Tuesday, August 21, 2012

ရိုဟင်ဂျာအရေးအတွက် ကျနော့် အကိုထံပြန်စာ . . .


by Mar Ga Luelin on Tuesday, August 21, 2012 at 18am 




ရခိုင် နဲ့ ဘင်္ဂလီ တွေ ဟာ ရှေးမဆွ တည်း က ချစ်ခင် ရင်နှီး အတူနေခဲက တဲ့ ညီကို တွေ ဖြစ်ကြောင်း နဲ့ လေ့လာကြည့် တဲ့ အခါ ခိုးဝင်လာသူ ရိုဟင်ဂျာ မတွေ့ ရပဲ ဒေသခံ ဘင်္ဂလီ တွေ ပဲ တွေ့ ရတဲ့ အကြောင်း အကြမ်းဖက်မှု များ ဖြစ်ရတာ ဟာ ပညာရေး အဆင့် နိမ့် နေလို့ ဘင်္ဂလီ တွေ ကို ပညာရေး ပေးရမဲ့ အကြာင်း မြန်မာ့ လူဘောင်ထဲ ကို Incorporate and integrate လုပ် ပေး ရ မဲ့ အကြောင်း တွေ ပြော သွား တာ ကြား ရ ပါတယ်။ ဒါက ပဲ နောက် ဆုံး ဖြစ်နိုင်ခြေ ရှိ တဲ့ ရှဉ်လျှောက်သာ ပျားစွဲသာ အဖြေ ဖြစ် လို့ ပဲ ထင် ပါတယ်။


ရခိုင်နဲ့ဘင်္ဂလီဟာ ဘယ်တုန်းကမှ ချစ်ခင်ရင်းနှီးစွာမနေခဲ့သလို ၊ ဘယ်တုန်းကမှ ညီအစ်ကိုလည်းမဖြစ်ခဲ့ဘူးဆိုတာ ဗဟုသုတမနည်းတဲ့ ကိုလင်းထက်ဆွေသိမှာပါ ။ ရှဉ့်လျှောက်သာ ပျားစွဲသာ ( win win solution ) ချတဲ့ နီဂိုရေးရှင်းတွေမှာ သတ်မှတ်ထားတဲ့ အတိုင်းအတာ တခုဆိုတာရှိပါတယ် ။ အကို အဲ့လိုရှဉ့်လျှောက်သာ ပျားစွဲသာ အဖြေကို ချပြတာဟာ အကို ကိုယ်တိုင် အဲ့ဒီဒေသမှာ မနေဖုး ၊ မရောက်ဖူးဘူးလို့ ကျနော်သတ်မှတ်တယ် ။ အကို သာ ရခိုင်အမျိုးသားတစ်ဦးသာဆို အဲ့လိုအဖြေဘယ်တော့မှ ချမှာမဟုတ်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီဒေသခံတွေမှာ အကြောက်တရား ၊ ခြိမ်းခြောက်မူ့ ၊ မလုံခြုံမူ့ ၊ ဥပဒေ စိုးမိုးမူ့
နည်းခြင်း တို့နဲ့ အမြဲမပြတ် ချောက်ခြားနေရတာ အဲ့ဒေသမှာနေဖူးတဲ့ ( မိသားစု ရှိတဲ့ ) လူတွေပဲ သိတဲ့အချက်ပဲဖြစ်တယ် ။

ကေဒါရေ..ခုဟာ....လူသားချင်းကိုယ်ချင်းစာ နာရမယ်.အရေးမဟုတ်ပါဘူးးးးး ဆိုရင် ကေဒါ က ဘယ်လို ဖြစ်စေချင် သလဲ ကွယ်။
အကို ပြောသလို လုပ်ချင် ရင်တော့ ငါ့ ညီ ပါတီ တစ်ခုခု ထဲ ၀င် အမျိုးသားရေးကြွေးကျော် သံ နဲ့ စစ်တပ် ကို စည်းရုံး ပြီးတော့ အာဏာ သိမ်း ပြီးတော့ လုပ်ဖို့ ပဲ ရှိပါတယ်။ ဘယ်လို များ လုပ် မလဲ ကွယ်တို့ ရယ်..မျက်လှည့် ဆရာ လို ဟပ်ချလောင်း လုပ်လိုက် လို့ မှ မရပဲ နော်။ ငါ့ညီ မှ နည်းလမ်းကောင်း လေး များရှိ ရင် သိချင်ပါတယ်။ အကို တွေးမိ သလောက် ပြော တာ ပါပဲ။

တို့ ဘိုးဘွား အမွေ လို့ တော့ အရမ်း မအော် နဲ့ ကွဲ့။ မွန် တွေ ခံစား ခဲ့ ရ တာ ရခိုင် တွေ ခံစားခဲ့ ရ တာ တွေ ဘယ်လို လုပ် မလဲ..အခု လဲ အရင် တွေ ကချင် တွေ......ရှမ်းတွေ....။ ဗမာ လဲ နယ်ချဲ့ စစ်ဘီလူး ဖြစ်ခဲ့ တာ ပ..ရာဇ၀င်စာမျက်နှာ တွေ မှာ သွေးတွေ စွန်းပေ လို့။ အေဒီ ၈ ရာစု လောက် က ဗမာ လဲ ရိုဟင်ဂျာ သာသာ ပဲ..ပျူတွေ ကို မြို ခဲ့ တယ်..သမိုင်း ၀ဋ်ကြွေး ဆို တာ ဆပ် ရ တတ် တယ် ကွယ်။

အကို လဲ ဗုဒ္ဓဘာသာ မို့ ကံ ကို တော့ ယုံ တယ်။ ၀စီဘေဒ ထိတိုင်းရှ ဆို တာ ရှိ သကွဲ့။ အခု ရိုဟင်ဂျာ ကို မုန်းပြီးဆဲ နေတဲ့ သူ အများ စု ဟာ ရိုဟင်ဂျာမကြီး တွေ ၀မ်းထဲ ပြန်ဝင်စားဖို့ သေချာ သလောက်ပဲ ကွဲ့။


အကို့ စာလေးကိုတွေ့တော့ ကျနော်ရယ်မိတယ် ။ ကျနော်တို့ ဗုဒ္ဒဘာသာတွေ ဒုက္ခရောက်ရတာ ဒီလိုကိစ္စတွေကြောင့်ပဲထင်တယ် ။ ၀ဋ်လည်ခြင်းအကျိုး အကြောင်းတရား ။ ရှေးဘ၀ နောက်ဘ၀ ကုသိုလ်ကံ နဲ့ ကံငါးပါး အထိန်းအကွပ်က ဗုဒ္ဒဘာသာတွေရဲ့ ခုခံနိုင်စွမ်းကို တစတစ ကျအောင်လုပ်နေတဲ့အတွက် . . . အမြဲတမ်းလိုလို အင်အားခြင်းတူလာပြီဆိုရင်တောင် အရှုံးဘက်မှာရှိနေဆဲပဲ ။ မပူပါနဲ့ ကိုလင်းထက်ဆွေရေ ၊ဦးသိန်းစိန်ကသာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ညှိနိုင်းမူ့ကြီးမျိုး ကို လက်ခံလိုက်ရင်
နောင်နှစ်ငါးဆယ် အကိုရော ၊ ကျနော်ရော ၊ ကိုသုရှင်ရော ၊ကိုကေဒါ ရော . . . ဘယ်သူပဲ သေသေ ရိုဟင်ဂျာမကြီး ၀မ်းမှာ ၀င်စားကြရမှာပါ ။ အဲ့ဒီအချိန်မှာ ရိုမြန်ဂျာနိုင်ငံလို့တောင် အမည်တွင်နေလောက်ပါပြီ ။

