"Nationalism, Democracy and Human Rights"
- အံအားသင့်စရာကောင်းလှသည့် ရှေ့ နောက်မညီမှုမှာ မှတ်ပုံတင်အနီရရှိပြီးလည်းဖြစ်၊ ဤနိုင်ငံ၏ အရိပ်ကိုခိုလှုံခွင့်ရပြီးကာမှ ၎င်းတို့ မြန်မာမွတ်စလင်အချို့ သည် အဘယ့်ကြောင့် ၁၉၈၂ ဥပဒေသည် တရားမျှတမှုမရှိ၊ ဘာသာရေးအရ ခွဲခြားဆက်ဆံခြင်းခံရသည်ဟု ယခုအချိန်မှ ထပြောကြသနည်း..။
အဘယ်ကြောင့် ကိုမြအေး ကဲ့သို့ " မြန်မာမွတ်စလင် " သာရှိ၍ " မွတ်စလင်မြန်မာ " မရှိဟု၍မခံယူနိုင်ကြသနည်း။
- မြန်မာပြည်ကဲ့သို့ အစစအရာရာ ရုန်းကန်နေရသော တိုင်းပြည်သည် ဘာသာရေးခွဲခြားဆက်ဆံမှုရှိသော နိုင်ငံတစ်ခုဖြစ်သည်မှာ ငြင်းစရာမရှိပေ။ အစ္စလမ်ဘာသာမှမဟုတ် အခြားသော ဘာသာများအားလည်း တနည်းမဟုတ် တနည်း ခွဲခြားဆက်ဆံမှုရှိသည်မှာ အမှန်ပင်။ ဗုဒ္ဓဘာသာပင်ဖြစ်စေဦးတော့ NLD ကိုးကွယ်သည့် ဘုန်းကြီးနှင့် အစိုးရ ကိုးကွယ်သည့် ဘုန်းကြီးပင်လျှင် ရတနာသုံးပါးခြင်းမတူကြပေ ။
- ဤသို့ ခွဲခြားမှုမှာ အစိုးရပိုင်းတွင်သာလော..။ မဟုတ်..။ လူမှုရေးတရားမျှတမှု (social justice) အသံကောင်းကိုဟစ်၍ ၀င်လာကြေသော ကုလသမဂ္ဂနှင့် နိုင်ငံတကာအန်ဂျီများတွင်ပါတွေ့ နေရ၏။ အဆိုးဆုံးမှာ ဘာသာရေးအခြေခံအဖွဲ့ များပင်ဖြစ်၍ ၎င်းအင်ဂျီအိုများသို့ အခြားဘာသာဝင်များ အလုပ်ရဖို့ ရန်မလွယ်..။ ရခိုင်တို့ သပိတ်မှောက်ကြသည့် အဖြစ်မှာ ဤသို့ သောအကြောင်းတရားများတွင်အခြေခံ
၏။ အသိမိတ်ဆွေခရစ်ယန် တစ်ယောက်၏ အဆိုအရ အထက်လူကြီးမှာ ကရင်ဖြစ်ခဲ့သော် တဖွဲ့ လုံးကရင် ခရစ်ယန်တွေဖြစ်ကုန်၍ Jesus Christ ကိုပင် " စောယေရှု " သို့ ပြောင်းလဲချင်ကြသည် ဟူ၏။- မြန်မာပြည်ကဲ့သို့ အစစအရာရာ ရုန်းကန်နေရသော တိုင်းပြည်သည် ဘာသာရေးခွဲခြားဆက်ဆံမှုရှိသော နိုင်ငံတစ်ခုဖြစ်သည်မှာ ငြင်းစရာမရှိပေ။ အစ္စလမ်ဘာသာမှမဟုတ် အခြားသော ဘာသာများအားလည်း တနည်းမဟုတ် တနည်း ခွဲခြားဆက်ဆံမှုရှိသည်မှာ အမှန်ပင်။ ဗုဒ္ဓဘာသာပင်ဖြစ်စေဦးတော့ NLD ကိုးကွယ်သည့် ဘုန်းကြီးနှင့် အစိုးရ ကိုးကွယ်သည့် ဘုန်းကြီးပင်လျှင် ရတနာသုံးပါးခြင်းမတူကြပေ ။
