သမတသို့ ပေးစာ (၁၀-၈)
သို့
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်
နေပြည်တော်
ရက်စွဲ။ ၂၀၁၂ ခုနှစ်၊ ………………………………….
အကြောင်းအရာ။ ။ ယင်းမာပင်နယ်၊ မုံရွာခရိုင်လူသတ်မှုအား
ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း။
အထက်ပါကိစ္စနှင့်ပတ်သက်၍ အသတ်ခံရသူ၏ ကျန်ရစ်သူမိသားစုမှ အသနားခံတင်ပြ
လျှောက်ထားလိုပါသည်။ ၂၀၁၂ ခုနှစ်၊ ဇွန်လ(၁၈)ရက်၊ ည (၁၀)နာရီခန့်တွင်
မုံရွာခရိုင်၊ ယင်းမာပင်နယ်ရှိ သမိုင်းဝင် အင်ကြင်းတောအနီး တောနက်ကြီးထဲတွင်
ကျွန်မ၏အစ်မဖြစ်သူ ဒေါ်သင်းသင်း (၃၉)နှစ် (ဟားခါးချင်းလူမျိုး)အား
ကသည်းလူမျိုး လက်နက်ကိုင်တစ်ဦးဖြစ်သည့် မိုးသူ(ခ) မြမောင်မှ လူမဆန်စွာ ရက်ရက်စက်စက် သတ်ပစ်ခဲ့ပါသည်။ ကားထဲတွင်အတူပါလာသူ မကျိန်ငိုက်မန်(ခ) မီးငယ်အား မသင်းသင်းအား အကူအညီမပေးနိုင်ရန်
ဖိညှပ်ချုပ်ကိုင်ထားခဲ့သည်။ ထိုဖြစ်စဉ်အား မျက်မြင်သက်သေဖြစ်သူ မမီးငယ်အား နာကျင်အောင်ပြုလုပ်ခြောက်လှန့်ြ ပီး ရဲမတိုင်ရန်ခြိမ်းခြောက်ခဲ့ပါသည်။
မီးငယ်အနေဖြင့် လူမဆန်စွာ ရက်စက်မှု၊ ဥပဒေမဲ့မှု၊ မင်းမဲ့စရိုက်ဖြင့်
လှုပ်ရှားသတ်ဖြတ်မှုအား မခံမရပ်နိုင်စွာ တာဝန်သိပြည်သူတစ်ဦးအနေဖြင့်
အမှန်တရားဘက်မှ ရပ်တည်၍ အသက်အန္တရာယ်ကိုပင် မမှုဘဲ 28.6.2012တွင်
ကလေးမြို့နယ် ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ပါသည်။
ခရိုင်မှုခင်းနှိမ်နှင်းရေးခေါင်းဆောင် ဒုရဲအုပ်စိုးနောင်မှ မိုးသူအား
ကာကွယ်ပေးလိုသည့်အနေဖြင့် ဥပဒေကို ဖီဆန်၍ အထက်လူကြီးများကို
ချက်ချင်းသတင်းပို့ခြင်းမရှိဘဲ နှစ်ဦးတည်းတွေ့၍ မိုးသူနှင့်
လာဘ်ပေးလာဘ်ယူမှု ပြုခဲ့ပါသည်။ ကျွန်မ၏အစ်မ အသတ်ခံရခြင်းအမှုမှန်ကို
လျှို့ဝှက်ထိန်ချန်ခဲ့ကြသည်။
၂၀၁၂ ဇွန်လ(၃၀)မှ ၂၀၁၂ ဇူလိုင်လ(၁)ရက်နေ့အထိ မုံရွာခရိုင်၊ တိုင်းရုံးမှ
ဒ/န ခေါင်းဆောင်မှ မျက်မြင်သက်သေအား မေးမြန်းပြီး ထွက်ဆိုချက်အမှုတွဲကို
နေပြည်တော်သို့ပို့ခဲ့သော်လည်း ဥပဒေအရ အရေးယူမှု တစ်စုံတစ်ရာမရှိခဲ့ပါ။
မျက်မြင်သက်သေအား ရဲစခန်းအတွင်းရှိ တပ်ကြပ်တင်အောင် + ဒေါ်ခင်မာလာသန်း၏
