သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၈)
သစ်ထူးလွင်
|
- သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး၏ ဒုတိယအကြိမ်မြောက် သီးသန့်တွေ့ဆုံ
- ဒီပဲယင်းမြို့နယ်၊ ဆင်ကျွန်ရွာမှ ကျောင်းအုပ်ဆရာကြီး၏ အဓမ္မမှု
- ၈၈ မျိုးဆက်ကျောင်းသားများ၏ ပခုက္ကူ ခရီးစဉ်
- အမျိုးသားလွှတ်တော်က အတည်ပြုပြီး ဥပဒေကြမ်းသုံးခု ပြည်သူ့လွှတ်တော် ထံပေးပို့
- ဘင်္ဂလားဒေ့ရှ် ဗလီတစ်ခုကို မိုးကြိုးပစ်၊ လူ၁၃ ဦးသေဆုံး
- တောင်ကိုရီးယား ဘောလုံးသမားကို ဆုယူခွင့်တားမြစ်
- အီရန်ငလျင် လူ ၁၈၀ သေဆုံး
- ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ဖို့ မြန်မာ အစိုးရက ခွင့်ပြုကြောင်း OIC ကြေညာ
- အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ ဆန္ဒပြပွဲ လူနှစ်ဦး သေဆုံး
- ရန်ကင်းကျွမ်းကျင်မူ့ လေ့ကျင့်ရေး သင်တန်းကျောင်းတွင် အဂတိလိုက်စားမှုနှင့် ငွေကြေးအလွဲသုံးစားလုပ်မှု များဖြစ်ပေါ်နေ
- အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့  တောင်ကြီးမြို့ တွင် ကျင်းပမည်
- တက္ကသိုလ် လိုင်းကားများ စည်းကမ်းဖောက်မှု အရေးယူတော့မည်
- သတင်းစာဆရာအသင်း ဗဟိုဦးစီး အဖွဲ့ဝင်များ သစ္စာ အဓိဌာန် ၅ ချက် ကျိန်ဆို
- မစ်တ်ရွမ်နီ ဒုသမ္မတလောင်း နာမည် ကြေညာ
- ကင်တားနားအကြံပြုချက် ပါတီတွေ လက်မခံ
- အမေရိကန်အမတ် နဲ့ ၈၈ မျိုးဆက်တွေ့ဆုံ
- ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိပြည်သူတွေ အခက်အခဲ မေးမြန်း
Posted: 12 Aug 2012 01:22 AM PDT
ရန်ကုန်၊ သြဂုတ်- ၁၂
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည် မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကိုမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် သတင်းထုတ်ပြန်ရန် မရှိဘဲ သမ္မတရုံးကသာ ထုတ်ပြန်ပါလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယခုတွေ့ဆုံမှုသည် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး၏ ဒုတိယအကြိမ်မြောက် သီးသန့်တွေ့ဆုံမှုဖြစ်သည်။ 7Day News Journal | ||
Posted: 11 Aug 2012 11:05 PM PDT
စစ်ကိုင်းတိုင်း ဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဆင်ကျွန်ရွာ အခြေခံပညာ
မူလတန်းကျောင်းမှ ကျောင်းအုပ်ဖြစ်သူ ဦးအောင်ကျော်ဦးသည် ကျောင်းသူ ကလေးငယ်များ အပေါ် မဖွယ်မရာကိစ္စများ ပြုလုပ်ခဲ့ ကြောင်းသိရှိရပါသည်။ ဖြစ်စဉ်မှာ ကျောင်းအုပ်ဖြစ်သူ ဦးအောင်ကျော်ဦးသည် ကျောင်းသူ ကလေးများကို သူ၏ ရုံးခန်းအတွင်းသို့ ခေါ်ယူကာ ပထမတွင် ဆံပင်ဖြူနှုတ်ခိုင်းသည်--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 11 Aug 2012 10:47 PM PDT
မြန်မာပြည် အထက်ပိုင်းသို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်သွား
ရောက်ခဲ့သော ၈၈ မျိုးဆက် ကျောင်းသားများသည် သြဂုတ်လ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲ က ပခုက္ကူမြို့သို့ ရောက်ရှိခဲ့ရာ မိုးသည်းထန်စွာ ရွာသွန်းနေ သည့်ကြားမှ ဒေသခံ တစ်သောင်းကျော် က သောင်းသောင်း ဖျဖျ ကြိုဆိုကြကြောင်း၊----- သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 11 Aug 2012 10:26 PM PDT
