Sunday, August 19, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၈)

သစ်ထူးလွင်



Posted: 18 Aug 2012 11:51 PM PDT
ရန်ကုန်မြို့တော်ရှိ ရခိုင်အဖွဲ့အစည်းများမှ ရခိုင်လူငယ် ၁၀၀ နီးပါး ရန်ကုန်မြို့ ရှမ်းစောပုလမ်းပေါ်တွင် ယနေ့ နံနက် ၁၁ ခွဲခန့်မှ ၁၂ နာရီအထိ မိနစ်သုံးဆယ်ကြာ UN နှင့် INGOs များ ရခိုင်ပြည်သူများအပေါ် ခွဲခြားဆက်ဆံခြင်းကိစ္စရပ်များနှ
င့် ပတ်သက်၍ တရားဝင်ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည့်မြင်ကွင်း

များ။

ဓါတ်ပုံများကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 

ဓါတ်ပုံ -  The Voice Weekly

ရန်ကုန်တိုင်းရင်းသားရေးရာဝန်ြ
ကီး ဦးဇော်အေးမောင် ကို ယနေ့ဆန္ဒဖော်ထုတ်ပွဲတွင် တွေ့ရစဉ်။
thithtoolwin/yIWV


Posted: 18 Aug 2012 11:01 PM PDT
သြဂုတ် ၁၈၊ ၂၀၁၂၊ မျိုးမင်းထွန်း YPI

၈ နှစ်တာအတွင်း အဆိုးရွားဆုံး ရေကြီးလျှက်ရှိသည့် ပုသိမ်မြို့နှင့် ပုသိမ်ခရိုင်အတွင်း အခြား ၅မြို့နယ်တို့မှာ လူနေအိမ်နှင့် စပါးခင်းများ ရေနစ်မြုပ်လျှက်ရှိ သည်ဟု ပုသိမ်မြို့မှ ပေးပို့သည့် သတင်းများအရ သိရသည်။

ပုသိမ်ခရိုင်အတွင်း ယခုအချိန်ထိ ကောက်ယူရရှိသည့် စာရင်းများအရ အိမ်ထောင်စု ၁၂ ထောင်ကျော် ၊ ကျေးရွာအုပ်စု ၈၀၀ နီးပါး ရေနစ်မြုပ်မှု ဒဏ်ကို ခံနေရကာ လယ်မြေဧက ၂ သိန်း ၄ သောင်းကျော် ရေနစ်မြုပ်ခဲ့ကြောင်း အုပ်ချုပ်ရေး ဋ္ဌာနများမှ ရရှိသည့် စာရင်းများ အရ သိရှိရသည်။

ရေကြီးမှုကြောင့် အထက်တန်းကျောင်း ၂၅ ကျောင်းအပါအ၀င် စုစုပေါင်း စာသင်ကျောင်း  ၄၀၀ ကျော် ပိတ်ထားရသည်ဟု လည်းအဆိုပါ စာရင်းများအရ သိရှိရသည်။

ဇူလိုင်လကုန်ကတည်းက မိုးသည်းထန်ကာ င၀န် မြစ်ရေတိုးလာပြီးနောက် သြဂုတ်လ ဒုတိယပတ်တွင် ပုသိမ်မြို့ ၏ လူနေရပ်ကွက် တ၀က်နီးပါး ရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်း ပုသိမ်မြို့တွင်း ရေကြီးမှု အရှိန် အနည်းငယ်တန့်နေသည့် အနေအထားရှိသော်လည်း ကန်ကြီးဒေါင့်နှင့် သာပေါင်း၊ ငါးသိုင်းချောင်းမြို့ နယ်များတွင် ဆိုးရွားနေဆဲလည်း ဖြစ်သည်။

လူနေအိမ်များ ရေနစ်မြုပ်နေသဖြင့် စာသင်ကျောင်းများ နှင့် ဘုန်းတော်ကြီးကျောင်းများတွင် ရေဘေးဒုက္ခ္ခ္ဃသည်များ သွားရောက် ခိုလှုံနေရကာ မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်များနှင့် နိုင်ငံတကာ အန်ဂျီအိုတို့မှ စားနပ်ရိက္ခာ ဝေငှပေးခြင်း ရှိသည်ဟု ဒုက္ခသည်အချို့ က ပြောသည်။

