သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၈)
သစ်ထူးလွင်
|
- ဒုသမ္မတဦးဥာဏ်ထွန်း ခရီးစဉ်အတွက် သုံးခွမြို့ လမ်းဘေးရှိ ဆိုင်ခန်းများအားလုံး ဖျက်သိမ်းခံရ
- ချမ်းမြသာစည်၊ ခတ္တန်းရပ်မှ ဆရာဖြစ်သူကို သတ်သည့် တရားခံအား နာရီပိုင်းအတွင်း ဖမ်းမိ
- မောင်တောတောင်ပိုင်း ကိုင်းကြီးတွင် ဆူပူလိုသူများကို စစ်တပ်က သေနတ် ပစ်ဖေါက် လူစုခွဲခဲ့ရ
- NLD ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
- လယ်ယာမြေနစ်နာကြေးရရေး ထီးချိုင့်လယ်သမားများ တောင်းဆိုဆန္ဒပြ
- ၁၅ သိန်းတန် GSM ဖုန်းများ ပြန်လည်အပ်နှံပါက လျော်ကြေးမရနိုင်
- မုံရွာစစ်တိုင်းမှူး၏ ကွန်းသီရိကုမ္ပဏီ ရွှေတွင်းဒေသ ရွှေတူး သမားများထံမှ အဓမ္မငွေကြေးကောက်ခံ
- ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင် စီမံကိန်း ပြန်လည် စတင်ခြင်းအပေါ် ဒေသခံများကန့်ကွက်
- နိုင်ငံတော် သမ္မတ ဧရာဝတီတိုင်းအတွက် သိန်းလေးထောင်ကျော် ပေးအပ်
- ရခိုင်ပြည်နယ်ကိစ္စကြောင့် ဝါရှင်တန်၏ မြန်မာ့ရေးရာ မူဝါဒအပေါ် ထိခိုက်မှုမရှိဟု သံအမတ်ကြီးပြောကြား
- ယနေ့ပြည်သူ့လွှတ်တော်တွင် ဦးဝင်းသန်း တင်သွင်းခဲ့တဲ့ အရေးကြီးအဆို
- လွှတ်တော်ဥက္ကဋ္ဌများ လွှတ်တော်ကို အလေးမထားပဲ အစည်း အဝေးဖျက်၍ သမ္မတနှင့်တွေ့ သည့် ကိစ္စ သူရဦးရွှေမန်း ရှင်းလင်း
- အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်
ကြီးဋ္ဌာန၀န်ကြီး ဂျဲနက်နပိုလီတာနိုအား လက်အောက်ခံအရာရှိ (၁၀) ဦးမှ တရားစွဲဆို - လွှတ်တော်ဥက္ကဌ ၏ သဘောထားကို သိချင်
- ကားတိုက်သူမှတာဝန်မယူ၍ သေဆုံးသူ မြန်မာလုပ်သား အလောင်းမြေချရန်ဆိုင်းငံ့
- မွေး-စား-နို့လုပ်ငန်းရုံးမှ အမှုထမ်း ၂၀၀ ကျော် နေပြည်တော်ပြောင်းရွှေ့ရမည့်ဒုက္ခ
- ဘောင်ဘီချွတ် နဲ့ ပညာရေး
- သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)
၏ ဆန္ဒပြခွင့်ကို ကျေက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပယ်ချ - အဆင့်မြင့်တက္ကသိုလ် (Centre of Execllence)များ တည်ထောင်ခြင်းနှင့် လုပ်ငန်းလိုအပ်ချက်များ
- ကန့် ကွက်ခံရတဲ့ သမ္မတ ၏ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် သုံးသပ်ချက် (၉)ချက်
- တရုတ်-မြန်မာ ဂတ်စ်ပိုက်လိုင်း အကြောင်း ဆွေးနွေးပွဲ
- မဟာချိုင် ပုလိပ်များ ပတ်စပို့ရှိသည့် မြန်မာများအား ဖမ်းစားနေမှု မြန်မာသံရုံး အရေးယူသင့်
- ကချင်ပြည်နယ် ဖားကန့် မှာ မြန်မာစစ်တပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား
- လူမှုကွန်ယက်တွေကို အိန္ဒိယအစိုးရသတိပေး
- ရခိုင်အရေး ဒလိုင်လားမား စိုးရိမ်
Posted: 24 Aug 2012 07:05 AM PDT
