သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၈)
သစ်ထူးလွင်
|
- ရမည်းသင်းခရိုင် ဆေးရုံရှိ အကျင့်ပျက်ခြစား ဝန်ထမ်းများအား ခုံဖွဲ့ စစ်ဆေးနေ
- တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (မြိတ်ခရိုင်) ဖွဲ့စည်း
- ပြည်သူကိုဖျက်ပြီး၊ ခရိုင်ဆေးရုံသို့ အမည်ပြောင်းပေးစေလို
- လယ်သိမ်းခံ တောင်သူများ၏ ငြိမ်းချမ်းစွာ စုဝေး လှည့်လည်ခွင့် လျှောက်ထားမှု ဒုတိယအကြိမ် ငြင်းပယ်ခံရ
- ပုသိမ်မြို့ ဂေါက်ကွင်းအနီး လမ်းမကြီးပေါ်တွင် ကျောင်းကြိုပို့ ကားတစ်စီး မတော်တဆမှုဖြစ်ပွား
- ပြန်ကြားရေးဝန်ကြီးဌာန ဘယ်လဲ
- မန်တုံမြို့ ရဲ စခန်း နှင့် တယ်လီဖုန်းရုံးတိုက်ခိုက်ခံရ
- သြဂုတ် (၉)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ်(၃၁)
- ဒေါ်အောင်ဆန်းစုကြည် Pepsi ကုမ္မဏီမှ မစ္စတာ နိုရီနဲ့တွေ့ဆုံ (ရုပ်/သံ)
- ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံဖို့ အင်ဒိုနီးရှားကို HRW ကပြောကြား
- ရခိုင်ပြည်နယ်ကို လာရောက်ကြည့်ရှုဖို့ OIC အဖွဲ့ကိုဖိတ်ခေါ်
- အစ္စလာမ်မစ် ကာကွယ်ရေးတပ်ဦး ဗုဒ္ဓဘာသာ ဘုရားကျောင်း ၂ ခုကို တိုက်ခိုက်
- ဘိုရှိလိုင် မိန်းမ လူသတ်ကြောင်း ဝန်ခံ
- အဖွဲ့ဝင်တွေ ကြိုမသိလိုက်ရတဲ့ စာနယ်ဇင်းကောင်စီ
- ကင်တားနားနေရာကို လူစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခုတောင်းဆို
- အကျင့်ပျက် တရားသူကြီးတွေကို ဖယ်ရှားဖို့ သူရ ဦးအောင်ကိုတင်ပြ
- အာဏာအလွဲသုံးစားလုပ်တဲ့ ရမည်းသင်း လွှတ်တော်အမတ်
- မြန်မာနိုင်ငံသတင်းစာဆရာအသင်းညီ
လာခံ အကြိုနေ့ ပြဿနာဂယက်များ - တူရကီနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ် ဒုက္ခသည်တွေနဲ့ တွေ့ဆုံလှူဒါန်း
- ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် မေးမြန်းချက်
- ညမထွက်ရအမိန့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့များ ထပ်တိုး
- နိင်ငံရေး ပါတီများနှင့် ကုလ သမဂ္ဂတွေ့ဆုံပုံ ပြောင်းလဲ
Posted: 11 Aug 2012 07:52 AM PDT
ရမည်းသင်းခရိုင် ပြည်သူဆေးရုံကြီး၌ ဆေးရုံရောက် လူသေများအား ခွဲစိတ်ရာတွင်
လူသေတဦးလျှင် သောင်းဂဏ္ဍန်း သိန်းဂဏ္ဍန်း အထိတောင်းနေမှုများအား တိုင်း အဆင့် အာဏာပိုင်များမှ (၁၀ ,၈, ၂၀၁၂ ) သြဂုတ်လ(၁၀) ရက်နေ့  တွင် ခုံဖွဲ့  စစ်ဆေးလျက်ရှိရာမြို့ သူမြိုသားအများစုကြီးမှ ဝမ်းမြောက်လျှက် ရှိနေကြ ကြောင်း ရမည်းသင်း ဒေသခံ ပြည်သူများက Myanmar News Now ကို ပြောဆိုပါသည် ဆေးရုံများသည် ပြည်သူလူထုကြီးမှ အားကိုးရာဌာနများ ဖြစ်ရေးထက် ကြောက်လန့် ဖွယ် အားငယ်စရာဖြစ်နေ ကြောင်း ရမည်းသင်း ဒေသခံပြည်သူများက သုံးသပ်လျှက်ရှိနေကြပါသည်။ ရမည်းသင်းခရိုင် ဆေးရုံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာများ ၊ တိုင်းကြားစာများ၊ ဆေးရုံ တာဝန်ရှိသူများက ပြန်လည် ဖြေရှင်းချက်များ အထောက်အထား စာရွက်စာတမ်းများကို အသေးစိတ် ဖတ်ရှုလိုပါက -- အပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 11 Aug 2012 07:13 AM PDT