ဗမာ က ရခိုင် ၊ မွန် ၊ ရှမ်းတွေ သိမ်းခဲ့တာ . . . ကျနော်တို့ ရခိုင်တွေ ၊ မွန်တွေ ၊ ရှမ်းတွေ ဘာသာမပျက်ခဲ့ပါဘူး ။ လူမျိုးမပျက်ခဲ့ပါဘူး ။ ရိုဟင်ဂျာကတော့ ကျနော်တို့ ဘာသာလဲ ပျက်မယ် ၊ လူမျိုးတွေလဲ ပျက်မယ် ။ ကိုလင်းထက်ဆွေရဲ့ တီလေးတွေ ၊ တွတ်လေးတွေ ၊ ဦးထုပ်လေးတွေဆောင်းပြီး မြင်ချင်မယ်လို့  ကျနော်မထင်ဘူး ။ ကျနော်လဲ လုံးဝ မမြင်ချင်ဘူး ။ အရာရာတိုင်းက ခြေလှမ်းတစ်လှမ်းက စရတာအကိုရဲ့ ၊ ရခိုင်မြေမှာ ရိုဟင်ဂျာတွေ ဘာကြောင့် ကုတ်ကပ်နေကြလဲ အကိုသိမှာပေါ့ ။ မွတ်ဆလင်ညီအကိုချင်း ကူညီတယ် လို့ အကိုပြောတော့ ကျနော်ရယ်ချင်လိုက်တာ  ကျနော်တို့ ဗုဒ္ဒဘာသာ မြန်မာနိုင်ငံတောင် ကျနော်တို့ဆီမှာရောက်လာတဲ့ ဘင်္ဂလီတွေကို သေနတ်ပြချိန်းခြောက်ပြီး ပြန်မလွတ်ဘူး ။
မွတ်ဆလင်မ်ဘရားသားဟုဒ်ဆိုတဲ့ ဘင်္ဂလားဒေခ်ျ့က သူ့လူမျိုးတွေကို ဘာသာတူတွေကို အတင်းနှင်လွတ်သတဲ့ဗျား ။ လခြမ်းမြေမှာ ကပ်ကုပ်နေပြီး ရခိုင်နဲ့ ညီအကိုတော်ခွင့်ရပြီဆို ရခိုင်ရိုးမလေးကို အသာလေးဖြတ် ဗမာတွေနဲ့ပါ အမျိုးတော်ကြလိမ့်မယ် ။ ပြီးရင် ရှမ်းနဲ့ မွန်နဲ့ ။ မြန်မာနိုင်ငံမှာမနေရရင်လည်း ၊ ဗမာနိုင်ငံမှာပဲနေပါရစေ ၊ ရိုဟင်ဂျာ အစ္စလာမ်နိုင်ငံတော်ကြီးမှာတော့ မနေပါရစေနဲ့ ။

အကို တို့ ရခိုင် ဗုဒ္ဓဘာသာဝင် တွေ ဒုက္ခဖြစ်တော့ ဘယ် ဗုဒ္ဓဘာသာ နိုင်ငံ က များ လာရောက်ကူညီကြသလဲ။ ဟိုတစ်ရက် က ပဲ တူရကီ တစ်နိုင်ငံ ထဲ က သန်း ၅၀ လာရောက် ကူညီ သွား တာ တွေ့ ရတယ်။ နောက်လဲ ကူညီမှု တွေ တောက်လျှောက် လာ နိုင်ပါသေးတယ်။

အဲ့လောက်မွတ်ဆလင်မ်ညီအကိုစိတ်ရှိတဲ့ အစ္စလာမ်မစ်နိုင်ငံတွေ က ဘာကြောင့်များ ရိုဟင်ဂျာတွေကို လက်မခံနိုင်တာလဲ အကို ။ အကိုထင်တာကိုပဲဖြေကြည့်ပါ ။ ကျနော်ထင်တာကိုပြောရမယ်ဆိုရင် တော့ သူတို့က ရိုဟင်ဂျာတွေကို ရခိုင်မှာပဲ ဆက်ရှိနေစေချင်တာအကို ။ ရိုဟင်ဂျာတွေကိုလက်ခံဖို့ ဘင်္ဂလားအစိုးရကို ဘယ် မွတ်စ်ဆလင်မ်နိုင်ငံမှ တွန်းအားမပေးကြပဲ ၊ ရိုဟင်ဂျာတွေကို လက်ခံဖို့ပဲ မြန်မာအစိုးရကို သူတို့အတင်းဖိအားပေးနေကြတာပဲ ၊တွေ့ရတယ် ။ နိုင်ငံတကာက မွတ်စ်ဆလမ်တွေ ပါတဲ့ မီဒီယာတွေကလည်း ဒီကိစ္စကိုပဲ ဇောင်းပေးလွင့်နေကြတယ် ။ ကဲ ဘယ်နိုင်ငံကဘင်္ဂလားအစိုးရကို တွန်းအားပေးတာ အကိုဖတ်ဖူးလဲ ။ ရှိရင်လဲ လက်တဆုပ်စာထက်ပိုမယ်မထင်ဘူး ။ ကျနော်က တော့ သိမ်းသွင်းရခက်လှတဲ့ ဒီဗုဒ္ဒဘာသာနိုင်ငံမှာ သူတို့တွေ ကတုပ်ကောင်းကောင်းဆောက်နေတယ်ပဲ မြင်တယ် ။