လွန်ခဲ့သော ငါးရက်ခန့်မှ စ၍(၂၅-၈-၂၀၁၂) စနေနေ့တွင် ဒုတိယ သမ္မတကြီး ဦးဥာဏ်ထွန်း နှင့် အဖွဲ့ဝင်များ သုံးခွမြို့နယ် အပါအ၀င် ခရမ်းမြို့နယ်များသို့ ပြည်သူများ၏ အခက်အခဲများနှင့် လိုအပ်ချက်များ ကိုသိရှိရန် အတွက်လာရောက်မည် ဖြစ်ကြောင်း သတင်းရသဖြင့် သုံးခွနေပြည်သူများမှ မိမိတို့၏ဒေသ အတွင်း ဘက်စုံဖွံဖြိုး တိုးတက်မှုများ ဖြစ်ပေါ်လာမည်ကိုေ တွးဆမိ၍ လှိုက်လှဲ ၀မ်းသာဖြစ်မိ ပါသည်။ (၂၃-၈၂၀၁၂) ကြာသပတေးနေ့မှ စတင်၍ သုံးခွမြို့နယ် အုပ်ချုပ်ရေးမှူးမှ ကွပ်ကဲကာ မြို့နယ်စည်ပင် သာယာရေး ဦးစီးမှူးနှင့် လက်အောက် ခံဝန်ထမ်း များမှ တစ်ခါမှ မကြုံဖူးသော မြို့ နယ် သန့် ရှင်းသပ်ရပ်ရေး အတွက် မြို့ နယ်နေ လူထု မှ အံ့သြရလောက်အောင် အားသွန်ခွန်စိုက် နေ့  ည မပြတ် စီမံ ဆောင်ရွက် ခဲ့ကြကြောင်း မျက်မြင်တွေ့ရှိ ၍ ပြည်သူလူထု မှ အားရကျေနပ်မိပါသည်။ သို့ သော်........... ထိုဝမ်းသာကျေနပ်မှုမှာ အချိန်ပိုင်းလောက်သာ ခံစားခဲ့ရ ပါသည်။ အကြောင်းမှာ ဒုတိယ သမ္မတကြီးနှင့်အဖွဲ့သွားရာလမ်းတေ မြို့ နယ်စည်ပင်သာယာ ဦးစီးမှူးနှင့်အဖွဲ့ ထိုသို့  အတင်းအဓမ္မဖျက်သိမ်း ခိုင်း သည်ကို မျက်မြင်တွေ့  ရှိသော မြို့ နေ လူထု မှာထိုဈေးသည်များအား ဂရုဏာ သက်မိပြီး ပျော်ရွင်ခဲ့ ရသော စိတ်ခံစား မှု များ အစား ဒေါသ စိတ်များ ဖြစ်ပေါ်ခဲ့ရပါသည်။ ယခုလို ဒီမိုကရေစီ စနစ်ကိုကျင့်သုံးနေ သောအချိန်အခါ၌ နိုင်ငံတော်သမ္မတကြီးနှင့် အကြီးအကဲများ က ဆင်းရဲမွဲတေမှု ပပျောက်ရေး အထူးအလေးထားဆောင်ရွက်နေ ချိန်တွင် နိုင်ငံ နှင့်အ၀ှမ်း အောက်ခြေရှိ အကျင့်ပျက်ဝန်ထမ်းများ သည်ခေတ်နောက်ပြန် ရှေးရိုးစွဲ ကိုယ်ကျိုး ရှာ ၍ ပြည်သူလူထု အပေါ် နိုင်လို မင်းထက် ယနေ့ တိုင်ပြုကျင့် နေ သည်ကို တွေ့ ရှိ နေရဆဲ ဖြစ်ပါသည်။ ကိုကိုချစ်(သုံးခွ) | ||
Posted: 24 Aug 2012 05:51 AM PDT
၂၀၁၂ခုနှစ် ၊ သြဂုတ်လ (၂၃)ရက်နေ့ ည ( ၁၀ )နာရီခွဲအချိန်က မန္တလေးတိုင်းချမ်းမြသာစည်မြို့
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Aug 2012 05:42 AM PDT
မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးရွာတွင် ဆူပူ အကြမ်းဖက်ရန် ကြိုးစားခဲ့ကြသော လူအုပ်စု တစ်ခုကို စစ်တပ်က သေနတ် မိုးပေါ်ထောင်ပစ်ကာ လူစုခွဲခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
မောင်တောမြို့နယ်တွင် ရခိုင်ကျေးရွာများ မီးရှို့ခံနေရစဉ်။