ရန်ကုန်၊ သြဂုတ် ၁၂
အမျိုးသား လွှတ်တော်တွင် အတည်ပြု ထားပြီးဖြစ်သော ‘လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း´ အပါအ၀င် ဥပဒေကြမ်း သုံးခုကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ တင်သွင်းနိုင်ရန်နှင့် ကိုယ်စားလှယ်များ လေ့လာ နိုင်ရန် ပြည်သူ့ လွှတ်တော်သို့ ပေးပို့ ဖြန့်ဝေ ထားကြောင်း ပြည်သူ့လွှတ်တော်၏ တရားဝင် ထုတ်ပြန်ချက် အရသိရှိရသည်။ အမျိုးသား လွှတ်တော်တွင် စတင် တင်သွင်း၍ အတည်ပြုပြီးသော `နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း´ ကို သြဂုတ်လ ၇ရက်နေ့တွင် လည်းကောင်း၊ `ပြည်သူ့အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းများ ကာကွယ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း´ ကို သြဂုတ်လ ၈ရက်နေ့တွင် လည်းကောင်း၊ `လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း´ ကို သြဂုတ်လ ၃ ရက်နေ့တွင် လည်းကောင်း အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်ထံ ပေးပို့ထားခြင်း ဖြစ်သည်။ The Voice Weekly | ||
Posted: 11 Aug 2012 10:41 PM PDT
ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းက ဝေးလံ ခေါင်သီတဲ့ ကျေးရွာလေး တစ်ရွာက
ယာယီဗလီ သေးလေး တစ်ခုကို မိုးကြိုးပစ် တာကြောင့် ဥပုသ်ကာလ ဆုတောင်မှု ပြုနေကြတဲ့ မွတ်စလင် ၁၃ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက် ဒဏ်ရာရ ခဲ့တယ်လို့ ဒေသခံရဲတွေက ပြောပါတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 11 Aug 2012 09:54 PM PDT
သူကိုင်ဆောင် ခဲ့တဲ့ စာတန်းမှာ ဂျပန်နဲ့ တောင်ကိုရီးယား အကြားမှာ ပိုင်ဆိုင်မှု အတွက် အငြင်းပွား နေတဲ့ ကျွန်းနဲ့ ပတ်သက်ပြီး ရည်ညွှန်း ထားတာဖြစ်ပါတယ်။အဲဒီ ကျွန်းကို ဂျပန် က တာကဲရှီမား လို့ခေါ်ပြီး တောင်ကိုရီးယား ကတော့ ဒုခ်ဒိုလို့ ခေါ်ကြပါတယ်။ အဲဒီ ကျွန်းကို တောင်ကိုရီးယား သမ္မတက မကြေညာ ထားဘဲ ရောက်ရှိသွား ခဲ့အပြီး နာရီပိုင်း အကြာမှာပဲ အခုလို ကိုင်ဆောင် ပြခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ အိုလံပစ် ကော်မတီ ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား အသင်းကို အလျှင် တမြန် အရေးယူ ဆောင်ရွက်ဖို့နဲ့ ဖြေရှင်းချက် ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ ဘီဘီစီ | ||
Posted: 11 Aug 2012 09:48 PM PDT
အီရန်နိုင်ငံ အနောက်မြောက်ပိုင်းက Tabriz မြို့နားမှာ ငလျင်နှစ်ခု မိနစ်ပိုင်းပဲခြားပြီး လှုပ်သွားခဲ့တာမို့ လူ (၁၈၀) သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။ လူပေါင်း (၁၃၀၀) လောက်လည်း ဒဏ်ရာရသွားကြပါတယ်။---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 11 Aug 2012 09:42 PM PDT
ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်ပြီ် ဖြစ်ကြောင်း ဆော်ဒီအာရေဗျ အခြေစိုက် OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအသင်းက စနေနေ့က ကြေညာလိုက်ပါတယ်။----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 11 Aug 2012 09:30 PM PDT
