Saturday, August 18, 2012

အိုအိုင်စီအနေနဲ့ သိထားသင့်ပါတယ်။


“ကျမအမေ နှလုံးရောဂါနဲ့ အသည်းအသန် ဖြစ်တော့ ကိုယ့်မြို့ကိုပြန်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ကျမကို ပို့ပေးမယ့်လူကို စောင့်နေရင်းနဲ့ ကျမအမေကို မမှီလိုက်ပါဘူး။”

ဆော်ဒီအာရေးဗျီးယားနိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ၀ါဂျိဟာ အယ် ဟူဝေဒါ က သူ့အမေမသေခင် နောက်ဆုံးမျက်နှာကို မမြင်လိုက်ရတာကို ပြန်ပြောင်းပြောပြခြင်း ဖြစ်ပါတယ်။ တကယ်လို့သာ သူ့မှာ ကားမောင်းပိုင်ခွင့်ရှိပြီးယောင်္ကျားအုပ်ထိန်းသူ မပါပဲသာ သွာ
းခွင့်ရခဲ့မယ်ဆိုရင် သူ့အမေအသည်းအသန်ဖြစ်နေတုန်းချက်ချင်းလိုက်သွားပြီး တွေ့ခွင့်ရခဲ့မှာပါ။

ဟူဝေဒါ ကြုံတွေ့ရသလိုမျိုး အဖြစ်အပျက်တွေဟာ ဆော်ဒီအာရေးဗျီးယားနိုင်ငံအဖို့ မစိမ်းလှပါဘူး။ လက်ရှိအာဏာရှင် ဆော်ဒီဘုရင်ဟာ အခုအချိန်အထိ အမျိုးသမီးများ မဲပေးပိုင်ခွင့်၊ ကားမောင်းပိုင်ခွင့်၊ ယောင်္ကျားတစ်ဦး၏ ခွင့်ပြုချက်မပါပဲ နိုင်ငံခြားခရီးသွားလာခွင့် စတဲ့ အမျိုးသမီးအခွင့်အရေးတွေ ဆုံးရှုံးနေကြရပါတယ်။

ပြီးခဲ့တဲ့ လန်ဒန်အိုလံပစ်ပွဲမှာ ဆော်ဒီအမျိုးသမီးတစ်ဦးအဖြစ် ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၁၆ နှစ် သမီးငယ်လေး ၀ိုဒန်ရှာဟာကန်နီကိုလည်း ဆော်ဒီလူထုအများစုက ရှုတ်ချတုန့်ပြန်ခဲ့ကြပါတယ်။ တချို့ဆိုရင် သူ့မိသားစုကို ခြိမ်းခြောက်စာတွေ ပေးပို့ခဲ့ကြပါတယ်။ ဆော်ဒီအမျိုးသမီးများဟာ စာသင်ကျောင်းတွေမှာ ရှိတဲ့ PE သင်တန်းတွေမှာ ပါဝင်ခွင့် မရကြပါဘူး။ ဒါ့အပြင် အားကစားကလပ်အသင်းဝင်ဖြစ်ခွင့်၊ အားကစားပွဲတွေကို သွားရောက်ကြည့်ရှုခွင်တွေလည်း ဆုံးရှုံးနေကြတာပါ။

နိုင်ငံရဲ့ ထက်ဝက်လူဦးရေဟာ အမျိုးသမီးတွေဖြစ်ပေမဲ့ ဆော်ဒီနိုင်ငံရဲ့ လုပ်ငန်းခွင်အလုပ်သမား အရေအတွက်မှာကျတော့ ၅ ရာခိုင်နှန်း အောက်လောက်ပဲ ရှိနေပါတယ်။ (အခု ဆော်ဒီအာရေးဗျီးယားနိုင်ငံ ဂျီးဒက်မြို့မှာ နေထိုင်နေတဲ့ ဘင်္ဂလီလှုပ်ရှားသူ ဦးဘစိန်ရဲ့ မိန်းမ ဒေါ်ခင်လှ ဆိုရင် ပိုသိမှာပါ။ ဆော်ဒီမှာ ဦးဘစိန်ရဲ့ ၀င်ငွေပိုက်ဆံကောင်းသလောက် ဒေါ်ခင်လှအဖို့ မြန်မာနိုင်ငံမှာ နေစဉ်က ရှိခဲ့တဲ့ အမျိုးသမီးအခွင့်အရေးနဲ့ ဆော်ဒီမှာ နေရတဲ့ အခွင့်အရေး ဘယ်က ပိုသာသလဲဆိုတာ သူသိမှာပါ။)

အမျိုးသမီးလူဦးရေဟာ နိုင်ငံတစ်နိုင်ငံရဲ့ စုစုပေါင်းလူဦးရေရဲ့ ထက်ဝက် (သို့) တစ်ချို့နိုင်ငံတွေမှာ ဆိုရင် ထက်ဝက်ကျော်ပါတယ်။ ဒါဟာ လူနည်းစုမဟုတ်တော့ပါဘူး။ အမျိုးသမီးတွေကို လူ့အခွင့်အရေးမပေးပဲ ကန့်သတ်ရှုပ်ချယ်တာဟာ လူများစုကို နှိပ်ကွပ်ခြင်းဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ ဆိုရင် ကျောင်းသွားတက်တဲ့ မိန်းကလေးတွေကို အက်ဆစ်နဲ့ ပက်ကြတာမျိုး၊ စာသင်ကျောင်းသောက်ရေကန်ကို အဆိပ်ခတ်ကြတာမျိုးတွေ ရှိပါတယ်။

မွတ်စလင်နိုင်ငံတိုင်းမှာ မိန်းမအကုန်လုံး ဒီလိုဖြစ်နေတယ်လို့ မဆိုလိုပါဘူး။ တချို့နိုင်ငံတွေမှာဆိုရင် မိန်းမအခွင့်အရေးတွေ အတော်အသင့်ရကြပါတယ်။ ဒါပေမယ့် အိုအိုင်စီ အနေနဲ့ မြန်မာနိုင်ငံမှာဖြစ်တာတွေကျတော့ ရေးကြီးခွင်ကျယ်လုပ်ပြီး လူနည်းစု အခွင့်အရေးလို့ တမျိုး၊ လူမျိုးတုန်းသတ်ဖြတ်မှုလို့ တဖုံ၊ ဘာသာရေးနှိပ်ကွပ်မှုလို့ တစ်ပုံစံနဲ့ အမျိုးမျိုး လိမ်ညာဝါဒဖြန့်ပြီး ကုလသမဂ္ဂကို တင်မယ်လေး၊ ဘာလေး ပြောနေလို့ ထောက်ပြရခြင်းဖြစ်ပါတယ်။ သူများကို လက်ညှိးတစ်ချောင်းထိုးရင် ကိုယ့်ဆီကို လက်ညိုးလေးချောင်း ပြန်ရောက်နေတာကို အိုအိုင်စီအနေနဲ့ သိထားသင့်ပါတယ်။
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...