ဓါတ်ပုံများမှာ ကိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းအား မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် ပုံများ ဖြစ်ပြီး နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံခြားမှ ဧည့်သည်များ လာရောက်သော အခါ ကြည့်ရှု့နိုင်ရန် ရွာလမ်းထိပ် အဆောက်အအုံတစ်ခုတွင် ပြသထားသော ဓါတ်ပုံများ ဖြစ်ကြောင်း ရွာသားက ဆိုသည်။ “ သူတို့ ဒီလို ဓါတ်ပုံတွေကို ပြသထားတာကို မကြိုက်တဲ့ အတွက် ၀င်ရောက် ဖျက်ဆီးတာ ဖြစ်ပါတယ်။ လုံခြုံရေး ယူထားတဲ့ စစ်တပ်က ၁၈ ရက်နေ့ မနက်မိုးလင်းမှ ဖျက်ဆီးခံရတာကို သိပါတယ်။ နောက်တစ်နေ့ ညဥ့်မှာ စစ်တပ်က ရွာအ၀င် ကင်းပုန်းဝပ်တော့ ရွာထဲ ၀င်လာတဲ့ ဘင်္ဂလီ လူမျိုး သုံးဦးကို မိပါတယ်။ အခုတော့ သူတို့ကို ရဲလက်ထဲ လွဲပေးလိုက်ပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။ အလားတူ မောင်တောတောင်ပိုင်း အလယ်သံကျော် အနီး ဥဒေါင်းရွာတွင်လည်း သြဂတ်စ်လ ၁၇ ရက်နေ့က နစက တာဝန်ရှိသူ တစ်ဦးကို ဖမ်းဆီးရန် အလိုရှိနေသူ ၀ရမ်းပြေး တစ်ဦးက ဓါးနှင့် ခုတ်သဖြင့် သေနတ် ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်။ “သြဂတ်စ်လ ၁၇ရက်နေ့ ညဥ့် ၁၂နာရီခန့်မှာ ဥဒေါင်း ဘင်္ဂလီရွာကို နစက ဗိုလ်လေးလို့ လူသိများတဲ့ ဒုရဲအုပ် ဖြိုးဝေအောင် တပ်ဖွဲ့က ပဋိပက္ခအတွင်းက အကြမ်းဘက်၊ မီးရှို့ရာမှာပါတဲ့ ဆော်လီမူလာကို သတင်းအရ ဖမ်းဖို့သွားပါတယ်။ အိပ် နေတဲ့ ဆော်လီကို လက်နဲ့ လှမ်းနှိုး လိုက်တော့ အသင့် အိပ်ရာဘေးမှာ ချထားတဲ့ ဓါးနဲ့ ထပြီး ဓါးနဲ့ လှမ်းခုတ်တာပါ။ နစ ကဗိုလ်လေး လက်မောင်းကို ထိသွားပါတယ်။ ပါလာတဲ့ သူတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတော့ ဆော်လီမူလာမှ လက်မောင်းမှာ ဒဏ်ရာ ရရှိသွားပါတယ်” ဟု ပြောသည်။
နစက ဗိုလ်အား ဓါးနှင့် ခုတ်သူ ဆော်လီမူလာ(ဓါတ်ပုံ- မောင်ကျောက်ခဲ– မြန်မာပြည်)
ဗိုလ်ကလေးခေါ် ဖြိုဝေအောင် (ဓါတ်ပုံ- မောင်ကျောက်ခဲ- မြန်မာပြည်)
မောင်တော မြို့နယ် တောင်ပိုင်း သရေကုန်ဘောင်တွင် မွတ်ဆလင် ဗလီများနှင့် ဘာသာရေး ကျောင်းတစ်ခုအား စစ်တပ်နှင့် နတလ ရွာသားများက သြဂတ်စ်လ ၂၂ ရက်နေ့က ဖြိုဖျက်လိုက်ကြောင်း ပြည်ပ အခြေစိုက် သတင်းဌာန တစ်ခုတွင် ဖေါ်ပြထားမူနှင့် ပတ်သက်ပြီး ကျေးရွာ သားများအား မေးမြန်းရာ အဆိုပါ သတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်းနှင့် မည်သူမျှ ဖျက်ဆီးခြင်း မရှိကြောင်း ပြောကြားသွားသည်။ နိရဉ္စရာ သတင်းဌာန | ||
Posted: 24 Aug 2012 05:37 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ရန်ကုန်မြို့ ရွှေဂုံတိုင် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ဒီကနေ့ ညနေပိုင်းက ကျင်းပတဲ့ ပါတီဗဟို အလုပ်အမှုဆောင် အစည်း အဝေးကို တက်ရောက်ခဲ့ပါတယ်။