သြဂုတ်လ (၁၁) ရက်နေ့ ၂၀၁၂
မြိတ်ခရိုင် အတွင်းရှိ တက္ကသိုလ် များဖြစ်သည့် နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် ဝိဇ္ဇာ သိပ္ပံတက္ကသိုလ် တို့ပူးပေါင်းပြီး မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ယနေ့ နေ့လည်ပိုင်းတွင် ဖွဲ့စည်းသွားခဲ့ပါတယ်။ ဥက္ကဋ္ဌ ကိုအုပ်စိုးထွန်း၊ ဒုဥက္ကဋ္ဌ ကိုဇင်မိုးဝေ၊ အတွင်းရေးမှူး ကိုရဲကိုကို၊ ကိုစိုးသင့်ထွန်း တို့ အပါအဝင် အလုပ်အမှုဆောင်၂၃ ဦးပါဝင်ကြောင်း သိရှိရပါတယ်။ တက္ကသိုလ်အတွင်း လွတ်လပ်သည့် ကျောင်းသား လွှတ်တော် တစ်ရပ်ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပညာရေး နှင့် စစ်မှန်သော ဒီမိုကရေစီစနှစ် ဖော်ဆောင်ရေး တို့အတွက် ကျောင်းသားထုအကျိုးပြု လုပ်ငန်းစဉ်များချမှတ်လုပ် ဆောင်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ Myanmar News Now | ||
Posted: 11 Aug 2012 07:29 AM PDT
ရမည်းသင်းမြို့နယ်တွင် 27-7-2012 ရက်နေ့ညနေက မိုးထိမိုးမိရွှေလုပ်ကွက်အမှတ်-9 မှ အလုပ်ကြမ်းလုပ်သူ(3)ဦး မြေပြိုမြေပိရာ ပြည်သူ့ဆေးရုံသို့ ညနေ 4-နာရီအချိန် ရောက်ရှိပြီး၊ ကိုဘိုဝိတ် ၏ဇနီး၊ မသင်းသင်းဝင်းမှာ ကွယ်လွန်သွားခဲ့ပါသည်။
28-7-2012 ရက်နေ့ နံနက် ခွဲစိပ်ရန်အတွက် ငွေ တစ်သိန်းခွဲ တောင်းဆိုကြောင်း ကွယ်လွန်သူ မသင်းသင်းဝင်းမှာ နတ်မောက်မြို့နယ် လဲဘူး(သပွတ်ပင်ရွာ)မှ ဖြစ်ပြီး၊ နတ်မောက်သို့ပို့ရမည်ဖြစ်သဖြင့် ခွဲစိပ်မှုကို မြန်မြန်ဆောင်ရွက်ပေးရန်နှင့် ငွေ တစ်သိန်းခွဲပေးရန် မရှိကြောင်း အခက်အခဲ တင်ပြလာပါသည်။ ခွဲစိပ်တာဝန်ကျဝန်ထမ်းများ၏ ဒုက္ခကြုံ ပူဆွေးဝမ်းနည်းနေသူများအပေါ် အခကြေးငွေ သောင်းဂဏ္ဍန်း၊ သိန်းဂဏ္ဍန်း တောင်းဆိုနေသည်ကို အထက်အဖွဲ့အစည်းသို့ တင်ပြတိုင်တန်းခဲ့ပါသည်။ 10-8-2012 ရက်နေ့ တိုင်းကျန်းမာရေးဌာနမှ ခုံဖွဲ့စစ်ဆေးခဲ့ကြောင်း သိရသဖြင့် ပြည်သူလူထုအများစုကြီးမှ ကျေးဇူးတင်ဝမ်းမြောက်ဝမ်းသာဖြစ် ရမည်းသင်းဆေးရုံကြီးနှင့် ပတ်သက်ပြီး ခရိုင်ပြည်သူ့ဆေးရုံအစား ပြည်သူကိုဖျက်ပြီး၊ ခရိုင်ဆေးရုံသို့ အမည်ပြောင်းပေးရန် ဆန္ဒရှိနေကြပါသည်။ (က) စရိတ်မျှပေး ကျန်းမာရေးဆေးဆိုင်မှာ အပြင်ဆေးဆိုင်များထက် ဈေးကြီးနေခြင်း၊ (ခ) ဆေးရုံအိမ်သာသို့ တစ်ခါသုံးလျှင် 200 ကျပ်ပေးရခြင်း၊ အရေးပေါ်လူနာများအတွက် သွေး တစ်ပုလင်း သောင်းကျော်ဖြင့် ငွေပေးဝယ်ရခြင်း၊ စက်ဘီး/ဆိုင်ကယ် 200 ကျပ်ပေးရခြင်း၊ စရိတ်မျှပေးကျန်းမာရေးဆိုတာ နာမည်သာရှိပြီး၊ ဆင်းရဲချို့တဲ့သူများ ခံစားခွင့်မရရှိခြင်းတို့အတွက် ပြေလည်အောင် ဆောင်ရွက်ပေးရန် ပြည်သူအများစုမှ ဆန္ဒရှိနေကြောင်း သိရှိရပါသည်။ ရမည်းသင်းမှ ပြည်သူတဦး | ||
Posted: 11 Aug 2012 06:55 AM PDT
