Saturday, August 11, 2012

သမ္မတ ဦးသိန်းစိန်အတွက် နိုင်ငံရေး အကြံပေးသူ ဆိုတာ...


by Lwin Aung Soe on Saturday, August 11, 2012 at 12:30am 


သမ္မတ ဦးသိန်းစိန်အနေနဲ့ အရင်ဦးဆုံး ပြတ်ပြတ်သားသား ရဲရဲဝန့်ဝန့် လုပ်သင့်တာကတော့ နိုင်ငံရေး အကြံပေးအဖွဲ့ကို ပြန်လည် ပြုပြင်ဖွဲ့စည်းဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေး အကြံပေးအဖွဲ့ထဲမှာ...
  1. လက်ရှိလုပ်ဆောင်ချက်တွေအရ သုံးသပ်လိုက်ရင် နိုင်ငံရေး အရည်အသွေး မပြည့်ဝသူတွေ၊
  2. အတိတ်သမိုင်းကြောင်းမှာ ကိုယ်ကျင့်တရား ပျက်ပြားခဲ့သူတွေ ရှိနေတယ်လို့ ယူဆမိတာကြောင့် ဖြစ်ပါတယ်။
ဦးသိန်းစိန်ဟာ သမ္မတ တဦးအဖြစ် အချိန်ကြာလာတာနဲ့အမျှ ဂုဏ်တင့်တယ်သူ ဖြစ်လာပါတယ်။ သူတို့ကြောင့် မဟုတ်ပါ။
ပင်ကိုယ်အရည်အချင်းဖြစ်တဲ့ ရိုးသားဖြောင့်မတ်မှု၊ ကြင်နာ သနားတတ်မှု၊ ဘယ်သူနဲ့မဆို ပြေလည်အောင် ဆက်ဆံတတ်မှုတွေကြောင့် ဖြစ်မယ် ထင်ပါတယ်။ နိုင်ငံရေးမှာ ဒီလိုလူကောင်းသူကောင်းမျိုး အင်မတန် ရှားပါးလှပါတယ်။ တချိန်တည်းမှာ နိုင်ငံရေးကို ဗန်းပြပြီး ကိုယ်ကျိုးရှာသမားတွေက ဝိုင်းရံနေတတ်တာလည်း သဘာဝဖြစ်လို့ အမြဲတမ်း ဂရုတစိုက် ရှိနေသင့်ပါတယ်။

သမ္မတအနေနဲ့ နိုင်ငံရေးမှာ စနစ်တကျ မှန်ကန်စွာ တိုင်ပင်ညှိနှိုင်းပေးနိုင်မယ့်သူတွေ ရှိရပါမယ်။ သမ္မတရဲ့ နိုင်ငံရေး အတိုင်ပင်ခံတွေဟာ ကိုယ်ကျင့်တရားနဲ့ စေတနာ ကောင်းမွန်တဲ့သူဖြစ်ဖို့ အဓိက ဖြစ်ပါတယ်။ ဒါမှသာ နိုင်ငံရေး ကိုယ်ကျိုးရှာတာတွေ မရှိတဲ့အပြင် အများအတွက် ကိုယ်ချင်းစာစိတ်နဲ့ စေတနာထားနိုင်မှာ ဖြစ်ပါတယ်။


ဒုတိယ အရေးကြီးဆုံး လိုအပ်ချက်က နိုင်ငံရေး အရည်အချင်း တကယ်တမ်း ပြည့်ဝ ပိုင်ဆိုင်သူတွေ စုစည်းထားနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလို နှစ်ချက်စလုံး ပြည့်စုံပြီး တိုင်းပြည်ကြီးပွားစေချင်သူတွေ မြန်မာနိုင်ငံမှာ တကယ်ကို ရှိနေပါတယ်။ ဒီလိုလူကောင်းသူကောင်းတွေကို မြင်တတ်ဖို့၊ ရှာတတ်ဖို့၊ စုစည်းတတ်ဖို့ ဆိုတာကတော့ သမ္မတရဲ့ အရည်အချင်းပါပဲ။

အမျိုးသားရေးကိစ္စအဖြစ် အရေးကြီးရင် ကြီးသလို သမ္မတအနေနဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အစွဲ (သို့) အစဉ်အလာ သတ်မှတ်ချက် မထားပဲ မိမိနှစ်သက်သဘောကျသူကို လွတ်လပ်စွာ ရွေးချယ်ပြီး တိုင်ပင်စေချင်ပါတယ်။ ဒါကို ဥပဒေကြောင်းအရ ညီညွတ်အောင် လုပ်နိုင်ဖို့ကလည်း သိပ်ခက်ခဲမယ် မထင်ပါ။

မြန်မာနိုင်ငံ အဓွန့်ရှည်စွာ အေးချမ်းသာယာ ဖွံ့ဖြိုးကြီးပွားစေချင်လို့ ရေးသားလိုက်ရတာ ဖြစ်ပါတယ်။

လွင်အောင်စိုး
၁၁-၈-၂ဝ၁၂
..........................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...