သစ်ထူးလွင် သတင်းစုစည်းမှု ( ၉-၈)
သစ်ထူးလွင်
|
- ရခိုင်ပြည်နယ်တွင် လုံခြုံရေးကြောင့် အခြေခံပညာ (၃၄၉)ကျောင်း မဖွင့်လှစ်နိုင်သေး
- ဆိုဒီ အစိုးရမှ လူမျိုးတုန်း သတ်ဖြတ်မူ ကျူးလွန်နေကြောင်း မြန်မာကို စွပ်စွဲ
- မောင်တောတွင် ဗုံးခွဲမည်ဆိုသော သတင်းကြောင့် အာဏာပိုင်များက လူစုလူဝေး မလုပ်ရန် ညွှန်ကြား
- ရန်ကုန်မြို့က ရှစ်လေးလုံး လူတထောင်ကျော်တက်ရောက်
- သြဂုတ်လ (၉)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ (၁၁)၊ အမှတ် (၂၂)
- သြဂုတ်လ (၈) ရက်နေ့ ထုတ် SHADE ဂျာနယ် အတွဲ(၆) အမှတ် (၂၈)
- အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှု အများပြည်သူသိအောင် ကြေညာရန်အဆို ပယ်ချခံရ
- ကျောက်တော် ဆူပူ အကြမ်းဖက်မှု လူ ၇ ဦး သေဆုံး
- ပြည်နယ်နှင့် တိုင်းအချို့တွင် ရေကြီး၊ သေဆုံးမှုများရှိ
- နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ်များ၏ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှု တင်ပြရန် ညွှန်ကြားချက် ဆိုင်းငံ့ထား
- ရခိုင်ဒေသ ပဋိပက္ခများနှင့် ပတ်သတ်ပြီး ကိုမင်းကိုနိုင် ပြောကြားချက် (ရုပ်သံ)
- ရခိုင်ဒေသ ပဋိပက္ခများနှင့် ပတ်သတ်ပြီး ကိုကိုကြီး ပြောကြားချက် (ရုပ်သံ)
- သြဂုတ်လ ၈ရက်နေ့ ပြည်သူ့လွှတ်တော် မြင်ကွင်း
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ရှစ်လေးလုံး ငွေရတုအကြို (၂၄)နှစ်မြောက် အမှတ်တရစကား
- ကချင်ပြည်နယ်မှာတရားမဝင်တရုပ်လူ
Posted: 08 Aug 2012 06:58 AM PDT
|
့တွင် အခြေခံပညာကျောင်း အချို့မှာ ယနေ့(သြဂုတ်လ-၈ရက်နေ့)အထိ မဖွင့်နိုင်သေးကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ အရာထမ်းတစ်ဦးက ပြောသည်။
“ တစ်ချို့ကျောင်းတွေက လုံခြုံရေးအရ မဖွင့်သေးတာပါ၊ မဖွင့်ပဲကျန်နေတာက မောင်တောမှ ၁၅၉ကျောင်း၊ ဘူးသီးတောင်မှာ ၁၄၃ ကျောင်း၊ စစ်တွေမှာ ၂၂ ကျောင်း၊ ရသေ့တောင်မှာ ၁၀ကျောင်း၊ ကျောက်တော်မှာ ၁၅ ၊ စုစုပေါင်း ၃၄၉ ကျောင်း ရှိပါတယ်”ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မောင်တောမြို့နယ်တွင် ကျောင်းပေါင်း ၁၅၉ ကျောင်းရှိရာ ယနေ့ထိ မဖွင့်နိုင်သေးကြောင်းကိုလည်း ၄င်းက ဆိုသည်။
“မောင်တောတစ်မြို့နယ်လုံးက မဖွင့်သေးပါ။ အဲဒီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ဆရာမတွေကိုလည်း မိမိတို့နီးစပ်ရာကျောင်းတွေမှာ စီစဉ်ထားပါတယ်၊ နောက်တဖြည်းဖြည်းကျောင်းတွေ ဖွင့်ဖို့စီစဉ်ထားပါတယ်၊ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့က လုံခြုံရေးအဓိကပါ’’ ဟု ၄င်းက ဆက်ပြောသည်။
ပဋိပက္ခကြောင့်လုံခြုံရေးအရ တက္ကသိုလ်၊ကောလိပ်နှင့် အခြေခံပညာရေး ကျောင်းအချို့ကို ဇွန်လ ကတည်းက တစ်လနီးပါးကို ပိတ်ထားခဲ့ရသည်။
“ကျွန်တော်တို့ မင်းပြားဘက်မှာတော့ ဖွင့်ပါတယ်၊ ဒါပေမဲ့ ဘင်္ဂလီတွေနဲ့နီးတဲ့ရွာတွေမှာတော့ မဖွင့်သေးတာ ရှိပါတယ်”ဟု မင်းပြားမြို့နယ် ဖေသာပြင်ကျေးရွာမှ မူလတန်းကျောင်းအုပ်က ပြောသည်။
အလားတူ စစ်တွေတက္ကသိုလ်ကိုလည်း ယခုလ (၆)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ထားသော်လည်း ကျောင်းတတ်ရောက်နှုန်းမှာ နည်းပါးနေသေးကြောင်း ဒေသခံများက ဆိုသည်။
မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup
thithtoolwin/yIWV
Posted: 08 Aug 2012 06:48 AM PDT
ဆိုဒီအာရေးဗီးယား အစိုးရမှ ဗုဒ္ဓဘာသာ မြန်မာ အစိုးရသည် ရိုဟင်ဂျာ ဆိုသူများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မူများ ပြုလုပ်နေကြောင်း တနင်္လာနေ့က စွပ်စွဲ ပြောကြားလိုက်သည်ဟု ဘင်္ဂလာဒေခ်ျ့ မှ ထုတ်ဝေသော The Daily Star သတင်းစာ အပါအ၀င် သတင်းစာ အများအပြားက ယနေ့ ဖေါ်ပြသည်။