နေအိမ်တွင် နေအိမ်အကျယ်ချုပ်ကဲ့သို့ စောင့်ကြပ်ထားရှိခဲ့သည်။
နစ်နာသူဘက်မှ ရပ်တည်၍ တရားဥပဒေစိုးမိုးမှုကို လိုလားသော၊ အမှန်တရားဘက်မှ
ရဲရဲဝံ့ဝံ့ ရင်ဆိုင်သက်သေခံပေးသော မျက်မြင်သက်သေအား ကျွန်မတို့မှ
၂၀၁၂ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့တွင် တွေ့ဆုံစကားပြောခွင့်တောင်းသော် လည်း
စခန်းမှူးမှ လုံးဝတွေ့ခွင့်မပေးခဲ့ပါ။ သူ၏ မိသားစုဝင်များမှအပ
မည်သူနှင့်မျှ မတွေ့ရ၊ စကားမပြောရ၊ စခန်းပြင်ပသို့ လုံးဝထွက်ခွင့်မရှိဟု
ပိတ်ပင်ထားခဲ့ပြီး ၂၈.၆.၂၀၁၂ မှ ၁၃.၇.၂၀၁၂၊ ည ၁၁း၃၀ နာရီအချိန်ထိ
မြို့နယ်ရဲစခန်းအတွင်းရှိ ရဲမေအိမ်တွင် နေခဲ့ရပါသည်။ ၂၀.၇.၂၀၁၂ တွင်
ကျွန်မတို့သို့ ပြစ်မှုကျူးလွန်သူ ကသည်းမှ ဦးဂင့်ဇမန်အား
ကိုယ်စားလှယ်လွှတ်၍ ဤလူသတ်မှုကိစ္စအတွက် လျော်ကြေးအနေဖြင့် သိန်း(၃၀)အား
လက်ခံပေးရန်နှင့် အမှုဆက်လက်မဖွင့်ရန် လာရောက်ညှိနှိုင်းပါသော်လည်း
ကျွန်မတို့မိသားစုမှ လုံးဝလက်ခံခြင်းမရှိဘဲ မိုးသူအား ဥပဒေအရ
အရေးယူဆောင်ရွက်ပေးရန်သာ ပြောဆိုခဲ့ပါသည်။
၂၈.၇.၂၀၁၂ တွင်လည်း ကသည်းအဖွဲ့မှ ဦးစိုင်းနောင် ပါ(၃)ဦးတို့သည်
မသင်းအသတ်ခံရမှုအတွက် ချင်းထုံးစံအရ သေဆုံးသူမိသားစုအား ငွေထုပ်ဖြင့်
ကန်တော့ကြေးငွေ လာရောက်ပေးအပ်ခဲ့သော်လည်း လက်ခံခြင်းမရှိခဲ့ပါ။
ဤဖြစ်စဉ်တွင် လူသတ်မှုဖြစ်ကြောင်း ထင်ရှားသည့်အတွက် မူလလူသေမှုမှ
လူသတ်မှုသို့ ယင်းမာပင်ရဲစခန်းမှ ဇူလိုင်(၁၉)ရက်နေ့တွင်
ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ကသည်းလူမျိုး လက်နက်ကိုင်
မိုးသူ(ခ) မြမောင် အား ထိုက်သင့်သောပြစ်ဒဏ်ကျခံစေလိုမှု ၊ တိုင်းတစ်ပါးမှ
တရားမ၀င် ခိုလှုံနေထိုင်သူ ကသည်းလက်နက်ကိုင်များအား မြန်မာနိုင်ငံပိုင်
နယ်နိမိတ်အတွင်းနေထိုင်ခြင်း မရှိစေရန်အတွက် အရေးယူဆောင်ရွက်ပေးပါရန်
လေးစားစွာ တိုင်ကြားအပ်ပါသည်။
တိုင်ကြားသူ
(လက်မှတ်)
မ ဖပ်လွှာနီး
၅/ ကလထ(နိုင်) ၁၂ ၇၄ ၁၉
အမှတ် (၆၉)၊ တာဟန်း၊ နယ်မြေ (၉)၊
ကလေးမြို့။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်
နေပြည်တော်
ရက်စွဲ။ ၂၀၁၂ ခုနှစ်၊ ………………………………….