ဒီအစည်း အဝေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် နာယက ဦးတင်ဦးနဲ့ သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင် အပါအဝင် ပါတီ ထိပ်ပိုင်းခေါင်းဆောင် (၁ဝ) ဦးလောက် တက်ရောက်ခဲ့ကြပါတယ်။ ပါတီတွင်း ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ NLD ပြန်ကြားရေး တာဝန်ခံ တစ်ဦးဖြစ်သူ ဦးကြည်တိုးက RFA ကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ သူ့ရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံဖို့ရှိ တယ်လို့လည်း သိရပါတယ်။ RFA Burmese | ||
Posted: 24 Aug 2012 05:27 AM PDT
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ နီကယ်စက်ရုံ တည်ဆောက်ဖို့ သိမ်းဆည်းခံရတဲ့
လယ်ယာမြေ တွေအတွက် နစ်နာကြေးရဖို့ လယ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မောင်ကုန်းကျေးရွာမှာရှိတဲ့ မြန်မာ စီအမ်အန်စီ နီကယ် တရုတ်ကုမ္ပဏီက နီကယ်စက်ရုံ အပါအ၀င်--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Aug 2012 05:12 AM PDT
၁၅ သိန်းတန် GSM ဖုန်းများ ပြန်လည်အပ်နှံနိုင်ခွင့် ရှိ၊ မရှိနှင့် ပတ်သက်၍ ငါးသိန်းတန်ဖုန်းများ ထွက်ပြီးနောက်ပိုင်း တွင်ဝိရောဓိများ ထွက်ပေါ်လာခဲ့ပြီးယင်းကိစ္စအား မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ယနေ့ကျင်းပသည့် ဆက်သွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုတွင်ထည့်သွင်း ဖြေကြားသွားခဲ့သည်။ သြဂုတ်လ ၂၄ ရက်တွင် MICT မှ ကျင်းပပြုလုပ်ခဲ့သည့် ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Aug 2012 04:53 AM PDT
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ဥရုချောင်းအတွင်းရှိ ရွှေတွင်း
ဒေသတွင် မုံရွာစစ်တိုင်းမှူး၏ ကွန်းသီရိကုမ္ပဏီသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးမည်၊ ရွှေလုပ်ကွက်များ လျှောက်ပေးမည်ဟု ပြောဆိုကာ ၂၀၁၂ ခုနှစ်၊ မေလမှစတင်ပြီး ငွေများကောက်ခံ လျက်ရှိကြောင်း --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Aug 2012 04:38 AM PDT
၂၄ ရက်နေ့ ယနေ့ ၂ နာရီခွဲတွင် ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင် စီမံကိန်း ပြန်လည် စတင်ခြင်းအပေါ် ဒေသခံများက ၄င်းတို့ပိုင်သည့် လယ်ယာမြေများ ပေါ်တွင် ဆိုင်းဘုတ်များ စိုက်မည် ဟု သိရသည်။
ဆိုင်းဘုတ်များတွင် “ကျေးရွာပိုင် လယ်ယာမြေများတွင် မည်သူမျှ မကျူးကျော်ရ ” ဟု ရေးသားထားမည် ဖြစ်သည် ဟု သိရသည်။ ခုလိုပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ “ ပြည်သူ့ရဲ တွေက နိုင်ငံခြားက ရင်းနှီးမြှုပ်နှံတဲ့သူတွေနဲ့ ကုမ္ပဏီတွေနဲ့ ဦးပိုင်ကိုပဲ အကာအကွယ်ပေးနေတယ် ဒါကြောင့် အဲဒီလို လုပ်ရတာပါ” ဟု ဝက်မှေး ကျေးရွာမှ ဒေသခံရွာသားတစ်ဦးက ပြောကြားသည်။ သီဟရာဇာပေးပို့သည်- Yangon Media Group | ||