AFP သတင်းကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသားဖေါ်ပြရာတွင် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ရိုဟင်ဂျာ ဆိုသူ လူနည်းစုများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မူများ ပြုလုပ်နေကြောင်း ဖေါ်ပြကြသည်။
ဆိုဒီအာရေးဗီးယား ပါလီမာန်မှ ထိုကဲ့သို့ သတ်ဖြတ်နေမူများနှင့် ရိုဟင်ဂျာ ဆိုသူများ အပေါ် နေအိမ်များမှ နှင်ထုတ်ပြီး လူ့အခွင့်အရေး ချိုးဖေါက်နေမူများကို ရှုတ်ချကြောင်း သတင်းစာများက ရေးသားသည်။
ဆိုဒီအာရေးဗီးယား ဘုရင် Abdullah ဥက္ကဌ အဖြစ် ဆောင်ရွက်သော လွှတ်တော်က ရိုဟင်ဂျာ ဆိုသူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန်နှင့် ပိုပြီး သတ်ဖြတ်မူများ မဖြစ်ရအောင် တားဆီးရန် နိုင်ငံတကာသို့လည်း မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။
မြန်မာ အစိုးရကမူ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်တွင် ရခိုင် ၃၁ ဦးနှင့် မွတ်ဆလင် ဘင်္ဂလီ လူမျိုး ၄၆ ဦး သေဆုံးပြီး စုစုပေါင်း ၇၇ ဦးသာ သေဆုံးကြောင်း ဖေါ်ပြသည်။
သို့သော် အမေရိကန်တွင် အခြေစိုက်သော ရိုဟင်ဂျာ အဖွဲ့အစည်း တစ်ခု ဖြစ်သော အမျိုးသား လူ့အခွင့် အရေး ဒီမိုကရက်တစ် ပါတီ (ပြည်ပ) အမေရိကန်ဌာနချုပ်မှ သြဂတ်စ်လ (၅) ရက်နေ့က အမေရိကန် သမ္မတ အိုဘားမား အစိုးရ အဖွဲ့ အပါအ၀င် နိုင်ငံတကာသို့ ပေးပို့ရာတွင် ကိန်းဂဏန်း အရေအတွက်ကို အလွန်အကျွန် လွှဲမှားစွာ ရေးသားဖေါ်ပြခဲ့ဟု သိရသည်။
အဆိုပါ အဖွဲ့က လွန်ခဲ့သော (၂) လအတွင်း ရခိုင်ပြည်နယ်တွင် ရခိုင်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သတ်ဖြတ် မူကြောင့် ရိုဟင်ဂျာ ၃၀၀၀၀ အစုလိုက် အပြုံလိုက် သေကြေခဲ့ ရပြီး တချို့ စာရင်းအရ ၅၂၀၀၀ အထိ အသတ်ခံရကြောင်း ဖေါ်ပြသည်။ ၎င်းပြင် မူဆလင်ကျေးရွာ ၅၂ ရွာ အဖျက်ခံရပြီး ဗလီ ၅၀ မီးရှို့ခံရကြောင်း ဖေါ်ပြသည်။ လူပေါင်း တစ်သိန်း ထွက်ပြေးနေရကြောင်းနှင့် ကူရင်ကျမ်းများလည်း ဖျက်ဆီးခံရကြောင်း ဖေါ်ပြသည်။

နိရဉ္စရာ သတင်းဌာန
အိန္ဒိယကို တရုတ်သမ္မတ လာရောက်လည်ပတ်စဉ် မိမိကိုယ်ကို မီးရှို့၍ ဆန္ဒပြသူ အသက် ၂၇ နှစ်အရွယ် တိဗက် လူငယ် တစ်ဦး၏ ပုံကို ရိုဟင်ဂျာ တစ်ဦး၏ ပုံဖြစ်သည်ဟု ဆိုကာ ပုံမှားရိုက်ပြီး နိုင်ငံတကာ တွင် လိမ်လည်ပြီး ဖေါ်ပြခဲ့ကြသည်။
ဆိုဒီအာရေးဗီးယား ပါလီမာန်မှ ထိုကဲ့သို့ သတ်ဖြတ်နေမူများနှင့် ရိုဟင်ဂျာ ဆိုသူများ အပေါ် နေအိမ်များမှ နှင်ထုတ်ပြီး လူ့အခွင့်အရေး ချိုးဖေါက်နေမူများကို ရှုတ်ချကြောင်း သတင်းစာများက ရေးသားသည်။
ဆိုဒီအာရေးဗီးယား ဘုရင် Abdullah ဥက္ကဌ အဖြစ် ဆောင်ရွက်သော လွှတ်တော်က ရိုဟင်ဂျာ ဆိုသူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန်နှင့် ပိုပြီး သတ်ဖြတ်မူများ မဖြစ်ရအောင် တားဆီးရန် နိုင်ငံတကာသို့လည်း မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။
မြန်မာ အစိုးရကမူ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်တွင် ရခိုင် ၃၁ ဦးနှင့် မွတ်ဆလင် ဘင်္ဂလီ လူမျိုး ၄၆ ဦး သေဆုံးပြီး စုစုပေါင်း ၇၇ ဦးသာ သေဆုံးကြောင်း ဖေါ်ပြသည်။
သို့သော် အမေရိကန်တွင် အခြေစိုက်သော ရိုဟင်ဂျာ အဖွဲ့အစည်း တစ်ခု ဖြစ်သော အမျိုးသား လူ့အခွင့် အရေး ဒီမိုကရက်တစ် ပါတီ (ပြည်ပ) အမေရိကန်ဌာနချုပ်မှ သြဂတ်စ်လ (၅) ရက်နေ့က အမေရိကန် သမ္မတ အိုဘားမား အစိုးရ အဖွဲ့ အပါအ၀င် နိုင်ငံတကာသို့ ပေးပို့ရာတွင် ကိန်းဂဏန်း အရေအတွက်ကို အလွန်အကျွန် လွှဲမှားစွာ ရေးသားဖေါ်ပြခဲ့ဟု သိရသည်။
အဆိုပါ အဖွဲ့က လွန်ခဲ့သော (၂) လအတွင်း ရခိုင်ပြည်နယ်တွင် ရခိုင်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သတ်ဖြတ် မူကြောင့် ရိုဟင်ဂျာ ၃၀၀၀၀ အစုလိုက် အပြုံလိုက် သေကြေခဲ့ ရပြီး တချို့ စာရင်းအရ ၅၂၀၀၀ အထိ အသတ်ခံရကြောင်း ဖေါ်ပြသည်။ ၎င်းပြင် မူဆလင်ကျေးရွာ ၅၂ ရွာ အဖျက်ခံရပြီး ဗလီ ၅၀ မီးရှို့ခံရကြောင်း ဖေါ်ပြသည်။ လူပေါင်း တစ်သိန်း ထွက်ပြေးနေရကြောင်းနှင့် ကူရင်ကျမ်းများလည်း ဖျက်ဆီးခံရကြောင်း ဖေါ်ပြသည်။
ဖေါ်ပြပါပုံမှာ ၂၀၀၄ ခုနှစ်က ထိုင်းနိုင်ငံတွင် ဆန္ဒပြသူများကို ရဲက ထိန်းသိမ်းထားသော ပုံဖြစ်ပါသည်။ ၎င်းပုံအား ရိုဟင်ဂျာ ၁၀၀၀ အား မြန်မာနိုင်တွင် ဗုဒ္ဗဘာသာများက သတ်ဖြတ်လိုက်ပြီဟု နိုင်ငံတကာတွင် သတင်းလိမ်ပြီး တင်ခဲ့ကြသည်။
ဇူလိုင်လ ၁၇ ရက်နေ့က အဆိုပါ အဖွဲ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ ပေးပို့သော စာတစ်စောင်တွင် အထက် ဖေါ်ပြပါ သေဆုံးသူ အရေအတွက် အချက်အလက်များကို ထည့်သွင်းသည့် အပြင် မွတ်ဆလင် အမျိုးသမီး ၅၀၀၀ ကို ရခိုင်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မုဒိမ်းကျင့်ခဲ့ပြီး ရိုဟင်ဂျာ လူပေါင်း ၃၀၀၀၀ မှာ ပျောက်ဆုံးနေသည်ဟု ဖေါ်ပြထားသည်။
ယခုကဲ့သို့ ပြည်ပ အခြေစိုက် ရိုဟင်ဂျာ အဖွဲ့အစည်းများ၏ အစီအစဉ်ရှိရှိ မမှန်မကန် ရေးသား ဖေါ်ပြပြီး ဓါတ်ပုံ အတုများဖြင့် ၀ါဒ ဖြန့်ချီနေမူကြောင့် ကမ္ဘာ မွတ်ဆလင် အသိုင်းအ၀ိုင်းတွင် မြန်မာနိုင်ငံ အပေါ် မကျေနပ်မူများ တိုးပွားနေကြောင်း သိရသည်။နိရဉ္စရာ သတင်းဌာန
thithtoolwin/yIWV
Posted: 08 Aug 2012 06:46 AM PDT
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် အကြမ်းဖက် သမားများက ဗုံးဖေါက်ခွဲမည် ဆိုသော သတင်းများကြောင့် အာဏာပိုင်များက ယနေ့တွင် ဈေးဆိုင်တန်းများ၊ လမ်းဘေးဈေးများကို ပိတ်ခိုင်းထားကြောင်း သတင်း ရရှိသည်။

“ ဟုတ်တယ်။ ဗုံးသတင်းကြောင့် ဒီနေ့က ဈေးဆိုင်တွေ၊ လမ်းဘေးဈေးတွေ အပါအ၀င်၊ လူစုလူဝေး မလုပ်ဖို့ ညွှန်ကြားထားပါတယ်” ဟု အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။
မောင်တောမြို့တွင် ဈေးကြီးကို အရေးအခင်း ဖြစ်ပွားသည့် အချိန်မှ ပိတ်ထားခဲ့ရာ ယခု အချိန်ထိ ပြန်မဖွင့်နိုင်သေးသော်လည်း လမ်းဘေး ဈေးများနှင့် ပြင်ပ ဈေးဆိုင်များကို ဖွင့်လှစ်ရောင်း ချနေကြောင်း သိရသည်။
ယနေ့တွင် အဆိုပါ ဈေးများနှင့် ဈေးဆိုင်များကို ဖွင့်လှစ် မရောင်းချရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း ဒေသခံ အမျိုးသမီးကြီး တစ်ဦးကလည်း ပြောကြားသည်။
“အကြမ်းဖက်သမားတွေ ဗုံးဖေါက်ခွဲမယ်ဆိုပြီး မနေ့ကညနေပိုင်း ကနေ သတင်းတွေ ထွက်နေ ပါတယ်။ ဒီနေ့ လမ်းဘေးဈေးတွေ အားလုံး မနက် ၆နာရီကနေ ပိတ်လိုက်ပါပြီ။ လူတွေကိုလည်း အပြင် မသွားကြဖို့၊ ကိုယ်အိမ်မှာကိုယ်နေကြဖို့ မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူး တာဝန်ရှိသူတွေက ပြောထားပါတယ်” ဟု ပြောသည်။
အစိုးရ ရုံးအများအပြားလည်း ယနေ့တွင် ပိတ်ထားကြောင်း မျက်မြင် ဒေသခံ လူငယ် တစ်ဦးဖြစ်သူ ကိုမျိုးချစ်က ပြောသည်။
“ အစိုးရရုံးတွေလည်း ဖွင့်တာ မတွေ့ဘူး အစ်ကို။ မနက်ပိုင်းကတော့ အစိုးရ ဘဏ်နဲ့ ကမ္ဘောဇ ဘဏ်ကို ဖွင့်တာတော့ တွေ့လိုက်ရတယ်။ အခုတော့ ပိတ်သွားပြီ။ အထက်တန်းကျောင်းကတော့ အရေးအခင်း ဖြစ်ပြီးကတည်းက ပိတ်ထားတဲ့ အတွက် ကျောင်းက မဖွင့် ဖြစ်သေးပါဘူး။ အခုတော့ လူတွေ အကုန်လုံး အိမ်ထဲမှာနေကြပါတယ်။ လူငယ် တစ်ချို့ ဆိုင်ကယ်နဲ့ သွားလာ တာက လွဲပြီး လမ်းပေါ်မှာ လူမရှိဘူး အစ်ကို” ဟု ပြောသည်။
ဘင်္ဂလီ မွတ်ဆလင် လူမျိုးများမှာလည်း အပြင်ကို မထွက်ကြဘဲ အိမ်တွေတွင် နေထိုင်နေကြသည်ဟု ဆိုသည်။
“ လုံခြုံရေးတွေကတော့ နေရာတိုင်းမှာ ချထားတာကို တွေ့ရပါတယ်။ လမ်းဆုံ လမ်းခွတိုင်းမှာပါဘဲ။ မနေ့ကလည်း မောင်နီရွာဘက်ကို အာရ်အက်စ်အို လက်နက်ကိုင် အဖွဲ့တွေ ၀င်လာတယ်ဆိုပြီး သတင်းရတဲ့ အတွက် စစ်သားတွေ လိုက်သွားတယ်လို့ ကြားရပါတယ်။ ဒါကြောင့် မွတ်ဆလင် ဘင်္ဂလီတွေလည်း အိမ်ထဲမှာ နေနေကြတာကို တွေ့ရပါတယ်” ဟု ကိုမျိုးချစ်က ပြောသည်။
လုံထိန်း၊ ရဲ၊ စစ်တပ် နှင့် နစကတပ်ဖွဲ့ များကို မောင်တောမြို့နယ် ခန်းမဆောင်၊ အလိုတော် ပြည့်ကျောင်း၊ အထက် တန်းကျောင်း၊ ဈေးရုံဝ၊ ဈေးကြီးနှင့် မွတ်ဆလင်ရွာများ၌ တင်းကျပ်စွာ ဖြည့်တင်း ချထားသည်ဟု သိရသည်။
မောင်တောမြို့ပေါ်တွင် နစကနဲ့ လုံထိန်း ကားများဖြင့် လှည့်လည်နေသည်မှ အပ အခြေအနေမှာ အေးဆေး ငြိမ်သက်နေပြီး မုန်တိုင်းမတိုက်မှီ ငြိမ်သက်ခြင်းမျိုးဖြင့် ငြိမ်သက် တိတ်ဆိတ် နေကြောင်း သူက ပြောသည်။
ထွန်းထွန်း - နိရဉ္စရာ သတင်းဌာန

Posted: 08 Aug 2012 06:14 AM PDT
![]() |
(ဓါတ်ပုံ NLD information) |
ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့
ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး၊ ဦးတင်ဦး၊
ဦးဝင်တင် စတဲ့ NLD ခေါင်းဆောင်တွေ၊ ၀ါရင့် နိုင်ငံရေးသမားတွေ၊ ခေတ်အဆက်
ဆက်ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ၊
ဂီတအနုပညာရှင်တွေ စုစုပေါင်း လူ (၁ဝဝဝ) ကျော် တက်ရောက်ခဲ့ပါတယ်။
ဒီနေ့အခမ်းအနားကို တက်ရောက်သူ ဒီလောက်များပြားတဲ့အချက်က ရှစ်လေးလုံးလှုပ်ရှားမှုအပေါ် ပြည်သူတွေရဲ့ အလေးအနက်ထားမှုကို ဖော်ပြတာဘဲလို့ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။
အဲဒိအခမ်းအနားမှာ ရှစ်လေးလုံး ၂၄ နှစ်မြောက် သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး၊ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့၊ ရှစ်လေးလုံးနေ့ကို သမိုင်းဝင် အထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်ပေး
ဖို့ တောင်းဆိုခဲ့ကြပါတယ်။
အဲဒိအခမ်းအနားမှာ သံဃာတော် (၄၄) ပါးကို ဆွမ်းနဲ့ ၀ါဆိုသင်္ဃန်းကပ်လှူခဲ့ပြီး၊ ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ အရေးအခင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဟန်းရှင်လူပြည်သူတွေအတွက် တစ်မိနစ်ခန့် ငြိမ်သက် အလေးပြုခဲ့ကြ ပါတယ်။
အဲဒိနောက် နိုင်ငံရေးအင်အားစုတွေရဲ့သ၀ဏ်လွှ
ာတွေ ဖတ်ကြားခဲ့ကြပါတယ်။
ဒီအခမ်းအနားကို မနက် (၉) နာရီကနေ နေလည် (၁၂) နာရီအထိကျင်းပခဲ့တာဖြစ်ပြီး၊ အာဏာပိုင်တွေဘက်က အနီးကပ်စောင့်ကြည့်၊ ဓါတ်ပုံရိုက်တာတွေရှိခဲ့ပေမယ့် တစုံတရာ တားဆီးနှောင့်ယှက်တာ မရှိခဲ့ပါဘူး။
RFA Burmese
thithtoolwin/yIWV
Posted: 08 Aug 2012 06:03 AM PDT
thithtoolwin/yIWV
Posted: 08 Aug 2012 06:00 AM PDT
thithtoolwin/yIWV
Posted: 08 Aug 2012 05:29 AM PDT
အစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ အများပြည်သူ သိရှိအောင် ထုတ်ပြန် အသိပေးဖို့ အဆိုကို ဒီနေ့ ကျင်းပ တဲ့ပြည်သူ့ လွှတ်တော်က ပယ်ချလိုက်ပါတယ်။
အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ ပုသိမ်ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းတဲ့ အဆိုကို ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲ၊ ကြားနေ ၁၅ မဲနဲ့ လွှတ်တော်မှာ ဆက်မဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြတာပါ။
ဦးဝင်းမြင့် တင်သွင်းတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်စေဖို့ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ တိုင်းနဲ့ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေရဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်း နိုင်သောပစ္စည်းနဲ့ အကျိုးစီးပွားတွေကို ပြည်သူတွေသိအောင် ထုတ်ဖော်ကြေညာဖို့အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက ပါဝင်ဆွေးနွေးကြပါတယ်။
အဲ့ဒီနောက် ပြည်ထောင်စုရှေ့နေချုပ်က ဦးဝင်းမြင့်ရဲ့အဆိုဟာ အခြေခံဥပဒေနဲ့ ကွဲလွဲနေတဲ့အတွက် အဆိုကောင်း ဖြစ်ပေမယ့် မှတ်တမ်းတင်ထားဖို့ပဲ အကြံပြုခဲ့တယ်လို့ အဆိုရှင် ဦးဝင်းမြင့်က ပြောပါတယ်။