အကြောင်းအရာ။ ။ ယင်းမာပင်နယ်၊ မုံရွာခရိုင်လူသတ်မှုအား
ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း။
အထက်ပါကိစ္စနှင့်ပတ်သက်၍ အသတ်ခံရသူ၏ ကျန်ရစ်သူမိသားစုမှ အသနားခံတင်ပြ
လျှောက်ထားလိုပါသည်။ ၂၀၁၂ ခုနှစ်၊ ဇွန်လ(၁၈)ရက်၊ ည (၁၀)နာရီခန့်တွင်
မုံရွာခရိုင်၊ ယင်းမာပင်နယ်ရှိ သမိုင်းဝင် အင်ကြင်းတောအနီး တောနက်ကြီးထဲတွင်
ကျွန်မ၏အစ်မဖြစ်သူ ဒေါ်သင်းသင်း (၃၉)နှစ် (ဟားခါးချင်းလူမျိုး)အား
ကသည်းလူမျိုး လက်နက်ကိုင်တစ်ဦးဖြစ်သည့် မိုးသူ(ခ) မြမောင်မှ လူမဆန်စွာ ရက်ရက်စက်စက် သတ်ပစ်ခဲ့ပါသည်။ ကားထဲတွင်အတူပါလာသူ မကျိန်ငိုက်မန်(ခ) မီးငယ်အား မသင်းသင်းအား အကူအညီမပေးနိုင်ရန်
ဖိညှပ်ချုပ်ကိုင်ထားခဲ့သည်။ ထိုဖြစ်စဉ်အား မျက်မြင်သက်သေဖြစ်သူ မမီးငယ်အား နာကျင်အောင်ပြုလုပ်ခြောက်လှန့်ြ
မီးငယ်အနေဖြင့် လူမဆန်စွာ ရက်စက်မှု၊ ဥပဒေမဲ့မှု၊ မင်းမဲ့စရိုက်ဖြင့်
လှုပ်ရှားသတ်ဖြတ်မှုအား မခံမရပ်နိုင်စွာ တာဝန်သိပြည်သူတစ်ဦးအနေဖြင့်
အမှန်တရားဘက်မှ ရပ်တည်၍ အသက်အန္တရာယ်ကိုပင် မမှုဘဲ 28.6.2012တွင်
ကလေးမြို့နယ် ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ပါသည်။
ခရိုင်မှုခင်းနှိမ်နှင်းရေးခေါင်
ကာကွယ်ပေးလိုသည့်အနေဖြင့် ဥပဒေကို ဖီဆန်၍ အထက်လူကြီးများကို
ချက်ချင်းသတင်းပို့ခြင်းမရှိဘဲ နှစ်ဦးတည်းတွေ့၍ မိုးသူနှင့်
လာဘ်ပေးလာဘ်ယူမှု ပြုခဲ့ပါသည်။ ကျွန်မ၏အစ်မ အသတ်ခံရခြင်းအမှုမှန်ကို
လျှို့ဝှက်ထိန်ချန်ခဲ့ကြသည်။
၂၀၁၂ ဇွန်လ(၃၀)မှ ၂၀၁၂ ဇူလိုင်လ(၁)ရက်နေ့အထိ မုံရွာခရိုင်၊ တိုင်းရုံးမှ
ဒ/န ခေါင်းဆောင်မှ မျက်မြင်သက်သေအား မေးမြန်းပြီး ထွက်ဆိုချက်အမှုတွဲကို
နေပြည်တော်သို့ပို့ခဲ့သော်လည်း ဥပဒေအရ အရေးယူမှု တစ်စုံတစ်ရာမရှိခဲ့ပါ။
မျက်မြင်သက်သေအား ရဲစခန်းအတွင်းရှိ တပ်ကြပ်တင်အောင် + ဒေါ်ခင်မာလာသန်း၏
နေအိမ်တွင် နေအိမ်အကျယ်ချုပ်ကဲ့သို့ စောင့်ကြပ်ထားရှိခဲ့သည်။
