Thursday, August 2, 2012

- ကျနော်တို့ လယ်သမားတွေဘက်က ရပ်တည် သင့်ပါတယ်။


by Wai Maw on Wednesday, August 1, 2012 at 11:10pm 


 (၁)ခုတလောကြားနေ၊မြင်နေ၊သိနေတာတွေဟာမယုံကြည်နိုင်အောင်နဲ့အတော် လူ့အဖွဲ့အစည်းမှာ မလုပ်သင့်၊ မဖြစ်သင့်တဲ့ ကိစ္စတွေ တို့ကျနော် ဒီလိုမြင်ပါတယ်။


(က)ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး စက်ရုံ အမှတ် (၃) ပိုင် လယ်မြေများကို ၀င်ရောက် ထွန်ယက်သည့် လယ်သမားများ နေထိုင်ရာ ရွာသစ်ကုန်း ကျေးရွာကို ယင်းစက်ရုံမှ စစ်တပ်အင်အား ၁၀၀ ကျော်ဖြင့် ယမန် နေ့နံနက်ကတည်းက ၀ိုင်းပိတ်ထားသည်-လို့ကြားသိရပါတယ်။

(ခ)တိုင်းပြည်တပြည်မှာ-ဒီလိုသေနတ်အားကိုးပြီး-တောင်သူဦးကြီးတွေ၏ လယ်တွေကို- လက်နက်အားကိုး၊ အာဏာအားကိုး၊အစိုးရပိုင်ပါဆိုပြီး အတင်းရော၊ အဓမ္မပါသိမ်းတဲ့ အပြင်-သူတို့က တိုင်းပြည်မှာ ချမှတ်ထားတဲ့ တရားဥပဒေတွေနဲ့ ဖြေရှင်းမယ်ဆိုတော့လည်း အင်မတန် အောက်တန်းကျစွာနဲ့ လမ်းကြားတွေက ဖြတ်ဖမ်း၊ထောင်ချ၊ တရားသူကြီးတွေ ကိုလည်းလက်နက်နဲ့ ချိန်းခြောက်သည ပုံစံတွေဖြင့် တရားဥပဒေတွေကို မှန်ကန်စွာနဲ့ မဆုံးဖြတ်ရဲကြဘူး ဖြစ်နေတယ်။
  
(ဂ)ဒီလောက်တောင်အောက်ခြေမှာ-စစ်တပ်တွေ၊အရာရှိတွေ၊၀န်းထမ်းတွေ အကျင့်ပျက် ချစားနေတာတွေဟာ တတိုင်းပြည်လုံး လိုလိုမှာ ဖြစ်နေကြတာပါ။

ဒီလိုတွေဖြစ်နေကြတာဟာအတော်စိတ်ပျက်ဘို့ကောင်းပါတယ်။
ဒီစစ်တပ်တွေ၊အရာ၇ှိတွေ၊၀န်းထမ်းတွေ၊ ကုမ္မဏီပိုင်ချင်တွေဟာ-ဒီဘာမှမရှိတဲ့မရှိ ဆင်းရဲသား တောင်သူလယ်သမား တွေကိုပဲရွေးပြီ- ဂုတ်သွေးစုပ်၊ ဘ၀ပျက်အောင်လုပ်နေကြတာလဲ ဆိုတာစဉ်းစား မရအောင်ဖြစ်မိတယ်။

ဒင်းတို့မှာလုပ်ကိုင်ရှားဖွေ စားသောက်စရာဒီလောက်တောင်ပဲ ရှားရလား။
စာမတတ်တဲ့တောင်သူလယ်သမားတွေ၊ဆင်းရဲသားတွေကို ဥပဒေကြောင်း အရဘာမှနားလည်တဲ့ သူတွေမဟုတ်ဘူး၊
ငါတို့အာဏပြရင်ကြောက်တယ်ဆိုပြီလူပါးဝတာတွေဟာလူ့ အ သိုင်းအ၀ိုင်းမှာ မရှိသင့်တော့ပါဘူးဗျာ။


(ဃ)ဒီလယ်သမားတွေကို-တိုင်းပြည်၏ရန်သူတွေအလားစ စ်လက်နက်အပြည့်အစုံနဲ့ စစ်တပ်အင်အား (၁၀၀)ကျော်နဲ့ ဒီလယ်ကိစ္စကို အခြေခံပြီးလာဝိုင်းတယ်ဆိုတာ- အရေးမပါတ စစ်တပ်လို့ပဲ ပြောတော့မယ်။
မင်းတို့တာဝန်ကအဲဒါတွေလား။

အဲဒါငါတို့ကျေးဇူး၇ှင်တွေ၊အဲဒါကိုအမိန့်ပေးစေခိုင်းတဲ့ တပ်မှူးကို လက်ရှိအစိုးရ အနေနဲ့ချက်ချင်း အရေးယူဆောင်ရွက်ပေးပါ။
ဒါဟာစစ်တပ်အင်အားကိုအလွဲသုံးစားပြုလုပ်ခိုင်းစေတာပဲ။
စစ်တပ်ကိုတလွဲအသုံးချတာပဲ။ကိုယ့်ပြည်တွင်းမှာ ရှိတဲ့ လယ်သမားတွေကို စစ်ဆင်ရေးတခုပုံစံနဲ့ နှိမ်နင်းဘို့ကြိုးစား တာဟာ အတော်စိတ်ပျက်ဘို့ ကောင်းပါတယ်။
ဒါကြောင့်တပ်မတော်ကိုအလွဲသုံးစားလုပ်နေတဲ့တပ်းမှူးတွေ၊အလိုတော်ရိတွေကိုအပြင်းအထန်အရေးယူဆောင်ရွက်ပေးပါ။

(င)ဒီ လိုမှအရေးယူဆောင်ရွက်မှုကိုအစိုးရအနေဖြင့်မပြုလုပ်ဘူးဆိုလျှင် တပ်မတော်ကိုပြည် သူလူထုက လက်နက်အားကိုး၊ သေနတ်မိုးပြီး ပြည်သူလူထုကို နိုင်ငံတော် အစိုးရဥပဒေဆိုပြီး အကြောင်းပြချက်တွေနဲ့ လုပ် နေတာတွေကို ထောက်ခံအားပေး နေတယ်လို့ ပြည်သူလူထုက ယုံကြည်သွားမယ်။


တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် ချမှတ်ထားတဲ့ဥပဒေတွေကို ပုဂ္ဂိုလ်ရေး အတွက်အသုံးချ အကျင့်ပျက် နေသူတွေကို ပြင်းထန်စွာအရေးယူ ပေးပါရန်တင်ပြအပ်ပါသည်။

ဒေးဗစ်။
ဓါတ်ပုံများကို ယာဟိုးဆာ့ခ်ျမှ ကူးယူဖော်ပြပါသည်။(ဟစ်တိုင်) -------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...