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ဒေသခံ တိုင်းရင်းသားတွေနဲ့ မူဆလင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ဆန္ဒပြပွဲ ကျင်းပခဲ့ရာမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် အနည်းဆုံး လူနှစ်ယောက် သေဆုံးပြီး (၅၀) နီးပါး ဒဏ်ရာရခဲ့ ကြပါတယ်။---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 11 Aug 2012 08:08 PM PDT
သင်တန်းကျောင်းအတွက် နိုင်ငံတော် အစိုးရသို့  တင်ပြတောင်းခံ ထားသော ဘက်ဂျက် ငွေကြေးနှင့် များစွာ ကွာဟစွာဖြင့် အ ပေါစား မြန်မာလုပ် ဂဟေစက်များ၊ သင်တန်းနှင့်လုပ်ငန်းသုံး ကရိယာများအား ငွေကြေး အလွဲသုံးစား လုပ်ကာ လျော့နည်း ၀ယ်ယူသုံးစွဲခြင်း၊ နိုင်ငံတော်သို့ တင်ပြတောင်းခံ ထားသော အမှန်တကယ် ပုံစံ(specification) နှင့် မကိုက်ညီခြင်း၊ ငွေကြေးတန်ဖိုးများစွာ လျော့နည်း ကွာဟနည်းပါးနေခြင်း-----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 11 Aug 2012 12:06 PM PDT
သြဂုတ်လ (၁၂) ရက်နေ့ တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကို ရှမ်းပြည်နယ်
တောင်ကြီးမြို့ တွင် ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ နှင်ပါတ်သတ်၍ ရှင်းလင်းပြောဆိုချက်များကို --- အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 11 Aug 2012 11:18 AM PDT
ရန်ကုန်တိုင်း အတွင်းရှိ တက္ကသိုလ်များသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများ၏ စည်းကမ်း
ဖောက်မှုများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်း သိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) မှ တာဝန်ရှိသူများက ဆိုသည်။ “တက္ကသိုလ်တွေမှာ ရှိတဲ့ မော်ကွန်းထိန်းတွေက သူတို့ တက္ကသိုလ်တွေမှာ ခရီးသည်တင် ယာဉ်တွေ ဂိတ်စ ဂိတ်ဆုံး မဆွဲတဲ့အတွက် --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 11 Aug 2012 09:49 AM PDT
(၁) သတင်းအမှန်ကို သိပိုင်ခွင့်ရှိခြင်းတည်း ဟူသော ပြည်သူ များ၏ အခွင့်အရေးကို လေးစားလိုက်နာပါမည်။ (၂) စာနယ်ဇင်းလွတ်လပ်ခွင့်ကို နိုင်ငံတကာ စံနှုန်းများနှင့် အညီ ရရှိခံစားနိုင်ရေးကို ဆောင်ရွက်ပါမည်။ (၃) သတင်း မီဒီယာသမားများ ရရှိ ခံစားအပ်သော အသက်မွေး ၀မ်းကြောင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ပါမည်။ (၄) စာနယ်ဇင်း ကျင့်ဝတ်များကို မြှင့်တင်ရင်း အင်အားတောင့် တင်း ခိုင်မာသော စတုတ္ထ မဏ္ဍိုင်ပီသရေး ကြိုးပမ်းသွားပါမည်။ (၅) မြန်မာနိုင်ငံရှိသတင်းစာဆရာများ သွေးစည်း ညီညွတ်ရေး ကို အထူးသဖြင့် အလေးထားလျှက် ကြိုးပမ်းဆောင်ရွက်ပါမည်။ အထက်ပါ ကတိသစ္စာ ၅ ချက်ကို ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ လိုက်နာ ကျင့်သုံး သွားကြပါမည်ဟု လေးနက်တည်ကြည်စွာ အဓိဌာန်ပြုပါ၏ Popular Myanmar News Journal | ||
Posted: 11 Aug 2012 11:03 AM PDT
ပေါလ် ရိုင်ယန်ဟာ အသက် ၄၂ နှစ်ပဲ ရှိသေးပေမဲ့ အတွေ့အကြုံ ကတော့ သိပ်မနည်းတဲ့-- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 11 Aug 2012 09:19 AM PDT
