Sunday, August 19, 2012

နှလုံးသားကို ကြင်နာပါ


by Cloud Cuckoo Land on Sunday, August 19, 2012 at 6:12am 


ခန္ဓာကိုယ်မှာ နှလုံးက အရေးကြီးဆုံး အရာပါ။ အသက်ရှင် နေထိုင်ဖို့အတွက် နှလုံးအဆက်မပြတ် ခုန်နေဖို့လိုပါတယ်။ ကျွန်မတို့ပြုလုပ်နေတဲ့ တချို့အမူအကျင့်တွေဟာ နှလုံးကို အန္တရာယ်ဖြစ်စေ တာကြောင့် သတိပြုဖို့လိုပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ မကောင်းတဲ့အဆီတွေ၊ ဆားတွေ အစားများခြင်းကနှလုံးအတွက် မကောင်းမှန်း အားလုံးသိ ပြီးသားပါ။
အဲဒီအချက်တွေအပြင် နှလုံးကို ထိခိုက်စေနိုင်တဲ့တခြားအချက်တွေကို ဖော်ပြထားပါတယ်။ "ကာကွယ်ခြင်းက ကုသခြင်းထက် မြတ်၏" ဆိုတဲ့ စကားအတိုင်း နှလုံးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ကြရအောင်။

၁။ ကယ်လ်စီယမ်အားဆေး သုံးဆောင်လွန်းခြင်း
တစ်နေ့ကို ကယ်လ်စီယမ်အားဆေး ၁၀ဝ၀မီလီဂရမ် ထက် ပြိုပီး သုံး ဆောင်ပါက နှလုံးတိုက်ခိုက်ခံရနိုင်ခြေ ပိုများတတ်ပါတယ်။ ကယ်လ်စီယမ်ဓာတ်ဟာ သွေးကြောတွေကို မာကျောစေပြီး သွေးခဲခြင်းကိုလည်း သွားပြီးသက်ရောက်စေနိုင်တာကြောင့်
လို့ခန့်မှန်းရပါတယ်။ ကယ်လ်စီယမ်က အရိုးတွေကို ကျန်းမာသန်စွမ်းစေတာကြောင့် ကယ်လ်စီယမ်ဓာတ်ကို ခန္ဓာကိုယ်ကလိုအပ်နေပါ တယ်။ အားဆေးတွေအစား အစားအသောက်ကရတဲ့ ကယ်လ်စီယမ်ဓာတ်က ပိုကောင်းပါတယ်။ ဒါကြောင့်ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အရိုးပါစားလို့ရတဲ့ ငါးတွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးသင့်ပါတယ်။ ဒါ့အပြင် အရိုးကို သန်စွမ်းစေတဲ့ အားကစားလေ့ကျင့်ခန်းပါ လုပ်ပေးခြင်းဖြင့် အရိုးကိုသာမက နှလုံးကိုပါ ကျန်းမာသန်စွမ်းစေပါတယ်။

၂။ သက်သတ်လွတ်စားခြင်း
သတ်သတ်လွတ်ဟာ အသားကရတဲ့ အဆီမပါတဲ့ အစာဖြစ်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ပြောလို့ ရပေမယ့် တကယ်တမ်း နှလုံးရောဂါဖြစ်နိုင်ခြေများစေပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်သတ်လွတ်အစာတွေထဲမှာ နှလုံးကို ကာကွယ်နိုင်တဲ့ အိုမီဂါ-3 နဲ့ ဗီတာမင် B12 အာဟာရမပါရှိတာကြောင့်ပါ။ ဒီအာဟာရတွေဟာ အဆီများတဲ့ ငါးနဲ့အမဲသား၊ ဘဲသားလို အနီရောင်အသားတွေမှာ ပါရှိတတ်ပါတယ်။ ဒါကြောင့် သက်သတ်လွတ်သမားတွေပဲဖြစ်ဖြစ်၊ ဒီအသားတွေကို ရှောင်တဲ့သူတွေပဲဖြစ်ဖြစ် ဗီတာ
မင် B12 ဓာတ်ရရှိအောင် ပဲနို့နဲ့ အသားတုတွေ စားပေးသင့်ပါတယ်။ Multivitamin အားဆေးတွေ မှာဆို ဗီတာမင် B12 ၁၀ဝ မိုက်ခရိုဂရမ်နဲ့ ဗီတာမင်B အားဆေးတွေမှာဆို အနည်းဆုံး ဗီတာမင် B 12 ၁၀မိုက်ခရိုဂရမ်ပါအောင် နေ့စဉ်သောက်သုံးရပါတယ်။ အိုမီဂါ-၃ အားဆေးတွေကို သုံးဆောင်ဖို့လည်း လိုပါတယ်။

၃။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ Chlamydia ရောဂါပိုးဟာ ကလေးရနိုင်ခြေကို အနှောင့်အယှက် ပေးရုံမျှမက နှလုံးကို ပျက်စီးစေနိုင်တဲ့ ရောင်ရမ်းမှု ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် HPV ဗိုင်းရပ်စ်ပိုးကလည်း သားအိမ်ခေါင်းကင်ဆာနဲ့နှလုံးရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို မပြုလုပ်သင့်ပါဘူး။

၎။ ရေငတ်ခြင်း
ရေငတ်ကာ ရေဓာတ်ချို့တဲ့ပါက သွေးတွေ ပျစ်ပြီး စေးကပ်တတ်တာကြောင့် နှလုံးတိုက်ခိုက်ခြင်းခံရနိုင်ပါတယ်။ ဒါကြောင့် ရေမငတ်အောင် သတိထားပါ။ ရေငတ်ပြေအောင် သကြားဓာတ်များတဲ့အအေးတွေ သောက်သုံးခြင်းကိုလည်း မပြုလုပ်ပါနဲ့ အအေးသောက်လေ့ရှိသူတွေဟာ ခါးတုတ်ဗိုက်ပူတတ်ကြပြီး သွေးထဲမှာ မကောင်းတဲ့အဆီတွေ များလာတတ်ပါတယ်။ ဒီနှစ်မျိုးစလုံးက နှလုံးရောဂါကိုဖြစ်စေတဲ့ အကြောင်းအရာတွေပါပဲ။

၅။ သစ်သီးအခွံခွာစားခြင်း
ပန်းသီးခွံလို သစ်သီးအခွံတွေက အရသာဖန်ပြီး ညစ်ပတ်လို့ အခွံခွာကာ စားတတ်ကြပါတယ်။ တကယ်တော့ ပန်းသီးခွံတွေမှာ ကိုလက်စထရောနဲ့နှလုံး အန္တရာယ်ဖြစ် စေတဲ့ သွေးတွင်း အဆီဓာတ်ကိုလျှော့ချပေးတဲ့ Ursolic Acid တွေပါရှိတာကြောင့် နှလုံးကျန်းမာရေးကိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ပန်းသီးစားမယ် ဆိုရင် ရေနဲ့သေချာဆေးကြောပြီး အခွံမခွာဘဲ စားသင့်ပါတယ်။ ဒီအက်စစ်ကို ပန်းသီးအခွံတွေမှာအပြင် ဆီးသီး၊ ခရင်မ်ဘယ်ရီသီးနဲ့ ပင်စိမ်းရွက်တို့မှာလည်း တွေ့နိုင်ပါတယ်။

၆။ သွားကျန်းမာရေး ဂရုမစိုက်ခြင်း
သွားတွေဖြူဖွေးသန့်စင်ကာ ကျန်းမာသန်စွမ်းနေပါက နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းပါတယ်။အနည်းဆုံး တစ်နှစ်တစ်ခါ သွားဆေးခန်းကို ပုံမှန်သွားကာ သွားကျန်းမာရေးစစ်ဆေးပြီး သွားကျောက်ခြစ်လေ့ရှိသူတွေဟာ သွား ကျန်းမာရေးဂရုမစိုက်သူတွေထက်
နှလုံးရောဂါဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်းတာကို တွေ့ရပါတယ်။ သွားနဲ့ခံတွင်းကျန်းမာပါက နှလုံးကို ကာကွယ် ပေးပါတယ်။ ခံတွင်းမှာရှိတဲ့ ဘက်တီး ရီးယားပိုး တွေဟာ ရောင်ရမ်းမူကို ဖြစေ် စကာ သွေးလွှတ်ကြောတွင်းသွေးခဲဖြစ်ပေါ်ပိတ်ဆို့မူ့ကိုဖြစ်စေနိုင်ပါတယ။် အဲဒီအခါ နှလုံး တိုက်ခိုက်ခံ ရမှုနဲ့ လေဖြန်းခြင်း တို့ဖြစ်လာနိုင်ပါတယ်။

၇။ ညဘက် အိပ်မပျော်ခြင်း
ညဘက် တော်ရုံနဲ့အိပ်မပျော်သူတွေဟာ အိပ်ရေးဝသူတွေနဲ့ယှဉ်ရင် နှလုံးတိုက်ခိုက်ခံရမှုဖြစ်နိုင်ခြေ ၄၅ ရာခိုင်နှုန်း ပိုများတာကို တွေ့ရပါတယ်။အိပ်မပျော်ပါက Sympathetic အာရုံကြောစနစ်ကို သွားလှုံ့ဆော်တာကြောင့် နှလုံးခုန်နှုန်းမြင့်ခြင်း၊ သွေးတိုးခြင်းနဲ့စိတ်ဖိစီးမှုဟော်မုန်းထွက်ခြင်းတို့ ဖြစ်ပေါ်စေကာ နှလုံးကို သွားပြီး သက်ရောက်စေပါတယ်။ ဒါကြောင့် ညဘက်အိပ်ကောင်းခြင်းနဲ့အိပ်ပျော်အောင် ကြိုးစားသင့်ပါတယ်။

၈။ အိမ်တွင်းပုန်းလွန်းခြင်း
နေရောင်ဒဏ်ကောင်းစွာမရသူတွေ၊ အိမ်တွင်းပုန်းသူတွေမှာ နေရောင်ကရတဲ့ ဗီတာမင်ဒီ ချို့တဲ့တတ်ကြပါတယ်။ ဗီတာမင်ဒီ ချို့တဲ့ပါက နှလုံးရောဂါဖြစ်နိုင်ခြေများပါတယ်။ လေ့လာချက် တစ်ခုအရ ဗီတာမင်ဒီချို့တဲ့ပါက သွေးတွင်းမကောင်းတဲ့ အဆီများခြင်း၊သွေးတွင်းသကြားဓာတ်များခြင်းနဲ့ ကောင်းတဲ့ ကိုလက်စထရော နည်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဗီတာမင် ကြွယ်ဝအောင် ခန္ဓာကိုယ်ကို တစ်ချိန်လုံး နေလှန်းနေစရာလည်း မလိုပါဘူး။ မနက်မိုးလင်းချိန် ဒါမှမဟုတ် ညနေခင်းနေရောင်ထဲခြောက် မိနစ်၊ ခုနစ်မိနစ်လောက် လမ်းလျှောက် ထွက်ရုံနဲ့တင် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် ဒီ ပမာဏကို ရရှိနိုင်ပါတယ်။

ဒေါက်တာ နုမြတ်
By Good Health

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...