ရေကြီးမှုကြောင့် ပုသိမ် ကြံခင်း မီးရထားလမ်းလည်း ပိတ်ထားရကာ ရန်ကုန် ပုသိမ်ကားလိုင်းအချို့ ရပ်နားထားပြီး အချို့ကားလိုင်းများက စီးနင်းခ ၂ ဆ ယူကာ ပြေးဆွဲလျှက်ရှိသည်။

ပုသိမ်ခရိုင်အတွင်း အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပွားနေသည့်မြို့နယ်မှာ သာပေါင်းမြို့နယ်ဖြစ်၍ ငသိုင်းချောင်းမြို့နယ် မှ ဒုတိယအဆိုးရွားဆုံးဖြစ်သည်။ ယင်းမြို့နယ် ၂ မြို့နယ်၏ ရေကြီးမှုအခြေအနေမှာ စိုးရိမ်ရသည့် အနေအထားဖြစ်သည်ဟု လည်း ဒေသခံတို့က ပြောသည်။        ။

by Yangon Press International


ရေနစ်မြုပ်နေသည့် လူနေအိမ်များ


thithtoolwin/yIWV


Posted: 18 Aug 2012 10:54 PM PDT
နံနက် ၁၁နာရီ ၃၄ မိနစ်၊ သြဂုတ် ၁၉၊ ၂၀၁၂၊ YPI

ရခိုင်အမျိုးသား ကွန်ရက်ဟု အမည်ပေးထားသည့် အဖွဲ့မှ ဦးစီးကာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိသည့် အရေးကိစ္စများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖေါ်မှု တရပ်ကို ယနေ့ နံနက် ၁၁နာရီခွဲဝန်းကျင်မှ စတင်ပြုလုပ်လျှက်ရှိသည်။

တီရှပ် ၀တ်သူ အရေအတွက် ၅၀ ၀န်းကျင်နှင့် လိုက်ပါသူ ၅၀ နီးပါး စုစုပေါင်း လူ ၁၀၀ နီးပါး ပါဝင်သည့် --

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သြဂုတ် ၃ ရက်နေ့ က ရခိုင်အရေး သမ္မတဦးသိန်းစိန် ပြောကြားချက်ကို ထောက်ခံ ဆန္ဒပြစဉ်


thithtoolwin/yIWV


Posted: 18 Aug 2012 10:40 PM PDT
နေပြည်တော် မြို့မဈေး ရဲကင်းအနီးတွင် သြဂုတ် ၂ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်က လူသုံးဦးစီးနင်းလာသော ဆိုင်ကယ်အား ကားတစ်စီးက ၀င်တိုက်ရာ ဆိုင်ကယ်စီးနင်းသူသုံးဦးအနက် အမျိုးသမီးတစ်ဦးမှာခြေကျင်းဝတ်

တွင် ဒဏ်ရာရရှိသွားခဲ့သည်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

thithtoolwin/yIWV


Posted: 18 Aug 2012 10:26 PM PDT
ရန်ကုန်၊ သြဂုတ် ၁၉

မြန်မာနိုင်ငံတွင် MPU စနစ် မပြုလုပ်ခင်က ထုတ်ပေးထားသော ATM Card များကို MPU Card များဖြင့် Myanmar Payment Union အဖွဲ့ဝင်ဘဏ်များမှ လဲလှယ်ပေးသွားမည် ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်၏ Facebook စာမျက်နှာတွင် ဖော်ပြပါရှိသည်။


သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



thithtoolwin/yIWV


Posted: 18 Aug 2012 10:24 PM PDT
ရန်ကုန်၊ သြဂုတ် ၁၉

ရှမ်းပြည်နယ် တောင်ပိုင်းတွင် အင်တာနက်ဆိုင်များ အနေဖြင့် Wifi မလွှင့်ရန် ဒေသခံရဲစခန်းများက ခေါ်ယူ ပြောဆိုထားကြောင်း နမ့်စန် မြို့ရှိ အင်တာနက် ဆိုင်ပိုင်ရှင် ဒေါ်မီးမီးက----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



thithtoolwin/yIWV


Posted: 18 Aug 2012 10:08 PM PDT
မြန်မာ အလုပ်သမား မိသားစု ၃ ဦး ဈေးဝယ်ရန် သွားစဉ် ပါလာသည့် ဘတ်ငွေ တစ်သောင်းကျော်အား ယူဆောင်ပြီး၊ တစ်နှစ်ကျော်အရွယ် ကလေးငယ်အား ခြောက်လှန့် သားကြီးကိုပါးရိုက်၊ အမေကို အင်းဂျီနှင့်ဘောင်းဘီ ချွတ်ခိုင်းသည့် မဟာချိုင် ရဲသုံးဦးအား ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်းပုလိပ် မဖွယ်မရာ ပြုလုပ်ခြင်း ခံရသည့် မိသားစု





thithtoolwin/yIWV


Posted: 18 Aug 2012 09:59 PM PDT
နေ့စွဲ  .  ၁၈.၈.၂၀၁၂

ဧရာဝတီတိုင်း ဒေသကြီး ၊ ပုသိမ်မြို့နယ် ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ရေဘေးကယ်ဆယ် ကူညီရေးအဖွဲ့သို့ မြောင်းမြမြို့နယ်မှ (၁၉၉၀ လွှတ်တော်ကိုယ်စားလှယ် ) ဦးဘိုဖြူ ဦးဆောင်သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် နှင့် ငွေဆောင်မြို့နယ်ခွဲ  အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်တို့မှ ဆန်နှင့် အလှူငွေများ ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ပုသိမ်မြို့နယ် အတွင်းရှိ  ရေဘေးသင့် ဒုက္ခသည်များ အတွက် လှူဒါန်းသော ဆန် (၈၁) အိတ်ကို ပုသိမ်မြို့နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်မှ ဦးညွှန်လှိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

ငွေဆောင်မြို့နယ်ခွဲ  အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ်မှလည်း အလှူငွေ (တစ်သိန်းရှစ်သောင်းကျပ် ) ကိုလှူဒါန်းခဲ့ပါသည်။

ယင်းအခမ်းအနားတွင် အလှူရှင်များကို ပုသိမ်မြို့နယ် ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် မှ ဒေါက်တာသန်းထိုက်ကကျေးဇူးတင်စကားပြောကြားပြီး ရေဘေးသင့်ပြည်သူများ ကိုယ်စား ပုသိမ်မြို့နယ် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးမြင့်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်

းသတင်းရရှိပါသည် ။                             
 

သတင်း/ဓာတ်ပုံ - ၀င်းဇော် (ပုသိမ်)



thithtoolwin/yIWV


Posted: 18 Aug 2012 02:20 PM PDT
မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ မန္တလေးတိုင်း ဒေသကြီး အတွက်
ရွေးချယ်တင် မြောက်ခဲ့သော ကိုစန်းယုကျော်က မိမိဆန္ဒ အလျောက်
နုတ်ထွက်သွား သောကြောင့် မန္တလေးတိုင်း ဒေသကြီး သတင်းစာ ဆရာများ
က အလုပ်အမှု ဆောင် အစည်းအဝေးကို သြဂုတ်လ ၁၈ ရက်နေ့၊ နံနက်(၁၀)
နာရီက လမ်း၃၀၊ ၇၂ လမ်းထောင့်ရှိ ယူနီစန် ကဖေးတွင် ကျင်းပပြု လုပ်ခဲ့သည်။

အစည်းအဝေးတွင် လက်ရှိ မန္တလေးတိုင်း ဒေသကြီး သတင်းစာ ဆရာများ
အသင်း၏ အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး လစ်လပ်သွားသော ဥက္ကဌ
နေရာကို လျို့ဝှက် မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။

မဲစာရင်းများကို ရေတွက်ခဲ့ရာ တက်ရောက် လာသော ၁၇ဦးထဲမှ ၁၅ဦးက
လျို့ဝှက်မဲပေးခဲ့ရာ ရွေးချယ်ပွဲတွင် သတင်းစာ ဆရာကြီးနတ်မောက်ထွန်းရှိန်က
မဲများကိုရေတွက် ပေးခဲသည်။