မြန်မာ့နိုင်ငံရေးပါတီ ၂၄ ဖွဲ့ကနေ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယားရဲ့ နိုင်ငံရေး လက်ထောက် Mrs. မာရီကိန်း ဟေဂန် (Maricanne Hagien) နဲ့ ရန်ကုန် Egress ရုံးမှာ သောကြာနေ့က တွေ့ဆုံတဲ့အချိန် မကြာသေးခင်က ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ရဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေး ပြောဆိုမှုတွေ အပေါ် ဘ၀င်မကျတဲ့အကြောင်းကို အဖွဲ့အားလုံးက တညီတညွတ် တည်း ပြောဆိုခဲ့ကြတယ်လို့ NDF အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ က ပြောပြပါတယ်။ “အဓိက-ကတော့ ဒီ ၂၄ ဖွဲ့ထဲမှာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်တဲ့ပါတီနဲ့ ၉၀ ခုနှစ် ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေဆိုပြီးတော့ ခွဲခြားလို့ရတယ်ဗျ။ အဲဒီနေရာမှာ အမြင်တွေ နည်းနည်းကွာတာ ရှိတာပေါ့။ အားလုံးတူတဲ့အချက်ကတော့ ရခိုင်ကိစ္စမှာတော့ မစ္စတာကင်တားနားကို လက်ခံနိုင်ခြင်း မရှိပါဘူး ဆိုတဲ့ အချက်မှာတော့ အားလုံးတူနေပါတယ်။” ဒါ့အပြင် မစ္စတာ ကင်တားနားကနေ ဒီရခိုင်ပြည်နယ်ပြဿနာအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့သင့်ကြောင်း အကြံပြုချက်ကိုလည်း သူ့အနေနဲ့ လက်မခံနိုင်တဲ့အကြောင်း - အခု ပြဿနာမှာ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို မြန်မာပြည်သူအားလုံးက လက်ခံနေတဲ့အတွက် ကော်မရှင် ဖွဲ့ဖို့ မလိုဘူးလို့လည်း - Mrs. မာရီကိန်း ဟေဂန် ကို ဦးခင်မောင်ဆွေ က သူ့သဘောထားနဲ့ ပတ်သက် ပြီး ပြောပြခဲ့တယ်လို့ အခုလို ဆက်ပြောပါတယ်။ “မစ္စတာကင်တားနား လာတဲ့ကိစ္စဟာ ကြိုတင် စည်းဝါးကိုက်ပြီး လာတဲ့သဘောမျိုး ဖြစ်နေတယ်။ ဒီကိုလာတဲ့အခါမှာ သူလေ့လာ တွေ့ရှိချက်တွေကို ပြန်တင်ပြတဲ့အခါမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားများရဲ့ အယူအဆနဲ့ကွဲလွဲချက်တွေ ဖြစ်နေတယ်။ တကယ်လို့ သူပဲဖြစ်စေ၊ တခြား တယောက်ပဲဖြစ်စေ လာမယ် ဆိုလို့ရှိရင် ဦးဆုံး တိုင်းရင်းသားခေါင်းဆောင်တွေကို တွေ့ဖို့ ကောင်း တယ်။ နောက်ပြီးတော့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို တွေ့ဖို့ ကောင်းတယ်။ အဲဒီလို တွေ့ပြီးမှ သာလျှင် ရခိုင်ပြည်နယ်ကိစ္စကို သွားပြီးတော့ စုံစမ်းလေ့လာဖို့ လိုပါတယ်လို့ ကျနော် ပြောပါတယ်။ “နောက်ပြီးတော့ မစ္စတာကင်တားနားက ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ လူဝင်မှု ကြိကြပ်ရေး ဥပဒေတွေကို ပြန်လည်စိစစ်ဖို့ လိုတယ်ဆိုတာရယ်၊ လူ့အခွင့်အရေးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ဖို့ လိုအပ်ပါတယ်ဆိုတဲ့ ကိစ္စကို ကျနော်တို့ လက်မခံပါဘူးဆိုတာရယ် ပြောတာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံပြည်သူတွေက အစိုးရ က လောလောဆယ် ကိုင်တွယ်နေတဲ့အပေါ်မှာ သဘောထား မတူဘူးဆိုတာ ဖြစ်လာခြင်း မရှိဘဲနဲ့ အခုလို စုံစမ်းရေး ကော်မရှင်ဖွဲ့ချင်တယ်ဆိုတာဟာ မသင့်လျော်ပါဘူးလို့ ကျနော်က ပြောပါ တယ်။” NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ၆ ရက်ကြာခရီးစဉ်အဖြစ်နဲ့ ပြီးခဲ့တဲ့လကုန်ပိုင်းက လာရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားဟာ သူ့ခရီးစဉ်အဆုံးသတ်တဲ့နေ့ မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း - ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့ကနေ စုံစမ်းစစ်ဆေးပေးနိုင်ရေးကို သူ က တောင်းဆိုခဲ့တာပါ။ ဒီလို စုံစမ်းစစ်ဆေးမှုတွေကို ချက်ချင်း မလုပ်နိုင်ဘူးဆိုရင် အမှန်အတိုင်း မဟုတ်ဘဲ တဘက်နဲ့တဘက် ချဲ့ကား စွပ်စွဲပြောဆို တာတွေ ရှိနေတာကြောင့် ပြန်လည် သင့်မြတ်ရေးအတွက် အလားအလာ မကောင်းဘဲ ယုံကြည်မှု ကင်းမဲ့နိုင်သလို တင်းမာမှုတွေလည်း တိုးလာနိုင်တယ်လို့ သတိပေး ပြောဆိုခဲ့တာဖြစ်ပါတယ်။ အခုလို ရခိုင်ပြည်နယ် အရေးကိစ္စအပြင် - အခုလက်ရှိ မြန်မာ့နိုင်ငံအရေးအခြေအနေနဲ့ ပတ်သက်လို့ လည်း ကုလသမဂ္ဂကနေ အရင်တုန်းက မြန်မာအစိုးရကို တောင်းဆိုခဲ့တဲ့ ၃ ပွင့်ဆိုင် တွေ့ ဆုံ ဆွေးနွေးရေး ဖြစ်မြောက်အောင် ဆက်လက်တိုက်တွန်းခြင်း မရှိတာအပေါ်မှာ လည်း နိုင်ငံရေး ပါတီတွေက တင်ပြခဲ့ကြတယ်လို့ ဦးခင်မောင်ဆွေ က ပြောပြခဲ့ပါတယ်။ မနေ့ သောကြာနေ့က မစ္စစ် မာရီကိန်း ဟေဂန်နဲ့ တွေ့ဆုံ ခဲ့ကြတဲ့ မြန်မာ့နိုင်ငံရေးပါတီ ၂၄ ထဲမှာ - NDF အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တက်ပါတီ၊ ချင်း၊ ဇိုမီး၊ ကရင်၊ ဖလုံ-စဝေါ် ပါတီ စတဲ့ ၁၉၉၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေရော၊ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီတွေ ပါဝင်ခဲ့ကြပါတယ်။ မစ္စတာ ဗွီဂျေး နမ်ဘီးယားရဲ့ နိုင်ငံရေး လက်ထောက်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတာ ၂ ပတ်သာ ရှိသေးတဲ့ မစ္စစ် မာရီကိန်း ဟေဂန် အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ပိုမို သိရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို နိုင်ငံရေးပါတီတွေနဲ့ လိုက်လံတွေ့ဆုံနေတာလည်း ဖြစ်ပါတယ်ရှင်။ မနန္ဒာချမ်း (ဗွီအိုအေ မြန်မာပိုင်း) | ||
Posted: 11 Aug 2012 10:57 AM PDT
မြန်မာနိုင်ငံရဲ့အပြောင်းအလဲမှာ လူထုအခြေပြု အဖွဲ့အစည်းတွေ ပါဝင်ခွင့်နဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု ရီပါပလင်ကင်ပါတီ အောက်လွှတ်တော်အမတ် အုပ်ချုပ်မှုဆိုင်ရာ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ David Dreier ဦးဆောင်တဲ့ အဖွဲ့ဟာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တချို့နဲ့ ဒီကနေ့ စနေနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Photo courtesy of the 88 Generation Students Group
အမေရိကန် ပြည်ထောင်စု ရီပါပလင်ကင်ပါတီ အောက်လွှတ်တော်အမတ် အုပ်ချုပ်မှုဆိုင်ရာ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ David Dreier ဦးဆောင်သည့်အဖွဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံးကို လာရောက် တွေ့ဆုံဆွေးနွေးနေစဉ်။
| ||
Posted: 11 Aug 2012 10:48 AM PDT
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရဲဒီ ဘုန်းတော်ကြီးကျောင်းမှာ ဒေသခံကျေးရွာပြည်သူတွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးနဲ့ အလုပ်အကိုင် ရရှိရေး စတဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။--
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment