Tuesday, August 21, 2012

ဧရာဝတီတိုင်း၊ ကျော်စံကုမ္မဏီ၊ ဒေါ်လာသန်းချီပြီ လိမ်ပြီး အခွန်ရှောင်


by အား မာန် on Tuesday, August 21, 2012 at 5:28am ·

ပြည်ခိုင်ဖြိုးပါတီဝင်တဦး၏ ပေးစာ၊

 သြဂုတ် ၂၀၊ ၂၀၁၂
ပေးစာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ ထိုစာကို အင်န်အယ်ဒီပါတီဌာနချုပ် သို့လည်း ပေးပို့ထားသည်ဟု ဆိုသည်။

သို့
         ဦးသိန်းစိန်
         သမ္မတ
         ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ
         နေပြည်တော်
ရက်စွဲ။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (       ) ရက်
အကြောင်းအရာ။                ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ တရားမ၀င် အခွန်တိမ်းရှောင်     စက်သုံးဆီ   တင်သွင်းမှုအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန်  တင်ပြခြင်းကိစ္စ။
၁။                                 ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ဆားလုပ်ငန်းများ ဖွံ့ဖြိုးရာဒေသကြီးလည်း ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများလုပ်ကိုင်ရာတွင် စက်သုံးဆီ ( ဒီဇယ်ဆီ ) သည် မရှိမဖြစ်လိုအပ်သော စွမ်းအင်တစ်ခုဖြစ်ပါသည်။
ထိုသို့ မရှိမဖြစ် လိုအပ်သော စွမ်းအင်ကို ပြည်သူလူထုနှင့်လုပ်ငန်းရှင်များ လွယ်ကူသက်သာစွာ သုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရတို့မှ စေတနာရှေ့ထား၍ စက်သုံးဆီလုပ်ငန်းရှင်များအား နိုင်ငံခြားပို့ကုန်ရ၀င်ငွေဖြင့် နိုင်ငံခြားမှ ပုသိမ်ဆိပ်ကမ်းသို့ စက်သုံးဆီများကို တင်သွင်းရောင်းချခွင့် ပြုခဲ့ပါသည်။
၂။                                 ထိုသို့ တင်သွင်းရောင်းချခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်အတွက်လည်း ထိုက်တန်သည့်အခွန်ရရှိခြင်း၊ ပြည်သူလူထုလည်း စက်သုံးဆီများကို လွယ်ကူသက်သာစွာ ၀ယ်ယူရရှိနိုင်ခြင်း၊ စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သဖြင့် နိုင်ငံတော်၏ ခွင့်ပြုချက်သည် ကောင်းမွန်သည့် စေတနာဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်မှာ ပေါ်လွင်ထင်ရှားပါသည်။
၃။                                 ထိုသို့နိုင်ငံတော်မှ ကောင်းမွန်သည့်စေတနာဖြင့် ဆောင်ရွက်ခွင့် ပြုခဲ့ သော်လည်း လုပ်ငန်းရှင်များသည် ၀ိသမလောဘတက်ကာ ကိုယ်ကျိုးတစ်ခုတည်းကိုကြည့်၍ ခွင့်ပြုချက်ရယူထားသော စက်သုံးဆီပမာဏထက် ပိုမိုတင်သွင်းခြင်း၊ ခွင့်ပြုချက်မရှိပဲ တရားမ၀င် မှောင်ခိုတင်သွင်းခြင်းကိုပြလုပ်ကာ ပေးဆောင်ရမည့်အခွန်ငွေ ဒေါ်လာသန်းနှင့်ချီ၍ တိမ်းရှောင် မသမာမှုများ ပြုလုပ်ကြပါသည်။ ထိုသို့ပြုလုပ်သည့် စက်သုံးဆီကုမ္ပဏီမှာ – အမှတ် D-69, F.M.I City, ကန်သာယာလမ်း၊ လှိုင်သာယာမြို့နယ်ရှိ ဦးကျော်ဦး ပိုင်ဆိုင်သည့် ကျော်စံ ကုမ္ပဏီလီမိတက် ဖြစ်ပါသည်။