သတ္တုတွင်း ၀န်ကြီးဌာန နှင့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် တို့၏ အကျိုးစီးပွားများ ပါဝင်နေသော လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အနီးမှ လယ်သိမ်းခံ တောင်သူများ၏မုံရွာမြို့တွင် ငြိမ်းချမ်းစွာ စုဝေးခွင့် လျှောက်ထားခြင်းအား ဒုတိယအကြိမ်တွင်လည်း ငြင်းပယ်ခြင်း ခံခဲ့ရကြောင်း လယ်ဧက များစွာ သိမ်းဆည်း ခံခဲ့ရသည့် ၀က်မှေးရွာခံ တစ်ဦးက ပြောကြားသည်။ ဒုတိယအကြိမ်နေဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်အား မုံရွာမြို့ အမှတ်(၁) ရဲစခန်းနှင့် ဆားလင်းကြီးမြို့နယ် ရဲစခန်းများသို့ သြဂုတ်လ ၇ ရက်နေ့မှ စတင်၍ ၁၀ရက်နေ့ အထိ ၅ ရက် ဆက်တိုက် စာတင်ခဲ့ပြီး ငြင်းပယ်သည့်စာမှာ ယနေ့ သြဂုတ်လ ၁၁ ရက်နေ့တွင် ပြန်လည် ရောက်ရှိလာကြောင်း ငြိမ်းချမ်းစွာ စုဝေး လှည့်လည်ခွင့် လျှောက်ထားမှုတွင် ဦးဆောင်သူ တစ်ဦးကပြောကြားသည်။ မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြန်ကြားသောစာတွင် လျှောက်ထားသူများ၏ အခင်းဖြစ်ရာနေရာသည် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်း ကြေးနီ စီမံကိန်း ဖြစ်ပြီး ၄င်းနေရာတွင်သာ မိမိတို့၏ လိုလားချက်နှင့် ဆန္ဒကို ဖော်ထုတ် တောင်းဆို၍ စီမံကိန်း တာဝန်ရှိသူများနှင့် ညှိနှိုင်း ဖြေရှင်းသင့်ပါသည်။ မုံရွာမြို့သို့ လာရောက် ဆန္ဒပြလိုခြင်းသည် ဥပဒေပုဒ်မ (၃)ခ ပါ ရည်ရွယ်ချက် နှင့်အညီ သဘောရိုးသားမှု မရှိသဖြင့်၊ ဆီလျော် သက်ဆိုင်မှု မရှိခြင်း မုံရွာမြို့နေ ပြည်သူလူထု၏ အကျိုးစီးပွားနှင့် လူထုအတွက် စိတ် အနှောက်အယှက် ဖြစ်ပေါ်လာနိုင်ခြင်း ပြဿနာနှင့် မသက်ဆိုင် သောမုံရွာမြို့၏ တည်ငြိမ် အေးချမ်းမှု တရားဥပဒေ စိုးမိုးမှုနှင့် ပြည်သူတို့၏ အကျိုးစီးပွား အလို့ငှာ နည်းဥပဒေ ပုဒ်မ (၁၆)အရ ငြင်းပယ်သည်ဟု ဖော်ပြထားကြောင်း ၀က်မှေး ရွာခံတစ်ဦးက ပြောပြသည်။ တရားမျှတမှုကို အဖြေရှာရန် လယ်သိမ်းခံ တောင်သူများ၏ ခံစားနေရသည်များကို နားထောင်ပြီး အချက်အလက် အမှန်များ ရယူပြီး ဒေသအား အုပ်ချုပ်ရေး တာဝန် ယူထားသူများ၊ ပြည်ထောင်စု အစိုးရနှင့် လွှတ်တော် အသီးသီးအား တင်ပြနိုင်ရန် ကြိုးစားမည် ဖြစ်ကြောင်း၊ ၈၈ကျောင်းသားများမှ တောင်သူများအား အားပေးစကား ပြောကြားခဲ့သည်။ The Voice Weekly | ||
Posted: 11 Aug 2012 06:49 AM PDT
၁၁.၈.၂၀၁၂ ညနေ (၄) နာရီဝန်းကျင်မှာ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ရကအ (၃) နယ်မြေရှိ ပုသိမ်-မုံရွာ-ရေဦးလမ်းကြီးပေါ် အဆိုပါ မတော်တဆမှုမှာ ပုသိမ်မြို့ အထက (၁) နဲ့ အထက (၃) တို့မှ ကျောင်းသူ ကျောင်းသား ၁၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက် တော့မရှိခဲ့ပါဘူး။ မိန်းကလေး ကျောင်းသူ ၁၀ ဦး နှင့် ယောင်္ကျားလေး ၃ ဦးတို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ရောက်ရှိခဲ့ပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ ကားမှာ ၈ င / ၁၈၂၃ လိုက်ထရပ်ကား ဖြစ်ပြီး ယာဉ်မောင်းသူ ကိုသက် (ဘ) ဦးဖိုးသက် ဆိုသူဖြစ်ပါတယ်။ လမ်းမကြီးပေါ်မှာ ချမ်းမြေ့အေး ကြိုပို့ယာဉ်ကို ကျော်အတက်မှာ လမ်းလယ်ရှိ လမ်းတား ကွန်ကရစ်တုံးများကို ပွတ်ဆွဲပြီး ဓာတ်တိုင်ကို တည့်တည့် ၀င်တိုက်မိတာဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာကနေ ပုသိမ်ဆေးရုံကြီးဆီသို့ မေတ္တ`ာရိပ် လူမှုရေးအသင်းမှ အရေးပေါ်ကားများနဲ့ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အခုအခါမှာ ယာဉ်မောင်းသူကို ဖမ်းဆီးအရေးယူထားတယ်လို့လည်း သိရှိရကြောင်း ဧရာဒယ်လ်တာ သတင်းအုပ်စု (ပုသိမ်) မှ သတင်းပေးပို့ ထားပါသည်။ Myanmar News Now | ||
Posted: 11 Aug 2012 12:39 AM PDT
ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ တာစူနေတဲ့ ယနေ့ မြန်မာပြည်မှာ အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင်ဆိုပြီး သတင်းမီဒီယာ နှစ်မျိုးရှိပါတယ်။ နှစ်ခုစလုံးကို ပြန်ကြားရေး ဝန်ကြီးဌာနက ချုပ်ကိုင်ထားပါတယ်။ ပုဂ္ဂလိက စာနယ်ဇင်းကို စာပေစီစစ်ရေးဌာနက ချုပ်ကိုင်ပြီး ကန့်သတ်ချက် အမျိုးမျိုးလုပ် ထားပါတယ်။ ဇွန်လက ‘လျှပ်တပြက်’ စာစောင်ကို ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းခဲ့ပြီ
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 11 Aug 2012 12:29 AM PDT
သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်
“၇ ရက်နေ့ မနက် ၄ နာရီလောက်က ရဲစခန်းကိုလာတိုက်တာ။--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 11 Aug 2012 12:12 AM PDT
| ||
Posted: 10 Aug 2012 11:59 PM PDT
ဒေါ်အောင်ဆန်းစုကြည်နဲ့ Pepsi ကုမ္မဏီမှ မစ္စစ် နိုရီတို့ဟာ သြဂုတ်လ ၁၀ ရက်နေ့က နေပြည်တော်မှာရှိတဲ့ Aureum Palace Resort Hotel မှာ ညနေ ၄:၁၅ နာရီကနေ ၅:၃၀ နာရီအထိ တွေ့ဆုံခဲ့ကြပါတယ်။
Burma VJ Media Network ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 10 Aug 2012 09:21 PM PDT
အကြမ်းဖက်မှုတွေ ပြီးဆုံးသွားပေမဲ့ ရခိုင်ပြည်နယ် အခြေအနေဟာ ပိုကောင်းမလာဘဲ တင်းမာမှု မြင့်မားနေပြီး အချိန်မရွေး အကြမ်းဖက်မှု ပေါ်ပေါက်လာနိုင်လို့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေ အင်ဒိုနီးရှားကို ရောက်လာဖွယ်ရာရှိကြောင်း၊ အင်ဒိုနီးရှား အနေနဲ့လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံပေးဖို့ တာဝန်ရှိကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က မနေ့က ပြောကြားလိုက်ပါတယ်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 10 Aug 2012 10:34 PM PDT
သမ္မတ ဦးသိန်းစိန်ကလည်း ရခိုင်ပြည်နယ် ပဋိပက္ခကို စုံစမ်းဖို့ ဆော်ဒီအာရေဗျ အခြေစိုက် OIC အဖွဲ့ လာရောက်တာ ကြိုဆိုကြောင်း၊ OIC အတွင်းရေးမှူးဟာ ရခိုင်ပြည်နယ်က အခြေအနေမှန်တွေကို မျက်မြင် တွေ့ရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 10 Aug 2012 09:10 PM PDT