ဦးဝင်းမြင့်ကလည်း မှတ်တမ်းတင်ဖို့ လက်မခံဘဲ ဆက်ဆွေးနွေးဖို့ ပြန်လည်တင်ပြတဲ့အခါ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ပြီး ရှူံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒီအဆိုရှုံးနိမ့်တာနဲ့ ပတ်သက်ပြီး ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အခုလို သုံးသပ်ပြောကြားပါတယ်။
“ဖွဲ့စည်းပုံ ၆၈ မှာက သမ္မတနဲ့ ဒု သမ္မတရဲ့ ပိုင်ဆိုင်တဲ့ စာရင်းတွေ၊ ပစ္စည်းတွေက ပြည်ထောင်စုလွှတ်တော်နာယကမှာပဲ တင်ရမှာ။ အစိုးရအဖွဲ့ရဲ့ ဥပဒေပုဒ်မ ၁၀၁ မှာကျတော့ အစိုးရအဖွဲ့တွေက သမ္မတဆီတင်ရမှာ။ ကျနော်ပြောတာက ဒါမဟုတ်ဘူး။ ကျနော်က ပြည်ထောင်စုအစိုးရအဖွဲ့ရော၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရော၊ ပြည်နယ်အစိုးရအဖွဲ့ရော အစိုးရအဖွဲ့မှာ ပါတဲ့လူတွေ အကုန်လုံး ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းနဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ သူတို့အကျိုးစီးပွားအကုန်လုံးကု
ိ ထုတ်ဖော်ကြေညာပြီးတော့ ပြည်သူကို ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ပေါ့။ ပြည်သူကို ထုတ်ဖော်ကြေညာခိုင်းတာ၊ ဒါဟာ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တာမဟုတ်ဘူး။ ဖွဲ့စည်းပုံမှာပါပြီးသားလည်း မဟုတ်ဘူး။ လွဲတယ်။ ဒါပေမယ့် မဲခွဲဆုံးဖြတ်တဲ့အခါကျတော့ ရှုံးတာပေါ့။”
မကြာသေးမီကပဲ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပြည်နယ်တိုင်းအစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ သမ္မတထံတင်ပြဖို့ သမ္မတရုံးညွှန်ကြားချက် ထွက်ခဲ့ပါသေးတယ်။
by ရွှေအောင် (ဒီဗွီဘီ)
thithtoolwin/yIWV
Posted: 08 Aug 2012 05:06 AM PDT
ရန်ကုန်၊ သြဂုတ် ၈
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ဖြစ်ပွားသော ဆူပူ အကြမ်းဖက်မှုကြောင့် လူ ၇ဦးသေဆုံးပြီး ကျေးရွာလေးရွာခန့် မီးရှို့ဖျက်ဆီးခံရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက ပြောကြားသည်။
"ဒဏ်ရာရတဲ့ စာရင်းကိုတော့ မရသေးဘူး။ အခု စစ်တပ်က ၀င်ထိန်းနေတယ်" ဟု ၄င်းက ရှင်းပြသည်။
ကျောက်တော် မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပှုအကြမ်းဖက်မှုများ စတင် ဖြစ်ပွားခဲ့ပြီး ၆ ရက်နေ့၊ ၇ ရက်နေ့ တို့တွင်လည်း ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း၊ ရခိုင် တိုင်းရင်းသားများ နေထိုင်သော ကျေးရွာများနှင့် ရွှေပြည်သစ် အဝေးပြေးကားဂိတ်တို့ကို ဘင်္ဂါလီလူမျိုးများက သြဂုတ်လ ၅ရက်နေ့တွင် ၀င်ရောက် ဖျက်စီးရာမှ ဒေသနေ လူမျိုးစု နှစ်စု ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းထားချက်များ အရ သိရှိရသည်။
အဆိုပါ မြို့နယ်တွင် ဖြစ်ပွား နေသော ဆူပူ အကြမ်းဖက်မှု အခြေအနေများကို တပ်မတော်က အင်အားတိုးမြင့်ကာ ၀င် ရောက်ထိန်းသိမ်းနေ သဖြင့် သြဂုတ်လ ၈ရက်နေ့ (ယနေ့) အခြေအနေမှ တည်ငြိမ်နေကြောင်း၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့သည် အဆိုပါ ဆူပှုအကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းနိုင်ရန် သြဂုတ်လ ၇ရက်နေ့တွင် ကျောက်တော် မြို့နယ်သို့ သွားရောက်ကာ ၀င်ရောက် ထိန်းသိမ်းနေကြောင်း ယင်း အစိုးရအဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly
![]() |
ဇွန်လအတွင်း ဖြစ်ပွါးခဲ့တဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုများအတွင်း လုံခြုံရေးများနှင့် ဘင်င်္ဂါလီမျ |
ားအား တွေ့ ရစဉ်
thithtoolwin/yIWV
Posted: 08 Aug 2012 04:56 AM PDT
အခုရက်ပိုင်းအတွင်း မိုးများပြီး မြစ်ချောင်း ရေလျှံတဲ့အတွက် ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မြို့ရွာတချို့မှာ ရေလွှမ်းပြီး လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။
