Friday, August 31, 2012

သစ်ထူးလွင် သတင်း စုစည်းမှု (၃၁-၈)

သစ်ထူးလွင်



Posted: 31 Aug 2012 02:37 AM PDT
ရန်ကုန် ဩဂုတ် ၃၁

အစိုးရတပ်ဖွဲ များနှင့်ကေအိုင်အေတို့တိုက်ပွဲ များဖြစ်ပွါးနေသော မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ် ဖားကန့် နယ်မြေအနီးတွင် မြန်မာ့တပ်မတော် ခလရ (၂၆၉) တပ်ရင်းသည်ဩဂုတ်လ ၂၉ ရက်နေ့က ကေအိုင်အေ များခိုအောင်းနေထိုင်နေသည် ကျေးရွာ ကိုဝင်ရောက်ရှင်းလင်းရာ ကေအိုင်အေ တို့ထောင်ထား သည် မိုင်းပဒေ သာအတွဲလိုက် ထိမှန်ပြီးအရာရှိ ၆ ဦးနှင့် အခြားအဆင့် တပ်သားစုစုပေါင်း ၄၂ ဦး စုစုပေါင်း ၄၈ ဦးကျဆုံးသွားကြောင်း အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ် မှတစ်ဆင့်သတင်းများရရှိ သည်။

The Voice Weekly




Posted: 31 Aug 2012 02:21 AM PDT
၉၂ ပါဂျောင်ရှင်းတမ်း ဟု အမည်ပေးထားသော မြန်မာပြည် မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ၏ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီတွင် ကျင်းပခဲ့သည်။ ပုံမှာ မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများထဲမှ ထွက်ပြေး လွတ်မြောက် လာသူများက ရှင်းလင်းနေစဉ်နှင့် ၎င်းတို့၏ ကြေညာချက် ---
အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
7Day News Journal



Posted: 31 Aug 2012 02:02 AM PDT
“ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ အချိန်ဖြစ်တဲ့ အတွက်ကြောင့်မို့ အစိုးရနဲ့ မတူညီတဲ့ သဘောထားတွေ ထုတ်ဖော် ပြောဆိုတ ကြောင့်မို့လို့  ပြည်ပမှာရှိတဲ့ ဘယ်သူတစ်ဦး တစ်ယောက်ကိုမှ အမည်းရောင် စာရင်းထဲမှာ ထပ်မရှိ သင့်တော့ပါဘူး။ အကျဉ်း ထောင်တွေထဲ ရောက်နေ တာလည်း မရှိသင့်တော့ဘူး”ဟု ယနေ့မြန်မာနိုင်ငံသို့ ပြန်လည်လာ ရောက်သော ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမည်ပျက်စာရင်းနှင့် ပတ်သက်၍ ၎င်း၏သဘောထားကို ထုတ်ဖော်ပြောကြားသည်။

ထို့အပြင် ဒေါက်တာနိုင်အောင်က ယခုခရီးစဉ်နှင့် ပတ်သက်၍လည်း အောက်ပါအတိုင်း ပြောသည်။

“အခုကတစ်ဦးချင်းကို တစ်သီးပုဂ္ဂလအနေနဲ့ ဖိတ်လို့လာတာ ဖြစ်ပေမယ့် ကျွန်တော်တို့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီအရေး အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြင်တွေ အဲဒီမူသဘောထားတွေအရ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”

ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်း၊ ဦးညိုအုန်းမြင့်တို့သည် ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အချိန်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း စသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိသည်ဟု ပြောကြားခဲ့သည်။

ဒေါက်တာနိုင်အောင်က မြောက်ပိုင်းမှ ထွက်ပြေးလွတ်မြောက်လာသူ ကျောင်းသားများနှင့် တွေ့ဆုံရန် အစီအစဉ် ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ၎င်း၏အဖွဲ့သို့ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှာသာ တွေ့ဆုံရန် အစီအစဉ်ရှိသည်ဟု ပြောသည်။

7Day News Journal

ယနေ့မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်သော ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမည်ပျက်စာရင်းနှင့် ပတ်သက်၍ ၎င်း၏သဘောထားကို ထုတ်ဖော်ပြောကြားစဉ်

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)




Posted: 31 Aug 2012 12:41 AM PDT
နိုင်ငံရေးအရ လုပ်ပိုင်ခွင့်၊ ဆောင်ရွက်ခွင့်တွေရရင် အချိန်မရွေး ကိုယ့်တိုင်းပြည်မှာပဲ ကျရတာဝန်ကို လုပ်ဆောင်မယ်လို့ ၈၈ အရေးတော်ပုံပေါ်မှာ ထင်းရှားတဲ့ ခေါင်းဆောင် တဦးဖြစ်ခဲ့ပြီး လောလောဆယ် ပြည်ပမှာ နေထိုင်နေတဲ့ ဦးမိုးသီးဇွန်က ပြောပါတယ်။

ဦးမိုးသီးဇွန်နဲ့ ပြည်ပအခြေစိုက် ခေါင်းဆောင်တချို့ဟာ  ၂၄ နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ရန်ကုန်ကို စက်တင်ဘာ ၁ ရက်နေ့ သွားရောက်တော့မှာပါ။ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ဘာတွေ လုပ်ဆောင်မလဲ၊ ပြီးတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး ကိုမိုးသီးဇွန်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

၂၄ နှစ်အတွင်းမှာ မြန်မာပြည်ကို ပထမဆုံးပြန်လေ့လာတဲ့ ခရီးစဉ်ဆိုတော့ အဓိက မြန်မာပြည်ထဲမှာ ဘာတွေလုပ်မယ်၊ ဘယ်သူနဲ့တွေ့ဖို့ရှိပါလဲ။