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိက္ခတွေအတွင်း ရိုဟင်ဂျာတွေ အသတ်ခံရတဲ့အပေါ် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီ ပြည်နယ် မခါဆာမြို့မှာ မနေ့က ဆန့်ကျင် ဆန္ဒပြကြရာက ဗုဒ္ဓဘာသာ ဘုရားကျောင်း ၂ ခုကို တိုက်ခိုက်ခဲ့ကြပါတယ်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 10 Aug 2012 09:04 PM PDT
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 10 Aug 2012 04:23 PM PDT
မြန်မာအစိုးရက အသစ်ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ နိုင်ငံပိုင် သတင်းစာတွေမှာ ထုတ်ပြန်ကြေညာလိုက်တဲ့ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်း ကောင်စီဟာ သတင်း စာနယ်ဇင်းလောက အားလုံးကို ကိုယ်စားပြု ဖွဲ့ခြင်းမဟုတ်တဲ့အတွက် ဒီအဖွဲ့ စတင် ဖြစ်ပေါ်လာပုံနဲ့ လုပ်ငန်းစဉ်တွေအပေါ် စာနယ်ဇင်းသမားတွေက မေးခွန်းထုတ်လိုက်ကြပါတယ်။ တကယ်တော့ ဒီကောင်စီထဲမှာ ပါဝင်သူတွေကိုယ်တိုင်က သူတို့ပါနေတယ်ဆိုတာ သတင်းစာထွက်လာမှပဲ သိခွင့်ရတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်း ကောင်စီကို သြဂုတ်လ ၉ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့အကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေထဲမှာ အင်္ဂလိပ်လိုရော၊ မြန်မာလိုပါ ဖော်ပြထားတာပါ။ လက်ရှိ အစိုးရခေါင်းဆောင်တွေက လွှတ်လပ် ပွင့်လင်းမှုတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတဲ့ အခုလို အချိန်မျိုးမှာ လွှတ်တော်မှာ တင်ပြ ဆွေးနွေးခြင်း မရှိဘဲ အထူးသဖြင့်တော့ သတင်း စာနယ်ဇင်းလောကလူတွေကို အသိပေးခြင်းမရှိခြင်း မရှိဘဲ ဖွဲ့စည်းလိုက်တဲ့အတွက် ဒီကောင်စီ စတင် ဖြစ်ပေါ်လာမှုနဲ့ လုပ်ငန်းစဉ်တွေအပေါ် မေးခွန်းထုတ်စရာ အများကြီးရှိတယ်လို့ ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦးက ပြောပါတယ်။ “ဒီကောင်စီဖွဲ့ဖို့ ဘယ်က Authorize လုပ်ပြီးဖွဲ့တာလဲဆိုတဲ့ဟာက ပထမမေးခွန်းပေါ့နော်၊ လွှတ်တော်မှာလည်း ဘာမှ ဒီအကြောင်းမကြားရဘဲနဲ့ အဖွဲ့ဖွဲ့ချလိုက်တဲ့ဟာပေါ့နော်၊ ဘာနဲ့သွားဆင်တူလဲဆိုတော့ ဟိုးအရင်တုန်းက ကျနော်တို့ အမျိုးသားလူ့အခွင့်အရေး ကောင်စီတဲ့ ပုံသဏ္ဍန်မျိုးပဲ၊ နောက်ပိုင်းကျတော့ ဒီအမျိုးသား လူ့အခွင့်အရေးကောင်စီကို ဘတ်ဂျက်က ဘယ်ကပေးမှာလဲ၊ လွှတ်တော်က ဘတ်ဂျက်ပေးဖို့ သဘောမတူဘူး ဘာညာဆိုတဲ့ ဟာမျိုးတွေဖြစ်လာတာမျိုးပေါ့နော နောက်ပြီးတော့ ရွေးချယ် ဖွဲ့စည်းမှု ဖြစ်နေတယ်လေ၊ ဒါက ရွေးချယ်ဖွဲ့စည်းမှုလို့ ကျနော်ပြောရတာက ဒါက Selected body ဖြစ်နေတယ်။ Elected body မဟုတ်ဘူးဖြစ်နေတယ်။ Elected body ဖြစ်ရမယ်ဆိုတာက ကာယကံရှင်ကို အမည်စာရင်းတင်သွင်းမယ်၊ ကာယကံရှင် က ငြင်းပိုင်ခွင့်လည်း ရှိတယ်၊ ဒီလိုမျိုး မဖြစ်လာဘူး။”တကယ်တော့ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး လွှတ်တော်အတွင်း သတင်းမီဒီယာနဲ့ဆိုင်တဲ့ ဥပဒေသစ် တရပ်ကို