(၁) အရင် Status quo အတိုင်းထားပြီး ပိုနေမြဲ ကျားနေမြဲ နေကြမလား။ ဒါဆိုရင် ပြဿနာ က နောက်တစ်ရစ်တက်လို့ တစ်ကျော့ပြန်လာတဲ့ အခါ မှာ ပိုကြီးမားတဲ့ ပဋိပက္ခ အသွင် နဲ့ ပေါက်ကွဲ လိမ့်မယ်။ ဒီ အခြေအနေ မှာ ဆုံးရှုံးမှု တွေ လဲ ပို များလိမ့် မယ်။

(၂) ဒါဆိုရင် မျက်ကန်းမျိုးချစ်တွေ ပြောသလို ဒီ ၂ သန်းလောက်ရှိတဲ့ လူစုလူဝေး ကြီး ကို ကိစ္စတုံး လုပ်ပစ်မလား။ ဒီလို လုပ်နိုင်ဖို့ အတွက် မြန်မာပြည်ဟာ ဒီမိုကရေစီ လမ်း က နေ သွေဖည်ပြီးတော့ နာဇီ ဖက်ဆစ် အမျိုးသားအစွန်းရောက် အာဏာရှင် စနစ် ဆီ ပြန်သွား ရ လိမ့် မယ်။ မြန်မာပြည် ဟာ လဲ ငြိမ်းအေးတဲ့ ဗုဒ္ဓဘာသာဝင် တွေ နေတဲ့ တိုင်းပြည် မဟုတ်တော့ ပဲ နာဇီ ဘီလူးသဘက် တွေ နေတဲ့ တိုင်းပြည် ဖြစ်သွားလိမ့်မယ်။

(၃) ဒီလူတွေ ကို ကမ္ဘာ တစ်နေရာရာ မှာ နေရာပေးဖို့ မောင်းထုတ်မလား။ ဒါက လဲ မဖြစ်နိုင်တဲ့ ကိစ္စ။ ဘီလီယံ ချီတဲ့ ဒီ ကုန်ကျစရိတ်တွေ ကို ဘယ်သူ က ခံ မလဲ။ လုံးဝ မဖြစ်နိုင်ပါ။

(၄) ဒီတော့ အခု သမ္မတ ကြီးတွေးတဲ့ Incorporation and Integration ဆို တာ တစ်ခု ပဲ ကျန်တော့ တယ်။ ဒါက မြန်မာ ဗုဒ္ဓဘာသာဝင် တွေ အတွက် တော့ ဆေးခါးကြီး ဖြစ်ချင် ဖြစ်မယ်။ အခွင့်အရေးတွေ ချိုးဖေါက်ခံ နေရချိန်မှာ တောင် ကြံ့ကြံ့ခံ ရှင်သန် ကြီးပွားနိုင်ခဲ့ ရင် ဥပဒေအကာအကွယ် နဲ့ အခွင့် အရေး တွေ ရ လာ ခဲ့ ရင် ခက်ရလျည်ရဲ့ ဆို တာ မျိုး လေ။ တကယ်လဲ စိုးရိမ်စရာ လို့ ထင်စရာ ပါပဲ။ အကို တစ်ခါ က ရေးဖူး သလို ဒီမိုကရေစီ အခင်းအကျင်းသစ် ဟာ ထေရ၀ါဒဗုဒ္ဓဘာသာ အတွက် တော့ သိပ် အလား အလာ မကောင်း တဲ့ နိုင်ငံရေးဝန်းကျင် ဖြစ်လို့ ပါပဲ။ ဗုဒ္ဓဘာသာ ဟာ အာဏာရှင် အဆက်ဆက် ရဲ့ အကာအကွယ် နဲ့ ရပ်တည်ခဲ့ ရလို့ ပဲ ဖြစ်တယ်..အခြေအနေသစ်မှာ လွတ်လပ်စွာ ပြိုင်ဆိုင်ဖို့ အရည်အချင်းသစ် တွေ လို တာ အမှန်ပဲ။