“အဓိက ကျနော်တို့ သွားတာက ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စ၊ နိုင်ငံရေးအပြောင်းအလဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးဆိုတဲ့ လုပ်ငန်းစဉ်တွေ ၊ ခေါင်းစဉ်တွေ ဆွေးနွေးဖို့ သွားတာပါ။”

ဘယ်လောက်အထိ လုပ်လို့်ရမယ်လို့ မျှော်လင့်လဲ။

“ဒါကတော့ အခြေအနေတွေ အားလုံးကို ကျနော်တို့ ကြည့်ရမှာပေါ့။ ဒီလုပ်ငန်းစဉ်တွေဟာ အလွန်တရာမှ ကြီးကျယ်တဲ့  လုပ်ငန်းစဉ်တွေပါ။ ကျနော်တို့ တဖွဲ့တည်းနဲ့ လုပ်နိုင်မယ်လို့ မခံယူပါဘူး။ ကျနော်တို့ ရှိတဲ့အင်အားနဲ့လည်း မရပါဘူး။ တမျိုးသားလုံးပါဝင်ပြီး လုပ်ဆောင်ရ မှာပေါ့။ အစိုးရရော၊ ဒီမိုကရေစီအင်အားစုတွေရော အကုန်လုံးအတူတကွ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်တော့ ဒီလုပ်ငန်းတွေက အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။”

ဦးမိုးသီးထွက်လာတဲ့ လွန်ခဲ့တဲ့ ၂၄ နှစ် အချိန်တုန်းကတော့ တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နိုင်ငံရေးလုပ်နေကြတယ်၊ နိုင်ငံရေးအသိတွေ ရှိနေကြတယ်။ အခုအခြေအနေ အနေအထားရော ဘယ်လိုမျိုး ပြောလို့ရလဲ။

“အခုအခြေအနေကလည်း နိုင်ငံရေးနိုးကြားလာပြီလို့ ပြောလို့ရတယ်။ အရင်ကနဲ့ မတူတာကတော့ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေကို လွန်ခဲ့တဲ့ ၂၄ နှစ်တုန်းက တစိုက်မတ်မတ် တောင်းရ တာလေ။ အခု သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက စပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေကို သံန္နိဋ္ဌာန်ချပြီးတော့ လုပ်လာတယ်။ နောက်တခုက အထဲမှာလည်း ဒီမိုကရေစီအင်အားစုတွေက အခက်အခဲ အကျပ်အတည်းတွေကြားထဲက အပြောင်းအလဲတွေကို ကြိုးပမ်းနေတာတွေ့တယ်။ ဒါကြောင့်မို့လို့ ၈လေးလုံးတုန်းကတောင်းလာတဲ့ တောင်းဆိုချက်တွေနဲ့ အစိုးရကလည်း ဒီတောင်းဆိုချက်တွေကိုပဲ လုပ်ဆောင်နေတယ် ဆိုတော့ လူထုရဲ့ နိုးကြားလာမှုက ၈ လေးလုံးကနဲ့ အတူတူပဲလို့  ကျနော်အနေနဲ့ မြင်ပါတယ်။”

အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာ ဘာတွေ ဆွေးနွေးမယ်လို့ ပြင်ထားလဲဗျ။

“ခုနက ပြောသလို တိုင်းပြည်ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ပြန်လည် တည်ထောင်ရေး လုပ်ငန်းတွေကို အဓိက ဦးစားပေးပြီး ဆွေးနွေးမှာပါ။ အဲဒီလုပ်ငန်းတွေ အတွက်လည်း ဒီမိုကရေစီ အင်အားစုနဲ့ရော အစိုးရနဲ့ရော အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကျနော်တို့အဖွဲ့က ဆုံးဖြတ်ထားပါတယ်။ အဲဒါတွေကိုပဲ ဆွေးနွေးတင်ပြမှာပါ။ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံရေး အင်အားစု အားလုံးရဲ့ အမြင်တွေကို ကျနော်တို့ လေ့လာခွင့်ရမယ်လို့ ယုံကြည်ပါတယ်။”

ဘယ်အလို အခြေအနေပေးရင် ပြည်တွင်းထဲမှာ နေထိုင်ပြီး နိုင်ငံရေးကို လုပ်မယ်လို့ မျှော်လင့် ထားလဲ။

“လွန်ခဲ့တဲ့ ၂၄ နှစ်ကတည်းက တိုက်လာတာက ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်ဖို့၊ ကိုယ်တိုင်းပြည်ကို ကိုယ်ပြန်တည်ဆောက်ဖို့ပဲ။ ကျနော်တို့တွေကို နိုင်ငံရေးအရ လုပ်ပိုင်ခွင့် ဆောင်ရွက်ခွင့်တွေ ရမယ်ဆိုရင် အချိန်မရွေး ကိုယ့်တိုင်းပြည်မှာ ပြန်ပြီးတော့ ကျရာတာဝန်ကို လုပ်မှာပါ။ ကျနော်တို့ ပဏာမဆွေးနွေးနေတဲ့ ဦးအောင်မင်းနဲ့ တုန်းကလည်း ဒီကိစ္စကို ဆွေးနွေးကြပါတယ်။ အဲဒီကိစ္စတွေ အားလုံးကို အဆင်ပြေမယ်လို့လည်း သူ့အနေနဲ့ မျှော်လင့်ထားတယ်။ ကျနော်တို့ အနေနဲ့လည်း မျှော်လင့်ထားတယ်။”

