Tuesday, August 21, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၈)


သစ်ထူးလွင်


Posted: 21 Aug 2012 03:05 AM PDT
ယခု ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့် နှင့် မွေးမြူရေးနှင့် ညွှန်ကြားမှု ဦးစီး
ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးမြင့်သန်းတို့ သည် ရန်ကုန် အင်းစိန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင်သော သမိုင်းဝင်ကျောင်း
အဆောက်အဦး(ယခုရုံးချုပ်) ကို ရောင်းချရန် ရည်ရွယ်ချက်ဖြင့် ဝန်ထမ်းများကိုနေပြည်တော်သို့ ချက်ချင်းအမြန်ပြောင်းရွှေ့ ခိုင်းနေပါသည်။

နေပြည်တော်တွင်နေစရာမရှိ။ စားစရာမပေးဖြင့် နေရမည်ဟု နှုတ်မိန့်ဖြင့် 
အတင်းအဓ္ဓမ ပြုလုပ်နေကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ
ဝန်ထမ်းတစ်ဦး Myanmar News Now ကိုပြောပါသည်။

ပြောင်းရွှေ့ ခိုင်းမှု နှင့် ပါတ်သတ်၍ သတင်းအသေးစိတ် ဖတ်ရှုလိုပါက

သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ဝန်ထမ်းများ ပြောင်းရွှေ့ ခိုင်းသည့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန



Posted: 21 Aug 2012 01:26 AM PDT
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ရာသီဥတုဆိုးရွားမှုတွေနဲ့ ပဋိပက္ခ ဖြစ်ပွားမှုတွေကြောင့် လယ်သမားတွေ အခက်ကြုံနေကြပါတယ်။

တောင်သူလယ်သမားတွေ အနေနဲ့ လုံခြုံရေး အခြေအနေ စိတ်မချရသေးတာကြောင့် လုပ်ငန်းခွင် အပြည့်မ၀င်နိုင်တဲ့အပြင် စပါးစိုက်ပျိုးချိန်မှာ ရာသီဥတု ဆိုးရွားမှုတွေကြောင့် စပါးပင်တွေ ရေလွှမ်းပြီး ပျက်စီးမှု ကြုံတွေ့နေရတယ်လို့ လယ်သမားတဦးက ပြောပါတယ်။

“တိုင်းပြည်မအေးချမ်းတော့ ကျနော်တို့ လယ်တွေကို အချိန်တိုင်း မလုပ်နိုင်ကြဘူး။ ညကျတော့ ကင်းစောင့်ရသေးတယ်။ ပြီးတော့ စပါး စိုက်လိုက်ပြန်တော့လည်း ရေလွှမ်းမိုးလို့ ၂ ဧက လုပ်တယ်ဆိုရင် ၁ ဧကလောက်ပဲ စပါးပင်က ကျန်တယ်။ အခု ဆူပူနေတဲ့ ပြဿနာတွေကြောင့် ကျနော်တို့မှာ ၅ ဧက လုပ်နိုင်တဲ့လူက ၃ ဧကလောက်ပဲ လုပ်နိုင်တယ်။ ၂ ဧကလောက်က မစိုက်နိုင်ဘူး။ လယ်သမားတွေအတွက် ဒီလိုအခက်အခဲတွေ ရှိပါတယ်။”

စပါးစိုက်ရာသီဟာ ဇွန်လလယ်လောက်က စစိုက်ကြရမှာဖြစ်ပေမယ့် အခက်အခဲ အမျိုးမျိုးကြောင့် အခုချိန်ထိ မစိုက်ရသေးတဲ့ လယ်တွေလည်း ရှိသလို စိုက်ပြီး ပျက်စီးသွားတဲ့ လယ်တွေကိုလည်း မျိုးစပါးမလုံလောက်တဲ့အတွက် လယ်သမားတွေ  ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

အလားတူဖြစ်ရပ်မျိုး ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က လယ်သမားတွေ လည်း ကြုံတွေ့နေရပါတယ်။  ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေရတဲ့ လယ်သမားတွေရှိနေပြီး အခုချိန်ထိ လယ်ထဲပြန်မဆင်းနိုင်သေးပါဘူး။

မြန်မာနိုင်ငံတနိုင်ငံလုံးမှာ  မိုးစပါးစိုက်ဧကပေါင်း ၁၃ သန်းလောက် ရှိတဲ့အနက် လယ်မြေဧကပေါင်းက ၆ သိန်းကျော် ရေနစ်မြုပ်နေပြီး လယ်ပြန်စိုက်ပျိုးဖို့ မျိုးစပါးတွေ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းချုပ် ဗဟိုအလုပ်အမှုဆောင်  ဒေါက်တာစိုးထွန်းက ပြောပါတယ်။

by ဒီဗွီဘီ


ရေဖုံးလွှမ်းနေသည့် စပါးခင်းများ (ဓာတ်ပုံ- ဒီဗွီဘီ)



Posted: 21 Aug 2012 01:10 AM PDT
မန္တလေး၊ သြဂုတ်- ၂၁

မန္တလေးမြို့  ချမ်းမြသာ စည်မြို့နယ် မြရည် နန္ဒာရပ်ကွက်ရှိ ကျူးကျော်နေ ထိုင်သူများထံ ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက် စစ်ဆေးစဉ် အပြန်အလှန် ထိခိုက်စေမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၁ ရက် ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်ခန့်မှစတင်ကာ တပ်ဖွဲ့ဝင်အင်အား ၃၀ ကျော်ခန့်ရှိသော ရဲတပ်ဖွဲ့ဝင်များသည် ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- ညီညီဇော်

ဓာတ်ပုံ- ညီညီဇော်



Posted: 21 Aug 2012 12:54 AM PDT
ဘုရင့်နောင် လမ်းစုံထောင့်ရှိ ပွိုင့် အမည်ရှိ တည်းခိုခန်းတွင် တရားမ၀င် ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ငန်းများကို ၂၄ နာရီ စည်းကား သိုက်မြိုက် စွာဖြင့်လုပ်ကိုင်နေ ကြပါသည်။ ဘုရင့်နောင် လမ်းစုံထောင့်ရှိ ၆ ထပ်တိုက်၏ ဒုတိယထပ်တွင် ပွိုင့် အမည်ရှိ တည်းခိုခန်းဖွင့် လှစ်ထားပြီး ပေါ်ပေါ်လွင်လွင်ပင် တရားမ၀င် ပြည့်တန်ဆာ အမျိုးသမီး ၁၆ ယောက်ခန့် နှင့် ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Pearl Hotel တဖက်ခြမ်းရှိ ပွိုင့် တည်းခိုခန်း အားတွေ့ ရစဉ်



