သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၈)
သစ်ထူးလွင်
|
- တနသာင်္ရီတိုင်း NLD တိုင်းညီလာခံကျင်းပရေး ကော်မရှင်ဖွဲ့စည်း
- အမြုတေစာနယ်ဇင်းကောင်စီနှင့်ပတ်
သက်သည့် Eleven Media Group ၏ သဘောထား - သုံးခွမြို့ ပြည်သူတို့ ၏၀မ်းနည်းဖွယ်နေ့ တစ်နေ့ 
- ၈၈ မျိုးဆက် ကျောင်းသားများ မုံရွာမြို့ခံများနှင့် တွေ့ဆုံ
- အိမ်ခြံမြေ အခွန် ၃ဆနီပါးတိုး
- မြစ်ရေကြီးမှုကြောင့် နယ်စပ်ဂိတ်များတွင် ကုန်ပစ္စည်းတန်ဖိုး ဘတ်သန်းချီဆုံးရှုံး
- ပဲခူးမြို့ ဥဿာမြို့သစ်ရှိ ဘုန်းကြီးကျောင်းများကို အတင်းပြောင်းရွှေ့ခိုင်း
- တက္ကသိုလ်ဆရာဆရာမများအသင်းများကိ
ုဖွဲ့စည်းခြင်း - မီဒီယာအားကိုး အဆိုးမြင် ၀ါဒီဟု ခြေမှုန်းလျှင်လည်း အသက်သေဆုံးခံမည်
- နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်သော ဘဏ်စနစ်များ တိုးချဲ့မည်
- လက်ဝှေ့အထူးစိန်ခေါ်ပွဲတွင် ပူးတွဲ သရေများ သော်လည်း ပရိသတ်များ စိတ်ကျေနပ်ခဲ့ကြ
- ဝေဟင်ထက်က ကရုဏာရှင် လေယာဉ်မှူး
- ဒဂုံအရှေ့မြို့နယ်တွင် လယ်ဧက ထောင်ချီ ရေမြုပ်
- ၂ဝ၁၃ အမှီ ၅ဝဝဝတန်ဖုန်းထွက်ရှိရေး ရွှေပြည်တံခွန်က တင်ဒါဝင်ပြိုင်မည်
- တူရကီနိုင်ငံခြားရေး ၀န်ကြီး OIC ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ နေပြည်တော်သို့ လာရောက်
- အကြမ်းဖက်မှုတွေနဲ့ ပတ်သက်သူ လိုက်လံဖမ်းဆီး
- လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက် မဟုတ်မမှန်ကြောင်း အမေရိကန်ပြည်ထောင်စု ပြောကြား
- ရခိုင် အရေးပေါ်ရံပုံငွေ ထည့်ဝင်ကြဖို့ ကုလပန်ကြား
- ရန်ကုန်တိုင်းဒေသကြီး အတွင်း အကြမ်းဖက် လုယက်နေသည့် ဂိုဏ်းမိပြီ
- သြဂုတ်လ (၉) ရက်နေ့ ထုတ် Hot News Weekly ဂျာနယ်
Posted: 10 Aug 2012 07:10 AM PDT
တနသာင်္ရီတိုင်း ဒေသကြီး ၊မြိတ်ခရိုင်၊မြိတ်မြို့နယ်တွင် တနသာင်္ရီတိုင်း အမျိုးသားဒီမို
ကရေစီအဖွဲ့ ချုပ် ညီလာခံကျင်းပရေး ကော်မရှင်၏ စီမံချက်ဖြင့်ခရိုင်ကော်မရှင် ၊မြို့နယ်ကော်မရှင်များ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း အခမ်းအနားကို (5.8.2012) ရက်နေ့၊ နေ့လည်၁နာရီတွင်မြိတ်မြို့၊ကန် တွင်ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းညီလာခံ ကျင်းပရေးကော်မရှင် အဖွဲ့ဝင်ဦးသန်းထွန်းမှ သဘာပတိအဖြစ်ဆောင်ရွက်ပြီးတိုင်း ၄င်းအခမ်းအနားသို့မြိတ်ခရိုင်ညီ ၊မြိတ်မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်မအဖွဲ့ အခမ်းအနားတွင်သဘာပတိဦးသန်းထွန်း ပြီးနောက်မြိတ်ခရိုင်ညီလာခံကျင် မည်ကိုရှင်းလင်းပြောကြားခဲ့ပါ ထို့နောက်သဘာပတိမှနိဂုံးချုပ်ေ Myanmar News Now | ||
Posted: 10 Aug 2012 06:45 AM PDT
၁။ စာနယ်ဇင်းအမြုတေကောင်စီတွင် ပါဝင်သောသူများနှင့် ပတ်သက်ပြီး အောက်ပါအချက်များကို သဘောမတူပါ။
(က) ဦးဆောင်မည့် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့သည် စာနယ်ဇင်းလုပ်ငန်းများနှင့် ဂျာနယ်လစ်များ၏ အရေးအရာ ကိစ္စများကို နားလည်ကျွမ်းကျင်သူများ မဟုတ်ပါ။ မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်သည် လည်းကောင်း၊ တရားသူကြီးများ၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာပိုင်းသည် လည်းကောင်း၊ ယုံကြည်လက်ခံနိုင်မှုနှင့် ပတ်သက်၍ အများပြည်သူကြား မေးခွန်းထုတ်စရာများ ရှိနေသည်မှာ အထင်အရှားဖြစ်ပါသည်။ ၎င်းအခြေအနေမျိုးတွင် အငြိမ်းစားတရားသူကြီး တစ်ဦးအား စတုတ္ထမဏ္ဍိုင်အား ထိန်းကွပ်ပေးမည့် နေရာတွင် ထားခြင်းမှာ လုံးဝမလုပ်ဆောင်သင့်သော --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 10 Aug 2012 05:45 AM PDT