ရွေးချယ်ထားသော မဲစာရင်းမှာ ကာတွန်းဆရာ အောင်မော်က (၁)မဲ၊ သတင်းထောက်
မန်းသားလေးက(၁)မဲ ရရှိကာ ဆရာစိုးဘားဒိုင်က ၁၃မဲဖြင့်
ဥက္ကဌရာထူးကိုရွေးချယ်တင်မြောက်ခဲ့ကြသည်။

“ကျွန်တော်တို့က လတ်တလော အလောတကြီးဖွဲ့ရတဲ့ အခြေအနေကြောင့် ဖွဲ့စည်းရာမှာ
မြို့နယ်တွေ မပါနိုင် ပဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခု မြန်မာနိုင်ငံ သတင်းစာ
ဆရာအသင်း (မန္တလေးတိုင်း ဒေသကြီး) အနေနဲ့ မြို့နယ်တွေ ပါပါဝင်တဲ့ တိုင်းဒေသကြီး
ညီလာခံကို ကျင်းပကာ ရွေးချယ်တင် မြောက်ပွဲကျင်းပဖို့ အစီအစဉ်ရှိပါတယ်” ဟု
ရွေးချယ်ခံရသော ဥက္ကဌ ဆရာစိုးဘားဒိုင်က ပြောကြားသည်။

ဆရာစိုးဘားဒိုင်သည် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း(မန္တလေးတိုင်းဒေသကြီး)၏
နာယကအဖြစ် မူလဖွဲ့စည်းမှုတွင် နာယက အဖြစ်တင် မြောက်ထားသူဖြစ်သည်။

Myanmar News Now


thithtoolwin/yIWV


Posted: 18 Aug 2012 01:24 PM PDT
ဒေသတွင်းမှာ တရုတ်အစိုးရရဲ့ သြဇာပိုပြီး ကြီးထွားလာ နေတာကြောင့် တောင်တရုတ် ပင်လယ်အတွင်း နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အရှေ့တောင် အာရှနိုင်ငံတွေက တစုတစည်း တည်းဖြေရှင်းဖို့ လုပ်ဆောင် နေတာဟာ ပိုပြီးတော့ ရှုပ်ထွေးလာ ခဲ့တယ်လို့ အကဲခတ်တွေက ပြောလိုက်ပါတယ်။

အရှေ့တောင် အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံ အဖွဲ့ဟာ ပြီးခဲ့တဲ့ တပတ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း အစည်း အဝေးမှာ ပူးတွဲကြေငြာချက် ထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါဟာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲကြေငြာချက် ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပြီး နယ်မြေ အငြင်း ပွားမှုပြဿနာနဲ့ ပတ်သက်ပြီးတော့ သဘောထား တွေကွဲပြားနေတယ် ဆိုတာကို ပြသလိုက်ပါတယ်။

အခုလို အဖွဲ့အတွင်းမှာ မညီမညွတ်ဖြစ်နေတာဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဖိအားတွေနဲ့ အများစု သက်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံဟာ သူတို့နဲ့ ပင်လယ်ရေပိုင်နက် နယ်နိမိတ်အငြင်းပွားနေတဲ့ နိုင်ငံ ၅ နိုင်ငံနဲ့ သာ သီးခြားဆွေးနွေးလိုပြီး အာဆီယံအဖွဲ့တခုလုံးနဲ့ ဆွေးနွေးလိုခြင်းမရှိပါဘူး။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်

ကြီး မာတီနာတာလီ ဂါဝါဟာ အရှေ့တောင်အာရှနိုင်ငံတွေကို အရေးပေါ် ခရီးထွက်နေပြီး သူ့အဆိုအရတော့ ဒီခရီးစဉ်ဟာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး  အာဆီ ယံနိုင်ငံတွေရဲ့ ညီညွတ်မှုကို ပြန်ပြီးတော့ ရရှိဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ သူက  တိုးတက်မှုတချို့ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
thithtoolwin/yIWV