ပထမဦးဆုံး မြန်မာပြည်ကို ပြန်ရောက်ရင် ဘာကို စလုပ်မလဲဗျ။

“ပထမဆုံး ရွှေတိဂုံဘုရားကို သွားချင်တယ်။ အင်းလျားကန်မှာ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် နှင်းဆီပန်းလေးတွေ အင်းလျားကန်ထဲကို ချချင်တယ်။ မတ်လ ၁၆ ရက်နေ့မှာ ကျဆုံးသွားတဲ့ ရဲဘော်တွေ အတွက်ပေါ့။ နောက်ပြီး ၀န်ကြီးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမယ်။ ရောက်ရောက်ချင်းကတော့ ၈၈ ပြည်တွင်းက အင်အားစုတွေက ကျနော်တို့ကို ဂီတဖျော်ဖြေမယ့်ပွဲမှာ သွားတက်မယ်။”

တခြား ဘာပြောချင်တာ ရှိလဲဗျ။

“အခု ကျနော်တို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေက ကျနော်တို့အတွက် မဟုတ်ပါဘူး။ တမျိုးသားလုံးအတွက် မြန်မာပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေး ပဋိပက္ခတွေ ညှိနှိုင်းကြိုးပမ်းဆောင်ရွက်ပါ့မယ်။ ကျနော်တို့ကို အားပေးပါ။ ထောက်ခံပါ၊ ကူညီပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။”

by မင်းလွင် (ဒီဗွီဘီ)




Posted: 31 Aug 2012 12:37 AM PDT
ရန်ကုန် သြဂုတ် ၃၁

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ တစ်ခုတည်း သော မှန်စီသုသာန်မှာ ဒေသတွင်း ဆူပူ အကြမ်းဖက်မှု များကြောင့် ယခုအချိန်ထိ အသုံးပြုရန် ယာယီ ရပ်ဆိုင်းထားသည့်အတွက် အသုဘသဂြိုလ်မှုများ ပြုလုပ်ရာတွင် အခက်အခဲ များဖြင့် ကြုံတွေ့ နေရကြောင်း စစ်တွေမြို့ နာရေး ကူညီမှု အသင်းထံမှ သိရှိရသည်။

“တစ်ခါတစ်လေ အလောင်း ဆယ်ကိုးလောင်း ထပ်သွားတာရှိတယ်။ အဲဒါတွေကို
အဆင်ပြေအောင် ထားဖို့ ကျွန်တော်တို့ မှာ အအေးခန်း မရှိဘူး။“ ဟု စစ်တွေမြို့ နာရေး ကူညီမှု အသင်းဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ယင်းသို့ အသုဘအလောင်းများ ထပ်သွားရခြင်းမှာ ယခုလက်ရှိ အသုံးပြုနေသည့် ယခင် အာကျိတ်တော်ကုန်းက သုသာန် ဟောင်းမှာ အသုဘသဂြိုလ်ရန် မြေနေရာ အဆင်မပြေသဖြင့် အလောင်းများကို တစ်ခါတည်း သဂြိုလ်ရန် စုထားရသည့် အတွက် ဖြစ်ကြောင်း၊ ယင်းသို့ စုထားရာတွင်လည်း အအေးခန်း မရှိသဖြင့် အခက်အခဲများ ကြုံနေရကြောင်း စစ်တွေမြို့ နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူ တစ်ဦး က The Voice Weekly သို့ပြောကြား သည်။

"လောလောဆယ်တော့ အာကျိတ်တော်ကုန်းက အရင် သင်္ချိုင်းဟောင်းနေရာမှာ မီးသဂြိုလ်နေရတယ်။ အဲဒီကို ဘယ်သူမှ မသွားရဲဘူး။ပြီးတော့ စစ်တွေမှာဖြစ်တဲ့ ပြဿနာက အဲဒီက စဖြစ်တာ။ အသုဘ သွားပို့တဲ့ ကားတွေကို ဘင်္ဂါလီ တွေက ဝိုင်းပြီး ရိုက်ခဲ့ကြတာလေ။" ဟု ၄င်းကဆိုသည်။

အဆိုပါ မှန်စီ သုသာန်မှာ စစ်တွေမြို့၏ အနောက်မြောက်ဘက် ပင်လယ်ကမ်းစပ် အနီးတွင် တည်ရှိပြီး စစ်တွေမြို့နှင့် လေး မိုင်ကျော် ငါးမိုင်ခန့် အကွာအဝေးတွင်ရှိကြောင်း၊ အဆိုပါ သုသာန်သို့ သွားရာ လမ်းလျှောက်တွင် ဘင်္ဂါလီ ကျေးရွာများ ရှိနေသဖြင့် ဘင်္ဂါလီ လူမျိုးများက ရန်ပြုမည်ကို စိုးရိမ်၍ ယင်းသို့ အသုံးမပြုနိုင်ခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

"လူတစ်ဦးရဲ့ နောက်ဆုံး အချိန်ကိုတောင် ကောင်းကောင်းမွန်မွန် လိုက်ပို့ခွင့် မရဘူးဆိုတာ အတော်လေး ဆိုးဝါးတဲ့အရာပါ။ ဒါတွေက မဖြစ်သင့်တဲ့ အရာတွေ ဒါကို တာဝန်ရှိတဲ့သူတွေက အဆင်ပြေအောင် လုပ်ပေး စေချင်ပါတယ်။" ဟု စစ်တွေမြို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ စစ်တွေပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ၄င်း၏ အမြင်ကို ရှင်းပြ သည်။