၈-၈-၂၀၁၂ နေ့ လည် ၂ နာရီ အချိန်ခန့် တွင် မြန်မာနိုင်ငံ
ရေကြောင်းပညာ တက္ကသိုလ် ကျောင်းရှိ ကျောင်းရေကူး ကန်အတွင်း ရေနစ် ၍ ကွယ်လွန်သွားသော သုံးခွမြို့ မှ ရေကြောင်းပညာ တက္ကသိုလ် ပထမနှစ်ကျောင်းသား မောင်ကောင်းမွန် အသက် ၁၇ နှစ် ၏ ဈာပန အား ယနေ့  ၁၀-၈-၂၀၁၂ နေ့  လည် ၁၂နာရီ အချိန်တွင် သုံးခွမြို့ နေ ပြည်သူများနှင့် ရေကြောင်းပညာ တက္က သိုလ် ဆရာ၊ ဆရာမ များ ၊ ကျောင်းသား ကျောင်းသူ များ ၀မ်းနည်းကြေကွဲ စွာဖြင့် မိုးထဲ ရေထဲ တွင်လိုက်ပါပို့ ဆောင် ခဲ့ ကြသည်။ သုံးခွမြို့ ပြည်သူများမှ မောင်ကောင်းမွန်၏ ၀မ်းနည်းဖွယ် အဖြစ်ဆိုးမျိုး နောက်ထပ် ဖြစ်မလာစေရန် အတွက် ရေကြောင်းပညာတက္ကသိုလ်ကျောင်းသား ၊ကျောင်းသူများ ၏ လုံခြုံရေးကို တာဝန် ရှိသူများ မှ အထူး ဂရုတစိုက်ဆောင်ရွက် ပေး သင့်ကြောင်း တင်ပြအပ်ပါသည်။
| ||
Posted: 10 Aug 2012 05:20 AM PDT
မုံရွာ သြဂုတ် ၁၀ ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရန် ၈၈ မျိုးဆက် ကျောင်းသားများသည် သြဂုတ်လ ၉ ရက်နေ့ ည ၁၁ နာရီခန့်တွင် မုံရွာ မြို့သို့ ရောက်ရှိလာခဲ့ပြီး ဗိုလ်ချုပ် လမ်းမကြီးပေါ် ရှိ ရာပြည့်ခန်းမ၌ မြို့ခံများနှင့် တွေ့ဆုံခဲ့ကြောင်း မုံရွာ မြို့ခံ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ ၈၈ကျောင်းသားများ အဖွဲ့သည် ယင်းနေ့ညကမြို့ခံများဖြင့် တွေ့ဆုံရန် အစီအစဉ် မရှိဘဲ ခန်းမ သွားကြည့်ရာမှ မင်းကိုနိုင်မှ မြို့ခံများနှင့် ၁၅မိနစ်ခန့် စကား ပြောကြားခဲ့ပြီး တည်းခိုမည့် အိမ်သို့ပြန်လည် ထွက်ခွာသွားကြောင်း ယင်းအဖွဲ့များအား အကူအညီ ပေးနေသည့် မုံရွာမြို့ခံများက ပြောကြားသည်။ ယနေ့နံနက်ပိုင်း ၇ နာရီတွင်အလုံတပ်မြို့ရှိ အောင်ချမ်းသာ ကျောင်းတိုက်တွင် ၀ါဆိုသင်္ကန်း ဆပ်ကပ်ခြင်း ၉နာရီတွင် မြို့ခံလူထုနှင့်တွေ့ဆုံခြင်းမျ The Voice Weekly | ||
Posted: 10 Aug 2012 05:18 AM PDT
ရန်ကုန် ဩဂုတ် ၁၀ ရန်ကုန် အိမ်ခြံမြေအခွန် ကောက်ခံမှူ နှုန်းကို ယခင် ဝယ်သူ မှ ၁၅ ရာခိုင်နှုန်း ပေးဆောင်ရသည် စနစ်မှ ၃၇ ရာခိုင်နှုန်း သို့ တိုးမြှင့် ပြောင်းလဲ လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာန မှတာဝန်ရှိသူ တစ်ဦးကပြောသည်။ ပြောင်းလဲ ပေးဆောင် ရမည့် နှုန်းထား သစ်သည် ၀ယ်ယူသည့် ငွေအပေါ် ၀င်ငွေရ လမ်းမတင် ပြနိုင်ပါက ၃၀ ရာခိုင်နှုန်း ပေးဆောင် ရမည် ဖြစ်ပြီး တံဆိပ်ခေါင်း ခွန်အဖြစ် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် ဖြစ်ပါက ၇ ရာခိုင်နှုန်း စုစုပေါင်း ၃၇ ရာခိုင်နှုန်း ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖြစ်ပါက ၅ ရာခိုင်နှုန်းစုစုပေါင်း၃၅ ရာခိုင်နှုန်း ပေးဆောင် ရမည် ဖြစ်ကြောင်း၊ အဆိုပါ အခွန်နှုန်းထားသစ်သည် ယခု ဘဏ္ဍာနှစ် မှစတင်တဲ့ ၀င်ငွေခွန် စနစ်သစ် အရ စည်းကြပ် ကောက်ခံတဲ့ နှုန်းထား ဖြစ်ကြောင်းနေပြည်တော်အခွန်ဦးစီ ယင်းသို့ ပြောင်းလဲလိုက်ခြင်းသည် ၄ နှစ်ခန့်အထိ သက်တမ်းတိုး လာခဲ့သော အိမ်ဝယ်သူများ ကို အခွန်လျှော့ပေါ့သက်သာခွင့်ကို ရပ်ဆိုင်းလိုက် ခြင်းဖြစ်ပြီး ဘန်ကောက်ထက်၂ ဆဖြစ်နေသော ရန်ကုန်ဧည့်အိမ်ခြံမြေ ပူပေါင်း၏ နိဂုံးဟု လည်း ဈေးကွက် လေ့လာသူ များကပြောဆိုကြသည်။ ၂ဝဝ၇ ခုနှစ် မတိုင်ခင်က အိမ်ခြံမြေ ရောင်းဝယ်ရာတွင် အမြတ်ခွန်အဖြစ် အိမ်ခြံမြေ တန်ဖိုး၏ ၅ဝ ရာခိုင်နှုန်းကို ပေးဆောင်ခဲ့ရာမှ ၂ဝဝ၇ သြဂုတ်မှ စ၍ ကျပ်သန်း ၅၀၀၀ အထက်ဆိုပါက ၁၂ ရာခိုင်နှုန်းနှင့် သန်း ၅ဝဝဝ အောက်ဆိုပါက ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနက ကြေညာခဲ့သည်။ အဆိုပါ ဥပဒေကြောင့် တရားမဝင် ငွေမည်းမှ တရားဝင် ငွေဖြူအဖြစ် ပြောင်းလဲ လိုသူများ အိမ်ခြံမြေလောကအတွင်း ဝင်ရောက်လာခဲ့ရာ ဤလောကအတွင်း တန်ဖိုးကြီး အိမ်ခြံမြေများ အမြောက်အမြား ဖြစ်ပေါ်လာခဲ့သည်။ ရန်ကုန်၏ မြို့တွင်း ၆ မြို့နယ် တွင် ကျောက်တံတားနှင့် ပန်းဘဲတန်း မြို့နယ်များသည် ဝယ်လိုအား ကောင်းသကဲ့သို့၊ ဈေးနှုန်းများ မြင့်တက်မှု စံချိန်တင်နေသည့်မြို့နယ်မျာြး ယင်းကဲ့သို့ အိမ်ခြံမြေ အခွန် ကောက်ခံမှုနှုန်းကို ပြင်ဆင်လိုက်ခြင်းကြောင့် ယခု ရက်ပိုင်း အိမ်ဝယ်ယူထား သူအချို့သည် စာချုပ်များ ကို တန်ဖိုးလျှော့ချ ကာ ပြန်လည်ပြင်ဆင် ချုပ်ဆိုလျက်ရှိသည်။ The Voice Weekly | ||
Posted: 10 Aug 2012 05:14 AM PDT
ထိုင်းနိုင်ငံအတွင်းမှာ အခုရက်ပိုင်း မိုးများပြီး သောင်ရင်းမြစ်ရေကြီးလာတာကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်က မြန်မာဘက်ပို့မယ့် ကုန်ပစ္စည်းတွေ ရေစိုပျက်စီးပြီး ဘတ်သန်းချီ ဆုံးရှုံးတဲ့အတွက် ကုန်သည်တွေ အခက်တွေ့နေကြရပါတယ်။ သောင်ရင်းမြစ်ရေဟာ ဒီမနက် ၄ နာရီလောက်ကစပြီး မြင့်တက်ရာကနေ မနက် ၆ နာရီ လောက်မှာတော့ ကမ်းနားတွေကို ရေလွှမ်းသွားတဲ့အတွက် ပစ္စည်းတွေ ရေစိုပျက်စီးပြီး အခုလို ထိုင်းဘတ်ငွေ သန်းချီဆုံးရှုံးသွားတာလို့ ကိုယ်တိုင် သတင်းသွားယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုဖိုးစီက ပြောပါတယ်။ “နယ်စပ်မှာရှိတဲ့ စီးပွားရေးသမားတွေရော၊ ချောင်းနံဘေးက မဲဆောက်မှာ လာလည်တဲ့ ဧည့်သည်တွေအပြန်ဈေးဆိုပြီး ဖွင့်ထားတဲ့ဆိုင်ငယ်လေးတွေရှိ မဲဆောက်-မြ၀တီနယ်စပ်မှာရှိတဲ့ ဂိတ်ပေါင်း ၁၇ ခုလောက်ဟာလည်း တောင်ကျရေကြောင့် ရေတက်မှုမြန်တဲ့အတွက် ဂိတ်တိုင်းလိုလိုမှာ ပစ္စည်းမျောပါ ဆုံးရှုံးတာတွေရှိသလို မြန်မာဘက်သယ်မယ့် ကားတွေလည်း ရေနစ်မြုပ်ကုန်တယ်လို့ ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ် ရေလယ်ကျွန်းကအိမ်တွေလည်း အကုန်နစ်မြုပ်ကုန်တဲ့အတွက် အဲဒီမှာနေတဲ့သူတွေက မြ၀တီ သို့မဟုတ် မဲဆောက်ဘက်မှာရှိတဲ့ သူတို့ရဲ့ဆွေမျိုးအိမ်တွေမှာ သွားရောက် ခိုလှုံနေကြရပါတယ်။ မြ၀တီမြို့ဘက်မှာလည်း အမှတ် ၂ ရပ်ကွက်က နေအိမ် တချို့လည်း ရေနစ်မြုပ်ကုန်တယ်လို့ ဆိုပါတယ်။ မြစ်ရေဟာ တောင်ကျရေကြောင့် ရုတ်တရက်ကြီးလာတာဖြစ်ပြီး မကြာခင်မှာ ပြန်လျော့သွားနိုင်တယ်လို့ နယ်စပ်မှာနေထိုင်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြန်မာပြည်ကိုပို့ဖို့ ရပ်ထားတဲ့ ကားအစီးရေ ထောင်နဲ့ချီ ရေနစ်မြုပ်ပျက်စီးခဲ့ပါတယ်။ by နော်နိုရင်း - ဒီဗွီဘီ | ||