Posted: 21 Aug 2012 12:35 AM PDT
ဧရာဝတီ တိုင်းဒေသကြီး ကျောင်းကုန်း မြို့နယ်နဲ့ အနီးတ၀ိုက်က ကျေးရွာတွေ မှာ ရေကြီးနေ တာကြောင့် ဒေသခံ ၂သောင်းကျော်ဟာ ရေဘေးဒုက္ခနဲ့ ရင်ဆိုင်နေကြ ရပါတယ်။ တင်ဆက်- ရဲဝင့်သူ/ ရိုက်ကူး- အောင်ထွန်းမြင့် DVB TV News

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 20 Aug 2012 11:59 PM PDT
မန္တလေးမြို့ ၊ ချမ်းမြသာ စည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်ရှိ ကျူးကျော်နေ ထိုင်သူ များအား ဖယ်ရှားရန် သြဂုတ်လ ၂၁ရက်နေ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ လာရောက်စေ ခိုင်းခဲ့ကြောင်း မြရည်နန္ဒာရှိ ကျူးကျော်နေထိုင် သူများကပြောသည်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 








Posted: 20 Aug 2012 11:21 PM PDT
နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို အင်တာနက် မြန်နှုန်းနဲ့ တိုင်းတာတဲ့ ခေတ်ကာလမှာ မြန်နှုန်း လုံးဝ တိတိ ကျကျမရှိတဲ့ အင်တာနက် လိုင်းနဲ့ သုံးစွဲသူတို့ နှစ်ပါးသွားနေရဆဲ ဖြစ်နေရတဲ့ အကြောင်းရင်းက ကျွန်တော်တို့နိုင်ငံဟာ အဆင်းရဲဆုံးဖြစ်နေသေးလို့ပါလို့ပြောရင် အင်တာနက်သုံးစွဲသူများ စိတ်ဖြေသာရာရနိုင်ကြမယ်ထင်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အင်တာနက်မြန်နှုန်းက လိုက်ပါ မြန်ဆန်လာမှာပါလို့ပြောရင် အိပ်မက်လေးတွေ ဆက်လက်လှပနိုင်ကြ မယ်ထင်ပါတယ်။

အာရှမှာတော့ တောင်ကိုရီးယားက အင်တာနက်မြန်နှုန်း အမြင့်ဆုံးပဲဆိုလို့ မြန်မာနိုင်ငံက တရားဝင်ရုပ်သံလိုင်းပေါင်းစုံမှာ ဘယ်တုန်းကမှ အဲဒီဇာတ်လမ်းတွဲတွေကို မကြည့်တဲ့ ကျွန်တော့်လိုလူ အဖို့တောင် ငြီးငွေ့ ပျင်းရိဖွယ် ကောင်းလောက်အောင် တောက်လျှောက် ပြနေတဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို အသာလေး အကဲခတ်ကြည့် မိတော့ ကျိုးကြောင်း ဆီလျော်နေတာ တွေ့ရပါတယ်။ ဟိုးတောရွာ ကျေးလက်ဒေသက အိမ်ကလေး တွေကို နောက်ခံ ထားပြီး ရိုက်ပြတဲ့ ဇာတ်လမ်းတွေမှာတောင် အစစ အရာရာ သန့်ရှင်း သပ်ရပ်နေပြီး ကိုရီးယား ရွာသားတွေက ကျွန်တော်တို့မြန်မာနိုင်ငံမှာ ခေတ်အမီဆုံး လို့ ပြောလို့ရတဲ့ ကျွန်တော်တို့ ရန်ကုန်သားတွေ ထက်တောင် သားနား သန့်ပြန့်နေတာ သိသိသာသာ ကြီးကို မြင်တွေ့ရပါတယ်။ မိုဘိုင်းလ် ဖုန်းကိုယ်စီနဲ့ပါ။

အင်တာနက် မြန်နှုန်းနဲ့ တိုင်းပြည် ကြီးပွား ချမ်းသာခြင်းတို့ အကြား အဆက်အစပ်ကို ခပ်ရေးရေးလေးတော့ သဘောပေါက်လိုက် မိပါတယ်။ (ကိုရီးယားကားမှ ကိုရီးယားကားဖြစ်နေတဲ့ ညီငယ်၊ ညီမငယ် တို့အနေနဲ့ ကိုရီးယားတွေရဲ့ဆံပင်ပုံစံတွေ၊ အင်္ကျီပုံစံတွေနဲ့ ခေတ်ပေါ် စတိုင်လ်တွေကို အတုခိုးသလို သူတို့ဘယ်လိုကြီးပွားအောင် လုပ်ကြ သလဲဆိုတာလည်း ဇာတ်လမ်းတွဲကြည့်ရင်း စူးစမ်းလေ့လာကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။) ဒါပေမဲ့ဗျာ။ ဆင်းရဲလို့ အင်တာနက်မြန်နှုန်း နှေးနေတာကို လက်ခံနိုင်ပေမယ့် နှေးသင့်တဲ့နှုန်းထက် အများကြီးပိုနှေးရုံမကဘဲ လုံးဝ မြန်နှုန်းကင်းမဲ့နေတဲ့အထိဖြစ်ရတာတော့ တော်တော်ရှက်စရာ ကောင်းပါတယ်။ ရှက်စရာကောင်းတယ်ဆိုတာက သုံးစွဲသူ ကျွန်တော် တို့ Customer တွေရော အင်တာနက်လိုင်းဝန်ဆောင်မှုပေးတဲ့ စီးပွားရေး ကို လုပ်ကိုင်နေတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ဖုန်းကုမ္ပဏီများ ပါ ရှက်စရာကောင်းနေတာပါ။ ကျွန်တော်က မိုဘိုင်းလ်ဖုန်းတစ်လုံး တောင်မပိုင်သေးတဲ့ လူလတ်တန်းစား စာရင်း မ၀င်သူ အခြေခံ လူတန်းစားပါလို့ ပြောရင်ရပါတယ်။ ကောင်းရောင်းကောင်းဝယ်နဲ့ ဘ၀ကို ထူထောင်နေတဲ့ ဘ၀ချောတိုင် တက်သမားတွေထဲက အများ နည်းတူ သာမန်လူတစ်ယောက်ပါ။