တင်သွင်းထားပြီး လွန်ခဲ့တဲ့ လပိုင်း အတွင်းက ဆွေးနွေးကြဖို့ ပြင်ဆင် ထားတာဖြစ်ပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်လို့ ဒီရက်ပိုင်း အတွင်း ပြောဆို ဆွေးနွေးမှုတွေ ရှိမလာတဲ့ အပေါ်မှာ လည်း ပြည်တွင်း မီဒီယာလောကက မေးခွန်းထုတ်နေကြတာပါ။ ဒီအတောအတွင်း အခုလို ကောင်စီတစ်ရပ်ဖွဲ့စည်းလိုက်တြာေ “ဒီကော်မီတီ ဖွဲ့စည်းပြီးတဲ့နောက်မှာ စာပေစိစစ်ရေးရဲ့ အခန်းကဏ္ဍက ဘယ်လိုလဲ၊ ဘာလဲ၊ ဘယ်လဲပေါ့၊ ကျနော်တို့ဘက်က မေးခွန်းထုတ်စရာတွေ အများကြီးဖြစ်နေတယ်၊ နောက်ပိုင်းမှာ ဆင်ဆာကို စာပေးစိစစ်ရေးက တည့်မကိုင်တော့ဘဲနဲ့ ကော်မတီကို ကျပ်ပေးပြီးတော့ အချင်းချင်းလှည့်ပြီး ဆိုင်ထားလိုက်မှာလားပေါ့၊ ဒီလူတွေကို ဘယ်သူက အမည်စာရင်းတင်သွင်းပြီး ဘယ်သူက ရွေးချယ်ခန့်ထားမှန်းလည်း ကျနော်တို့လည်း မသိရဘူး၊ မြန်မာနိုင်ငံမှာကတော့ အဲလိုမျိုးတွေက ခဏခဏလုပ်လေ့ရှိတယ်လေ။ ဒါက ဘာကိုပြသလဲဆိုတော့ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှု အရမ်း အားနည်းနေတယ် ဆိုတာကို ပြတာပေါ့။ ပွင့်လင်းမြင်သာမှု တော်တော်လေး အားနည်းနေတာပေါ့၊ အစကတည်းက ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းဖြစ်ခဲ့ရင် ကျနော်တို့ မေးခွန်းထုတ်စရာ သိပ်ပြီးတော့ မပေါ် ဘူးပေါ့ဗျာ၊ အခု ကတော့ အစကတည်းက သိပ်ရိုးရိုးသားသား ပွင်ပွင့်လင်းလင်း မဖြစ်တဲ့အခါ ကျတော့ မေးစရာမေးခွန်းတွေ အများကြီးဖြစ်လာတာပေါ့၊”ဒါ့အြ ဒီကောင်စီ စတင် ဖွဲ့စည်းဖို့ ဖြစ်မလာခင် ကတည်းက ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနဲ့ တွေ့ဆုံပြီး ကောင်စီရဲ့ လုပ်ဆောင် ချက်တွေမှာ ပါသင့်တဲ့အချက်တွေကို အကြံပြု တင်ပြထား တဲ့ကြားကပဲ အခုလို အများ ဝေဖန် ထောက်ပြစရာ အချက်တွေ ပါဝင်လာ တာဖြစ်တယ်လို့ မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တဦးဖြစ်သူ စာရေးဆရာ မောင်ဝံသက ပြောပါတယ်။ “ မူလဒီဟာကို ဖွဲ့မယ်ဆိုပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ကျနော်တို့ကို ဖိတ်ပြီးတော့ တွေ့တယ်၊ ရှင်းပြ ပြောဆိုပြီး တော့ တာဝန်ဝတ္တရားတို့ လုပ်ငန်းစဉ်တို့ ပေးလိုက်တုန်းကဆိုရင် တချို့အချက်တွေပေါ့၊ အဲဒီအချက်တွေ ကျနော်တို့က သဘော မတူဘူးဆိုပြီးတော့ ပြန်ပြီးတော့ အကြံပြုချက်တွေ ပို့ထားတယ်၊ အကြံပြုချက်တွေထဲက တချို့ဟာတွေလည်း ပါတာပေါ့ဗျာ၊ တချို့ဟာတွေလည်း မပါဘူး၊ မလိုအပ်ဘူးလို့ ထင်တဲ့ စာနယ်ဇင်းကောင်စီ အလုပ်မဟုတ်ဘူးလို့ထင်တဲ့ ယူဆတဲ့ဟာတွေ အဲဒါတွေလည်း ပါနေတာတွေ့ရတယ်၊ အဲဒီတော့ နည်းနည်းတော့ ဒါတွေက ညှိနှိုင်းပြီးတော့ လုပ်ဖို့တော့ လိုဦးမယ်ထင်ပါတယ်။ ပြည်သူလူထုက အထင်အမြင်လွဲမှားနိုင်တဲ့ဟာပေါ့ ဒီကောင်စီ စတင်မပေါ်ပေါက်ခင်က တိုင်ပင်ဆွေးနွေးမှု တချို့ ရှိခဲ့ပေမယ့် သူ့အနေနဲ့ ဒီကောင်စီထဲမှာ ပါဝင်မယ်ဆိုတာကို ကြိုတင် သိရှိခဲ့ခြင်းမရှိဘူးလို့ မောင်ဝံသက ပြောပါတယ်။ ဒီကောင်စီမှာ အတွင်းရေးမှူးအဖြစ် အမည်စာရင်းထဲမှာ ဖော်ပြခြင်း ခံထားရတဲ့ ကိုကို(စက်မှုတက္ကသိုလ်) ကလည်း သူ့အနေနဲ့ ကောင်စီအတွင်းရေးမှူး အဖြစ် ပါမယ်ဆိုတာ ကြိုတင် သိခဲ့ခြင်းမရှိဘူးလို့ ပြောပါတယ်။ “ကျနော် မသိဘူး၊ အတွင်းရေးမှူးအဖြစ် ပါမယ်လို့ ကြိုမသိပါဘူး၊ သို့သော် ကောင်စီမှာ ဝင်ရောက်ဆောင်ရွက်ဖို့ အသင်းတွေကို စာရင်း တောင်းတဲ့အခါမှာ ပထမဦးဆုံး ဘာဖြစ်လဲဆိုတော့ သူတို့ရဲ့မူဝါဒတွေကို ကျနော်တို့ မကြိုက်လို့ မဝင်ပါဘူးပြောတယ်၊ နောက်ဆုံးမှာ မူဝါဒကို ပြန်ပြင်ပေးမယ်ပြောတယ်။ ပြင်ပေးတော့ ကျနော်တို့က ကျနော်တို့ လိုချင်တဲ့ ပုံစံကို တင်တယ်၊ တင်တဲ့အချိန်မှာ အဲဒီအတိုင်းလုပ်ပေးမယ်လို့ ကတိရတယ်။၊ ရလို့ MKA အနေနဲ့ ပူးပေါင်းပါဝင်ပါမယ်လို့ ပြောတယ်၊ အခုမှ သိတယ်ဗျာ၊ ဥက္ကဋ္ဌဆို မြင်တောင် မမြင်ဖူးသေးပါဘူး။” ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ် ထပ်မံ သိရှိနိုင်အောင် ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ မနက်ဖြန်မှာတော့ မြန်မာသတင်းစာဆရာများအသင်းက နိုင်ငံလုံးဆိုင်ရာ ညီလာခံတရပ် ကျင်းပဖို့ရှိနေပြီး အဲဒီမှာ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို လျှို့ဝှက် မဲစံနစ်နဲ့ ရွေးချယ်မယ်လို့ သိရပါတယ်ခင်ဗျား။
ကိုဇော်ဝင်းလှိုင်း (ဗွီအိုအေ - မြန်မာပိုင်း)
| ||
Posted: 10 Aug 2012 10:41 PM PDT
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားရဲ့ နေရာကို အခြားသူတစ်ဦးနဲ့ အစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခု ခေါင်းဆောင်တွေက ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နဲ့ ဒီကနေ့ တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားလိုက်ပါတယ်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်က ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်၏ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နှင့် နိုင်ငံရေးပါတီ ၂၄ ခုမှ ခေါင်းဆောင်များ တွေ့ဆုံဆွေနွေးနေစဉ်။
| ||
Posted: 10 Aug 2012 05:31 PM PDT
မြန်မာနိုင်ငံ တရားရေးမဏ္ဍိုင်နဲ့ ပြည်သူလူထု ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ပြည်သူ့လွှတ်တော်ကို ဒီကနေ့ အစီရင်ခံစာတစ်စောင် တင်ပြခဲ့ပါတယ်----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်က လွှတ်တော် အစည်းအဝေး ပြုလုပ်နေစဉ်။
| ||
Posted: 10 Aug 2012 10:08 AM PDT
ရမည်းသင်းမြို့ နယ် မြို့ နယ် ဆေးရုံ့ကို ၁၆.၇.၁၂ မှာ ဓါတ်လိုက်ပြီး သေဆုံးတဲ့
အလောင်းရောက်လာ ပါတယ်။ အဲဒီအလောင်းဟာ လွှတ်တော်အမတ် ဦးအောင်မြင့် ရဲ့ဆွေမျိုးရင်းချာ ဖြစ်တာကြောင့် ဦးအောင်မြင့်ဟာ ရင်ခွဲစစ်ဆေး မခံဘူးလို့  ညင်းဆို ခဲ့ပါတယ်။ ဆေးရုံအုပ်က သေမှုသေခင်း----- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 10 Aug 2012 09:33 AM PDT
သြဂုတ်လ (၁၀)ရက်နေ့  (MNN)
