ငပျင်းကြားဖူးသော ပုံပြင်များ -၁-
by ကဗျာ ငပျင်း on Friday, August 3, 2012 at 8:08am
တစ်ခါတုန်းက မြို့တစ်မြို့မှာ ဒီစစ်ဆိုတဲ့ ကောင်လေးတစ်ကောင်ရှိတယ်တဲ့...။ အဲဒီကောင်လေးက ပုံပြင်တွေ အပြောကောင်းတယ်တဲ့။ အဲကောင်လေးမှာ ခပ်ဆိုးဆိုး ဘော်ဒါတစ်ကောင်ရှိတယ်တဲ့......။
ဒီစစ်က အဲဒီခပ်ဆိုးဆိုးသူ့ဘော်ဒါ ငပျင်းဆိုတဲ့ ကောင်ကို စိတ်ကူးပေါက်တဲ့အခါတိုင်းပုံပြင်တွေ ပြောပြလေ့ရှိတယ်တဲ့...။
တစ်နေ့....ခပ်ညံ့ညံ့ လဖက်ရည်ဆိုင်မှာ လဖက်ရည်အမြုတ်များများတစ်ခွက် သောက်နေတုန်း ဒီစစ်က ဆိုင်ကယ်အစုတ်ကြီးစီးပြိး ငပျင်းဆီကို ရောက်လာတယ်တဲ့...။ ပြီးတော့ မန်ကျိးမှုန့်များများပါတဲ့ ကော်ဖီကြမ်းတစ်ခွက်ကို ကျောင်းမနေနိုင်လို့ လဖက်ရည်ဆိုင်မှာ လစာနည်းနည်းနဲ့ လုပ်နေရတဲ့ စာပွဲထိုး ကလေးလေးကိုမှာလိုက်တယ်တဲ့..။ ပြီးတော့ ရုပ်တည်ကြိးနဲ့ နားထောင်ချင်မှန်းမသိ နားမထောင်ချင်မှန်းမသိ ငပျင်းကို ပုံပြင်တွေ ပြောပြတော့တယ်တဲ့...။
ပုံပြင်လေးကတော့..........................
တစ်ခါတုန်းကမြို့တစ်မြို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ ဦးဇင်းသုံးပါးနေတယ်။ နောက်ပြီး သွားရေးလာေ၇း လွယ်ကူဖို့ဆိုင်ကယ်တစ်စီးရှိတယ်...။ တစ်နေ့မှာတော့ ဦးဇင်းနှစ်ပါးက မြို့ထဲမှာ ကျောင်းအတွက် လိုအပ်တဲ့ပစ္စည်းကို သွားဝယ်တယ်...။ မြို့ထဲက အပြန် လမ်းတစ်ဝက်မှာ ကောင်မချောချောလေးတစ်ယောက် ဆိုင်ကယ်ပျက်နေတာတွေ့တယ်။ ဦးဇင်းတစ်ပါးက ကောင်မလေးရဲ့ ဆိုင်ကယ်ကိုပြင်ပေးဖို့ရပ်ဖို့လုပ်တော့ ကျန်ဦးဇင်းတစ်ပါးက မရပ်ဖို့တားတယ်..။ ဒါပေမဲ့ အဲဒီဦးဇင်းက ဆိုင်ကယ်ရပ်ပြီး ကောင်မလေးဆိုင်ကယ်ကို ပြင်ပေးလိုက်တယ်တဲ့...။ ဆိုင်ကယ်ပြင်ပြီးတာနဲ့ ကျောင်းကို အရှိန်နဲ့ မောင်းပြန်လာတယ်။ဆိုင်ကယ်ပြင်ပေးဖို့တားတဲ့ဦးဇင်းကတစ်လမ်းလုံး ကောင်မလေးဆိုင်ကယ်ကိုပြင်ပေးတဲ့ဦးဇင်းးကိုဆဲနေတယ်တဲ့..။ ကျောင်းရောက်တော့ ကျောင်းစောင့်ကျန်နေတဲ့ဦးဇင်းကို အဲဒီအဖြစ်ကို ပြန်ပြောပြတယ်..။ ကျောင်းစောင့်ကျန်ခဲ့တဲ့ဦးဇင်းက ဆိုင်ကယ်ပြင်ပေးတဲ့ဦးဇင်းမှန်တယ်လို့ ပြောတော့ ဟိုဦးဇင်းက အကြီးအကျယ်ပေါက်ကွဲတယ်..။ အဲဒီအချိန်မှာ ဆိုင်ကယ်ပြင်ပေးတဲ့ဦးဇင်းက ပြောတယ်..။ အရှင်ရဲ့ စိတ်တွေက ဟိုကောင်လေးဆိုင်ကယ်အစုတ်နဲ့အတူ ကျန်နေရစ်ပါတယ်..။ တပည့်တော်ရဲ့ စိတ်က အဲဒီကောင်မလေးဆိုင်ကယ်ပြင်ခဲ့တဲ့နေရာမှာ ကျန်ထားရစ်ပါတယ်တဲ့...။ပုံပြင်လေးကတော့ ဒါပါဘဲကွယ်...။
မူရင်း Zen ပုံပြင်ကတော့
Muddy Road
Tanzan and Ekido were once travelling together down a muddy road. A heavy rain was still falling.Coming around a bend, they met a lovely girl in a silk kimono and sash, unable to cross the intersection.
"Come on, girl," said Tanzan at once. Lifting her in his arms, he carried her over the mud.Ekido did not speak again until that night when they reached a lodging temple. Then he no longer could restrain himself. "We monks don't do near females," he told Tanzan, "especially not young and lovely ones. It is dangerous. Why did you do that?""I left the girl there," said Tanzan. "Are you still carrying her?"
(သင့်တော်သလို ငပျင်းမှုငပျင်းဟန် ပြုလုပ်ထားပါသည်...။ ကျနော့်စိတ်ကူးမျှသက်သက်ဖြစ်ပါသည်။ မည်သူကိုမှ ထိခိုက်စေလိုချင်းမရှိပါ...။)
0 comments:
Post a Comment