အဆိုပါကိစ္စရပ်များနှင့် ပတ်သတ်၍ The Voice Weekly က ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ရပ်မိရပ်ဖများနှင့် နာရေးကူညီမှုအသင်းတို့က မှန်စီသုသာန်၌သင်္ဂြီုလ်ရသည်မှာ ၄င်းတို့အတွက် လုံခြုံမှုမရှိ၍ယခင်သုသာန်ဟောင်းဖြစ်သည့် အာကျိတ်တော်ကုန်းကသုသာန်ကို အသုံးပြုခွင့် ပေးရန် မိမိတို့ အစိုးရအဖွဲ့ကို တောင်းဆိုသဖြင့် ဘုန်းတော်ကြီးများထံ ခွင့်တောင်း၍ယင်းသို့ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း၊ မိမိတို့အ နေဖြင့်စစ်တွေမြို့တွင် လုံခြုံရေးလုံလုံလောက်လောက်ချထားလျှက်ရှိကြောင့် ၄င်းကရှင်းပြသည်။

စစ်တွေမြို့ရှိ နှစ်ပေါင်းများစွာ ရခိုင်တိုင်းရင်းသားများအသုံးပြုခဲ့သော အာကျိတ်တော်ကုန်းမှ သုသာန်ဟောင်းကို အစိုးရ၏ အစီအမံဖြင့် လက်ရှိ အသုံးပြုနေသော မှန်စီသုသာန်နေရာသို့ ၂၀၀၉ ခုနှစ်တွင်ပြောင်းရွှေ့ခဲ့သည်။

The Voice Weekly




Posted: 31 Aug 2012 12:24 AM PDT
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အမှတ်(၁)လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနနှင့် အမှတ်(၂) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန တို့ကို ပေါင်းစည်း၍ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန အဖြစ် တစ်ခုထဲသို့ ပြင်ဆင် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်၏ သဘော တူညီချက် ရယူနိုင်ရန် သြဂုတ်လ ၂၉ ရက်စွဲဖြင့် သ၀ဏ်လွှာ ပေးပို့ထားသည်။
သ၀ဏ်လွှာ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 30 Aug 2012 11:58 PM PDT
၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့က စက်တင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ၎င်းတို့ရဲ့ စေတနာဝသန် ရန်ပုံငွေ ဂီတပွဲကို SKY NET ရုပ်သံလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ခွင့်ပြု ပေးပါရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ စာရေးသား တင်ပြခဲ့ ပါတယ်။ ပြန်ကြားရေး ၀န်ကြီးဌာနက ခွင့်ပြုပါက သက်ဆိုင်ရာ ရုပ်သံလိုင်းက တိုက်ရိုက် ထုတ်လွှင့်ပေး ရန် ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 30 Aug 2012 09:15 PM PDT
Written by Eleven Media Group

ကျောင်းကုန်းမြို့ အမှတ် (၃)ရပ်ကွက် ဓမ္မာရုံတွင်
 လာရောက်ခိုလုံနေသည့် ရေဘေးသင့် မိသားစုတစ်စု
 ဓာတ်ပုံ - မင်းသီဟဇော်
 မိုးသားတွေက ခပ်ညို့ညို့။ လေပြင်းတွေက ခပ်ထန်ထန်။ ဘယ်နေရာကြည့်လိုက်ကြည့်လိုက် ရေပြင်ကျယ်ကြီးက တစ်မျှော်တစ်ခေါ် ကျယ်ပြန့်သည့် ကွင်းလုံးအပြည့်။ ဒေသခံမဟုတ်သည့် ကျွန်တော်တို့အတွက်တော့ ဒီရေပြင်ကြီးက ပင် လယ်တစ်ခုလို့ပင် ထင်ချင်စရာကောင်းနေသည်။

ဒီမြင်ကွင်းတွေက ရေကြီးမှုဒဏ်ခံစားခဲ့ရသည့် ဧရာဝတိုင်းဒေသကြီးအတွင်းရှိ သာပေါင်းမြို့နယ်သို့ သွားရောက်သတင်းရယူစဉ်မြင် တွေ့ခဲ့ရခြင်းဖြစ်သည်။ ကျွန်တော်တို့ သွားရောက်သတင်းရယူခဲ့သည့် ဒေသတွေက သာပေါင်းမြို့နယ်နှင့်  ကျေးရွာများ၊ ကျောင်းကုန်းမြို့နယ်နှင့် ကျေးရွာများဖြစ်သည်။ သာပေါင်းကို ကျွန်တော်တို့ရောက်တော့ မြို့ထဲမှာ ရေကအနည်းငယ်ပြန်ကျသွားပြီး ကျေးရွာများတွင်မူ အိမ်များ စာသင်ကျောင်းများ ရေနစ်မြုပ်နေဆဲ ဖြစ်သည်။ ကျောင်းကုန်းသို့ ရောက် တော့ မြို့မဈေးနားတွင်ပင် လှေများဖြင့် သွားလာနေရသေးသည်။ ရေဘေးဒဏ်ကြောင့် လာရောက်ခိုလှုံနေသူများတွင် တချို့က ဘုန်းတော်ကြီးကျောင်းများ၊ တချို့က အားကစားခန်းမ၊ တချို့ကဂိုဒေါင်များ၊ တချို့က ကားလမ်းပေါ်ရေ လွတ်သည့်နေရာများတွင် နေထိုင်ကြရသည်။ ရေနစ်မြုပ်ဒဏ်ခံစားရသော်လည်း ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့မနေထိုင်ဘဲ မိမိအိမ်တွင်ပင် အဆင့်ထိုးနေထိုင်သူများက အများအပြားရှိသည်။ မွေးမြူထားသည့် တိရစ္ဆာန်များကိုတော့  ဆင့်ထိုးထားသည့် ခြံများ၊ ရေအနည်းငယ်လွတ်ရာတွင် ထားရသည်ကိုလည်း တွေ့ခဲ့ရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၆ မြို့နယ်ရှိသည့်အနက် မြို့နယ် ၈ မြို့နယ်မှာ ရေကြီးမှုဒဏ်ကို ခံစားနေရပြီး သာပေါင်းတွင် ကယ်ဆယ်ရေးစခန်း ၅၉ ခုနှင့် ကျောင်းကုန်းတွင် ၅၂ ခု ဖွင့်လှစ်ထားသည်။ ဒီမြို့နယ်နှစ်ခုက ကယ်ဆယ်ရေးစ ခန်းဖွင့်လှစ်သည့် အရေအတွက် အများဆုံးဖြစ်ပြီး အဆိုပါစခန်းများတွင် လူဦးရေသောင်းချီ ခိုလှုံနေကြသဖြင့် ရေကြီးမှုဒဏ်ကို အဆိုးဆုံးခံစားရသည့် မြို့နယ်များဟုပင် ပြော၍ရသည်။

သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့သို့ရောက်ရှိစဉ် လင်းတာကျ ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ရှင်ကြီးပျောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းများတွင် ရေဘေးကြောင့်  လာရောက်ခိုလှုံနေသူများနှင့် တွေ့ခဲ့ရသည်။

သာပေါင်းမြို့၊ ကျေးရွာအချို့တွင် ဖွင့်လှစ်ထားသည့် 
ကယ်ဆယ်ရေးစခန်းတစ်ခုကို တွေ့ရစဉ်  
 ဓာတ်ပုံ - မင်းသီဟဇော်
 သူတို့ပြောကြသည်များက လတ်တလောတွင် စားရေးသောက်ရေးအတွက် မပြေလည်ကြကြောင်း၊ အ၀တ်အထည်များလည်း လိုအပ်နေကြောင်း၊ ရေပြန်ကျဖို့ အချိန်ကာလ အတော်ကြာကြာ စောင့်ရမည်ဖြစ်သောကြောင့် အလုပ်အကိုင်မရသဖြင့် စားဝတ်နေရေး ဆက်လက်ခက်ခဲနေဦးမည်ဖြစ်ကြောင်း၊ ကျန်းမာရေး  ပြဿနာမှာ လတ်တလောတွင် ပြောပလောက်အောင် မဖြစ်ကြသေးကြောင်း၊ ထောက်ပံ့ကူညီမှုများ လာကြသော်လည်း လိုအပ်မှုတော့ ရှိနေသေးကြောင်း စသည့်အကြောင်း အရာများ ပြောကြသည်။
''ဒုတိယ၀ါဆိုလပြည့်နေ့ကတည်းက ရေကနေလို့မရအောင်တက်လာလို့ ဘုန်းကြီးကျောင်းမှာ ပြောင်းနေရတာ။ ဒီမှာလာနေတာ အိမ်ထောင်စု ဆယ်စုလောက်ရှိပါတယ်။ ဆန်ကတော့ လှူတာ တစ်ကြိမ်ရပါတယ်။ ဒါပထမဆုံးရတာ ဖြစ်ပါတယ်။ ဒီဘက်တွေက နှစ်စဉ်ရေကြီးနေကျဖြစ်ပေမယ့် အခုလောက် မဆိုးပါဘူး။ အခုတော့ ရေပြန်ကျမှာကိုပဲ စောင့်နေရတယ်။ ရေပြန်ကျမှ အလုပ်အကိုင်က ရှိမှာကိုး။ လောလောဆယ်ကတော့ အစားအသောက် လိုပါတယ်။ ရေပြန်ကျရင် အိမ်တွေဘာ တွေ ပြန်ပြင်ဆောက်ဖို့တော့ လိုတာတွေလည်းရှိတာပေါ့''ဟု ရှင်ကြီးပျောက်ကျေးရွာမှ ဦးကုလားလေးက ဆိုသည်။

သာပေါင်းမြို့နယ်တွင် မြို့ပေါ် ရပ်ကွက်သုံးရပ်ကွက်နှင့် ကျေးရွာပေါင်း ၃၉၄ ရွာရှိပြီး ရေကြီးမှုဒဏ်ကို ရပ်ကွက်သုံးခုနှင့်ကျေးရွာ ၃၀၄ ရွာခံစားခဲ့ရပြီး သာပေါင်းမြို့နယ်တစ်ခုလုံးတွင် စပါးစိုက်ဧကတစ်သိန်းကျော်ရှိကာ စိုက်ပျိုးပြီးစပါးဧက  ၇၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးဆုံးရှုံးနိုင်ကြောင်းနှင့် ကျန်လယ်ဧကများမှာ ရေကျပြီးနောက်မှ စပါးစိုက်ပျိုးသည့် ရေလွှမ်းကွင်းများဖြစ်သည်။