Posted: 10 Aug 2012 05:10 AM PDT
ပဲခူးမြို့ ဥဿာမြို့သစ် အကွက်ကြီး ၈/၉ မှာရှိတဲ့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း ၂၅ ကျောင်းကို ဒီလ ၁၂ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းတယ်လို့ ဘုန်းတော်ကြီးတပါးက မိန့်ပါတယ်။ “နေရာပေးဖို့စကား ပြောမသွားဘူး။ ၇ ရက်ပြည့်ရင် ဒီမှာ မနေပါနဲ့လို့ ပြောသွားတယ်။ နေထိုင်ဖို့ စီစဉ်ထားတာက သူတို့ အကွက်ပေးချင်ပေး မပေးရင် ဒီကကျောင်းတော်ကြီး တကျောင်းကျောင်းကနေ နေပိုင်ခွင့်ပေးဖို့တော့ ကောင်းပါတယ်။” ဘုန်းတော်ကြီးကျောင်းတွေဟာ ကျူးကျော်မြေထဲမှာ တည်ဆောက်ထားတဲ့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဩဂုတ်လ ၅ ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူး အပါအ၀င် ရဲလုပ်သားတွေနဲ့ ဒီလ ၁၂ ရက်နေ့မှာ အပြီးဖျက်ပေးဖို့ လာရောက် ပြောကြားခဲ့တယ်လို့ ပြောင်းရွှေ့ခံရတဲ့အထဲမှာ ပါဝင်တဲ့ ဆရာလေး ဒေါ်ယုဝတီက ပြောပါတယ်။ “ဆရာလေးတို့ မျက်မြင်ကတော့ လူ ၂၅ ယောက်လောက်ပါလာတယ်။ ရဲကားလည်း ရပ်ထားတယ်၊ ရဲမှူးလည်း ပါလာတယ်။ ခရိုင်မှူးပါလာတယ်။ သူတို့ပြောတာက တပည့်တော်တို့လည်း ဗုဒ္ဓဘာသာပါပဲ။ တပတ်အတွင်း ဖျက်သိမ်းပေးပါလို့ ပြောပြီး ဆရာလေးတို့ရဲ့ ကိုယ်ရေးရာဇ၀င်တွေ၊ မှတ်တမ်းတွေ ယူသွားပါတယ်။ နောက်ပိတ်ဆုံးက လက်မှတ်ထိုးပါလို့ ဆရာလေးတို့ကို ခိုင်းပါတယ်။ ဆရာလေးတို့က ထိုးမပေးနိုင်ပါဘူး။ ဆရာလေးတို့ရဲ့ သံဃာဆရာတော်တွေကို လျှောက်ပေးပါ့မယ်လို့ ပြောလိုက်ပါတယ်။” ဒီလ ၁၂ ရက်နေ့မှာ မဖယ်ပေးရင် ထောင် ၁ လချမယ်လို့လည်း အာဏာပိုင်တွေက ပြောဆိုခဲ့တယ်လို့ ဆရာလေး သုဓမ္မစာရီက မိန့်ပါတယ်။ ဆရာလေး သုဓမ္မစာရီ “ဒီလ ၁၂ ရက်နေ့ မဖယ်ပေးရင် ထောင် ၁ လချမယ်လို့ ပြောပါတယ်။ သူတို့ပြောတဲ့အချိန်မှာပဲ ဖျက်ချင်ဖျက် မဖျက်ရင် အချုပ်ကားတွေကလည်း လမ်းထိပ်မှာအဆင့်သင့်၊ တချို့သံဃာတွေဆို ထွက်ပြေးပုန်းရှောင်နေကြရတယ်။ ပြောရရင် ၀ါတွင်းမှာ အရမ်းအခက်အခဲဖြစ်နေတဲ့အတွက် ဆရာလေးတို့ကတော့ အနူးအညွတ် တောင်းပန်ချင်တယ်။ ဒါပေမယ့် မတရားမှုတွေ အရမ်းများလွန်းအားကြီးတော့ ဆရာလေးတို့ သည်းမခံနိုင်ပါဘူး။ ဒါကြောင့် ကျောင်းပိုင်မြေရော၊ ၀ါတွင်းမှာ သီတင်းသုံးဖို့ အဆင်ပြေမှသာ ဆရာလေးတို့ လက်ခံနိုင်မယ်ဆိုတဲ့ အကြောင်းပေါ့နော်။” သံဃာတော်တွေအနေနဲ့ ၀ါတွင်းကာလအတွင်း ခရီးသွားလာခွင့် မရှိသလို တခြားကျောင်းတွေကလည်း လက်မခံကြောင်း၊ ၀ါဆိုထားတဲ့ကျောင်းတွေမှာသာ နေထိုင်ရတဲ့ အခုလို ဖယ်ရှားခိုင်းတာဟာ အရမ်းအခက်အခဲဖြစ်ကြောင်း ပြောင်းရွှေ့ပေးရမယ့် ကျောင်းထိုင်ဆရာတော် ဦးသုမနက ပြောပါတယ်။ ဘုန်းကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေကို အာဏာပိုင်တွေက ပြောင်းရွှေ့ခိုင်းတာနဲ့ပတ်သက် “ရဟန်းတွေကို အခုလို ဖယ်ရှားခိုင်းတာ ကျနော်တို့က လုံးဝ မနှစ်သက်ပါဘူး။ စိတ်လည်းမချမ်းသာဘူး။ သက်ကြီးရဟန်းတွေ အများကြီးရှိတယ်။ ၀ိပဿာနာအားထုတ်နေတဲ့ တောရဆောက်တည်နေတဲ့ ရဟန်းတွေလည်း အများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်နေပြီးတော့ အာဏာပိုင်တွေကလည်း ဗုဒ္ဓဘာသာဝင်ဖြစ်နေပြီး ရဟန်းတွေကို ၀ါတွင်းကာလမှာ ဖယ်ရှားခိုင်းတာကို လုံးဝကို စိတ်ထဲမကောင်းစွာနဲ့ လက်ပိုက်ကြည့်နေရတယ်။ ဘယ်လိုမှ မနှစ်မြို့ပါဘူး။” by ဒီဗွီဘီ | ||