တိုင်တစ်ဝက်နားလေးရောက်လိုက် တိုင်းပြည်စီးပွားရေးပေါ်လစီဆိုတဲ့ ချောဆီကို တစ်စုံတစ်ယောက်က Manipulation ၀ါးလုံးရှည်ရှည်နဲ့ လှမ်းထိုးပြီး ချောတိုင်ကို ပိုချောအောင် ချောဆီတွေအားဖြည့်ပေးလိုက်နဲ့ လုံးချာရိုက်နေတဲ့ ကြီးကြီးကျယ် ကျယ်ပြောရရင် မိုက်ခရို ဘစ်ဇနက်မန်းဖြစ်ဖို့ ကြိုးစားနေတဲ့ လူသာမန် တစ်ယောက်ပါ။

ပြောချင်တာက မိုဘိုင်းလ်ဖုန်းနဲ့သုံးရတဲ့ အင်တာနက် အကြောင်းပါ။ ပညာကိုမက်မောသူ၊ ပြီးတော့ တိုင်းပြည်ထူထောင်ရေး အတွက် သေရေးရှင်ရေးလို အရေးကြီးတဲ့ အခုလိုကာလမျိုးမှာ အုတ် တစ်ချပ်မဟုတ်တောင် သဲတစ်ပွင့်စာလောက်လေးပဲ ဖြစ်ဖြစ် ပါဝင် ထမ်းဆောင်ချင်တဲ့သူပီပီ အင်တာနက်ဆိုတဲ့ ရတနာသိုက်ကြီးကို မက်မက်မောမော တူးဆွချင်တဲ့ သူတွေထဲက တစ်ယောက်ပေါ့။

အဲဒီတော့ မိုဘိုင်းလ်ဖုန်းမ၀ယ်နိုင်သေးပေမယ့် ၀ယ်နိုင်တဲ့ ကျွန်တော့်သားရဲ့ GSM ဖုန်းလေးနဲ့ အင်တာနက်ကပ်သုံးပါတယ်။သူက IT PRO ဆိုတော့ Software တို့၊ Network တို့က အိမ်မှာ အလွယ်လေး လုပ်လို့ရပါတယ်။ ပြဿနာက မြန်နှုန်းနဲ့ တွေ့တဲ့ အချိန်မှာ စတင်ပါတော့တယ်။ ကျွန်တော်က တစ်ညမှာ ည ၁၁ နာရီလောက် အင်တာနက် လိုင်းဝင်ဖို့လုပ်ပါတယ်။ ကိုယ်ကျိုးလုံးဝမပါဘဲ ခုနပြော သလို တိုင်းကျိုးပြည်ကျိုးအတွက် သဲတစ်ပွင့်စာလောက် အထောက် အကူဖြစ်မယ့် Gmail လေးတစ်စောင်ပို့မလို့ပါ။ ကွန်ပျူတာရှေ့မှာ ၂နာရီကျော် ကြာသွားပါတယ်။ Mobile Internet Connection က လုံးဝမြန်နှုန်း ကင်းမဲ့ နေပါတော့တယ်။ (လိုင်းလုံးဝ မရတာကို ဆိုလို တာပါ၊) အောက်ပါအရသာများ ကျွန်တော် ကောင်းကောင်းကြီး ခံစား ရပါတော့တယ်။

၁။ အသက် ၅၀ တန်း ဘ၀ဒဏ်ရာဒဏ်ချက်များစွာခံထားရတဲ့ အဘိုးကြီးပေါက်စ ပီပီ အကြာကြီး ထိုင်မိလို့ ကျောပြင်တစ်ခုလုံး ကိုက်ခဲလာပါတယ်။
၂။ အင်တာနက်သုံးစွဲခကို မသုံးလိုက်ရဘဲနဲ့ ၃၀၀ လောက်ပေး လိုက်ရပါတယ်။
၃။ စိတ်ပင်ပန်းဆင်းရဲမှုကို ပြင်းစွာခံစားရပါတယ်။
၎။ အချိန်အလွန်ရှားပါးတဲ့ကြားထဲက ၂ နာရီကျော်ကျော် လောက် အလဟဿဆုံးရှုံးသွားပါတယ်။
၅။ တက် ၆။ ကျွန်တော်ပို့ချင်တဲ့ အရေးတကြီးပို့ရမယ့် Gmail လေး မပို့ရတော့ပါဘူး။ အချိန်မမီတော့ပါဘူး။
၇။ နောက်တစ်နေ့မှာ အိပ်ရေးပျက် စိတ်ပန်းလူပန်းနဲ့ ဖျားပါ တယ်။
၈။ အချိန်ကို အသက်နဲ့ ထပ်တူလေးစားတတ်ပါတယ်လို့ ကိုယ့်ဘာသာ ဂုဏ်ယူဝင့်ကြွားတတ်တဲ့ ကျွန်တော်က မိတ်ဆွေနဲ့ ချိန်းဆိုထားတာကို ပျက်ကွက်ပြီး အရှက်ရပါတယ်။
ကဲ ကောင်းတာဘာများရှိသေးလို့လဲ။ ကျွန်တော်က ဒီဆောင်းပါး မရေးခင် ကျွန်တော်ပဲမှားသလားလို့ သေသေချာချာ ဆန်းစစ်ပါသေး တယ်။ ကိုယ့်အိမ်ကInternet Connection ပြဿနာကြောင့်ပဲလား ဆိုပြီး ဖုန်းလိုင်းကို ခဏပိတ်လိုက်၊ ကွန်ပျူတာကို Restart လုပ်လိုက်နဲ့ ရလိုရငြား ကြိုးစားပြီးလုပ်ပါတယ်။ နောက်တစ်နေ့ ရင်းနှီးတဲ့သူငယ်ချင်း မိတ်ဆွေတွေ မေးကြည့်တော့မှ သူတို့လည်း ထိုနည်း၎င်းဆိုတာ သိလိုက်ရပါတယ်။ ငါတစ်ယောက်တည်းမဟုတ်ပါလားဆိုပြီး နည်းနည်းများ အားတက်ရမှာလားမသိတော့ပါဘူးဗျာ။