သာပေါင်းမြို့၊ ကျေးရွာအချို့တွင် ဖွင့်လှစ်ထားသည့် 
ကယ်ဆယ်ရေးစခန်းတစ်ခုကို တွေ့ရစဉ်
   ဓာတ်ပုံ - မင်းသီဟဇော်
 သာပေါင်းမြို့နယ်မှာ စပါးအဓိကစိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်ပြီး  ယခင်နှစ်ကလည်း လယ်ယာထွက်ကုန်များ အထွက်ဆုတ်ခြင်း၊ ဈေးကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ယခုနှစ်တွင် လယ်ယာများ ရေနစ်မြုပ်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သဖြင့် အထိနာခဲ့ရကြောင်း   ရေနစ်မြုပ်မှုခံခဲ့ရသည့် တောင်သူများအတွက် မျိုးစပါး၊ စိုက်စရိတ်၊ သွင်းအားစု စသည်များ လိုအပ်နေကြောင်း ရေနစ်မြုပ်ဒဏ်ခံစားရသည့် အိမ်ထောင်စုများအတွက်မူ ဆန်ရိက္ခာလိုအပ်ကြောင်း၊ ရေပြန်ကျသွားပါက  ကျန်းမာရေးနှင့်ပတ်သက်သည့် နောက်ဆက်တွဲပြဿနာများ မဖြစ်အောင် ရေသန့်ဆေးပြား၊ ဆေးဝါးများလိုအပ်နေကြောင်း ရေဘေးကယ်ဆယ် ကူညီထောက်ပံ့ရေးဆောင်ရွက်နေသည့် သာပေါင်းဒေသခံတစ်ဦးက ဆိုပါသည်။

''လတ်တလော လိုအပ်နေတာက ဆန်ရိက္ခာပါ။ ကျွန်တော်တို့က ထောက်ပံ့ပေးနိုင်လည်း တစ်ပတ်နှစ်ပတ်ပေါ့။ နောက်ပြီး ရေသန့်ဆေးပြားတွေ လိုအပ်ပါတယ်။ ဒီအချိန်မှာ အလုပ်အကိုင်က မရှိကြသေးတော့ ရေဘေးဒုက္ခရောက်သူတွေအတွက် ထောက်ပံ့မှုတွေက လိုအပ်နေဦးမှာဖြစ်ပါတယ်''ဟု သာပေါင်းမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပြခဲ့သည်။ ကျောင်းကုန်းမြို့နယ်တွင် ရေကြီးမှုကြောင့် မြို့ပေါ် ရပ်ကွက်သုံးခုနှင့် ကျေးရွာအုပ်စု ၄၂ အုပ်စု ရေမြုပ်ခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၅၂ ခု ဖွင့်လှစ်ထားကာ လူဦးရေ သုံးသောင်းကျော် ခိုလှုံနေကြရသည်။ စပါးအဓိကစိုက်ပျိုးသည့် ကျောင်းကုန်းမြို့နယ်တွင် စိုက်ပျိုးပြီး စပါးစိုက်ဧက သုံးသောင်းကျော် ရေနစ်မြုပ်ခဲ့ပြီး ဧကနှစ်သောင်းကျော် ထိခိုက်ပျက်စီးနိုင်ကြောင်း ကျောင်းကုန်းမြို့နယ် ရေဘေးကယ်ဆယ်ရေး ကော်မတီဝင်တစ်ဦးက ဆိုသည်။

သာပေါင်းမြို့၊ ကျေးရွာတစ်ခုရှိ မြင်ကွင်း 
  ဓာတ်ပုံ - မင်းသီဟဇော်
 ''ရေဘေးသင့်သူတွေအတွက် ဆန်၊ ရေ၊ အ၀တ်အထည် စတာတွေ လိုပါတယ်။ တောင်သူလယ်သမားတွေအတွက်တော့ မျိုးစပါး၊ ဓာတ်မြေသြဇာစတာတွေ အရေးတကြီး လိုပါတယ်။''ဟု ကျောင်းကုန်းမြို့နယ် မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးတင်မောင်က ဆိုပါသည်။ ရေကြီးနစ်မြုပ်မှုကြောင့် ကျောင်းကုန်းမြို့နယ်ရှိ တောင်သူလယ်သမားများမှာ အခက်အခဲတွေ့နေပြီး နောက်တစ်ကြိမ် ပြန်စိုက်ရန်အတွက် ရေမြန်မြန်ကျရန် လိုအပ်နေပြီး ရေကျရက်ကြန့်ကြာပါက စပါးပြန်စိုက်ရန် အချိန်မမီမည်ကိုစိုးရိမ်နေကြသည်