Posted: 24 Aug 2012 05:19 AM PDT
နိုင်ငံတော်သမ္မတကြီးသည် ဧရာဝတီတိုင်းဒေသကြီး ရှိ ညောင်တုန်းတံတား သစ် ဖွင့်ပွဲသို့တက်ရောက် ခဲ့ပြီးနောက် ရေနစ်မြုပ်ရာ ဒေသများ သို့ သွားရောက် ကာ ဒေသခံလယ်သမားများနှင့်တွေဆုံ ခဲ့ရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က စပါးပြန်လည်စိုက်ပျိုးရာတွင် မိမိနှစ်သက်ရာ စပါးကို စိုက်ပျိုးနိုင်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ရေနစ်မြုပ်မှုကြောင့် လယ်မြေဧက များအား ပြန်လည်စိုက် ပျိုးရန် မျိုးစပါး တင်းပေါင်း ၁၁၀၀၀၀ လိုအပ်လျက်ရှိပြီး ယင်းအတွက် ဆန်စပါးလုပ်ငန်းအသင်းမှ သြဂုတ်လ ၁၉ ရက်နေ့က မျိုးစပါး တင်း ၃၀၀၀၀ လှူဒါန်းခဲ့သည်။ လိုအပ်သော မျိုးစပါးများအတွက် နိုင်ငံတော် သမ္မတက ဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်သည်။ စိုးမိုး(ပုသိမ်) Yangon Media Group | ||
Posted: 24 Aug 2012 02:58 AM PDT
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှု များကြောင့် မြန်မာနိုင်ငံ အပေါ်ထားရှိသော အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှု လျှော့ချပေးရေး ဆိုင်ရာမူဝါဒ အပေါ် ထိခိုက်နစ်နာမှု မရှိကြောင်း မြန်မာဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ပြောကြားကြောင်း The Wall Street Journal က သြဂုတ်လ ၂၄ ရက်နေ့တွင် ရေးသားဖော်ပြသည်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 24 Aug 2012 02:40 AM PDT
ယနေ့ပြည်သူ့လွှတ်တော်တွင် သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်းက အောက်ပါအတိုင်း အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်-
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ နိုင်ငံတော် သမ္မတက တင်သွင်းခဲ့သည့် လွှတ်တော်၊ ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့၏ ပြည်ထောင်စု အဆင့်ဟူသည့် အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်းနှင့် စပ်လျဉ်း သည့် ဆုံးဖြတ်ချက် အပေါ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအား ဖွဲ့စည်းဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၃၄ အရ စွပ်စွဲပြစ်တင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ ကြပါသည်။ အဆိုပြတင်ပြချက်အရ လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံသို့ ၁၄.၈.၂၀၁၂ ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ခဲ့ပြီး နိုင်ငံတော်သမ္မတထံမှလည်း ၂၀.၈.