အဲဒီမိုဘိုင်းလ်ဖုန်းကို ကျွန်တော့်သားက သူ့ချွေးနှဲစာနဲ့ ၂၁၀ç၀၀၀ ကျပ်တိတိပေးပြီး ၀ယ်ထားတာပါ။ အင်တာနက်လိုင်းအတွက်ကို သက်ဆိုင်ရာကုမ္ပဏီမှာ တစ်သောင်းတစ်ထောင်ကျပ်တိတိပေးပြီး လျှောက်ထားရတာပါ။ ဖုန်းလိုင်းတစ်လိုင်းကို သူများနိုင်ငံမှာ အင်တာနက်သုံးစွဲခွင့် အပါအ၀င် တစ်ထောင်ကျပ်လောက်နဲ့ အလွယ် တကူဝယ်လို့ရနေတဲ့အချိန်မှာ ကျွန်တော်တို့က တန်ဖိုးနည်းဖုန်းဆိုတဲ့ ကြော်ငြာနဲ့ နှစ်သိန်းနှစ်သောင်းကျပ်တိတိပေးပြီး ၀ယ်ရပါတယ်။စင်ကာပူမှာ အင်တာနက်ကို ၂၄ နာရီဖွင့်ထားရင်တောင် မြန်မာငွေနဲ့ တစ်လကို တစ်သောင်းလောက်ကျတဲ့အချိန်မှာ ကျွန်တော်တို့က တစ်မိနစ် နှစ်ကျပ် တစ်နာရီ ၁၂၀ ပေးရပါတယ်။ ပြီးတော့ အထက်ဖော်ပြ ပါဒုက္ခတွေကို အဆစ်အနေနဲ့ တ၀ကြီးခံစားရပါသေးတယ်။ ကျွန်တော် အဲဒီညက mail ပို့ဖို့ လက်လျှော့လိုက်တဲ့အချိန်မှာ ဘာကိုတွေးမိ သလဲဆိုတော့ ငါလို အာဝါဒါးသာသာ ပမွှားတစ်ကောင်က တိုင်းပြည် ချစ်စိတ်လေးဘာလေးနဲ့ ကြီးကျယ်ပြီး ညတောင်ကောင်းကောင်း မအိပ်ဘဲ တတ်နိုင်တာလေးလုပ်နေတဲ့အချိန်မှာ အခုလိုအဆင်မပြေမှု တွေဖြစ်တာနဲ့ ဒုက္ခရောက်နေတဲ့အချိန်မှာ အခွင့်အရေးတွေ အချောင် ရပြီး စီးပွားဖြစ်နေကြတဲ့ သူဌေးမင်းများတို့ကတော့ ဟိုတယ်ခန်း ကောင်းကောင်းထဲမှာလား၊ အိမ်ခန်း ကောင်းကောင်းထဲမှာလား သောက်စားပျော်ပါးပြီး မောမောပန်းပန်းနဲ့ ဇိမ်ကျနေလောက်ပြီလို့ပါ။

ကျွန်တော်က သူတို့လိုစည်းစိမ်မျိုးကို မမက်မောတတ်တဲ့ ငမိုက် သားစစ်စစ်မို့ မနာလိုဖြစ်နေတာလို့တော့ လုံးဝမထင်ပါနဲ့။ အချိန် ရှားပါးလွန်းလို့ မနာလိုဖြစ်ဖို့ ရှိတဲ့အချိန်လေး ဖဲ့မပေးနိုင်ပါဘူး။ကျွန်တော်ပြောချင်တာက တာဝန်ယူမှု အကြောင်းပါ။

အကျိုးအမြတ် တွေအများကြီးရယူထားတဲ့ စီးပွားရေးလုပ်ငန်းရှင်ဆိုတာ တာဝန်ယူ မှုရှိသင့်ပါတယ်။ ၀န်ဆောင်မှုဆိုတာ အနက်အဓိပ္ပာယ်အပြည့်ရှိတဲ့ စကားလုံးပါ။ Customer is King ဆိုတာလည်း မြန်မာနိုင်ငံမှာ တော့ ပုံပြင်ဖြစ်နေတာကြာပါပြီ။

ရချင်တဲ့အကျိုးအမြတ်ကျတော့ ရသင့်တာထက် မတန်တဆယူချင်ပြီး ပေးရမယ့်ဝန်ဆောင်မှုဆိုတာ ထည့်တောင်စဉ်းစားပုံမရပါဘူး။ စားသုံးသူကို လုပ်ပိုင်ခွင့်ကောင်း ကောင်းနဲ့ အထက်စီးယူထားကြတာပါ။ မြန်နှုန်း 2.75G ဆိုတဲ့ အခု ကျွန်တော်တို့သုံးနေတဲ့ GSM အင်တာနက်လိုင်းနဲ့ပတ်သက်တဲ့ နည်းပညာဆိုတာ တော်တော် Date အောက်နေပါပြီ။ ကျွန်တော်တို့ က အဲဒီလောက်လေးကိုပဲ ကောင်းကောင်းမွန်မွန်လေး သုံးခွင့်ရရင် ကျေးဇူးတောင်တင်နေကြမှာပါ။ တော်တော်လည်း သည်းခံတတ်တဲ့ မြန်မာပြည်သားများပါဗျာ။ ကျူးဘားလို ကွန်မြူနစ်တစ်ဖြစ်ကို မနေ့တစ်နေ့ကမှ လဲလာတဲ့ နိုင်ငံမှာတောင် ဒေါ်လာ ၁၀၀ နဲ့ရောင်းတဲ့ မိုဘိုင်းလ်ဖုန်းကို ဒေါ်လာ ၂၅၀ လောက်နဲ့ တန်ဖိုးနည်းဖုန်းဆိုပြီး ခပ်တည်တည်ရောင်းနေတာလည်း ခံနေရတာပါပဲ။ အခုဈေးကို နောက်နှစ်ဆန်းရင် လျှော့မယ်ဆိုတာတောင် တစ်သိန်း၊ တစ်သိန်းခွဲ ဆိုပဲ။ မတင်မကျလေးပါ။ ဒါတောင် နောက်နှစ်ဆန်းပါတဲ့၊ တစ်သိန်း ဆိုတာ ဒေါ်လာတစ်ရာကျော်ပါတယ်။ ဒီနေရာမှာ ဆက်သွယ်ရေးနဲ့ ပူးပေါင်းပြီး မိုဘိုင်းလ်ဖုန်းလိုင်းရောင်းတဲ့ ကုမ္ပဏီတွေကို စေတနာနဲ့ အကြံပြုချင်ပါတယ်။ ဖုန်းလိုင်းသန်းသုံးဆယ်လောက်ကို ငါးနှစ် စီမံကိန်းချပြီးရောင်းချတဲ့အလုပ်က စိတ်ကူးထားတဲ့အတိုင်း တိတိ ကျကျ ဘယ်တော့မှမဖြစ်နိုင်ပါဘူး။ နိုင်ငံရေးအခြေအနေအပြောင်း အလဲနဲ့ လတ်တလောလိုအပ်ချက်တွေကို ထည့်မတွက်ထားတဲ့သဘော ရှိပါတယ်။ နိုင်ငံရေးအရ ၂၀၁၅ မတိုင်ခင်မှာ လူထုစိတ်ကျေနပ် ပျော်ရွှင်သွားအောင်လုပ်ပေးလို့ရတာ တန်ဖိုးနည်းဖုန်း ရောင်းချခြင်း တစ်မျိုးပဲရှိပါတယ်။ အခုနေ ဖုန်းလိုင်းတစ်လိုင်းကို ကျပ်ငွေ ငါးသောင်း လောက်နဲ့ ရောင်းပေးလိုက်ရင် မျှော်မှန်းထားသလို သန်းသုံးဆယ် ကို ရောင်းချလို့ရနိုင်ပါတယ်။ နိုင်ငံခြားနဲ့ ပြည်တွင်းက အခြားကုမ္ပဏီ တွေကို ယှဉ်ပြိုင်ခွင့် မကြာခင် သေချာပေါက် ပေးကိုပေးရတော့မှာ ဖြစ်ပါတယ်။