ပဲခူးတိုင်း မဒေါက်မြို့ထဲမှာ မြစ်ရေကြီးမှုကြောင့် လှေတွေနဲ့ သွားလာနေရပြီး မနေ့က လက်ခတ်လှေနဲ့ စက်လှေတစီး တိုက်မိတဲ့အတွက် လှည်းဆိပ်ရပ်က အသက် ၂၀ အရွယ် အမျိုးသမီးငယ်တဦး သေဆုံးခဲ့တယ်လို့ ရေဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဝင် ကိုဝင်းမြင့်က ပြောပါတယ်။
မဒေါက်မြို့ထဲ ရေလွှမ်းခံရတဲ့ နေအိမ် ၁ ထောင်ကျော်ရှိပြီး ထောင်ချီတဲ့ ဒုက္ခသည်တွေဟာ တိုင်တစ်ရာ၊ အင်းချောင်၊ တံခွန်တိုင်နဲ့ သာသနာ့ဝံသကျောင်း တိုက်တွေမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။
မြို့နားတ၀ိုက် ရွာပေါင်း ၂၀ မှာလည်း ရေတွေဝင်နေပြီး စပါးခင်းပေါင်း ဧက ၁ သောင်းခွဲလောက် ရေလွှမ်းနေတယ်လို့ ပြောပါတယ်။
![]() |
မဒေါက်မြို့တွင် ရေကြီးနေပုံ(Photo: Bo Tuck@icj) |
“မကျသေးဘူး။ ကျန်နေသေးတဲ့ သဘောပဲ။ မနေ့က ကျေးရွာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆေးကုဆင်းတာ အကုန်လုံးက လူနာတွေကို တစက်မိတ်တွေ အောက်ကို ၀င်ပြီး ခက်ခက်ခဲခဲ ကုရတယ်။”
ရေဘေးဒုက္ခသည်တွေကို ညောင်လေးပင်လူမှုရေးအသင်း၊ ညောင်လေးပင် အန်အယ်လ်ဒီအဖွဲ့ဝင်နဲ့ မြို့ခံတွေက ထမင်းထုတ်နဲ့ ဆေးဝါးတွေ ဝေငှပေးနေတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ဩဂုတ်လ ၆ ရက်နေ့က စပြီးရွာသွန်းတဲ့မိုးကြောင့် နမ္မတူမြစ်ရေကြီးပြီး သိန္နီမြို့နယ်ထဲမှာ ရေလွှမ်းခဲ့တဲ့အတွက် ပန်စုန်ရွာသားတဦး ရေထဲမျှောပါ သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
သိန္နီမြို့တောင်ဘက်တကြောက ခမ်းတင်း၊ နောင်ကား၊ ဟိုနား၊ ကောင်းလန်း၊ ကုန်းမုန် စတဲ့ကျေးရွာမှာ စပါးစိုက်ခင်းဧကပေါင်း ၂၀၀ ကျော် ရေလွှမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။
ကရင်ပြည်နယ်မှာ မိုးများပြီး မြစ်ရေလျှံတဲ့အတွက် ဘားအံမြို့၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ကမမောင်းဘက်မှာလည်း ရေကြီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘားအံမြို့မှာ ပြီးခဲ့တဲ့ လကုန်ပိုင်းကစလို့ ကမ်းနားတလျှောက်က ရပ်ကွက်နဲ့ ကျေးရွာတွေ ရေလွှမ်းခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ ရေဘေးဒုက္ခသည်တွေဟာ ဘားအံ မိုးလုံလေလုံ အားကစားကွင်း၊ အောင်သံလွင် အားကစားကွင်း၊ ကြားတောရကျောင်းတိုက်နဲ့ ဗလီတွေမှာ ခေတ္တခိုလှုံနေရကြောင်း ဒေသခံတဦးက ပြောပါတယ်။
ရေဘေးဒုက္ခသည်တဦးက “ဒုက္ခရောက်တာပေါ့။ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်တော့၊ ကလေးတွေနဲ့ ဘုန်းကြီးကျောင်းမှာနေရတာ အိမ်သာတက်ရတာကအစ ရေတွေဘာတွေရှားနဲ့။ လက်လုပ်လက်စားသမားတွေ ဒုက္ခရောက်တာပေါ့။ မိုးကလည်း တခါမှ မပြတ်ဘူး။ လေတွေမိုးတွေကျတယ်” လို့ ပြောပါတယ်။
အစိုးရ မိုးဇလဌာနက ဒီနေ့မွန်းလွဲပိုင်း မြစ်ရေကြီးခြင်း သတိပေးချက်အရ င၀န်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ ပေကျော် မြင့်တက်နေပြီး နောက် ၃ ရက် ဆက်ကြီးဦးမယ်လို့ ဆိုပါတယ်။ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာကို ရောက်နေပြီး ၁ ရက်အတွင်း ၃ လက်မကျော် ထပ်တက်ဦးမယ်လို့ ဆိုပါတယ်။
အရင်ရက်တွေက ထုတ်ပြန်ခန့်မှန်းချက်တွေအရ ဆိုရင်တော့ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ စိုးရိမ်ရေမှတ်အထက် ၁၀ လက်မခန့် ကျော်လွန်နေပြီး နောက် ၂ ရက်အထိ စိုးရိမ်ရေမှတ်အထက်မှာပဲ ရှိနေမယ်လို့ ဆိုပါတယ်။
စစ်တောင်းမြစ်ရေတက်လို့ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်ထက် ၅ ပေကျော်နေတယ်လို့ ဆိုပါတယ်။ သံလွင်မြစ်ရေကတော့ ဘားအံမြို့တွင် စိုးရိမ်ရေမှတ်ထက် ၃ ပေကျော်နေပြီး ရွှေကျင်မြစ်ရေ တက်နေတာကြောင့် ရွှေကျင်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲကျော် မြင့်တက်နေတယ်လို့ ဆိုပါတယ်။