ယနေ့ ည ညစာ စားပွဲတွင် မကွေးတိုင်း ဒေသကြီး သတင်းထောက်အဖွဲ့မှာ မပါဝင်သော ဇက် (ပွင့်ဖြူ) ကလောင်အမည်နှင့် သတင်းထောက်က အသားလွတ်ကြီး ဆရာကြီးထလုပ်ပါသည်။ သူပြောသောစကားမှာ ( သတင်းထောက် အားလုံးသိထားဖို့က ကျုပ်က ၀န်ကြီးတွေနဲ့ လေယာဉ်စီးပြီး သတင်းယူသွားလာနေတာပါ။ ခင်ဗျားတို့ သိထားဖို့က ယခုလိုဧည့်ခံညစာစားပွဲမှာ လူကြီးများစတင်စားပြီးမှ သတင်းထောက်များ စားကြရမှာ ဖြစ်ပါတယ်။ နောင်ကို ဒီလို မဖြစ်အောင် ကျုပ်ကပြောပြတာပါ) ဟု ဆရာကြီးလုပ်ပါသည်။ ထိုအခါ ကျွန်တော်အပါအ၀င် စတင်၍ ထမင်းစားမိကြသော သတင်းထောက်များမှာ နေမထိ ထိုင်မသာ---- ယနေ့ ဖြစ်ပွါးခဲ့သည် မြန်မာနို င်ငံသတင်းစာဆရာအသင်းညီလာခံ အကြိုနေ့ ပြဿနာဂယက်များ-- သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 10 Aug 2012 08:51 AM PDT
တူရကီ နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်က စစ်တွေမြို့ရှိ ဒုက္ခသည်စခန်း၌ တူရကီ နိုင်ငံခြားရေး ၀န်ကြီးနှင့်အဖွဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် တွေ့ဆုံနေစဉ်။
"ကားနဲ့လာပြီးတော့ ဒုက္ခသည်စခန်းမှာ ပေးတာလည်းရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဒီရခိုင်ပြည်နယ်ရုံးမှာ အစိုးရဝန်ကြီး အဖွဲ့တွေကို လွှဲပေးတာလည်း ရှိပါတယ်။ သူတို့ ပထမ မနက်ရောက်တာနဲ့ ကျွန်တော်တို့ ဒီဘောဒူဘပေါ့။ ဘောဒူဘ ဆိုတာက မြို့ပြင်ပေါ့၊ မြို့ပြင် ဒုက္ခသည်စခန်းတွေကို သွားပြီးတော့ ကြည့်ပါတယ်။ အဲဒီက ၁၁ နာရီခွဲလောက်ကိုကျရင် သူတို့ပြန်လာတယ်။ ပြန်လာပြီးတော့ သူတို့ လောကနန္ဒာကို ဝင်ပါတယ်။ လောကနန္ဒာမှာ ကြည့်ပြီးတော့ ၁ နာရီခွဲလောက်မှာ အောင်မင်္ဂလာမှာ သူတို့ ရောက်ပါတယ်။ ကျွန်တော်တို့ ဗလီမှာ နမာဇ့်ဖတ်နေတဲ့ အချိန်မှာ နိုင်ငံခြားရေး ဝန်ကြီးကတော်ကဒီမှာ ဒီအောင်မင်္ဂလာရပ်ကွက်က အိမ်တစ်အိမ်မှာ ကျောင်းသူလေးတွေ အမျိုးသမီးတွေ ဒုက္ခသည်တွေ သူတို့နဲ့တွေ့ပါတယ်"
ဒီအတောအတွင်း သမ္မတ ဦးသိန်းစိန်က အစ္စလာမ် ဘာသာဝင် နိုင်ငံများအဖွဲ့ OIC ရဲ့ အတွင်းရေးမှူးချုပ် အနေနဲ့ ရခိုင်ပြည်နယ်က အဖြစ်မှန်တွေကို ကိုယ်တိုင် လာရောက် လေ့လာဖို့ ဖိတ်ခေါ်ကြောင်း ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်မှာ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ် ဆိုပြီး အင်တာနက် စာမျက်နှာတွေမှာ ဖော်ပြနေတာတွေဟာ မြန်မာနိုင်ငံက မဟုတ်ပဲ တခြားနိုင်ငံက သေဆုံးမှုတွေကို မြန်မာနိုင်ငံမှာ ဖြစ်ခဲ့သယောင် ဖော်ပြ နေကြတာ ဖြစ်ကြောင်း စသဖြင့် သမ္မတ ဦးသိန်းစိန်က တူရကီ နိုင်ငံခြားရေး ဝန်ကြီးကို ရှင်းပြခဲ့တယ်လို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာလည်း ဖော်ပြထားပါတယ်။ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ရခိုင်ပြည်နယ်က ဒုက္ခသည် အားလုံးအတွက် မြန်မာအစိုးရကို မနေ့က အမေရိကန် ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့ပါတယ်။ RFA Burmese |
0 comments:
Post a Comment