အဲဒီယှဉ်ပြိုင်ခွင့်ပေးလိုက်တော့မှဆိုရင် သန်းသုံးဆယ် မပြောနဲ့ သုံးသန်းတောင် ရောင်းလိုက်ရမှာမဟုတ်ပါဘူး။ တစ်ခါတလေ မှာ အခြေအနေအချိန်အခါဆိုတာက ကိုယ်လက်လှမ်းမမီတာတွေကို ဖန်တီးတတ်ပါတယ်။ လူထုတစ်ရပ်လုံးကလည်း အစိုးရနဲ့ ဖုန်းရောင်း နေတဲ့ကုမ္ပဏီများကို ကျေးဇူးတင်လို့ရအောင် ကာယကံရှင်စီးပွားရေး သမားတွေလည်း လျာထားချက်ပြည့်မီအောင်ဆိုရင် အခု ငါးသောင်း လောက်နဲ့ရောင်းလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။
နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေကို မျှော်လင့်စောင့်စားနေရ တဲ့ကာလဖြစ်ပြီးတော့ မိုဘိုင်းလ်ဆက်သွယ်ရေးရော အင်တာနက်ရော ဆိုတာက ၂၁ ရာစု လူ့အဖွဲအစည်းမှာ Infrastructure ထဲမှာပါ တယ်ဆိုတာ သတိပြုသင့်ပါတယ်။
လူသန်းခြောက်ဆယ်လုံးလက်ထဲ ကို မိုဘိုင်းလ်ဖုန်းထည့်ပေးနိုင်ရင် GDP က အလိုလို ၁၀ ရာခိုင်နှုန်း တက်လာမယ်ဆိုတာ သိကြမှာပါ။ ဗီယက်နမ်မှာ Phone Density ၂၀၀ ရာခိုင်နှုန်းပြည့်တော့မယ်ဆိုတာလည်း သိကြမှာပါ။ လူတစ်ယောက် ဖုန်းနှစ်လုံးလို့ ပြောတာပါ။ အမေရိက ကနေ စီးပွားရေးလာလုပ်မယ့် သူတွေက မြန်မာပြည် အဆင်သင့်မဖြစ်သေးဘူးလို့ စပြောလာပါပြီ။ဆီးဂိမ်းလို အရေးပါတဲ့ပွဲတွေအပြင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စတာတွေနဲ့ပတ်သက်တဲ့ အစည်းအဝေးကြီးတွေ၊ ဖိုရမ်ကြီးတွေ ကျွန်တော် တို့ဆီမှာ လုပ်ရတော့မယ့်အချိန်လည်း ရောက်လာတော့မယ် ဖြစ်ပါ တယ်။ မိုဘိုင်းလ်ဆက်သွယ်ရေးနဲ့ အင်တာနက်လိုင်းကို အချိန်ဆွဲထား လို့ရတဲ့အနေအထားမရှိတော့ပါဘူး။ ကိုယ်ကျိုးစီးပွားတစ်ခုတည်း ကြည့်ပြီး ဆက်လုပ်နေလို့ကတော့ နောင်တစ်ချိန်ခံရရင် တစ်တိုင်း တစ်ပြည်လုံး ခါးစည်းခံရပါလိမ့်မယ်။ အခုအချိန်အထိ သည်းခံပြီး ကောင်းလာနိုးနိုး စောင့်စားနေကြတဲ့လူထုက ဘယ်လောက်ခံနိုင်ရည် ရှိမယ်ဆိုတာ စမ်းသပ်သလိုဖြစ်နေပါတယ်ဗျာ။

နည်းနည်း ပြန်စဉ်းစား ကြစေလိုပါတယ်။ စီးပွားရေးကောင်းလာဖို့က အကြာကြီးစောင့်ရဦး မယ့်အချိန်မှာ အလွယ်တကူလုပ်ပေးလို့ရတဲ့ အခွင့်အရေးလေးတွေကို ကြိုးစားပြီး လုပ်ပေးလိုက်စေချင်ပါတယ်။

ဒီနေရာမှာ မီဒီယာကမိတ်ဆွေတို့ကို အလေးအနက် မေတ္တာ ရပ်ခံပါရစေ။ အကျိုးအမြတ်ရယူမယ့်လုပ်ငန်းရှင်တွေက ကမ္ဘာမှာ ဈေးအကြီးဆုံးမိုဘိုင်းလ်ဖုန်းကို တန်ဖိုးနည်းလို့ပြောတဲ့အခါတိုင်းမှာ မီဒီယာတွေက သတိထားပြီး တန်ဖိုးနည်းဆိုတဲ့အသုံးအနှုန်းကို မီဒီယာ တွေရဲ့အသုံးအနှုန်းမဖြစ်အောင် ရှောင်ရှားပေးကြပါ။ သူတို့သုံးတာ သုံးပါစေဗျာ။ ကျွန်တော်တို့က လိုက်သုံးပြီး လိုက်ကြော်ငြာပေးရင် ကြံရာပါတွေဖြစ်ကုန်နိုင်ပါတယ်။ တန်ဖိုးတကယ်နည်းမှပဲ တန်ဖိုး နည်းလို့ သုံးကြစေလိုပါတယ်။