''ဒီမှာက မိုးများလို့ မြစ်ရေတက်ပြီး ရေကြီးတာက ပုံမှန်ပါပဲ။ ဒါပေမယ့် အရင်နှစ်တွေက ဒီနှစ်လောက်မဆိုးဘူး။ ဒီနှစ်ရေက အီနေတာကြာနေတယ်။ ဒီလိုဖြစ်နေတာက ရေထွက်ပေါက်တွေမှာ တာတမံတွေ ပိတ်ထား လို့ဖြစ်ရတာလို့လည်း ယူဆကြတယ်။ ရေကျမြန်ရင် အချိန်မီ နောက်စပါးစိုက်လို့ရသေးတယ်။ အချိန်မမီရင် တော့ ပဲပဲစိုက်ရမှာပါ။ ဒီနှစ်ကစပါး အထွက်ဆုတ်မှာတော့ ကျိန်းသေပါပဲ''ဟု အစုကြီးကျေးရွာအုပ်စုမှ တောင်သူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါ်သည့် ဧရာဝတီတိုင်းဒေသကြီးရှိ ရေကြီးနစ်မြုပ်မှုဒဏ် ခံစားရသည့် မြို့နယ် ၈ မြို့နယ်တွင် သြဂုတ်လ ၂၀ ရက်အထိ စပါးစိုက်ဧက  ၁၃၄၉၄၈ ဧက ရေနစ်မြုပ်ခဲ့ပြီး ယင်းအနက် ဧကငါးသောင်း ကျော်မှာ ရေနစ်မြုပ်သည့်ဒဏ်ကြောင့် ပျက်စီးနိုင်မည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြောကြားခဲ့သော်လည်း စပါးစိုက်တောင်သူများ၏ ပြောကြားချက်အရ ကျောင်းကုန်းမြို့နယ်တစ်ခုထဲတွင်ပင် ရေနစ်မြုပ်သည့်စပါး စိုက်ဧက ခုနှစ်သောင်းခန့်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။ ယင်းသို့ လယ်ယာများ ရေနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၏ စပါးအထွက်မှာ ယခင်ထက် သုံးချိုးတစ်ချိုးခန့် လျော့ကျနိုင်မည်ဟုလည်း ခန့်မှန်းကြသည်။ ရောက်ခဲ့သော တချို့ကယ်ဆယ် ရေးစခန်းများတွင် အလင်းရောင်က မရ တရ၊ လေ၀င်လေထွက် မကောင်းတကောင်း၊ သန့်ရှင်းသော သောက်ရေရဖို့ မိုးရေခံပြီး သောက်လျှင်သောက်၊ ထိုသို့မဟုတ်လျှင် ကျောက်ချဉ်တိုက်သောက်နေရတာတွေလည်း ရှိသည်။
ရေမကျသေး၍လားတော့မသိ ကျန်းမာရေးနှင့်ပတ်သက်ပြီး မေးမြန်းသည့်အခါတိုင်း သိပ်ကြီးကြီးမားမားမရှိကြပါဟု ဆိုကြသည်။ နှာစေးချောင်းဆိုး ဖျားနာတာလောက်ပဲရှိသည်ဟု ဖြေသူကဖြေသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ် ဦးကလည်း သြဂုတ်လ ၂၀ ရက်နေ့အထိ သဘာဝဘေးကြောင့် သေဆုံးသူမရှိသေးဟု ဆိုသည်။ ကျေးရွာအချို့တွင်တော့ ရေဆင်းချိုးရာမှ ရေနစ်သူတစ်ဦးစ နှစ်ဦးစရှိသည်ဟု ပြောကြသည်။

ရောက်ခဲ့ရသော ကယ်ဆယ်ရေးစခန်းများတွင် လာရောက်ခိုလှုံနေသူများက မိမိအိမ်တွင်နေလို့မရ၍ ရောက်လာကြသူများဖြစ်ပြီး ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများက အများစုဖြစ်ကြသည်။ နာမကျန်းဖြစ်နေသူ တချို့ကိုလည်း တွေ့ရသည်။ သူတို့တွေရဲ့ မျက်နှာတွေက ဖျော့တော့နွမ်းလျလွန်းလှသည်။ မျက်ဝန်းတွေက သောကရောက်နေရသည်ကို ဖော်ညွှန်းနေသည်။ စကားသံတွေက အားမရှိလှ။ ရှေ့ဆက်ရမည့် ဘ၀ခရီးအတွက် သူတို့ကိုယ်တိုင် ရုန်းကန်မည့်စိတ်ရှိကြသော်လည်း ကူညီဖေးမ ကမ်းလင့်လာမည့်လက်များကို စောင့်မျှော်မှုတော့ရှိနေကြသည်။ ရေဘေးသင့်သူများကို မျက်ကွယ်မပြုနိုင်သူများ၏ ကမ်းလင့်လက်များကို သူတို့တွေက ယခုထက်တိုင် မျှော်နေဆဲပင်ဖြစ်သည်။ ကမ်းလင့်လာမည့်လက်များကို ဆွဲကာသူတို့ဘ၀ကို ပြန်လည်ထူထောင်ချင်ကြသည်။ ကမ်းလင့်လာမည့်လက်တွေကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်သူများက မျှော်နေဆဲ၊ စောင့်နေဆဲဟုပင် ဆိုချင်ပါသည်။ 


Written by Eleven Media Group

Posted: 30 Aug 2012 09:33 PM PDT
သြဂုတ်လ ၃၁ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 30 Aug 2012 08:55 PM PDT
ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာနှင့် ခေါင်းမိုင်း ကျေးရွာအနီးမှ ခြံမြေ ဧက ၁၂၀ ကို တက်လမ်းကုမ္ပဏီမှ သိမ်းယူရန် ပြင်ဆင်လျှက်ရှိရာ ယင်းခြံမြေပိုင်သူ တောင်သူများက ရှမ်းပြည်နယ် အစိုးရသို့ တိုင်ကြားထားကြောင်း ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သိမ်းယူရန် ပြင်ဆင်ထားသည့် လယ်မြေများကို တွေ့ရစဉ်၊



Posted: 30 Aug 2012 08:42 PM PDT
နေပြည်တော် ကောင်စီနယ်မြေ (ပျဉ်းမနား)တွင် မီးလောင် သေဆုံးခဲ့သော
ဒုရဲအုပ် အမှုအား (စီအိုင်ဒီ)မှ ဦးဆောင် ၍ ခုံရုံးဖွဲ့ပြီး စုံစမ်းစစ်ဆေး မည်ဟု
 စီအိုင်ဒီမှ သတင်းရရှိသည်။

စီအိုင်ဒီမှ ရရှိသော သတင်းအရ သေဆုံးသူ ဒုရဲအုပ်မှာ ဦးဝင်းမြင့်သန်း
 ဖြစ်သော်လည်း အခြားဝန်ကြီး ဌာနတစ်ခုမှမူ ဦးသန်းညွန့်ဟု ဆိုသည်။

သူသည် အခြား ပယောဂကြောင့် သေဆုံးခြင်း(သို့) ကိုယ်တိုင် သတ်
သေခြင်း ဆိုသည်ကို ကွဲကွဲပြားပြား သိစေရန်အတွက် စီအိုင်ဒီမှ ဦးဆောင်၍
စုံစမ်းစစ် ဆေးရေးခုံရုံးဖွဲ့ ထားပြီး ဖြစ်ကြောင်းသိရသည်။