Posted: 10 Aug 2012 04:53 AM PDT
| ||
Posted: 10 Aug 2012 06:16 AM PDT
ဧရာဝတီတိုင်း ဒေသကြီး၊ အိမ်မဲမြို့နယ်တွင် ကျန်းမာရေး ဦးစီးဌာန
မှမြို့နယ် ဆရာဝန်မကြီးနှင့် လယ်ယာ လုပ်ငန်းခွင်တွင် စက်တုံးထိသွေး ထွက်ဒဏ်ရာရ လူနာအားဆေးရုံလာပို့သော လူနာရှင်တို့ တစ်ဦးနှင့် တစ်ဦး စကားများကြရာ မြို့နယ်ဆရာဝန်မကြီးမှ လူနာရှင်အား တ ရားစွဲဆိုခြင်း ဖြစ်ပေါ်သည် ---- ပေးစာအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 09 Aug 2012 09:03 PM PDT
ရန်ကုန်မြို့ သမ၀ါယမဘဏ်ရုံးချုပ်ရှိ အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်း ၀န်ဆောင်မှုဌာနကို တွေ့ရစဉ်။ ဓာတ်ပုံ - ကိုတိတ် "ဘဏ်စနစ်က သိပ်အများကြီးမရှိပါ ဘူး။ ဒါပေမယ့် အဆင့်ဆင့် ပြုလုပ် သွားဖို့ပဲ လိုတယ်။ ကနဦးအနေနဲ့ နိုင်ငံခြားက အလုပ်သမားတွေ ပြည်တွင်းကို ငွေလွှဲနိုင်အောင် စီစဉ်တယ်။ ပြည်တွင်းမှာလည်း နိုင်ငံခြားငွေစာရင်းတွေဖွင့်ေ အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ ဗီဇာကတ်နဲ့ မာစတာကတ်၊ China Union Pay (CUP)နဲ့ Japan Credit Bureau (JCB) ကတ်တွေကို သုံးနိုင်အောင် လုပ်ပေးပြီးရင် ဘဏ်လုပ်ငန်းရဲ့ တစ်ဝက်ကျော် လောက် အောင်မြင်ပြီ လို့ ပြောလို့ရတယ်" ဟု သမ၀ါယမဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့် က ဩဂုတ်လ ၆ ရက်နေ့တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ ပြောသည်။ ပြည်တွင်းဘဏ်လုပ်ငန်း ငါးခုဖြစ် သော အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမ၀ါယမဘဏ်၊ ကမ္ဘောဇဘဏ်နှင့် မြန်မာ့ရှေ့ဆောင် ဘဏ်များသည် ဩဂုတ်လဒုတိယပတ်မှ စတင်ခါ Giro Billing payment System(GBPS) နှင့် Point of sale (debit) စနစ်တို့ကို စတင်ဆောင်ရွက် သွားမည်ဟု အဆိုပါသတင်းစာရှင်းလင်း ပွဲတွင် ဦးဖေမြင့် က ပြောသည်။ " GBPS စနစ်က Online ကနေ ဖုန်း အသုံးပြုခငွေပေးချေတာကို ၀န်ဆောင် မှု ပေးတဲ့စနစ်ပါ။ GBPS အကောင့် တစ်ခုကနေ ဖုန်းလိုင်း ၁၀ လိုင်းအတွက် ငွေပေးသွင်းနိုင်ပါတယ်။ ဖုန်းရုံးမှာ သွားတန်းစီဖို့ မလိုပါဘူး။ ဒီအတွက် ၀န်ဆောင်ခ အနေနဲ့ ဖုန်းတစ်လုံး ကို ကျပ် ၅၀၀ ဘဏ် ကိုပေးသွင်းရပါမယ်။ ဩဂုတ်လ ဒုတိယ ပတ်လောက်မှာ ဖုန်းလိုင်းငွေပေးချေတဲ့စနစ် စတင်ပါမယ်။ ဒီ GBPS ကတ်နဲ့ပဲ နောက်ပိုင်းမှာ မီတာခပေးဆောင်တဲ့ ၀န်ဆောင်မှုတွေကိုပါ တိုးချဲ့ပြီး လုပ်ကိုင်သွားမှာပါ" ဟု သမ၀ါယမဘဏ် လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းမြင့်က ပြောသည်။ Point of sale (debit) ကတ်စနစ် သည် ဘဏ်တွင် ငွေစာရင်းဖွင့်ကာ ကြိုတင်ငွေဖြည့်ရသောစနစ်ဖြစ်ပြီ "Point of sale (debit)ကတ် စနစ်ကို အရင်စတင်ဆောင်ရွက်မှာပါ။ ကိုယ့်ငွေစာရင်းထဲက ရှိသလောက် ငွေပမာဏအတိုင်း သုံးခွင့် ရှိမယ်။ အကြွေးဝယ်တဲ့ ကတ် Credit) ကတ်ကိုတော့ ဗဟိုဘဏ် က ခွင့်မပြုသေးဘူး။ ခွင့်ပြုတာနဲ့ စမှာပါ။ အကြွေးဝယ်ကတ်ကျတော့ စာရင်းထဲမှာ ရှိတဲ့ငွေထက် ပိုသုံးနိုင်တယ်။ လစဉ် ၂၁ ရက်နေ့အထိ အကြွေးဝယ်ကတ်နဲ့ သုံးထားပြီး ၂၁ ရက် နေ့ နောက်ဆုံးထားငွေ ဖြည့်ပေးရင် အတိုးတစ်ပြားမှ ဘဏ်ကို ပေးစရာမလိုဘဲနဲ့ သုံးလို့ရတယ်။ ၂၁ ရက် နေ့မှာ ကိုယ်ပိုသုံးလိုက်တဲ့ငွေကို မဖြည့် ပေးနိုင်ရင် တော့ အတိုးပေးရမယ်" ဟု ဦးဖေမြင့်က ပြောသည်။ အဆိုပါ Point of sale (debit) ကတ် စနစ်သည် Myanmar Payment Union (MPU)နှင့် အတူတကွပူးပေါင်း ဆောင်ရွက်ကာ သုံးစွဲရ မည့်စနစ်ဖြစ်ပြီး ငွေစာရင်းတစ်ခုမှ ဘဏ်အားလုံးနှင့် ချိတ်ဆက်အသုံးပြုနိုင်သည့် စနစ်လည်း ဖြစ်သည်ဟု သမ၀ါယမဘဏ်အဖွဲ့မှ ပြောသည်။ နိုင်ငံခြားမှ လာရောက်ကြသူများ အနေဖြင့် ပိုက်ဆံများထည့်လာစရာမလို ဘဲ ဗီဇာကတ်တစ်ခုတည်းကို ယူဆောင်လာပြီး ပြည်တွင်း အေတီအမ်စက်မှ မြန်မာငွေကိုထုတ်ယူနိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းအားပြီး မြောက်အောင် လုပ်ဆောင်နိုင်ရန် အနည်းဆုံး အချိန်ကိုးလကြာမြင့်မည် ဖြစ်သည်ဟု ဦးဖေမြင့်က ပြောသည်။ "ဂျပန်ကတ်(JCB) နဲ့ တရုတ်ကတ် CUP ကို အရင်သုံးနိုင်အောင်လုပ်မယ်။ဗီဇာ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ် သမားများငွေလွှဲရာတွင် လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်ရန်အတွက် ပြည်တွင်းပုဂ္ဂလိက ဘဏ်များဖြစ်သည့် ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်နှင့် သမ၀ါယမဘဏ် များမှ နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက် ပြီးငွေလွှဲများကိုစတင်ကာ လုပ်ကိုင်နေ ပြီဖြစ်သော်လည်း ပြည်တွင်းမှ နိုင်ငံခြား သို့ ငွေလွှဲပြောင်းရာတွင် ကန့်သတ်ချက် များရှိနေသည်ဟု သမ၀ါယမဘဏ် အုပ်စုမှ ရှင်းလင်း ပြောကြားခဲ့သည်။ "သွင်းတာတော့ ဘယ်လောက်သွင်း သွင်းရတယ်။ ပို့မယ်ဆိုရင်သာ ကန့်သတ်ချက်ရှိတယ်။ အခုထိတော့ပို့တာ မရှိသေးဘူး။ သွင်းတာ တွေပဲ ရှိသေးတယ်" ဟု သမ၀ါယမဘဏ် နိုင်ငံတကာဘဏ် လုပ်ငန်းဝန်ဆောင်မှုဌာနမှ အထွေထွေ အုပ်ချုပ်ရေးမှူး ဒေါ်သိင်္ဂီနွယ်က မြန်မာတိုင်း(မ်) ကိုပြောသည်။ မြန်မာနိုင်ငံဘဏ်လုပ်ငန်းတွင် အစိုးရဘဏ်သုံးခုနှင့် ပုဂ္ဂလိကဘဏ် ၁၉ ခု လုပ်ကိုင် လျက်ရှိပြီး ပုဂ္ဂလိကဘဏ် ၁၁ ခု မှာ နိုင်ငံတကာ ဘဏ်လုပ်ငန်းများသို့ တိုးမြှင့်ကာ အဆင့်ဆင့်ပြောင်းလဲလုပ် ဆောင်နေပြီဖြစ်သည်။ မြတ်မေဇင် မြန်မာတိုင်းမ် အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂) | ||
Posted: 09 Aug 2012 09:01 PM PDT
စောရန်ပိုင်နှင့် ၀င်းထွန်း(နီ)တို့ ထိုးသတ်နေသည်ကို ဩဂုတ်လ ၅ ရက်နေ့ညက တွေ့ရစဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော် ယခုလ ၅ ရက်နေ့ညက အောင်မြေ မန္တလာ အားကစားကွင်း၌ ကျင်းပ ခဲ့သော အဆိုပါပွဲစဉ်များတွင် နောက်ဆုံးပွဲစဉ် နှစ်ပွဲအဖြစ် ၀င်းထွန်းနှင့် စောရန်ပိုင်၊ သားသားနှင့် သပြေညိုတို့မှာ အထူး ငါးချီပွဲအဖြစ် မညှာ တမ်း ထိုးသတ်ခဲ့ကြသော် လည်း အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေ ဖြင့် ကျေနပ်ခဲ့ကြရသည်။ "ဒီနေ့ အထူးပွဲတွေကတော့ တကယ့်ကို မလျှော့တမ်းထိုးကြလို့ ပိုက်ဆံ ပေး ကြည့်ရကျိုးနပ်ပါတယ်။ မန္တလေးမှာ ဒီလိုလက်ဝှေ့ပွဲကောင်းကောင်း မကြည့်ရတာကြာပြီ။ ၀င်းထွန်းနဲ့ စောရန်ပိုင် ပွဲက လည်း ကောင်းတယ်။ သားသားနဲ့ သပြေညိုကလည်း သူသေကိုယ်သေ ထိုးကြ တာ ကြောက်ခမန်းလိလိပါပဲ"ဟု မြို့ခံ လက်ဝှေ့ဝါသနာရှင်တစ်ဦးက ပြော သည်။ ၎င်းပွဲစဉ် နှစ်ပွဲစလုံးတွင် လက်ဝှေ့ သမားများမှာ မရှောင်စတမ်း၊ ပြိုင်ထိုး ဆိုင်ထိုးကြရာ ပွဲချီငါးချီပြည့် စိတ်လှုပ်ရှား စရာဖြစ်ခဲ့ပြီး ပရိ သတ်အားပေးသံများ သောသောညံခဲ့ရသည်။ နှစ်ပွဲစလုံးတွင် အလဲအကွဲ သွေးသံရဲရဲဖြင့် အရှုံးအနိုင် မပေါ်ခဲ့သော်လည်း ပရိသတ် များ စိတ်ကျေနပ်မှု ရခဲ့သည်။ "၀င်းထွန်းတို့ပွဲကတော့ အခုမှ သူတို့ နှစ်ယောက် စတွေ့ကြတာပေါ့။ ၀င်းထွန်းက အသက်ပိုကြီးပြီး သမ္ဘာပိုရင့်ပါတယ်။ သူတို့ပွဲလည်း ကောင်းတယ်။ သားသား နဲ့ သပြေညိုတို့ကလည်း မြန်မာ့လက်ဝှေ့ ပွဲဆိုတာ ဘယ်လိုဆိုတာကို ပြသွားသူတွေပါ။ ဒီလိုလူငယ်တွေ များများပေါ် ထွက်လာစေချင်တယ်။ သူတို့နှစ် ယောက် တွေ့တာ ဒီတစ်ကြိမ်နဲ့ဆို ငါးခါ ရှိပြီ။ သားသားက တစ်ပွဲ ရှုံးဖူးတယ်"ဟု ကြိုးဝိုင်းဒိုင်လူကြီးအဖြစ် ဆောင်ရွက် ခဲ့သူ ဦးချစ်ကိုကိုက ပြောသည်။ အထူးလေးချီစိန်ခေါ်ပွဲ သုံးပွဲနှင့် ငါး ချီပွဲ ခုနစ်ပွဲပါဝင်ခဲ့ပြီး ရုံဝင်ကြေးကျပ် ၅,၀၀၀၊ ကျပ် ၁၀,၀၀၀ သတ်မှတ်ရောင်း ချခဲ့သည်။ ဖြိုးဝေကျော် မြန်မာတိုင်းမ် အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂) | ||
Posted: 09 Aug 2012 09:07 PM PDT
လေယာဉ်မှူးကြီး ဦးသန်းထွေးကို နေအိမ်တွင်တွေ့ရစဉ်။
ဓာတ်ပုံ-သီဟတိုး ထားဝယ်မြို့တစ်မြို့လုံး အံ့ဩချီးမွမ်း မဆုံးဖြစ်ခဲ့ရတဲ့ အဖြစ် အပျက်လေးတစ်ခု ထားဝယ်လေဆိပ်မှာ ဇူလိုင်လ ၁၀ ရက် နေ့ ညနေ ၃ နာရီ ၄၅မိနစ်ခန့်က ဖြစ်ပွား ခဲ့ပါတယ်။ လူသားအချင်းချင်း စာနာထောက် ထားတတ်တဲ့စိတ်ဓာတ်နဲ့ မြန်မာလူ မျိုး တွေရဲ့ တစ်ဦးကိုတစ်ဦး ကူညီဖေးမတတ်တဲ့ ကရုဏာစိတ်ထားတွေ ကို ထားဝယ် မြို့ခံတွေအားလုံး မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး အံ့ဩ ချီးမွမ်းမဆုံးဖြစ်ခဲ့ရ သူ ကရုဏာရှင် လေယာဉ်မှူးအဖြစ် ဂုဏ်ပြုခံရသူ ကတော့ မြန်မာ့လေကြောင်းက လေယာဉ်မှူးကြီး ဦးသန်းထွေးပဲ ဖြစ်ပါ တယ်။ အဲဒီနေ့က ထားဝယ်လေဆိပ်မှာ မြန်မာ့လေကြောင်းပိုင် လေယာဉ် အမှတ် -XY-AGB, U.B S.P.L လေယာဉ်ဟာ ထားဝယ်မြို့ကနေ ရန်ကုန် မြို့ကို ထွက်ခွာ အံ့ဆဲဆဲအချိန် ညနေ ၃ နာရီ ၄၅ မိနစ် လောက်မှာ လေယာဉ်ကွင်းထဲကို လူသုံးဦးနဲ့အတူ လူတစ်ယောက်က ပိုက်တန်း လန်းနဲ့ အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ပိုက်ပြီး "ကျွန်တော့သားလေးရဲ့ အသက်ကို ကယ်ကြပါ"ဆိုပြီး သားသမီးဇော ကပ်နေတဲ့အသံနဲ့ ငိုယိုအော်ဟစ် အကူအညီ တောင်းပြီး အမောတကော နဲ့ ကမူးရှူးထိုး ပြေးလာတာကို ခေါင်းခန်းမှာ လေယာဉ် စထွက်ဖို့ အသင့် ဖြစ်နေတဲ့ လေယာဉ်မှူးကြီး ဦးသန်းထွေးက လေယာဉ်ဦးခေါင်းပိုင်း ပြ တင်းပေါက်ကနေတစ်ဆင့် မြင် လိုက်ရပါတယ်။ ဒါနဲ့ လေယာဉ်မှူးကြီးက ဘာဖြစ်တာ ပါလဲဆိုပြီး စုံစမ်းမေးမြန်း လိုက်တဲ့အခါ ဆိုင်ကယ်အက်ဆီးဒင့် ဒဏ်ရာများကြောင့် သတိမေ့ မြောနေတဲ့ အရေးပေါ် လူနာတစ်ဦးဖြစ်ပြီး ထားဝယ်-ရန်ကုန် ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်ကို လိုက်ချင်ပေမယ့် အရေးပေါ်ဖြစ်နေ တဲ့ အတွက် လက်မှတ်မ၀ယ်ရသေးလို့ အခက်အခဲဖြစ်နေတဲ့ လူနာရှင်မိသားစု လို့ သိလိုက်ရပါတယ်။ ဂလူးကို့စ်ပိုက် တန်းလန်းသွယ်ထား တဲ့ မေ့မြောနေတဲ့သားငယ်ကို ပိုက်ထား တဲ့ အဖေဖြစ်သူက လေယာဉ်မှူးကြီးကို "ကပ္ပတိန်ကြီး လေယာဉ်နဲ့ လိုက်ချင်လို့ ပါ"ဆိုပြီး