၂၀၁၂ ရက်စွဲဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ သ၀ဏ်လွှာတစ်စောင် ပြန်ပို့ခဲ့ကြောင်း သိရှိပြီး ဖြစ်ပါသည်။ လွှတ်တော်ဥက္ကဋ္ဌက အထက်ပါသ၀ဏ်လွှာကို ပေးပို့ခြင်း မပြုမီတွင် ပြည်သူ့ကိုယ်စားလှယ်များ၏ ဆန္ဒကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရမည်ဟု ၀န်ခံပြောဆိုသွားသည့်အတွက် ထိုသို့ ၀န်ခံပြောဆိုမှုကို ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်များက ယုံကြည်သည့်အတွက်ကြောင့်လည်းကော နိုင်ငံတော်သမ္မတထံမှ သ၀ဏ်လွှာ ပေးပို့ရောက်ရှိလာသည့်အခါတွင် နောက်ဆုံးအပိုင်း၌ သို့သော်လည်း ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြား လွတ်လပ်သော အဖွဲ့အစည်းများဖြစ်ပါသဖြင့် မိမိတို့အဆန္ဒအရ ကြိုက်နှစ်သက်သော နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိပါကြောင်း ဤထင်မြင်ယူဆချက်နှင့် လက်ရှိဖြစ်စဉ်များအတိုင်းသာ ဆက်လက်လုပ်ဆောင်ရမည်ဆိုပါက ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်များအနေဖြင် ယမန်နေ့ (၂၃.၈.၂၀၁၂) ရက်နေ့ကလည်း ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်ရန် နံနက် ၁၀ နာရီ၌ စီစဉ်ထားသော်လည်း၊ အစည်းအဝေး မကျင်းပဖြစ်သောကြောင့် တက်ရောက်ရန် စောင့်ဆိုင်း နေကြသော လွှတ်တော်ကိုယ်စားလှယ်များမှာ အချိန်ကုန် လူပမ်းဖြစ်ကြရပြီး ပြည်သူ့ကိုယ်စားလှယ်များကို အလေးမထားရာ ရောက်ခဲ့ပါသည်။ သို့ဖြစ်ပါသောကြောင့် ကျွန်တော်တင်သွင်းလိုသည့် အဆိုမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ၁၄.၈.၂၀၁၂ ရက်စွဲပါ သ၀ဏ်လွှာများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ မှန်ကန်သော ဆန္ဒကို ဥက္ကဋ္ဌကြီးက မည်သို့သဘောထားသည်ကို ရှင်းရှင်းလင်းလင်း သိခွင့်ရရှိသင့်ပါကြောင်း အဆိုအား တင်သွင်းလိုပါကြောင်း တင်ပြအပ်ပါသည်။ Pyithu Hluttaw - ပြည်သူ့လွှတ်တော် | ||
Posted: 24 Aug 2012 02:32 AM PDT
လွှတ်တော်ကို အလေး မထားရာ ရောက်သည် ဆိုသော မေးမြန်းမှု အပေါ် မိမိ လွှတ်တော် ဥက္ကဋ္ဌက ဦးစွာ တင်ပြလိုပါတယ်။ မိမိ လွှတ်တော် ဥက္ကဋ္ဌသည် လွှတ်တော်ကို အလေးထား ပါတယ်။ လွှတ်တော်၏ ဂုဏ်သိက္ခာ ကိုလည်း အမြဲကာကွယ် ထိန်းသိမ်း လျက်ရှိပါတယ်။ ယမန်နေ့ ၂၃-၈-၂၀၁၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ခဲ့၍ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ မိမိနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ၀၉၀၀ နာရီချိန်မှစတင်၍ ဆွေးနွေးညှိနှိုင်းခဲ့ရာ လွှတ်တော် အစည်းအဝေးသို့ အချိန်မီ မရောက်ခဲ့ခြင်းဖြစ်ပါတယ်---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Aug 2012 01:57 AM PDT