နစ်နာသူဘက်မှ ရပ်တည်၍ တရားဥပဒေစိုးမိုးမှုကို လိုလားသော၊ အမှန်တရားဘက်မှ
ရဲရဲဝံ့ဝံ့ ရင်ဆိုင်သက်သေခံပေးသော မျက်မြင်သက်သေအား ကျွန်မတို့မှ
၂၀၁၂ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့တွင် တွေ့ဆုံစကားပြောခွင့်တောင်းသော်
စခန်းမှူးမှ လုံးဝတွေ့ခွင့်မပေးခဲ့ပါ။ သူ၏ မိသားစုဝင်များမှအပ
မည်သူနှင့်မျှ မတွေ့ရ၊ စကားမပြောရ၊ စခန်းပြင်ပသို့ လုံးဝထွက်ခွင့်မရှိဟု
ပိတ်ပင်ထားခဲ့ပြီး ၂၈.၆.၂၀၁၂ မှ ၁၃.၇.၂၀၁၂၊ ည ၁၁း၃၀ နာရီအချိန်ထိ
မြို့နယ်ရဲစခန်းအတွင်းရှိ ရဲမေအိမ်တွင် နေခဲ့ရပါသည်။ ၂၀.၇.၂၀၁၂ တွင်
ကျွန်မတို့သို့ ပြစ်မှုကျူးလွန်သူ ကသည်းမှ ဦးဂင့်ဇမန်အား
ကိုယ်စားလှယ်လွှတ်၍ ဤလူသတ်မှုကိစ္စအတွက် လျော်ကြေးအနေဖြင့် သိန်း(၃၀)အား
လက်ခံပေးရန်နှင့် အမှုဆက်လက်မဖွင့်ရန် လာရောက်ညှိနှိုင်းပါသော်လည်း
ကျွန်မတို့မိသားစုမှ လုံးဝလက်ခံခြင်းမရှိဘဲ မိုးသူအား ဥပဒေအရ
အရေးယူဆောင်ရွက်ပေးရန်သာ ပြောဆိုခဲ့ပါသည်။
၂၈.၇.၂၀၁၂ တွင်လည်း ကသည်းအဖွဲ့မှ ဦးစိုင်းနောင် ပါ(၃)ဦးတို့သည်
မသင်းအသတ်ခံရမှုအတွက် ချင်းထုံးစံအရ သေဆုံးသူမိသားစုအား ငွေထုပ်ဖြင့်
ကန်တော့ကြေးငွေ လာရောက်ပေးအပ်ခဲ့သော်လည်း လက်ခံခြင်းမရှိခဲ့ပါ။
ဤဖြစ်စဉ်တွင် လူသတ်မှုဖြစ်ကြောင်း ထင်ရှားသည့်အတွက် မူလလူသေမှုမှ
လူသတ်မှုသို့ ယင်းမာပင်ရဲစခန်းမှ ဇူလိုင်(၁၉)ရက်နေ့တွင်
ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ကသည်းလူမျိုး လက်နက်ကိုင်
မိုးသူ(ခ) မြမောင် အား ထိုက်သင့်သောပြစ်ဒဏ်ကျခံစေလိုမှု
တရားမ၀င် ခိုလှုံနေထိုင်သူ ကသည်းလက်နက်ကိုင်များအား မြန်မာနိုင်ငံပိုင်
နယ်နိမိတ်အတွင်းနေထိုင်ခြင်း မရှိစေရန်အတွက် အရေးယူဆောင်ရွက်ပေးပါရန်
လေးစားစွာ တိုင်ကြားအပ်ပါသည်။
တိုင်ကြားသူ
(လက်မှတ်)
မ ဖပ်လွှာနီး
၅/ ကလထ(နိုင်) ၁၂ ၇၄ ၁၉
အမှတ် (၆၉)၊ တာဟန်း၊ နယ်မြေ (၉)၊
ကလေးမြို့။
0 comments:
Post a Comment