Thursday, August 2, 2012

ရေကြည်ရှာခဲ့သော ဧဝ ၏ သားသမီးများ


by Aungzaw Win on Thursday, August 2, 2012 at 3:35pm ·

ဒီအင်အေပညာရှင်တို့၏စွမ်းပကားဖြင့်ကမ္ဘာဦးမိခင်ဧဝသည် နှစ်ပေါင်း ၁၆၀၀၀၀ခန့်ကအာဖရိကတိုက်အရှ့ပိုင်းဒေသတွင် နေထိုင်ခဲ့ကြောင်း ခြေရာကောက်နိုင်ခဲ့ပါသည်၊၊                                                                                                                                                 

ရေကြည်ရှာခဲ့သူတို့လမ်းပြမြေပုံ
တစ်ဦးထဲသောကမ္ဘာဦးမိခင်မှ ပေါက်ဖွားခဲ့သော ခေတ်သစ်လူသားဟုဆိုရမည့် ဟိုမိုဆေပီယမ် များ သည် ဗီဇ စိတ်အရ ရေကြည်ရာမြက်နုရာသို့ရွှေ့ ပြောင်းခဲ့ကြသည်၊၊လွန်ခဲ့သော နှစ်ပေါင်းငါးသောင်းခန့်တွင် တောင်အာရှဒေသ သို့ရောက်ခဲ့ကြသည်၊၊ဥရောပသို့ နှစ်ပေါင်းလေးသောင်း၊အရှေ့အာရှသို့ နှစ်ပေါင်းလေးသောင်း ခန့်တွင်ရောက်ရှိခဲ့သည့် အထောက်ထားများတွေ့ရသည်၊၊ထိုသို့ပြန့်နှံ့ရောက်ရှိရခြင်းမှာ တစ်နေရာမှာ တစ်နေရာသို့ ရေကြည်ရာမြက်နုရာရှာရင်းရွှေ့ ပြောင်းကြခြင်းဖြစ်ပါသည်၊၊အစာရေစာ ပေါများရာ၊ ရာသီဥတုသင့်လျော်ရာ သို့ ရွှေ့ ပြောင်းကြခြင်းဖြစ်သည်၊၊နေရာတစ်ခုခုတွင် အသားကျအောင်နေရင်းဖြင့် နေရာနှင့်လိုက်လျောညီတွေ တုံ့ပြန်ရန် မျိုးရိုးဗီဇတွင် သာမန်ပြောင်းလည်းမှုများဖြစ်ပေါ်ရာမှ တစ်ဦး နှင့်တစ်ဦးခြားနားမှု များဖြစ်ပေါ်ခဲ့ရပါသည်၊၊သို့သော် ထိုခြားနားမှုမှာ အလွန်သေးငယ်သောခြားနားမှုလေးသာဖြစ်သည်၊၊
ဒီအင်အေ ရှုထောင့်မှ ကြည့်လျင် အာဖရီကန် လူမည်းတစ်ဦးနှင့် ဥရောပသားလူဖြူတစ်ဦးကြားတွင်၎င်း၊အသားဖြူတရုပ်လူမျိုးတစ်ဦး နှင့် အသားမည်းတမီလ်အင်ဒီယ သားတစ်ဦးတို့ကြားတွင်၎င်း 99.99% တူညီမှုရှိပါသည်၊၊ကမ္ဘာကြီးကို တူတူညီမျှ ပိုဆိုင်ခွင့် ရှိသောလူသား များအတွက် တိုင်းနိုင်ငံများ မပေါ်မီက ရေကြည်ရာမြက်နုရာသို့လွတ်လပ်စွာရွှေ့ ပြောင်းနေထှိုင်ခွင့်ရှိခဲ့ပါသည်၊၊
လူသားအဖြစ်စတင် ထဲက ရရှိခဲ့သောအခွင့်ရေး နှင့် နှစ်ပေါင်းသိန်းသောင်းချီ ပြုလုပ်ခဲ့သော ရွှေ့ ပြောင်းနေထိုင်မှုများသည်ဒုတိယ ကမ္ဘာစစ်ကြီးပြီးစဉ် က စ၍ စတင်ကန့်သန့်ချုပ်ခြယ်ခြင်းခံရတော့သည်၊၊လူဦးရေ တိုးပွားမှု နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သယံဇာတ တို့ရှားပါးလာသော ခေတ်ပေါ် ကမ္ဘာကြီးတွင် နယ်မြေသစ်ရှာဖွေခြင်း၊ပြောင်းရွေ့ နေထိုင်ခြင်းတို့သည် မဖြစ်နိုင်သောကိစ္စရပ်ဖြစ်လာပေပြီ၊၊အနာဂတ်ကာလ တွင် ရေချိုအတွက် စစ်ပွဲကြီးများ ဖြစ်ပေါ်မည်ဟုအနာဂတ္တိဆရာတို့ ကလည်းပြောနေကြသည်၊၊ရေကြည်ရှာ၍ နေရာရွှေ့ ခဲ့ကြသော ဧဝ ၏သားမြေးများ အတွက် ရေကြည်ရှားလာသလို နေရာလည်းရွှေ့ ရန် မကျန်တော့ပေရာလူသား တို့အတွက် အကြပ်တည်းကြီးတစ်ရပ်က စောင့်ကြိုနေပေပြီ၊၊ကမ္ဘာပေါ်တွင်ရှိနေသော သဘာဝ သယံဇာတ များကို မျှမျှတတ ဝေမျှသုံးနိုင်သော ယဉ်ကျေးမှုကြီးတစ်ရပ် ကို မထူထောင်နိုင်လျင် အနာဂတ် လူသားများ အတွက်ကြေကွဲဘွယ်အဖြစ်ဆိုးများ က လွှမ်းမိုးကျရောက်လာပေမည်၊၊

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...