အမေရိကန်ပြည်တွင်း လုံခြုံရေးဝန်ကြီးဋ္ဌာန (Department of Homeland Security) ၏ ၀န်ကြီးဖြစ်သူ ဂျဲနက်နပိုလီတာနိုမှ လတ်တလော ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်များသည် မိမိတို့အားတာဝန်နှင့် ၀တ္တရားများကို လျစ်လျူရှု၍ ဥပဒေကို ချိုးဖောက်ရန် ဖိအားပေးခဲ့သည်ဟု ဆို၍ သြဂုတ်လ (၂၃) ရက်နေ့တွင် တက္ကဆပ်ပြည်နယ် ပြည်ထောင်စုတရားရုံး၌ DHS ၏ လက်အောက်ခံဋ္ဌာန ကြီးတခုဖြစ်သည့် လူဝင်မှုနှင့် အကောက်ခွန် ထိန်းသိမ်းရေးဋ္ဌာန (Immigration and Customs Enforcement) ၏ လူဝင်မှုကြီး ကြပ်ရေးအရာရှိ (၁၀) ဦးမှ ပြည်တွင်းလုံခြုံရေး ၀န်ကြီးဋ္ဌာန၏ ၀န်ကြီးဖြစ်သူ ဂျဲနက်နပိုလီတာနိုနှင့် ICE ဋ္ဌာန၏ညွှန်ကြားရေးမှူး ဂျော်န်မော်တန်တို့အား စတင်တရားစွဲဆိုလိုက်သည်။
(by Winterko) သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 24 Aug 2012 01:23 AM PDT
သြဂုတ်လ (၂၄) ရက်နေ့ ၂၀၁၂
ယနေ့တွင် အရေးကြီး အဆိုတစ်ခုကို အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ၏ ကော်မတီအဖွဲ့ဝင်တစ်ဦးမှ မေးမြန်းချက်မှာ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အပေါ်တွင် အချိန်ဆွဲပြီး သည်းခံစောင့် ဆိုင်းခဲ့သော်လဲ ပြည်သူ့လွှတ် ဥက္ကဌ မှ ၄င်း ကိစ္စအား လျှစ်လျှူရှုထားခဲ့ပါသလား...??? ပြည်သူ့လွှတ်တော်ဥက္ကဌကြီး အပေါ်မှာ လွှမ်းမိုးထားသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ တစ်ဦးတစ်ယောက် ရှိပါသလား...??? ဟုမေးခဲ့ပါတယ်... ၄င်းမေးခွန်း၏ အဖြေနှင့် ပတ်သတ်ပြီး ဥက္ကဌ အနေဖြင့် အလွန်စိတ် မကောင်းကြောင်း ဖြေကြားခဲ့ပါသည်... ၄င်းအပြင် ၄င်းအပေါ်မှာ လွှမ်းမိုးသော လူပုဂိုလ်၊ အဖွဲ့အစည်း မရှိကြောင်း ဖြေဆိုပါသည်... ယနေ့တွင် အမျိုးသားလွှတ်တော်မှ ငှင်းကိစ္စအတွက် စုစုပေါင်း ၁၆၂ ဦးမှ လက်မှတ်ရေးထိုးပြီး အရေးကြီးအဆို အဖြစ် တင်သွင်းလိုက်ပါသည်... သို့သော် အမျိုးသားလွှတ်တော်ဘက်မှ တပ်မတော်သားကိုယ်စားလှယ်များမှ ပြည်သူ့လွှတ်တော်ဥက္ကဌ မှလဲ ၄င်းအဆို နှင့် ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်၏ အလှည့်ရောက်မှ ဆောင်ရွက်စရာရှိသည်များ ဆက်လက်ဆောင်ရွက်ကြပါဟု ပြောကြားသွားပါသည်... ၄င်းအဆိုနှင့် ပတ်သတ်ပြီး တနင်္လာနေ့တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တစ်နေကုန် ကျင်းပရန် ရှိပါသည်... by Daw Sandar Min (Shwee) (Facebook)
| ||
Posted: 24 Aug 2012 12:54 AM PDT
