန၏ ပြန်လည် ဖြေဆိုချက်များ ဘဝင်မကျခဲ့သော် လည်း ပြည်သူလူထု၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်မည့် ကိစ္စကို ပြည်သူလူထုစိတ်ဝင်စားမည်ဖြစ် ကြောင်း အသက် ၆ဝ ကျော်အ ရွယ် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူ က ဆိုသည်။ ''တိုင်းဒေသကြီးနဲ့ပြည်နယ် မှာ လွှတ်တော် မှာ လုပ်ရမယ့်ကိစ္စတော် တော်များများကိုလည်း ပြည်ထောင် စုအဆင့် လွှတ်တော်မှာ တင် နေ ကြတယ်။ အဲဒီမှာက တစ်နိုင်ငံ လုံး နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ ကိစ္စ တွေကိုပဲ လုပ်ရမှာ။ အခုဟာက ကျွန်တော်တို့ ဒေသတွေမှာ ဆေးရုံမရှိလို့၊ လမ်းမကောင်းလို့၊ ရေချိုး ခန်းမရှိလို့ အိမ်သာမရှိလို့ဆိုတာ မျိုးတွေ၊ ဒါအဓိပ္ပာယ်မရှိဘူး''ဟု ရှမ်းတိုင်းရင်းသား များဒီမိုကရက် တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစောသန်းမြင့်က ပြောသည်။ ယင်းအပြင် ''အမျိုးသားဒီမို ကရေစီအင်အားစုမှ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက လွှတ်တော်အစ ပိုင်းကာလများတွင် ဝန်ကြီးဌာနများ ၏ ဖြေကြားမှုနှင့်ပတ်သက်၍ ''ဝန် ကြီးတွေ ပထမဆုံးလွှတ်တော်မှာ ဖြေကြားတာဘာမှ ရေရေရာရာမရှိ ဘူး၊ ပြီးခဲ့တာတွေ ပြောပြီးဘာ လုပ်ပေးမယ်ဆိုတာ မပါဘူး''ဟု လွှတ် တော်တွင်း အခြေအနေကို ပြန် ပြောင်းပြောပြသည်။တစ်နှစ်နှင့် ခြောက်လသာရှိ သေးသော လွှတ်တော်အနေဖြင့် အတွေ့အကြုံနှင့် ဒီမိုကရေစီရင့်ကျက် မှုလိုအပ်နေသေးကြောင်း သုံးသပ် သူများ များစွာရှိသည်။ ထိုနုနယ် သော သက်တမ်းကာလအတွင်း အရေးကြီးသော ဥပဒေများ ပြဋ္ဌာန်း အတည်ပြုပေးခြင်း၊ ပြင်ဆင်ပယ် ဖျက်ခြင်းများပြုလုပ်ခဲ့သည်ဟု ထောက်ခံပြောကြားသူများလည်း ရှိ သည်ပင်။''တဖြည်းဖြည်းတော့ လုပ် ပိုင်ခွင့်ဘောင်ထဲကနေ တိုးတိုးပြီး ဆောင်ရွက်နိုင် ခဲ့တယ်လို့ ယူဆမိပါ တယ်။ တစ်ထပ်တည်းကျအောင် ကြိုးစားနေပြီလို့ ကျွန်တော်တော့ ဒီလိုပဲ ပြောနိုင်ပါတယ်။ ဆောင်ပုဒ် အတိုင်းပြည်သူ့အသံ၊ လွှတ်တော် အသံဖြစ်ပြီလို့တော့ ပြောလို့မရသေး ပါဘူး''ဟု NLD ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်း ကြိုင်က ပြောသည်။ ထို့အပြင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ၄င်းအနေဖြင့် လွှတ်တော်တွင်း အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်းများသည် ပြည်သူမှလာသော ပြည်သူ့ဆန္ဒများသာ ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်  အားလုံး ပြည်သူ့အသံအစစ်အမှန် ဖော်ထုတ်ရန်မှာ အချိန်အတိုင်းအတာတစ်ခုနှင့် အတွေ့အကြုံအပေါ် အခြေခံ၍ ပြည်သူက ထိန်းကျောင်း သွားရမည်ဖြစ်ကြောင်းပြောကြားသည်

ကော်မတီများ မျှထမ်းရတော့မည့် လွှတ်တော်၏ ထမ်းပိုးထိုကဲ့သို့ ဥပဒေပြုရေးမဏ္ဍိုင်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက် လျှင် လွှတ်တော်အတွင်း  ရေးရာကော်မတီများ၏အခန်းကဏ္ဍ ကို ချန်ထားဋ္ဋ၍ မရကြောင်း သုံးသပ်ပြောကြားသူများ လည်း ရှိကြ သည်။ ယခုနောက်ဆုံး ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်သော တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအပါအဝင် ရေးရာကော်မတီ၂ဝ ကျော်ရှိရာ ၄င်းကော်မတီများ၏ သက်ဝင်လှုပ် ရှားမှုကများစွာ အခရာကျသည်ဟု အသီးသီး ပြောကြားကြသည်။ ထိုအထဲတွင် ဥပဒေကြမ်းကော် မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊ နိ
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...