လွတ်လပ်ရေး တိုက်ပွဲကာလနဲ့ တန်းတူ အရေးပါလှတဲ့ အခုလို နိုင်ငံသစ် တည်ဆောက်ရေး ကာလမှာ လူတိုင်း တိုင်းချစ်ပြည်ချစ်စိတ် မွေးသင့်တယ်လို့ ထင်ပါတယ်။ လုပ်ပိုင်ခွင့် အများကြီး ရှိတဲ့သူ ဆိုတာ အခုအချိန်မှာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူ့ အဖွဲ့အစည်း အကျိုးကို ပိုပြီး များများ ထမ်းဆောင်နိုင်တယ်လို့ တွေးကြည့်စေချင်ပါတယ်။ ကိုယ် မွေးထားတဲ့ ကိုယ့်သား ကိုယ့်သမီး အပါအ၀င် နောင်မျိုးဆက်သစ်တွေ ကို မတရားသဖြင့် စီးပွားတွေရှာပြီး စည်းစိမ်တွေ ပုံပေးထား ခဲ့ရင်လည်း တိုင်းပြည်က နိုင်ငံရေး၊ စီးပွားရေး ခိုင်မာ တည်ငြိမ်မှု မရှိရင် အလကား ပါပဲ။ အချိန်မရွေး ဒုက္ခများနိုင်ပါတယ်။ သေချာတဲ့၊ ခိုင်မာတဲ့ အနာဂတ် ကောင်းမွန် ပြည့်စုံပြီး လူ့အဖွဲအစည်း တစ်ခုလုံး စည်ပင် ၀ပြောနေတဲ့ ၀န်းကျင်တစ်ခုကို အတူတူ ၀ိုင်းဝန်းပြီး ဖန်တီးကြရအောင်လို့ မေတ္တာ စကားပြောချင်တာပါ။

တိုင်းပြည်သစ် တည်ဆောက်တဲ့ ကာလမှာ လူလာ ဖြစ်နေတာ ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီးပါ။ တိုးတက်ဖွံ့ဖြိုးပြီး သားတိုင်းပြည်မှာ တိုင်းကျိုးပြည်ကျိုးထမ်းဆောင်တာထက် အဆ များစွာ ပိုပြီးကုသိုလ်ဖြစ်နိုင်ပါတယ်လို့ စေတနာသတိ၊ မေတ္တာသတိလေး ပေးလိုက်ပါရစေ။

 Written by ပိုက်တင်
The Voice Weekly




Posted: 21 Aug 2012 12:06 AM PDT
အသစ်ဖွဲ့စည်း ထားသည့် ရခိုင်ပြည်နယ် ဖြစ်စဉ်များ စုံစမ်းရေး ကော်မရှင်နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့ တွေ့ဆုံပွဲကို ပြည်တွင်း မီဒီယာများ တက်ရောက်ရန် နယ်စပ်ရေးရာ ၀န်ကြီးက ဖိတ်ကြားထား သော်လည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က---


သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဝင်ခွင့်မရ၍ အပြင်မှာ စောင့်ဆိုင်းနေကြသော မီဒီယာသမားများ



Posted: 20 Aug 2012 11:05 PM PDT
သြဂုတ် (၂၁)ရက်၊ ၂ဝ၁၂ခုနှစ်။

နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် တာစူနေချိန်တွင် ပြည်ပနိုင်ငံများတွင် သုံးစွဲရန် ခက်ခဲသော FEC များအား တက်နိုင်သမျှ အမြန်ဆုံးရုတ်သိမ်းဆောင်ရွက်သင့်ကြောင်း ပြည်တွင်း ပုဂ္ဂလိဘဏ်များနှင့်စီးပွားရေးလုပ်ငန်းရှင်များကက အကြံပြုပြောဆိုကြသည်။

''မြန်မြန်သိမ်းလေကောင်းလေပဲ သူတို့က ဘာဖြစ်လို့ နှစ်ကုန်ထိထားရတာလဲ။အရင်က တစ်ဒေါ်လာ ခြောက်ကျပ်ကြောင့်မို့လို့ FEC ကိုကြားခံထားတာ အခု FEC ရဲ့ အခန်းကဏ္ဍ မရှိတော့ဘူး။ ပြည်ပလုပ်ငန်းရှင်တွေကလည်း ဝင်ရောက်လာမယ်ဆိုရင် သူတို့အတွက်လည်း သုံးရတာ အခက်အခဲ ဖြစ်တယ်။ သူတို့ကိုင်ဆောင်ထားမယ်ဆိုရင်လည်း နိုင်ငံတကာမှာ သုံးလို့ မရဘူးဆိုတော့အခက်အခဲ တွေ ဖြစ်နိုင်တယ်'' ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဌ ဦးသန်းလွင်က နိုင်ငံတော် ဗဟိုဘဏ်မှ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်အကုန်တွင် FEC  ရုတ်သိမ်းမည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းအပေါ်တွင် ပြောကြားခဲ့ခြင်းသည်။

FEC ရုတ်သိမ်းပါက ကာလတန်ကြေးနှင့် ညီမျှသည့် ငွေကြေး (သို့) အမေရိကန်ဒေါ်လာကို ပြန်လည်ပေးအပ်မည်ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူများက ပြောကြားသည့်အတွက် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များအတွက် မည်သို့မျှ ထိခိုက်မှုမရှိနိုင်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များမှလည်း အမေရိကန်ဒေါ်လာ တရားဝင်ကိုင်ဆောင်ခွင့် ရပြီးနောက် တန်ဖိုးတူသော်လည်း   ပြည်တွင်း၌သာ သုံးစွဲနိုင်ပြီး နိုင်ငံတကာတွင် အသုံးမပြု နိုင်သည့်အတွက် FEC အား ကာလတန်ဖိုးနှင့် တူညီသည့်   ငွေကြေး(သို့)အမေရိကန်ဒေါ်လာနှင့် လဲလှယ်ပေး၍ နိုင်ငံတော်ဗဟိုဘဏ်မှ အမြန်ဆုံးရုတ်သိမ်းပေးသင့်ကြောင်း ပြောဆိုကြသည်။