by နန်းမြနဒီ (ဒီဗွီဘီ)
thithtoolwin/yIWV
Posted: 07 Aug 2012 10:21 PM PDT
နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို နိုင်ငံတော်သမ္မတထံ သြဂုတ် ၁ ရက် နောက်ဆုံးထား ပေးပို့တင်ပြရန် သမ္မတရုံးမှ ညွှန်ကြားစာပို့ခဲ့သော်လည်း ယခုအခါ အဆိုပါညွှန်ကြားချက်အား ဆိုင်းငံ့ထားကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ၀န်ကြီးများကပြောသည်။
“ပိုင်ဆိုင်မှုတွေ တင်ပြဖို့ နိုင်ငံတော်သမ္မတရုံးက စာလာတယ်ဆိုတာလည်း မှန်ပါတယ်။ အခုအဲဒီကိစ္စကို ဆိုင်းငံ့ထားဖို့လည်း စာဝင်ပါတယ်။ နောက်မှ ညွှန်ကြားမှုတွေ ထပ်လာနိုင်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦးကပြောသည်။ အဆိုပါ ညွှန်ကြားချက်များသည် မိမိထံသို့လည်း ရောက်ရှိကြောင်း ၎င်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် မရှိကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲက 7Day News ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
“ဒီလိုပိုင်ဆိုင်မှုတွေ တင်ပြဖို့ဆိုတာ ကောင်းပါတယ်။ ပိုင်ဆိုင်မှုတွေ တင်ပြလို့ရှိသင့် ရှိထိုက်တာထက် များနေရင်တော့ မဟုတ်ဘူးပေါ့။ သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်လာဖို့အတွက် ဒါကအရေးကြီးပါတယ်”ဟု တိုင်းဒေသကြီး ၀န်ကြီးတစ်ဦးက ပြောသည်။
ဇူလိုင် ၂၅ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုတင်သွင်းခဲ့သည်။
၎င်းအဆိုတင်သွင်းပြီး ဇူလိုင် ၂၆ ရက်တွင် နိုင်ငံတော်သမ္မတရုံးမှ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ စာရင်းပြုစုတင်ပြရန် အကြောင်းကြားစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
အကြောင်းကြားစာတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင်

့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ
by 7Day News Journal
thithtoolwin/yIWV
Posted: 07 Aug 2012 10:09 PM PDT
မြန်မာတပြည်လုံးမှာ လူ့အခွင့်အရေးချိုးဖောက်မှုဟာ တနေရာတည်းမှာ ဖြစ်နေတာ မဟုတ်ပါဘူး၊ နေရာအနှံ့မှာ ဖြစ်နေတာပါ။ ဒါဟာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လို့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဟာ တပြည်လုံးမှာ ရှိနေတာပါ။ ဒီကိစ္စမှာတော့ လူ့အခွင့်အရေးတည်း ဆိုတဲ့ ရှုထောင့်တခုတည်းက ကြည့်လို့ လုံးဝ မလုံလောက်ပါဘူး၊ ကျနော်တို့ တိုင်းပြည်ရဲ့ သမိုင်းကြောင်း၊ ကျနော်တို့ တမျိုးသားလုံးရဲ့ အကျိုးစီးပွားတွေ၊ ပြည်ပက ကျူးကျော်ဝင်ရောက်နေမှုတွေ၊ အဲ့ဒီမှာလဲ မတရားသဖြင့် ကျနော်တို့ဆီက အကျင့်ပျက်နေတဲ့ ၀န်ထမ်းတွေကြောင့် တချိန်တုန်းက ၀င်ရောက်လာမှုတွေ ရှိသလို၊ နည်းလမ်းပေါင်းစုံနဲ့ ၀င်ရောက်နေမှုတွေလဲ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ အမျိုးသား အကျိုးစီးပွားအတွက်ရယ်၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေရယ်၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေရယ် အားလုံးခြုံပြီး ကြည့်ရပါမယ်။ ပြဿနာက အင်မတန် သိမ်မွေ့ပါတယ်လို့ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ဒေသတွင်း ပဋိပက္ခတွေနဲ့ ပတ်သတ်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သူ့ရဲ့သဘောထားကို အခုလို ပြောကြားလိုက်ပါတယ်။
ရုပ်သံ - Burma VJ Media Network
ရုပ်သံ ကြည့်ရန် ဒီနေရာကို နှိပ်ပါ
ရုပ်သံ - Burma VJ Media Network
ရုပ်သံ ကြည့်ရန် ဒီနေရာကို နှိပ်ပါ
၊ ၈၈အနေဖြင့် လူ့အခွင့်အရေး ရှုထောင့်မှ မည်သို့မြင်ပါသနည်း" ဆိုသည့်အမေးကို မင်းကိုနိုင်က ပြန်လည်ဖြေကြားရာတွင် " ကျွန်တော်တို့ကိုယ်တိုင်လည်း လူ့အခွင့်အေ၇းအတွက် အမြဲတိုက်ပွဲဝင်နေရဆဲဖြစ်ကြောင်