Posted: 18 Aug 2012 11:11 PM PDT
အိန္ဒိယနိုင်ငံမှာ ဘန်ဂလော (Bangalore)၊ ချန်နိုင်း (Chennai)၊ ဟိုက်ဒရာဘက် (Hyderabad) နဲ့ ပူနီး (Pune) စတဲ့ တောင်ပိုင်းမြို့တွေမှာ အလုပ်လာလုပ်နေကြတဲ့ အရှေ့မြောက်ပိုင်းသား အမြောက်အများ ဘေးလွတ်ရာ ထွက်သွားနေကြတဲ့ အခြေအနေကို ၀န်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) က တည်ငြိမ်အောင် ကြိုးစားနေပါတယ်။

နိုင်ငံ အရှေ့မြောက်ပိုင်းမှာ Bodo မူလ ဒေသခံ တိုင်းရင်းသားတွေနဲ့ မူစလင်တွေကြား လတ်တလော ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအခြေခံတဲ့ အကြမ်းဖက်မှုတွေကြောင့် လက်ကိုင်ဖုန်း Text Message တွေ၊ အင်တာနက်တွေက တဆင့် မူစလင်တွေက လက်စားခြေ တိုက်ခိုက်မှုတွေ လုပ်လိမ့်မယ်ဆိုတဲ့ ဘယ်သူ ဖြန့်မှန်းမသိတဲ့ သတင်းစကားတွေကြောင့် ခုလို တောင်ပိုင်းမြို့တွေမှာ လာရောက် အခြေချနေထိုင်သူတွေ စိုးရိမ်ပြီး ဘေးကင်းရာကို ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

ခြိမ်းခြောက်မှုတွေကြောင့် ရာမဒန် (Ramadan) ဥပုသ်လ ကုန်မယ့် ဒီနေ့ စနေနေ့ မတိုင်ခင် နေရပ်ပြန်နိုင်ဖို့ အာသံပြည်နယ်က မီးရထား ဘူတာရုံတွေမှာ လူတွေ ပြည့်ကြပ်နေပါတယ်။ လုံခြုံရေးတွေ တိုးမြင့်ထားပြီး လူတွေကိုလည်း စိတ်အေးအေးထားကြဖို့ ဘန်ဂလော ပြည်နယ် ရဲချုပ်က ပြောကြားခဲ့ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ထိတ်လန့်နေကြတဲ့ အခြေအနေကို ထိန်းဖို့အတွက်လည်း လူ ၅ ယောက်ထက်ပိုပြီး Text Message ပို့တာကို အစိုးရက တားမြစ်ထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

thithtoolwin/yIWV


Posted: 18 Aug 2012 12:55 PM PDT
ဧရာဝတီတိုင်း မြို့တော် ပုသိမ်မြို့မှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး င၀န်မြစ် ရေတက်လို့ ရပ်ကွက် ၁၀ ခု ကျော်မှာ ရေလွှမ်းမိုးနေတဲ့ အတွက် ဒုက္ခသည်ပေါင်း ၂ သောင်းကျော် ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

Photo Courtesy of Goldren Pathein Facebook
ဧရာဝတီတိုင်း မြို့တော် ပုသိမ်မှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး ရေလွှမ်းနေပုံကို ၂၀၁၂ ခုနှစ် သြဂုတ်လလယ်ပိုင်းတွင် တွေ့ရစဉ်။
ပုသိမ်မြို့ဝန်းကျင်က ရေဘေး ဒုက္ခသည်တွေကို မိမိတို့ ပါတီက ဖွဲ့စည်းထားတဲ့ ရေဘေး ကယ်ဆယ်ရေး အဖွဲ့နဲ့အတူ ပွင့်လင်း လူ့အဖွဲ့အစည်း၊ မေတ္တာရိပ် ကျန်းမာရေး ကူညီစောင့်ရှောက်မှု အသင်း၊ သဒ္ဒါဖြူ သွေးလှုရှင်အဖွဲ့၊ လင်းရောင်ခြည် ဖောင်ဒေးရှင်း တို့က ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးနေတယ်လို့ ပုသိမ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရေဘေးကယ်ဆယ်ရေး အဖွဲ့ဝင် ကိုအောင်တင်ဦးက RFA ကို ပြောပါတယ်။