''အခုက တစ်ဒေါ်လာကို (၆) ကျပ်ခေတ်လည်းမဟုတ်တော့ဘူး။ အခုလိုနိုင်ငံတကာကလည်းစီးပွားရေးအရ   ရင်းနှီးမြှပ်နှံမှုတွေ စတင်ပြုလုပ် လာတဲ့အချိန်မှာ ဘယ်လိုမှမလိုအပ်တဲ့အပြင် အပိုသက်သက်လိုဖြစ်နေတဲ့ အဲဒီ FEC  ကို သူနဲ့တန်ဖိုးတူတဲ့ ငွေကြေးပေးပြီး အမြန်ဆုံးရုတ်သိမ်း ပေးသင့်တယ်''ဟု Export/Import လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်ကျော်က FEC ရုတ်သိမ်းမည့်အပေါ်တွင် သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်

ပြီးခဲ့သည့် (၂ဝ၁၂) ခုနှစ် ဧပြီလ (၂) ရက်နေ့တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို နှုန်းရှင်အဖြစ် စတင်သတ်မှတ်ပေးခဲ့ပြီး ထိုစဉ်က အမေရိကန်တစ်ဒေါ်လာနှင့် FEC တစ်ယူနစ်လျှင် မြန်မာကျပ်ငွေ (၈၁၈)ကျပ်သာရှိခဲ့ပြီး မြန်မာနိုင်ငံ၏ သိသာထင်ရှားလာသော   ပြုပြင်ပြောင်းလဲမှုများ၊ မူဝါဒအပြောင်း အလဲများနှင့် နိုင်ငံတွင်းစီးပွားရေးအပြောင်းအလဲများကြောင့် သြဂုတ်လ (၁၇) ရက်နေ့အထိ အမေရိကန် တစ်ဒေါ်လာနှင့် FEC တစ်ယူနစ်လျှင် မြန်မာကျပ်ငွေ (၈၆၆) ကျပ်အထိ ရှိနေခဲ့သည်။

လက်ရှိတွင် ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များ၏ နိုင်ငံခြားငွေ လဲလှယ်နိုင်သည့် ကောင်တာများ၌ လူတစ်ဦးလျှင်   ဒေါ်လာတစ်သောင်းနှုန်းဖြင့် လွတ်လပ်စွာ လဲလှယ်နိုင်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ၁၉၉၂-၁၉၉၃ ခုနှစ်များတွင် ပုဂ္ဂလိက ဘဏ်များကို နိုင်ငံခြားငွေ လဲလှယ်ခွင့်ပေးခဲ့ပြီး အစိုးရ သတ်မှတ်ဈေးသည် ပြင်ပဈေးကွက်နှင့် ကွာဟချက်ရှိခဲ့ခြင်းကြောင့်ပြန်လည် ပိတ်ပင်ခဲ့ရကြောင်းကိုလည်း သိရှိရသည်။

ရန်နိုင်(မြစ်မခ)
by Shwe Myitmakha Media Group



Posted: 21 Aug 2012 12:14 AM PDT
 ပဲခူးတိုင်း ဒေသကြီး ဒိုက်ဦးမြို့နယ်ရှိ ကျေးရွာ(၂ဝ)ကျော်တွင် စပါးစိုက်လက်ဧက တစ်သောင်းနီးပါး ရေနစ်မြုပ် ခံနေရကြောင်း   ဒေသခံ တောင်သူ များထံက သိရှိရသည်။

အဆိုပါ ကျေးရွာများမှာ ဖောင်တော်သီ၊ ရွာသစ်၊ ၇ှမ်စု ၊ သစ်တော၊ ပသွယ်၊ ဆန်ကူး၊ ပျဉ်ပုံ၊  ရွာမ၊ ရွာမကြီး၊ဘုရားကြီး ၊လေးဆယ် အစရှိသည့် ကျေးရွာများ ရေလွှမ်းမိုး ခံနေရခြင်း ဖြစ်ပြီး ရေနစ်ကွင်း ဘက်ရှိ  ပဂိုင်ကျေးရွာအပါအဝင်---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 21 Aug 2012 12:17 AM PDT
သြဂုတ်(၂ဝ)ရက်၊ ၂ဝ၁၂ခုနှစ်။

အင်းလေး ဒေသတွင် မီးလင်းရေး ကော်မတီနှင့် အခြား လူမှုရေး အသင်းအဖွဲ့ များ အနေဖြင့်လျှပ်စစ်မီး ရရှိရန် ကြိုးပမ်းဆောင်ရွက်  လျှက်ရှိရာ လာမည့်(၃)နှစ်အတွင်း  အင်းလေး ဒေသတစ်ခုလုံး လျှပ်စစ်မီး ရရှိနိုင်တော့ မည်ဖြစ်ကြောင်း လူမှုရေး အသင်း အဖွဲ့များထံက သိရှိရသည်။

အင်းလေး ဒေသတွင် ကျေးရွာပေါင်း(၄ဝဝ)ကျော်ရှိ သည့်အနက် ကျေးရွာ(၁၅ဝ)ဝန်းကျင်သာ မီးလင်း ကြောင်းကိုလည်း မီးလင်းရေး ကော်မတီက သိရှိရသည်။

“အင်းလေးမှာ မီးလင်းတဲ့နေရာက ရွာ ၁၅ဝ ကျော်လောက်ပဲ ရှိတယ်။ ကျန်တဲ့ တောင်ပေါ်ဒေသ ရယ် ၊ အင်းလယ်ရယ် ကမ်းစပ်ရယ်မှာ မီးမလင်းသေးဘူး မီးရတဲ့ နေရာမှာတောင် အကုန်အပြည့် ရကြတာမဟုတ်ဘူး ရတဲ့နေရာရပြီး မရတဲ့နေရာ လဲရှိတယ်၊ကွက်ကျားရနေကြတာပေါ့ ” ဟု အင်းလေးဒေသ မီးလင်းရေးကော်မတီမှ အတွင်းရေးမှူး ဦးတင်စိုးက ပြော သည်။

အင်းလေးဒေသရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ဒေသဖွံ့ဖြိုးမှုတွင် အရေးပါသည့် လျှပ်စစ်မီးရရှိရန် ထရန်စဖော်မာများ ဝယ်ယူရမည်ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် အခက်အခဲဖြစ်လျက်ရှိ ကြောင်း သိရှိရသည်။

