Friday, August 24, 2012

ဇစ်မြစ်


by Zay Ya on Friday, August 24, 2012 at 2:41am


ပြဿနာ မရှိ ပြဿနာ ရှာနေတဲ့ သူတစ်ပါး ရဲ့ အဖြစ်က စင်စစ် မိမိ အတွက် ပြဿနာ မဟုတ် ဘူး။ ပြဿနာ မရှိ ပြဿနာ ရှာနေတယ် လို့ မြင်နေ၊ ရှုနေ၊ ဆုံးဖြတ်နေ တဲ့ မိမိ အဖြစ် ကသာ - မိမိ အတွက် ပြဿနာ ဖြစ် တယ်။ မေးခွန်း ပုစ္ဆာပဲ ဖြစ်ဖြစ်၊ ရုန်းရင်းဆန်ခတ် အမူအရာ နဲ့ ပဲ ဖြစ်ဖြစ် - ကြုံဆုံမိလာမယ့် ဘယ် ပြဿနာ မဆို၊ ဖြစ်ရပ်တိုင်းကို - တစ်ပါး သူ က ဘယ်တော့ မှ မဖန်တီး ဘူး။
သူတို့ ဖန်တီး တာ က - သူတို့ ပြဿနာ ဖြစ်ပြီး၊ သူတို့ ကြား မိမိ ဝင်လိုက်ချိန်မှာ - မိမိ အတွက် ပြဿနာ ဖြစ်သွားရတယ်။ ဆိုလိုတာက - မိမိ အဖြစ်ကသာ မိမိရဲ့ ပြဿနာ စင်စစ် ဖြစ် ပါတယ်။ ပြဿနာ အရှုပ်အထွေးဟာ မိမိ မပါဘဲ ဘယ်တော့မှ ဖြစ်လေ့ မရှိဘူး။

ဒါ့ကြောင့် မို့လည်း - "စိတ္တေန နိယတိ လောကော" လို့ ဆိုဆို၊ ဆော့ခရတ္တိရဲ့ "Know Thyself" လို့ ဆိုဆို။ ဒီအဆိုတွေဟာ - ပြဿနာရဲ့ တံခါးပေါက် ကို ညွှန်ပြနေကြတာ ဖြစ် ပါတယ်။ မိမိ ရဲ့ လောက ကို မိမိ ကပဲ ဦးဆောင် ခေါ်ယူ တယ်။ မိမိ လောကကို မိမိ စိတ်ကသာ ဦးဆောင် ဆွဲ ခေါ်သွား တယ်။

အဖေ့ လက်ကို ကိုင်၊ အမေ့ လက်ကို ကိုင်ထားတဲ့ ခလေး ငယ်ရဲ့ လောကမှာလည်း အဲ့ခလေး ငယ် ရဲ့ စိတ်သန္တာန် သာလျှင် အခရာ ဖြစ် တယ်။ ကားကြီး တစ် စီးလုံး - အမျိုးအစား၊ လက္ခဏာ၊ မော်ဒယ်လ် နံပါတ်တွေ ဘယ်လို ကောင်းနေနေ၊ အင်ဂျင် မကောင်း၊ မောင်း တဲ့ အပေါ်၊ အထူး မှီခိုနေသေးတယ်။ ဒီလိုမှ မဟုတ်ရင် - ဒါကို ကား - လို့ ဘယ်သူမှ ခေါ်မယ် မဟုတ်ဘူး။ နွား တစ်ကောင် ကတဲ့ နွားလှည်း မှာ - နွား မလှုပ်ရင် -လှည်း မလှုပ်ဘူး။ လှည်း ပေါ် မှာ တဂျုံးဂျုံး တအုံးအုံး - ဘယ်လို ဖြစ်နေပါစေ - နွားမှ မရှိရင် ၊ ရှေ့ဦးဆောင် ဆွဲမယ့် သူ မရှိရင် - လှည်း ဟာ လှည်း နေရာမှာပဲ တဂျုံးဂျုံး ရပ်တန့် နေမှာပဲ။ ရှေ့ကို တစ်ချက်မှ ရွေ့မှာ မဟုတ်ဘူး။

ပြဿနာ ဆိုတာ - အပူဆိုရင် - မီးဖိုထဲ ရဲရဲတောက်နေတဲ့ မီးခဲ လိုပဲ။ ဒီမီးခဲ က ပူခြစ် နေမှာ အမှန် ပဲ။ မြင်ရုံနဲ့လည်း နီနီရဲရဲ တွေ့မယ်။ - ပူလောင်နေတဲ့ အဖြစ်ကို တွေးကြည့်နိုင်တယ်။ ဒါပေမယ့် သွား မကိုင်မချင်း မပူဘူး။ ဒါဟာ မီးပဲ လို့ ရှောင်ကွင်း နိုင်ရင်လည်း မပူဘူး။ ဒါဟာ မီးပဲ။ ဒီလို ငြိမ်းရင် ငြိမ်းတယ် လို့ သိရင်လည်း မပူဘူး။ ဒီလိုနဲ့- အဲ့ဒီ မီးဟာ အဲ့ဒီ နေရာ မှာတင် ပြာဖြစ် သွားမှာပဲ။

ပြဿနာ ဟာ မီး ဆိုရင် - ပြဿနာ နေရာမှာတင် လောင်နေတဲ့ အဲ့ဒီ မီး ဟာ -- သူနေရာမှာ သူ လောင်နေ ပါတယ်။ သူ့နေရာမှာ တင် သူ ပြာကျ သွား လိမ့်မယ်။ ပိုကြီးလာမယ့် မီး လို့ သမုတ် ရင်တောင် - ခပ်ခွာခွာ ကနေ ကိုယ်ငြိမ်းသတ် နိုင်လိမ့်မယ်။ ဒါကို - ကိုယ်က ပညာမရှိဘူးလား - အနေ မတတ်ဘူးလား။ မီးမှန်း မသိဘူးလား။ သိပ် ကိုင်ကြည့်ချင် နေသလား။ ဒါဆို သွားကိုင်ရင် ပူမှာပဲ။ ဘာကြောင့် ညာကြောင့် ဘယ်လို ဆင်ခြေ နဲ့ ဘယ်ယုတ္တိ တွေ ပေးနေပါစေ - မီးဟာ သွား ကိုင်ရင် ပူမှာပါပဲ။ အဲ့ဒီ မီး - ကိုယ့်ကို လာပူတော့မှ - ပူလှ ချည့် လောင်လှချည့် - တစ်ချက် တည်း နဲ့ - ကြည့်ပြီး -"ဒီမီးဟာ ပူလှချည်လားကွာ" လို့ သွား အပြစ်တင်ရင် - အဲ့ဒီ မီးရဲ့ အလှောင် ကို ခံရမှာပဲ။
....................
August 24th 2012 at 3:57 PM
....................


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...