မိုးပြင်းထန်စွာ ၂ ပတ် နီးပါး ဆက်တိုက်ရွာခဲ့တဲ့အတွက် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ကူးစက်ရောဂါတွေ ဖြစ်ပွါးနိုင်တဲ့ အလားအလာ ရှိတယ်လို့လည်း သိရပါတယ်။

ရေဘေးကြောင့် ပုသိမ်ခရိုင် အတွင်းက မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၄၀၀၀ ကျော်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားရတယ်လို့ ဧရာဝတီတိုင်း အစိုးရက သတင်းထုတ်ပြန် ထားပါတယ်။
လယ်ဧက ၂ သိန်း ၂သောင်းကျော် ရေနစ်မြုတ်နေပြီး ရေဘေးကြောင့် ဒုက္ခရောက်နေသူ ၂ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

RFA Burmese

thithtoolwin/yIWV


Posted: 18 Aug 2012 12:53 PM PDT
ပဲခူးတိုင်း ဥဿာမြို့သစ်အတွင်း အစိုးရပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင် ကျောင်း (၂၀၀) ကျော်ကို ဖယ်ရှားမယ့် အစီအစဉ်အရ ဒီကနေ့ မနက်ပိုင်းမှာ ကျောင်းတွေကို အဓမ္မ အင်အား သုံးပြီး ဆက်လက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

AFP
ရန်ကုန်မြို့အတွင် သံဃာတော်များ ဆွမ်းခံကြွနေကြစဉ်။
ကျောင်းတွေအားလုံးကို သီတင်းတစ်ပတ် အတွင်း ဖျက်သိမ်းပေးဖို့ မြို့နယ်အာဏာပိုင်တွေက အခုလ (၅) ရက်နေ့က ညွှန်ကြားခဲ့ပြီးနောက် ၁၆ ရက်နေ့ကစလို့ ဥဿာမြို့သစ် (၈) ရပ်ကွက်က ကျောင်းတွေကို စတင်ဖျက်ဆီးခဲ့တာ ဒီကနေ့အထိ ကျောင်းပေါင်း (၂၀) လောက် ဖျက်ဆီးခံထားရပြီးဖြစ်တယ်လို့ ဆွမ်းဆန်စိမ်းအလှူခံထွက်နေချိန် ကျောင်းဖျက်ဆီးခံလိုက်ရတဲ့ သီလရှင်တစ်ပါးက RFA ကို မိန့်ကြားပါတယ်။
"ဒီနေ့မနက် ၉ နာရီ အကုန်ဖျက်ပေးရမယ်ဆိုပြီးတော့ ပြောသွားတယ်။ လာဖျက်တာက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ဦးမြတ်ကျော်။ သူတို့ အဖွဲ့တွေ လာဖျက်သွားတာ။ အခုသူတို့ ဖျက်နေပြီပေါ့။ ကျောင်းတွေ အများကြီးပဲ သူတို့ ဖျက်တာ။"
အဲဒီလို အာဏာပိုင်တွေဘက်က အင်အားသုံးပြီး အဓမ္မလာရောက် ဖြိုဖျက်တဲ့အခါမှာ ရဲအချုပ်ကားတွေပါ ခေါ်ဆောင်လာပြီး၊ ဖယ်မပေးလိုသူတွေကို ဖမ်းဆီးထောင်ချတာတွေလည်း မျက်မြင်ကြုံရတယ်လို့ စောစောက မယ်သီလရှင်က ဆက်ပြောပါတယ်။
"ရဲအချုပ်ကားတွေတောင် ပါတယ်။ သူတို့ရဲ့ သြဇာကို ဖီဆန်မယ်ဆိုရင် ဖမ်းမယ်ဆီးမယ် ဆိုတဲ့ အနေအထားတွေပေါ့နော်။ ဖမ်းထားတာတွေလည်း အများကြီးပဲ။ လောလောဆယ်ဆိုရင် ဆရာလေးတို့နားက ဒကာကြီးတွေ ဖမ်းထားတယ်။ ထောင်တလစီ ချလိုက်တယ်ဆိုတဲ့ အသံတွေလည်း ကြားလိုက်တယ်ပေါ့နော်။ တော်တော်ဒုက္ခရောက်နေကြတယ်။ တချို့ ဒကာတွေ သံဃာတွေဆိုလည်း ထွက်ပြေးနေရတယ်။"
အခုလို ပဲခူးတိုင်း ဥဿာမြို့သစ်က သာသနိက အဆောက်အဦးတွေ အဓမ္မဖယ်ရှား ဖျက်ဆီးနေမှုတွေနဲ့ ပတ်သက်လို့ ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ကျူးကျော် နေထိုင်မှုတွေကို ဖယ်ရှားတာဖြစ်ပြီး၊ သာသနာရေး ၀န်ကြီးဌာနကို တင်ပြပြီး ဆောင်ရွက်တာဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဖြေကြားပါတယ်။
ဥဿာမြို့သစ်အတွင်း အခုလို အဓမ္မဖယ်ရှားခံရတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင် ကျောင်းတွေဟာ အဲဒီနေရာမှာ ဆောက်လုပ်နေထိုင်လာခဲ့တာ (၅) နှစ်ကနေ အနှစ် (၂၀) အကြား သက်တမ်းရှိတယ်လို့ သိရပါတယ်။
အဲဒီနေရာတွေမှာ အစိုးရက နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းနဲ့ စက်မှုဇုံ စီမံကိန်း အပါအ၀င် မြို့ပြစီမံကိန်းတွေ တည်ဆောက် အကောင်အထည်ဖော်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