- ဤသို့ ခွဲခြားမှုမှာ အစိုးရပိုင်းတွင်သာလော..။ မဟုတ်..။ လူမှုရေးတရားမျှတမှု (social justice) အသံကောင်းကိုဟစ်၍ ၀င်လာကြေသော ကုလသမဂ္ဂနှင့် နိုင်ငံတကာအန်ဂျီများတွင်ပါတွေ့ နေရ၏။ အဆိုးဆုံးမှာ ဘာသာရေးအခြေခံအဖွဲ့ များပင်ဖြစ်၍ ၎င်းအင်ဂျီအိုများသို့ အခြားဘာသာဝင်များ အလုပ်ရဖို့ ရန်မလွယ်..။ ရခိုင်တို့ သပိတ်မှောက်ကြသည့် အဖြစ်မှာ ဤသို့ သောအကြောင်းတရားများတွင်အခြေခံ
- လက်ရှိအခင်းအကျင်းအရ... ပွင့်လင်း ၈၈ တို့ ကို နိုဘယ်ဆုရှင် ဒီမိုကရေစီခေါင်းဆောင်နဲ့ လက်ရှိအစိုးရထက် ပို၍မျှော်လင့်မိ၊ အားကိုးစရာရှိ၏ဟု မြင်မိ၏။ ဒေါ်စုမှာ " နိုင်ငံရေးမော်ဒယ်ဂဲ " ကဲ့သို့ ၎င်း၏ ပုံရိပ်ကို ထိမ်းလိုသည့် အာသီသ ကိုသာ ထင်ရှားတွေ့ ရ၍ အစိုးရပိုင်းတွင်မူ ဘွန္တောသူခိုးတို့ ၏ စရိုက်ဖြစ်သည့် "ကျနော် က တာယဉ်ရဲ့ လား" သဘောထားသာတွေ့ ရ၏။
- ကမ္ဘာ့နိုင်ငံအသီးသိးတို့ ၏ နိုင်ငံတော်တည်ဆောက်ရေး (State Building) ဖြစ်စဉ်တွင် အမျိုးသားရေးစိတ်ဓါတ်ကို တပ်ဦးတွင်ထား၍ လူ့ အခွင့်အရေး၊ဒီမိုကရေစီအရေးတို့ မှာနောက်ကလိုက်ပါချီတက်ရသည့်ကိ
ုသာတွေ့ ရမြဲဖြစ်၏။ အမျိုးသားရေးဝါဒသာ မရှိခဲ့လျင် " အောင်ဆန်း " ဖြစ်လာစရာအကြောင်းမရှိ။ နိုဘယ်ဆုရ အိုဘားမားလည်း ဘင်လာဒင်ကိုသုတ်သင်စရာ အကြောင်းမရှိ။ ကွန်ဖျူးရှပ် တိုင်းပြည်များဖြစ်သည့် တရုပ်၊ဂျပန်၊ကိုရီးယား တို့ မှာ ဆိုဖွယ်မရှိ..။ ဥရောပ၏ နိုင်ငံရေးသမိုင်းဟူသည်လည်း ပုံပြင်မျှသာဖြစ်ဖွယ်ရှိ၏။
- အမှန်တကယ်တွင်တော့ ပြည်သူလူထုကို လှုံ့ ဆော် မောင်းတင်ပေးနိုင်သော စိတ်ဓါတ်မှာ ဤ အမျိုးသားရေးဝါဒသာဖြစ်၍ အခြားအခြားသော ၀ါဒ ကြောင်းတရားများကဲ့သို့ အစွန်းမရောက်သွားဖို့ သာလိုရင်းဖြစ်၏။ ယနေ့ အချိန်အခါသည် အစွန်းရောက်စရာလည်းမရှိ။ မြင်လည်းမမြင်တွေ့ ရပေ...။
- ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေမှာ...အင်္ဂလိပ်ကိုလိုနီကဲ
့သို့ မြင်သာသော ပြည်ပကျူးကျော်မှု (Foreign Invasion) မဟုတ်။ ပို၍ကြောက်စရာကောင်းသလောက် လက်ရှိလည်းရင်ဆိုင်နေရပြီဖြစ်သေ
0 comments:
Post a Comment