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယာဉ်တိုက်မှုကြောင သေဆုံးခဲ့ရသည့် နောင်ဘွား အထည်ချုပ်စက်ရုံမှ မအေးအေးမော်( ၃၃) နှစ်ကို ယာဉ်မောင်းသူထိုင်းနိုင်ငံသား (မျှော့လူမျိုး)က တစုံတရာတာဝန် ယူမှုမရှိသည့် အတွက် နာရေးကိစ္စ မြေချမှုကို ဆိုင်းငံ့ထားပြီး မဲဆောက်ရဲ စခန်းတွင်---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 24 Aug 2012 12:42 AM PDT
ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်းရှိ မွေး-စား-နို့လုပ်ငန်းရုံးမှ အမှုထမ်း ၂၀၀ ကျော်ခန့်၏ လက်ရှိ ရင်ဆိုင်နေရသော နေပြည်တော် ပြောင်းရွှေ့ရမည့် ဒုက္ခများ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Aug 2012 12:17 AM PDT
မြန်မာနိုင်ငံ ပညာရေး သုတေသန အဖွဲ့ဦးစီးဌာန ညွှန်ချုပ်နှင့် မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥက္ကဌ ရာထူးနေရာတွင် ဘောင်းဘီချွတ်တွေ ၀င်လာပြန်ပြီ
နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ ပညာရေး ကောင်းမှ ဖြစ်မယ်ဆိုတာ အများ ပြည်သူ အားလုံး သိကြပါတယ်။ မကြာခင်က ပြုလုပ်တဲ့ ဒုသမ္မတ စိုင်းမောက်ခမ်းရဲ့ အလုပ်ရုံဆွေးနွေး ပွဲမှာ ဌာနဆိုင်ရာတွေရဲ့ ထိပ်ပိုင်းရာထူးတွေမှာ လူမှန်နေရာမှန်ဖြစ်ဖို့နဲ့ စစ်တပ်မှ အကြောင်း အမျိုးမျိုးနဲ့ရောက်လာတဲ့ ယူနီဖောင်းချွတ်တွေကို ထိပ်ပိုင်းရာထူးတွေ မပေးတော့ဘူးဆိုလို့ ၀မ်းသာနေမိပါတယ်။ အခုတော့ လစ်လပ်သွားတဲ့ မြန်မာပညာရေး သုတေသနအဖွဲ့ညွှန်ချုပ်ရာထူးနေရာ အရပ်သူ အရာရှိအမျိုးသမီးတစ်ဦးအား ရုံးအဖွဲ့မှူးတစ်ဦးမှ ကိုယ်ထိလက်ရောက် လက်သီးဖြင့်ထိုးကြိတ်ခဲ့သည်ဆြို နေပြည်တော် ပညာရေးဝန်ကြီးရုံး ဌာနခွဲ(၂)တွင် တာဝန်ထမ်းဆောင်ထမ်းဆောင်နေ သော ဦးစီးအရာရှိ ဒေါ်မြင့်မြင့်စိန်အား ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းဆွေမှ တာဝန်ထမ်းဆောင်နေစဉ် စိတ်အလိုမကျမှုဖြင့် မည်သည့်တစ်စုံတစ်ရာ မှားယွင်းမှု မရှိဘဲ ကိုယ်ထိလက်ရောက် လက်သီးဖြင့် ထိုးကြိတ်ခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်ခဲ့ ပါသည်။ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်စိန်မှ မိမိမှ မှားယွင်းမှု တစ်စုံတစ်ရာမရှိဘဲ ကိုယ်ထိ လက်ရောက်စော်ကားခံရမှုနှင့်ပတ် မတရားအနိုင်ကျင့် အဖိနှိပ်ခံ ၀န်ထမ်းတွေရဲ့ဘ၀ကို ကာကွယ်စောင့်ရှောက် ပေးနိုင်ပါရန် နိုင်ငံတော်သမ္မတကြီးအား တင်ပြခြင်း နေပြည်တော် ပညာရေးဝန်ကြီးရုံးတွင် တာဝန်ထမ်းဆောင်နေသော ကွန်ပျူကျွမ်းကျင်ဝန်ထမ်း ဦးဝေအောင်ဗျင်နှင့် ဇနီးဖြစ်သူ ကွန်ပျူတာကျွမ်းကျင် နော်စေးလာဖော အပါအ၀င် ၀န်ထမ်း(၇)ဦးတို့အား ဒုတိယ၀န်ကြီး ဦးအေးကြူ၏ အမိန့်ဟုဆိုကာ အပြစ်တစ်စုံတစ်ဖော်ပြခြင်းမရှိ ပညာရေးဝန်ကြီးရုံးမှ ၀န်ထမ်းတစ်ဦး | ||
[Message clipped] View entire message
0 comments:
Post a Comment