၁ ။ ၀င်းဝင်း ဆလူးရှင်းထက်စာရင်တော့ ကျနော် ပိုနေမြဲကျားနေမြဲကို ပိုသဘောကျတယ် ။ ကျနော်တို့အတွက် ဒီကိစ္စကြီးကိုထိန်းချုပ်နိုင်ဖို့နည်းလမ်းတွေအများကြီးလိုသေးတယ် ။ တကျော့ပြန်လာနေတာ များနေပါပြီ ။ အခုတခါက နည်းနည်းကြီးသွားလို့ နိုင်ငံတကာနဲ့ ကိုယ့်နိုင်ငံက လူတွေ သိသွားတာပါ
ရခိုင်မှာက ဒီကိစ္စက ကျနော်တို့ ငယ်ငယ်လေးထဲက ခဏခဏဖြစ်နေကြ ၊ ကောင်းတဲ့ကိစ္စမဟုတ်ပေမယ့် အကိုပြောတဲ့ ရှဉ့်လဲလျှောက်သာ ပျားလည်းစွဲသာလုပ်လိုက်မှ ဒီထက်ပိုဆိုးသွားမယ်လို့ထင်တယ် ။ မယုံရင် မောင်တောဒေသ ကိုပဲ အရင်ပေးကြည့် ၊ ဆယ်နှစ်အတွင်းရခိုင်တယောက်မှ ကျန်မယ်

၂။ လူ ၂သန်း မပြောနဲ့ ၊ လူ၂၀ ကျော်လောက်သေတာတောင် ၊ ကမ္ဘာပျက်မတတ်အော်နေတာ ကိုလင်းထက်ဆွေရယ် ။ ဒီလို ကောင်တွေကို ဘယ်လိုမျိုးဖြုတ်လို့ရမှာတုန်း ။ ကျနော်တို့ ဗုဒ္ဒဘာသာတွေထဲမှာလဲ ငရဲမကြောက် ငအူမကြောက်ကောင်တွေ အဲ့လောက် ပေါမယ်မထင်ဘူး ။ ရယ်ချင် ရယ် ။ကျနော်ဆို လူကိုမပြောနဲ့ ကြက်ကိုတောင် လည်လှီးမသတ်ရဲဘူး တကယ်ပြောတာ ။ နောင် သံသရာကိုကြောက်လို့ ။ ကျနော်သာ သမ္မတဖြစ်နေခဲ့ရင်ကျနော်တို့ကို ရိုဟင်ဂျာ တွေကိုတရားဝင်လက်ခံဖို့ပြောတို
င်း ကျနော်ကလည်း ဘင်္ဂလားဒျေ့်ကို ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ ပြောမယ် ။ သတ်တော့
မသတ်ဘူးပေါ့ အကိုရာ ၊ ရွေ့ပြောင်းတဲ့နည်းလမ်းတွေသုံးပြီး၊ မောင်တောကနေ တောင်ပြိုလောက်အထိကို ဂါဇာ ပုံစံ လုပ်လိုက်လို့ရတယ် ။ ဂါဇာက အာရပ်တွေ ကိုယ့်ပိုင်မြေမှာ အစ္စရေးဆီမှာ အလုပ်ခံရတာ ။ ကျနော်တို့က ကိုယ့်မြေပေါ်မှာ တရားမျှတစွာ သူတို့ကိုနေရာပေးရမှာ ။ ဘာမှ မလုပ်နိုင်စရာမရှိဘူး ။ လူကြီးပိုင်းက အချိန်ယူစဉ်းစားရင် ဒီထက်ကောင်းတဲ့ နည်းလမ်းတွေအများကြီး ထွက်လာနိုင်သေးတယ် ။