သေဆုံးသူဒုရဲအုပ် အား သြဂုတ်လ ၂၉ ရက်နေ့တွင်သဂြိုလ်လိုက်ပြီ
ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။

စွမ်းရဲထွဋ် - Popular Myanmar News Journal




Posted: 30 Aug 2012 08:24 PM PDT
ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာရှိတဲ့ ကျေးရွာ ၆အုပ်စုက လယ်သမားတွေဟာ အင်းလုပ်ငန်း လုပ်ကိုင်သူတွေကြောင့် သူတို့ရဲ့ စိုက်ပြီးသား လယ်ဧက သုံးထောင်ကျော် ရေနစ်မြုပ်ကုန် တာကို အရေးယူပေးဖို့ ဟင်္သာတမြို့ပေါ် အုပ်ချုပ်ရေးမှူးတွေဆီကို တက်ပြီး ဆန္ဒ ထုတ်ဖေါ်ခဲ့ကြပါတယ်။ --

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 30 Aug 2012 08:07 PM PDT
မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ကချင်ဒုက္ခ သည်တွေကို အတင်းအကျပ် ပြန်မပို့ဖို့နဲ့ ယာယီ ခိုလှုံခွင့်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ----

သတင်းအပြည့်စုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


photo courtesy of Kachinnet.net
ဆဒုံးမြို့နယ်ခွဲ နယ်စပ်မှတ်တိုင် ၆ နှင့် ၈ ဒုက္ခသည်စခန်း၊ မိုးမောက်မြို့နယ် မိုင်ဂျာယန်အနီး ဆိုင်မိုင်ပါနဲ့ အင်ဘာပါ ဒုက္ခသည် စခန်းများ၌ UNOCHA, UNHCR, WFP တို့က အကူအညီပေးနေစဉ်။



Posted: 30 Aug 2012 03:20 PM PDT
ဧရာဝတီ တိုင်းတွင်းက ရေလွှမ်းမိုးမူ ခံရတဲ့ မြို့နယ် တချို့က ကျေးရွာ တွေမှာ
ရေအနည်းငယ် ပြန်ကျသွား ပြီဖြစ်ပေမယ့် ရေဘေးသင့် ဒေသတွေက ပြည်
သူတွေ စားဝတ်နေရေး  အခက် အခဲတွေနဲ့ ကြုံတွေ့ နေရပြီး အရေးပေါ်
ရေဘေး ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေပါတယ်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရေဘေးသင့်ပြည်သူအများစုကတော့ မိမိတို့ရဲ့ ရေ၀ိုင်းနေတဲ့ နေအိမ်တွေမှာပဲ
နေထိုင်နေကြရပြီး အလှူရှင်တွေရဲ့ လှူဒါန်းမူနဲ့ပဲ ရပ်တည်နေရပါတယ်။


Posted: 30 Aug 2012 02:32 PM PDT
မြန်မာနိုင်ငံရဲ့ အထည်ချုပ် လုပ်ငန်းဟာ အခုနှစ်မှာ ထုတ်လုပ်အား လျော့နည်း သွားတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။နိုင်ငံခြား ကိုတင်ပို့တဲ့ အထည်ချုပ် စက်ရုံ ၂ဝဝ နီးပါး ရှိပြီး အလုပ်သမား တစ်သိန်း ဝန်ကျင်လောက် ရှိတဲ့ အထည်ချုပ် လုပ်ငန်းမှာ အနည်းဆုံး ထုတ်လုပ်အား ၁ဝ ရာခိုင်နှုန်းကျော်---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ဈေးကွက် ရှိမှ အထည်ချုပ် လုပ်ငန်း ရှင်သန်နိုင်မယ်



Posted: 30 Aug 2012 03:04 PM PDT
မြိတ်ခရိုင် ညီလာခံ ကျင်းပရေး ကော်မရှင်ဥက္ကဌ ဦးသန်းနွယ်နှင့် မြိတ်မြို့နယ်
ညီလာခံ ကျင်းပရေး ကော်မရှင်မှ ရပ်ကျေး ညီလာခံ ကျင်းပပုံ ရှင်းလင်းပွဲနှင့်
သရုပ်ပြပွဲ ပြုလုပ်ခြင်း အခမ်းအနား၂၈.၈.၂၀၁၂ရက်နေ့ ည၆း၃၀ အချိန်တွင် မြိတ်NLDရုံးတွင်ကျင်းပခဲ့ပါသည်

အခမ်းအနားသို့ မြိတ်မြို့နယ် ရပ်/ကျေး ကော်မရှင်မှ ၁၅ဦးစီ တက်ရောက် ခဲ့ပါသည်။

ဦးသန်းနွယ်မှ ညီလာခံ ကျင်းပပုံ အဆင့်ဆင့်အား လက်တွေ သရုပ်ပြ ရှင်းလင်း ပေးခဲ့ပြီး
ရပ်/ကျေး ကော်မရှင်တို့၏ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းပြီး နောက် ည ၉ နာရီ
တွင် ရုတ်သိမ်းခဲ့ပါသည်။

Myanmar News Now




Posted: 30 Aug 2012 02:51 PM PDT
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်က တမ္ပ၀တီ ခတ္တန်းရပ်၌ ကြေးသွန်း လုပ်ငန်းရှင်တစ်ဦး နေအိမ်တွင် အသတ် ခံရမှု ကို အမှတ်(၁၀)ရဲစခန်းမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေဆဲဖြစ် ကြောင်း သိရသည်။

"ဘာကြောင့်သတ်တယ်၊ ဘာကြောင့် အိမ်ထဲမှာ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...