  “ အဓိကကတော့ ငွေကြေးပေါ့၊ ဒီမှာက နိုင်ငံတော်က လုပ်ပေးတာမဟုတ်ဘူး ကိုယ့်အား ကိုယ်ကိုး ပြီး ရုန်းကန်နေ ရတာ ဆိုတော့ ကျေးရွာတွေ အကုန်လုံးမီးရရှိဖို့က ငွေလိုတာပေါ့ ငွေကြေးအထောက် အပံ့ရှိရင် ထရန်စဖော်မာ ဝယ်ပြီး   ကျေးရွာတွေ မှာလည်းထားပေးလို့ရတယ် ငွေကြေးကြောင့် အချိန်ကြန့်ကြာနေတာပါ” ဟု အင်းလေးဒေသမီးလင်းရေးကော်မတီမှ အတွင်း ရေးမှူး ဦးတင်စိုးက ဆက်ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်အနီးရှိ ညောင်ရွှေမြို့နှင့် အလိုတော်ပေါက် ဘုရားအနီးတွင် သာ လျှပ်စစ်မီးရရှိနေပြီး အခြားသော အင်းလေးကန်အရှေ့ဘက်ကမ်းစပ်၊ အင်းလယ်နှင့် တောင်ပေါ် ဒေသများတွင် လျှပ်စစ်မီးမရရှိသေးကြောင်း သိရှိရသည်။

ညောင်ရွှေမြို့နှင့် အလိုတော်ပေါက်ဘုရားတောင်ဘက်တွင် မီးလင်းရခြင်းမှာ ထရန်စဖော်မာ ၅ဝ ကေဘီ ၊ ၁ဝဝကေဘီရှိ မီးစက်ဖြင့် အသုံးပြုနေခြင်းကြောင့်ဖြစ်ပြီး အခြားကျန်ရှိနေသော ကျေးရွာ များတွင် လျှပ်စစ်မီးမရရှိခြင်းမှာ ထရန်စဖော်မာ ဝယ်ယူရန် ငွေကြေးအခက်အခဲများ ရှိနေခြင်း ကြောင့် ဖြစ်သည်ဟု မီးလင်းရေးကော်မတီက  သိရှိရသည်။

 “ရွှေ့ပြောင်းတောင်ယာတွေက များလာတယ်၊ သူတို့တွေ သစ်ပင်ခုတ်တာတွေ အင်းလေးဒေသခံ တွေတချို့ကလဲ ထင်းနဲ့မီးမွှေးပြီး ထမင်းဟင်းချက်ကြတာများတော့ တောပြုန်းတာပေါ့၊ ဒါပေမဲ့ သက်ဆိုင်ရာကနေ အင်းလေးဒေသတစ်ခုလုံးကို မီးပေးမယ်ဆိုရင် သစ်တောပြုန်းတီးတာကို ကာကွယ်နိုင်ပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှုကိုလည်းကာကွယ်နိုင်တယ် ” ဟု လွယ်ငြိမ့်ကျေးရွာ အစုအဖွဲ့ပိုင်တော ဥက္ကဋ္ဌ ဦးစံထွန်းက ပြောသည်။

ညောင်ရွှေမြို့ရှိ အမှတ်(၂) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှလည်း ဋ္ဌာနရှိ သတ်မှတ်ထားသည့် ထရန်စဖော်မာအားဖြင့်သာ မြို့နှင့်ကျေးရွာများသို့ မီးပေးနေခြင်းဖြစ်သည်ဟု အတည်ပြု ပြောကြား ထားသည်။

“ (၂၇)ရွာကိုပေးနေပါတယ်၊ ကျန်တဲ့ရွာတွေဘယ်တော့မီးရနိုင်မလဲဆိုတာတော့ ကျွန်တော်တို့မြို့နယ် အဆင့်နဲ့ ပြောလို့မရနိုင်ပါဘူး အထက်ကဝန်ကြီးကို မေးရပါမယ် ဝန်ကြီးဖုန်းနံပတ်ကလည်းလူတိုင်း ကို ပေးလို့မရပါဘူး” ဟု အမှတ်(၂)လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ဦးစီးမှူး ကိုဆန်းမျိုးအောင် က ပြောသည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
by Shwe Myitmakha Media Group





Posted: 21 Aug 2012 12:23 AM PDT
မြန်မာနိုင်ငံမှ ပြည်ပသို့ နှစ်စဉ် ငါးရှဥ့်များ တင်ပို့ လျှက်ရှိရာ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် တင်ပို့မှု အားကောင်းခဲ့ပြီး ငါးရှဥ့်း များ ဈေးကောင်းရ လျှက်ရှိကြောင်း မြန်မာနိုင်ငံ ငါးရှဥ့် လုပ်ငန်းရှင်များ အသင်းက သိရှိရသည်။


သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 21 Aug 2012 12:29 AM PDT
လွှတ်တော်များမှ ဖွဲ့စည်း ထားသော ရေးရာကော် မတီများအား ပြည်ထောင်စု အဆင့် သတ်မှတ်ရန် တောင်း ဆိုခြင်းသည် အပြန်အလှန် ထိန်းကျောင်း ခြင်းစနစ် အသက်ဝင် စေရေးနှင့် ဥပဒေပြု လုပ်ငန်းစဉ် ပိုမိုမြန်ဆန် စေရေးအတွက် သာဖြစ်ပြီး ဘဏ္ဍာရေး အကုန်အကျနှင့် အထူးအခွင့် အရေးပေးရန် တောင်းဆိုနေ ခြင်းမဟုတ် သည်ကို သတိပြုမိ ရန်လိုကြောင်း---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 20 Aug 2012 09:04 PM PDT
ဆီးရီးယားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်တွေကို တိုက်ခိုက်နေတဲ့ သမ္မတ အာဆဒ်ရဲ့ တပ်တွေက ဓာတုဗေဒလက်နက် တွေကို အသုံးပြုမယ်ဆိုရင် အဲဒီ ဆီးရီးယားပဋိပက္ခအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ တုန့်ပြန်ပုံဟာ လုံးဝ ပြောင်းလဲသွားလိမ့်မယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဆီးရီးယားသမ္မတကို ဆီးရီးယားတော်လှန်ရေးအလံများ ကိုင်ဆောင်ပြီး ဆန့်ကျင်ဆန္ဒပြနေတဲ့ ဆီးရီးယားပြည်သူများ
...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...