၎။ ထေရ၀ါဒ နဲ့ အစ္စလာမ်မစ်နဲ့ဟာ ဘယ်လိုမှ နိုင်းယှဉ်လို့မရတဲ့ ဘာသာတရားနှစ်ခုဆို ကျနော့်ထက် အဆတရာလောက် ဘာသာရေးမှာနှံ့စပ်တဲ့ ကိုလင်းထက်ဆွေနားလည်မှာပါ ။ အစ္စလာမ်ဘာသာရဲ့ ရန်သူတွေကို ခုခံနှိပ်ကွပ်တဲ့
စစ်သဘောတရားကိုတောင် ကိုအန်ကျမ်းမှာ ထည့်ထားတဲ့ အစ္စလာမ်ဘာသာတရားဟာ ၊ သည်းခံခြင်း ခွင့်လွတ်ခြင်း  နားလည်ပေးခြင်း မေတ္တာထားခြင်းဂရုဏာထားခြင်း ကျင့်ကြံခြင်း စောင့်စည်းခြင်း တို့ကို ဘာသာရဲ့ အုတ်မြစ်အဖြစ်ယူထားတဲ့ ဗုဒ္ဒဘာသာနဲ့ ပြဒါးတလမ်း သံတလမ်းပါပဲဗျာ ။
ဒါဟာ ဒီမိုကရေစီ အခင်းအကျင်းသစ်နဲ့လည်းမဆိုင်ဘူး ။ နိုင်ငံရေးနဲ့လည်းမဆိုင်ဘူး လို့ ကျနော်ထင်တယ် ။

အခုလို ပြန်စာပို့တဲ့ အတွက် ကိုလင်းထက်ဆွေ စိတ်အနှောက်အယှက်မဖြစ်စေဖို့ မျှော်လင့်ပါတယ် ။ သဘောထားခြင်းမတိုက်ဆိုင်တာတွေကိ 
ချင်တဲ့အတွက် ကျနော့်အကိုကြီးကို အရင်က အတိုင်း လေးစားလျှက်ရှိပါကြောင်း ။


မာဃလုလင်

  2 comments:

  1. ဪဪဪဪဪ............ကျွန်တော်က ကယားပြည်ကပါ အဲ့ဒီအကြောင်းတွေက သိလဲမသိခဲ့ဘူး စိတ်လဲမ၀င်စားခဲ့မိပါဘူး၊၊ ခုန အကိုပြောသွားသလိုဘဲ ဟုတ်တယ် ကျွန်တ်ာလဲ muslim ၇ှိတဲ့နိုင်ငံကို မပတ်သက်ချင်ဘူး သူတို့က ဘာသာေ၇း လူမှူေ၇းတွေမှာ မဟုတ်ဒါတွေကို ၇ှာပြီး ခွဲခြားတတ်လွန်းတယ် အခု muslim ၇ှိတဲ့ဖက် ကျွန်တော်ဘယ်တော့မှ လည့်ပြီးသေးပေါက်မှာမဟုတ်ဘူး

    ReplyDelete
  2. လူမျိုးေ၇း ဘာသာေ၇းခွဲခြားတာ မကြိုက်ခဲ့သလို မုန်းလဲမုန်းတယ် ဒါပေမယ့် အဲ့ဒီ muslim ဆိုတာ အသိတ၇ား ပညာကိုးမ၇ှိကြတာ. အစွန်းေ၇ာက်သမားတွေပေါ့ ..၀မ်းနည်းပါတယ်ဗျား ဒီမြေ ဒီေ၇မှာ muslim ဆိုတာမ၇ှိဘူးဆို၇င် တခြားနေ၇ာေ၇ာ ကျွန်တော်တို့ ဒီမြန်မာနိုင်ငံပါ အေးအေးဆေးဆေးဖြစ်မယ်ဆိုတာ ကျွန်တော်ယုံတယ်

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...