Friday, August 3, 2012

ဆေးလိပ်ဖြတ်မရသူတို့အတွက် အီလက်ထရွန်းနစ် E စီးကရက်


E စီး ကရက် သုံးစွဲမှု ဟာ ဆေးလိပ် အစားထိုး သောက်သုံး သူများ စွာရဲ့ လက်စွဲ တော်ဖြစ်နေ ပါပြီ။ ကမ္ဘာ ကျော် ရုပ်ရှင်သရုပ်ဆောင်တွေကစပြီး လူငယ်တွေအဆုံးE စီးကရက်ကို အသုံး ပြုနေကြပါပြီ။ ကျန်းမာရေး
အရကော၊ စီးပွားရေး (ဆေးလိပ်သောက်တဲ့အတွက် ကုန်ကျစရိတ်)အရကော၊ အနံ့အသက်ဆိုး တွေမထွက်တာအရကော အဘက်ဘက်မှ အကျိုးရှိတယ်လို့ ပြောဆိုကြပါတယ်။ E စီးကရက်မှာ ဆေးလိပ်လို ကျောက် မီးသွေး၊
ဆေးရွက်ကြီး၊ ကာဗွန်မိုနောက် ဆိုဒ်ဒါမှမဟုတ် ပြာစတာတွေမပါဘူး။

စစ်တမ်းတစ်ခုအရ ဆေးလိပ်သောက်သူ တွေမှာE စီးကရက်အစားထိုးသုံးရင် ကုန် ကျစရိတ် ပျမ်းမျှ တစ်နှစ်ကို ဒေါ်လာ တစ်ထောင် သက်သာစေပါတယ်။
ခန္ဓာကိုယ်နဲ့ တခြားဝတ္တုပစ္စည်းတွေ အပေါ် ဆေးလိပ်နံ့လိုမျိုး စွဲကျန်ခြင်း မ ရှိနိုင်ပါဘူး။ E စီးကရက်မှာ အနံ့အရသာ မျိုးစုံရှိပါတယ်။ E စီးကရက်ဟာ ပုံမှန် စီးကရက်လို ဆေးလိပ်သောက်လိုက်ပြီး ရင် အဆုတ်က အငွေ့ပြန်ထွက်တာမျိုး မရှိပါဘူး။

"တကယ်ဆေးလိပ် သောက်သုံး သူအားလုံးဟာ E စီးကရက်ကိုပဲ ပြောင်း သောက်မယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ တစ်နှစ်တာ ပျမ်းမျှ သေစာရင်းက
သေဆုံးသူ လူပေါင်း လေးသိန်းကနေ လူပေါင်း လေးထောင်လောက်အထိတောင် ကျ ဆင်းသွားနိုင်တယ်" လို့ အမေရိကန်ပြည် သူ့ ကျန်းမာရေးဆိုင်ရာ
သိပ္ပံပညာရှင် များအဖွဲ့မှ ဆေးရွက်ကြီး တိုက်ဖျက်ရေး ဌာနမှူး ဂျိုဝယ်နဇ်ကင် က ပြောပါတယ်။ E စီးကရက်မှာ နီကိုတင်းဓာတ် ပါဝင်ပေမယ့် လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ နှုန်းမှာတော့ နီကိုတင်းဓာတ်နဲ့ ကဖင်းဓာတ် အတူတူပဲ ဖြစ်တယ်ဆိုတဲ့ အငြင်းပွားမှု တွေကနေ ဒီလို
E စီးကရက်ရဲ့ဖန်တီးဖို့ အ ချက်အလက်တွေ ရလာတာဖြစ်ပါတယ်။

" E စီးကရက်မှာ ပုံမှန်တကယ့် ဆေး လိပ်တွေလို ကင်ဆာနဲ့ တခြားရောဂါ တွေ ဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်း အမျိုးလေး ထောင်လည်း မပါဘူး"လို့ ဒေါက်တာထ ရက်ဗစ်စတော့က ပြောပါတယ်။ ဆေး လိပ်ငွေ့ပြန်ထွက်တာမျိုး မရှိလို့ ဆေးလိပ် သောက်ခြင်းကို တားမြစ်ထားတဲ့ နေရာ တချို့မှာ E စီးကရက် သောက်ခွင့်ပြုထား ပါတယ်။ အခုဆိုရင် အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းမှာတင် ဆေးလိပ်အစားE စီးကရက်ပြောင်းပြီး သုံးစွဲသူ ခုနစ်သိန်း ကျော်ရှိသွားပါပြီ။ E စီးကရက်ကို ပုံမှန် စီးကရက် အ ရွယ်အစားအတိုင်း ပြုလုပ်ထားပါတယ်။

ပုံသဏ္ဌာန်နဲ့သုံးစွဲသူရဲ့ဟန်ကလည်းတကယ့် ဆေးလိပ်သောက်နေသူလို ဖြစ် စေပါတယ်။ E စီးကရက်ဟာ အပူစွမ်း အင်နဲ့ အလုပ်လုပ်တဲ့
ကိရိယာ ဖြစ်ပါတယ်။ E စီးကရက်မှာ သေးငယ်တဲ့၊ ဆေး ရည်ထည့်တဲ့ အကန့်လေးတွေပါပြီးအများအားဖြင့်အဲ့ဒီအကန့်လေးတွေကို ပြန်သုံးလို့ရပါတယ်။နောက်အပူထုတ် လုပ်မှု အစိတ်အပိုင်းနဲ့ လျှပ်စစ်ဓာတ်အား ပေးရတဲ့ အစိတ်အပိုင်းတွေ ပါဝင်ပါ တယ်။ ဒီအစိတ်အပိုင်းတွေက ဆလင်ဒါ ပုံစံရှိတဲ့
ပုံမှန်စီးကရက် ပုံသဏ္ဌာန်ြွပန် ချောင်းငယ်ထဲမှာ တပ်ဆင်ထားပါတယ်။

လျှပ်စစ်ဓာတ်အားပေးမှုမှာ ဓာတ်ခဲ ဒါမှ မဟုတ် USB Adapter နဲ့ အားသွင်းရ တာဖြစ်ပြီး အလွယ်သယ်နိုင်ပါတယ်။ E စီးကရက် အလုပ်လုပ်ပုံကအနံ့အရသာ အမျိုးမျိုးရှိတဲ့ ဆေးရည်ထည့် တဲ့ အကန့်ကို အပူပေးတဲ့အခါ ဆေးရည် က အငွေ့ပြန်ပြီး သုံးစွဲသူထံ အငွေ့အ ဖြစ် ရောက်ရှိစေပါတယ်။
ဆေးရည်တွေ ဟာ အနံ့အရသာ အမျိုးမျိုးရှိပြီး နီကို တင်းပါဝင်တဲ့ ဆေးရည်မျိုးအပြင် မပါ တာတွေလည်း ရှိပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...