RFA Burmese

thithtoolwin/yIWV


Posted: 18 Aug 2012 12:51 PM PDT
ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့နယ်မှာ လယ်သမားသမဂ္ဂ ပေါ်ပေါက်ရေး ကြိုးပမ်းမှု အဖြစ် ဒေသတွင်း လယ်သမားများ အထောက်အကူပြု ကွန်ယက်တခုကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။

RFA
ဧရာဝတီတိုင်း အတွင်းက စပါးခင်း တခုတွင် စိုက်ပျိုးနေသော လယ်သူမများကို ၂၀၁၁ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းတွင် တွေ့ရပုံ။

လယ်ယာမြေ ဖျက်သိမ်းခံရတာ၊ ရေလွှမ်းမိုးမှုကြောင့် လယ်ယာတွေ ရေနစ်မြုပ်တာ၊ စိုက်စရိတ် ချေးငွေတွေ အချိန်မှီ မရတာတွေကို နိုင်ငံတော် အဆင့်ဆင့် အထိ တင်ပြ တောင်းဆိုခဲ့ပေမဲ့ အခုချိန်အထိ တာဝန်ရှိသူတွေက ထိရောက်စွာ အရေးယူပေးတာ မရှိတဲ့အတွက် လယ်သမားများ အထောက်အကူပြု ကွန်ယက်ကို ၂၀၁၂ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ မှာ ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်မှာ ဖွဲ့စည်းရတာ ဖြစ်တယ်လို့ ကွန်ယက်အဖွဲ့တာဝန်ခံ လယ်သမား ကိုအုန်းဟန်က RFA ကို ပြောပါတယ်။
ဒီနေ့ပြုလုပ်ခဲ့တဲ့ လယ်သမား အထောက်အကူပြု ကွန်ယက် ဖွဲ့စည်းတဲ့ပွဲကို သဲကုန်းမြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာအုပ်စု ၁၃ စုက လယ်သမား အယောက် ၅၀ ကျော် တက်ရောက်ကြပြီး အများစုဆန္ဒနဲ့ ဖွဲ့လိုက်ကြောင်း ပြောပါတယ်။
အဲဒီဒေသမှာ ပုဂ္ဂလိက လုပ်ငန်းရှင်က အာဏာပိုင်နဲ့ ပေါင်းပြီး အင်းတည်ဆောက်ထားတဲ့ အတွက် အဲဒီကနေ လျှံထွက်တဲ့ရေတွေက ဒေသခံတွေရဲ့ လယ်တွေကိုလွှမ်းလို့ စိုက်ပျိုးရေး ထိခိုက်တာ၊ စစ်တပ်က လယ်သိမ်းထားတာတွေ အတွက် မူလလယ်လုပ်ခွင့် ရထားသူတွေက ဒီကိစ္စ ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ သတင်းပတ်တွေထဲမှာ ဆန္ဒပြ တောင်းဆိုထားပါတယ်။
ဒါပေမယ့် ဆန္ဒပြခေါင်းဆောင်တွေပဲ ခေါ်ယူ သတိပေးခံရပြီး ပြဿနာပြေလည်အောင် မဖြေရှင်းပေးသေးဘူးလို့ သိရပါတယ်။

RFA Burmese

thithtoolwin/yIWV


Posted: 18 Aug 2012 12:50 PM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်မှာ ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံပြီး အလုပ်အကိုင်သစ်တွေ ဖန်တီးပေးဖို့ ပြောကြားခဲ့ပါတယ်။

Photo Courtesy of NLD
၂၀၁၂ ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရဲဒီရွာ ဒေသခံ ကျေးရွာပြည်သူများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံခဲ့စဉ်။
ဒေသခံတွေ အနေနဲ့ အချင်းချင်း တိုင်ပင်ပြီးမှ ဘယ်လို အလုပ်အကိုင်မျိုး လိုအပ်နေတယ် ဆိုတာ တင်ပြဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
"တယောက်က ဒီလိုဟာလေး လုပ်ရင် ကောင်းမယ်။ တယောက်က ဟိုလိုဟာလေး လုပ်ရင်ကောင်းမယ် ဆိုပြီး တယောက်တမျိုးစီ ဖြစ်နေတဲ့အခါကျတော့ ကျွန်မတို့က ဘယ်ဟာကို ဦးတည်ပြီးတော့ ဘယ်လို အလုပ်အကိုင်မျိုး ဖန်တီးဖို့ ဦးတည်ရမလဲ ဆိုတာ နဲနဲ ဆုံးဖြတ်ဖို့ ခက်ပါတယ်။"
ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော် ဒေသခံ ပြည်သူတွေရဲ့ ဒီကနေ့ တွေ့ဆုံမှုဟာ တတိယ အကြိမ် ဖြစ်ပါတယ်။ ဒေသခံတွေက အလုပ်အကိုင် ရှားပါးမှု၊ သောက်သုံး မရရှိမှု၊ ဥပဒေနဲ့ မညီညွတ်ဘဲ တရားစွဲဆို ခံနေရမှုတွေကို တင်ပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း အစိုးရကိုချည်း အားမကိုးဖို့ ပြည်သူတွေကလည်း ကိုယ့်တာဝန် ကိုယ်ယူဖို့၊ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံရဲ့ ဒီမိုကရေစီ အလေ့အကျင့်နဲ့ ပတ်သက်လို့ ညှိနှိုင်း အဖြေရှာတဲ့ အလေ့အကျင့် ယဉ်ကျေးမှု ထွန်းကားအောင် ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
နေပြည်တော် ဇဗ္မူသီရိနယ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ကတော့ လူထုအကြား ပြဿနာတွေကို ဖြေရှင်းရာမှာ နေပြည်တော်ရှိ ဒေသခံအာဏာပိုင်တွေ ကလည်း လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။
"ကျွန်မတို့ ဖြစ်နေတာက နေပြည်တော်မှာဆိုရင် ဒေသအာဏာပိုင်တွေက ကျွန်မတို့ကိုဒီလိုမျိုး ပူးပေါင်းဆောင်ရွက်ခွင့် မပြုပါဘူး။ အဲဒီလိုပဲ ကျွန်မတို့ ဖိတ်တဲ့ ပွဲတွေဆိုလည်း သူတို့ တက်လေ့ မရှိဘူး။ အဲဒီလိုပဲ ကျွန်မတို့ကို ဆိုရင် နေပြည်တော်ကောင်စီက ဖိတ်တာက အာဇာနည်နေ့ အခမ်းအနားမှာ ဖိတ်တာ တခါပဲ ရှိခဲ့တယ်။ ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့လည်း ဒီနေပြည်တော် အာဏာပိုင်များနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ခွင့်လည်း မရခဲ့ပါဘူး။ လုပ်ခွင့်လည်း သူတို့ မပေးခဲ့ပါဘူး။"

RFA Burmese

thithtoolwin/yIWV

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...