၎။                                 ၄င်းကုမ္ပဏီသည် ပုသိမ်မြို့သို့ ( ၆/၂၀၁၁ ) ခုနှစ်ခန့်မှစတင်၍  တရားမ၀င် စက်သုံးဆီတင်သွင်းခြင်းနှင့် တရားဝင်တင်သွင်းသော်လည်း၊ ခွင့်ပြုပမာဏထက် ပါသပိုမို တင်သွင်းခြင်းတို့ကို စတင်လုပ်ကိုင်ခဲ့ပါသည်။ ထိုသို့တင်သွင်းလာသော စက်သုံးဆီများကို ၄င်းကုမ္ပဏီပိုင် ဆီတင်တွဲရေယာဉ်များဖြင့် မန္တလေးမြို့၊ မော်လမြိုင်မြို့နှင့် ရခိုင် ပြည်နယ်များသို့ ပို့ဆောင်၍ တရားဝင်တင်သွင်းသော စက်သုံးဆီကုမ္ပဏီများထက် ဈေးနှုန်း လျော့ချ၍ရောင်းချခြင်းတို့ကိုလည်း ပြုလုပ်ပါသည်။ တခါတရံ ရခိုင်ပြည်နယ်ဘက်မှ တရားမ၀င် တင်သွင်းမှုများကိုလည်း ပြလုပ်ပြီး ၄င်းစက်သုံးဆီများကို ပုသိမ်မြို့၊ မော်လမြိုင်မြို့နှင့် ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း တင်ပို့ရောင်းချပါသည်။ မော်လမြိုင်မှ တရားမ၀င်တင်သွင်းမှု များကိုလည်း အခြားမြို့များသို့ ဖော်ပြပါနည်းများဖြင့် ရောင်းချခဲ့ပါသည်။
၅။                                 ၄င်းတို့သည် နိုင်ငံခြားမှ တင်သွင်းရောက်ရှိလာသည့် ဆီတင် သင်္ဘောများထံသို့ နှစ်ရက်ခန့် ကြိုတင်သွားရောက်ပြီး၊ ပိုမိုတင်သွင်းလာသည့် စက်သုံးဆီများကို ကြိုတင်၍ထုတ်ယူပြီး၊ တင်သွင်းသည့်ပမဏနှင့် ချိန်ညှိချန်ထားပြီးမှ ဒေသဆိုင်ရာ စစ်ဆေးရေးအဖွဲ့ကို ခေါ်ဆောင်စစ်ဆေးခံခြင်းတို့ကို ပြုလုပ်၍ တန်ပိုတင်သွင်းခြင်း၊ ခွင့်ပြုချက် မရှိပဲ၊ တရားမ၀င်တင်သွင်းခြင်းတို့ကို ပြုလုပ်ပါသည်။ ထိုသို့ပြုလုပ်၍ နိုင်ငံတော်သို့ ပေးဆောင် ရမည့်  အခွန်ငွေတိမ်းရှောင်ခြင်းတို့ကြောင့် ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး လူမှုရေးနှင့် နိုင်ငံတော်၏ကဏ္ဍအသီးသီးတို့အတွက် သုံးစွဲရမည့် ငွေကြေးများအား ၄င်းအကျိုးတစ်ခုတည်း အတွက် ရယူခဲ့ပါသည်။
၆။                                 ၄င်းကုမ္ပဏီသည် ၂၀၀၅-၂၀၀၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သော စားသုံးဆီ တရားမ၀င်တင်သွင်းမှု ဖြင့် အရေးယူခံခဲ့ရသော ” ဒေါင်းမင်းကုမ္ပဏီ ” အား အဓိက  ကျောထောက်နောက်ခံပြု၍ အကျိုးတူ ဆောင်ရွက်ခဲ့သော ကုမ္ပဏီလည်းဖြစ်ပါသည်။
၇။                                 ၄င်းကုမ္ပဏီမှ တရားမ၀င်တင်သွင်းခြင်း၊ ခွင့်ပြုပမာဏထက် ပိုမို တင်ဆောင်၍ အခွန်ငွေရှောင်တိမ်းမှုမှ နိုင်ငံတော် ရသင့် ရထိုက်သည့် အခွန်ငွေများအား အကြမ်း တွက်ကြည့်လျှင်ပင် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍ရှိပါသည်။
ဥပမာတွက်ကြည့်လျှင် ( သင်္ဘောတစ်ခေါက်နှုန်း )
ဒီဇယ်ဆီ 1 ton                                    အမေရိကန်ဒေါ်လာ 1000
၎င်းကုမ္ပဏီမှ ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့်                            ပျမ်းမျှ   1500 ton မှ  2000 ton
၎င်းကုမ္ပဏီ  နိုင်ငံခြားမှ တင်သွင်းလာသောဒီဇယ်ဆီ               ပျမ်းမျှ   3000 ton မှ  5000 ton
၎င်းကုမ္ပဏီ ပိုမိုတင်သွင်းလာသောဒီဇယ်ဆီ                         ပျမ်းမျှ   1500 ton မှ  3000 ton
နိုင်ငံတော်မှအခွန်ကောက်ခံသောနှုန်းထား
Custom Duty                              1.5%
Commercial Tax                          10.0%
            Total                            11.5%
၎င်းကုမ္ပဏီမှ တစ်ခေါက်လျှင် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်ငွေအား မပေးဆောင်ပဲ ရှောင်တိမ်း၍ ကိုယ်ကျိုးရှာလိုက်သောတန်ဖိုး    (    US $  )
ဒီဇယ်ဆီ 1 ton  ဈေးနှုန်း  x   ပိုမိုတင်သွင်းသော အရေအတွက်    x    အခွန်နှုန်းထား ( % )
           1000 US $       x       ( 1500 -  3000 ) Ton            x      11.5%
=   172500 US $  -  330000 US $
၈။                                 ၄င်းကုမ္ပဏီမှ တင်သွင်းလာသော စက်သုံးဆီအရေအတွက်အား ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်၊ မော်လမြိုင်၊ ပုသိမ်နှင့် စစ်တွေမြို့တို့ရှိ ဆိပ်ကမ်း အာဏာပိုင်တို့ထံတွင်ရှိနေပါသည်။ ၄င်းကုမ္ပဏီသည် ဆိပ်ကမ်းတစ်ခုသို့ပျမ်းမျှ ( ၁ ) လ ( ၁ ) ခေါက် တင်သွင်းပါက ( ၆ / ၂၀၁၁ ) – ( ၆  / ၂၀၁၂ ) တစ်နှစ်တာ အခွန်တိမ်းရှောင်မှုတန်ဖိုးမှာ ပျမ်းမျှအားဖြင့် ( ဆိပ်ကမ်းတစ်ခုစီအတွက် ) အမေရိကန်ဒေါ်လာ ( ၃ ) သန်းခန့်ရှိပါသည်။ ထို့ပြင် စိစစ်မှုအားနည်းချက်များရှိသည့် ရခိုင်ပြည်နယ် ဆိပ်ကမ်းများသို့တင်သွင်းမှုများတွင် ပျမ်းမျှနှုန်းထားထက် ပိုမို၍ အခွန်ရှောင်တိမ်းနိုင်ဖွယ်ရှိပါသည်။
၉။                                 ၄င်းကျော်စံကုမ္ပဏီသည် တရားမ၀င်သောနည်းလမ်းပေါင်းစုံဖြင့် ရရှိသောငွေကြေးများဖြင့် ကျပ်သိန်းထောင်ပေါင်းများစွာတန်သော ဆီတင်ရေယာဉ်များဖြစ်သည့်
၁။      စိန်ကြီး
၂။      ကံကြီး
၃။      သုမာလာ
၎။      သုဇိတာ
၅။      ဇမ္ဗူတန်ဆောင်
၆။      ဇမ္ဗူကျက်သရေ
၇။      MV ၀ိသာခါ
၈။      MV ဝေပုလ္လ အစရှိသည့် ရေယာဉ်များအပြင် အခြားရေယာဉ်များ၊ ဆီတင်ကားများ ၀ယ်ယူ ပိုင်ဆိုင်ထားပါသည်။
၁၀။                                ကျွန်တော်တို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ ဖြစ်ရ ခြင်း၊ ဆင်းရဲသားပြည်သူလူထုများပြားရခြင်းတို့မှာ နိုင်ငံအတွက် ရသင့်ရထိုက်သော အခွန်အခများ မရရှိခြင်းမှာလည်း အခြေခံအချက်တစ်ချက်ဖြစ်ပါသည်။ ထိုသို့မရရှိခြင်းမှာလည်း အထက်တွင်ဖော်ပြထားသည့်အတိုင်း ကျော်စံကုမ္ပဏီလီမိတက်ကဲ့သို့ ပြည်သူလူထုနှင့် နိုင်ငံ၏ မျက်နှာမထောက်ပဲ အခွန်တိမ်းရှောင်၍ တရားမ၀င်နည်းလမ်းဖြင့် ငွေကြေးအမြတ်အစွန်းများ  ရရှိအောင်ဆောင်ရွက်နေသော ၀ိသမလောဘသားများကြောင့် ဖြစ်ပါသည်။
၁၁။                                သို့အတွက်ကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သောအားဖြင့် ကျော်စံကုမ္ပဏီ၏ အခွန်တိမ်းရှောင်မှုများ တရားမ၀င်သော နည်းလမ်းဖြင့် ပြည်သူလူထုနှင့်နိုင်ငံတော်တို့ ရသင့်ရထိုက်သော အခွန်အခများကို ၄င်းတို့အကျိုး စီးပွားအတွက် အသုံးချမှုများအား နောက်ကြောင်းပြန် စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက် ပေးပါရန် တင်ပြအပ်ပါသည်။
                                                                        ပြည်-ခိုင်-ဖြိုး ပါတီဝင်တစ်ဦး
မိတ္တူ
-       ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်
-       ကာကွယ်ရေးဦးစီးချုပ်၊ နေပြည်တော်
-       ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်
-       ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ နေပြည်တော်
-       ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့
-       ၀န်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့
-       ၀န်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့
-       ၀န်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်၊ ပုသိမ်မြို့
-       အထွေထွေအတွင်းရေးမှူး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရန်ကုန်မြို့
-       ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်မြို့
http://moemaka.com/?p=26667 မှကူးယူပါသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...