ည်းမှ ကြည့်၍ မပြည့်စုံကြောင်း၊ သမိုင်းကြောင်းနှင့်ချီ၍ ရှင်းရမည့်ကိစ္စများ၊ ပြည်ပမှ ကျူးကျော်ဝင်ရောက်နေထိုင်မှုများ
အပါအ၀င် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရမည့် စဉ်းစားစရာများရှိကြောင်း၊ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းဆန်ဆန် ဖန်တီး၍နောက်ကွယ်မှ အကြံအစည်များ ရှိနေသလို ၀ါဒဖြန့်ချီမှုများလည်း ရှိနေသည်ကို ဂရုပြုရမည်ဖြစ်ကြောင်း ၊နိင်ငံသားအခွင့်အရေး တိုင်းရင်းသားအခွင့်အရေးများနှ
thithtoolwin/yIWV
Posted: 07 Aug 2012 10:06 PM PDT
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့အနေနဲ့ ရခိုင်ဒေသကို မသွားရောက်ခင်မှာ တတ်နိုင်သလောက် ရခိုင်သုတေသီတွေ ထုတ်တဲ့ စာရွက်စာတမ်းတွေ၊ ရိုဟင်ဂျာတွေဘက်က ထုတ်တဲ့ စာရွက်စာတမ်းတွေကို တော်တော်များများ လေ့လာခဲ့ပါတယ်။ ကျနော်တို့ သွားတဲ့ ရည်ရွယ်ချက်ကိုယ်နှိုက်က ကျနော်တို့က အဖြစ်အပျက်အမှန်တွေကို သိရှိနိုင်ဖို့ပါ။ နောက်တခုက ကြီးတဲ့အမှုကို ငယ်အောင်၊ ငယ်တဲ့အမှုကို ပပျောက်အောင် ကျနော်တို့ ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ၊ အထူးသဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလို
့ ပြောရင် ကျနော်တို့ တိုင်းရင်းသားတွေ အချင်းချင်းကြားထဲမှာ နားလည်မှုတွေနဲ့ ဘယ်လိုတည်ဆောက်မလဲ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သွားခဲ့ပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ မြန်မာနိုင်ငံသားတွေဟာ ဒုက္ခရောက်နေသူတွေကို ကြောင်တောင်ကြည့်နေတဲ့ လူစားမျိုးတွေ မဟုတ်ပါဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဇူလိုင်လ ၅ ရက်နေ့က ၈၈ မျိုးဆက်ကျောင်းသားများရုံးမှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ရုပ်သံ - Burma VJ Media Network
ရုပ်သံ ကြည့်ရန် ဒီနေရာကို နှိပ်ပါ
thithtoolwin/yIWV
Posted: 07 Aug 2012 09:37 PM PDT
အမွေအနှစ် ဓလေ့စရိုက်များအတွက် သီးခြားပြသ ထုတ်လွှင့်သော Channel အသစ်တစ်ခု ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိမရှိနှင့် စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းကြမည်ဖြစ်ကြောင်း Eleven Media Group - Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။
ထိုပြင် ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၏ Good governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government (သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀င်များအား၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုကို
ဦးစိန်ဝင်း၊ မအူပင်မဲဆန္ဒနယ်။
ဦးကျော်မင်း၊ လက်ပံတန်း မဲဆန္ဒနယ်။
ဒေါ်ဖြူဖြူသင်း၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်။
ဦးကျော်မြင့်၊ မြန်အောင် မဲဆန္ဒနယ်။
ဦးရဲထွန်း၊ သီပေါ မဲဆန္ဒနယ်။
ဒေါ်မြင့်မြင့်စန်း၊ ၀ါးခယ်မ မဲဆန္ဒနယ်။
ဒေါက်တာ ဇော်မြင့်မောင်၊ ကျောက်ပန်းတောင်း မဲဆန္ဒနယ်။
ဒေါက်တာမျိုးအောင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်လွှတ်တော် ကိုယ်စားလှယ်များ မှဆွေးနွေးကြမည်ဖြစ်သည်။
ဒေါက်တာစိုးရင်၊ ကမာရွက် မဲဆန္ဒနယ်၏ မြန်မာနိုင်ငံရှိ တက္ကသိုလ် အသီးသီးတွင် ဘွဲ့လွန်၊ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဆောင်များ ဖွင့်လှစ်ထားရှိပြီး အဆောင်နေခွင့် စနစ်ကို ကျင့်သုံး အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် အတွက် ဤလွှတ်တော်မှ တိုက်တွန်းကြောင်း အဆို တင်သွင်းမည်ဖြစ်သည်။
ဦးမောင်တိုး၊ မင်းလှ မဲဆန္ဒနယ်က ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းမည်ဖြစ်ကြောင်း Eleven Media Group သတင်းအရသိရှိရပါသည်။
thithtoolwin/yIWV
0 comments:
Post a Comment