ဖခင်တစ်ယောက်ရဲ့ သားသမီး အပေါ် စိုးရိမ်ဝမ်းနည်းမှုငိုသံစွက်ေ စေတနာကရုဏာရှင် ကိုယ်ချင်းစာ စိတ်ပြည့်ဝသူ လေယာဉ်မှူးကြီး ဦးသန်း ထွေးက ရင်ထဲကဖြစ်လာတဲ့ ကူညီချင်စိတ်နဲ့ လူနာကောင် လေးမိသားစုကို မဆိုင်းမတွဘဲ အကူအညီပေးဖို့ စတင် ဆောင်ရွက်ပါတော့တယ်။ လက်မှတ် မ၀ယ်ရသေးလို့ စိတ်ပူပန်နေတဲ့ လူနာရှင်မိဘကိုလည်း လက်မှတ်ကိစ္စ စိတ်မပူပန်ဖို့ ပြောပါတယ်။ ဒီလက်မှတ်ကို ရန်ကုန် ရောက်မှ စီစဉ် နိုင်ကြောင်းပြောပြီး လေယာဉ်မှူး ဦးသန်း ထွေးနဲ့ တွဲဖက်လေယာဉ်မှူး ဦးမင်းလွင် တို့ဟာ သတိမေ့မြောနေတဲ့ ကလေး ရဲ့ အသက်ကို အချိန်မီကယ်နိုင်ဖို့ ထားဝယ် အထွေထွေရောဂါကု ဆေးရုံကြီးကနေ ခွဲစိတ်သမားတော် ဆရာဝန်ကြီးရဲ့ ဆေးထောက် ခံစာနဲ့ လူနာရှင်မိသားစု လေးဦး ရယ်၊ ဆရာမ ဒေါ်စုစုထွေးတို့ရဲ့ နာမည် စာရင်းတို့ကို မှတ်သားစေပြီး လေယာဉ်ပေါ် အမြန်တက်စေ ခဲ့ကာ ထားဝယ်- ရန်ကုန် ခရီးစဉ်ကို အန္တရာယ်ကင်းကင်း မြန်ဆန်စွာ ပျံသန်းမောင်းနှင်ခဲ့ပါ တယ်။ ထားဝယ်မြို့ကနေ ရန်ကုန်ကို တစ်နာရီအတွင်းရောက်ရှိခဲ့ပြီး သတိ မေ့မြောနေတဲ့ လူနာကောင်လေးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို အချိန်မီ ပို့သဆေးကုသနိုင်ခဲ့ပါတယ်။ ထားဝယ် မြို့ လေဆိပ်ဝင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်လေးကို မျက်မြင်ကြုံတွေ့ခဲ့ကြတဲ့ ခရီးသည်တွေနဲ့ ထားဝယ်မြို့ခံတွေ၊ လေယာဉ်ဝန်ထမ်းတွေဟာ လေယာဉ်မှူး ဦးသန်းထွေးရဲ့ လူသားအချင်းချင်း စာနာထောက်ထားစိတ်နဲ့ အကူအညီ ပေးခဲ့တဲ့မြင်ကွင်း ကို အံ့ဩချီးမွမ်းမဆုံး ထားဝယ်မြို့တစ်မြို့လုံး ပြောမဆုံးဖြစ်ခဲ့ ရပါတယ်။ ဒီသတင်းလေးက ထားဝယ်မြို့မှာတင် မဟုတ်ပါဘူး။ ဇူလိုင်လ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာလည်း စာရေးဆရာ ထားဝယ်သွေးရဲ့ "ဘ၀ တစ်ကွေ့ အတွေ့အကြုံ" မှာ 'အံ့ဩ ချီးမွမ်းဖွယ် လေယာဉ်မှူး' အဖြစ်လည်း ဂုဏ်ပြုချီးမွမ်း ရေးသားဖော်ပြခဲ့ တာမို့ မြန်မာပြည်ရဲ့ အနယ်နယ်အရပ်ရပ်က လည်း ဖတ်ခဲ့သိခဲ့ရတယ်လို့ လေယာဉ်မှူး ကြီးက မြန်မာတိုင်း(မ်)ကို ပြောပါ တယ်။ "ပိုက်တန်းလန်းနဲ့ကလေးကို သူ့အဖေ က ပွေ့ပြီး လေယာဉ်ကွင်းထဲကို အူယား ဖားယားနဲ့ ပြေးလာတာကို မြင်လိုက်ရ တဲ့အချိန်မှာ ဦးကဘာများဖြစ်လို့ပါလဲ ဆိုပြီး စုံစမ်းလိုက်တော့ 'ကလေးက ဆိုင်ကယ်အက်ဆီးဒင့်နဲ့ ရောက်လာ တာ၊ အဲဒါ လေယာဉ်လက်မှတ် တော့ မ၀ယ်ရသေးဘူး၊ လေယာဉ်နဲ့လိုက်ချင် လို့ပါ ရမလား' လို့ မေးတော့ ဦးက 'လိုက်လို့ရပါတယ်ပေါ့' အရေးပေါ်ကိစ္စ ဆိုတော့ ဒီလိုပဲ နားလည်ပေးရမှာပဲ လေ၊ လေယာဉ်လက်မှတ်က ဘယ်မှာ ၀ယ်ဝယ်ရတယ်။ "လက်မှတ်ကိစ္စကို နောက်မှပဲစီစဉ် တော့ ကလေးက အချိန်မီရောက်ဖို့ အရေးကြီးတယ်ဆိုပြီး သူတို့ကို လေ ယာဉ်ပေါ်ခေါ်နိုင်အောင် အရင်စီစဉ်ရ တယ်။ Rules & Regulations အရ ဆိုရင်တော့ ဒါခေါ်လို့မရဘူးပေါ့။ ဒါပေ မယ့်လည်း ဒါကအရေးပေါ်လူနာဖြစ်နေ တဲ့အတွက် သူ့အရေးပေါ်အခြေအနေ ကို ဦးကူညီပေးနိုင်လို့ ကူညီပေးခဲ့တာပါ။ ပြီးတော့ ဒီလိုကူညီပေးလိုက်လို့လည်း တခြားခရီး သည်တွေကို စိတ်အနှောင့် အယှက်မဖြစ်စေဘူးဆိုတော့ သူ့အချိန် နဲ့သူ အချိန်မီရောက်သွားတော့ ဦး ကုသိုလ်ရတာပေါ့" လို့ ဦးသန်းထွေးက ဆိုပါတယ်။ "ဦးတို့အလုပ်က ခရီးသည်တွေ လိုရာ အရပ်ကို အန္တရာယ်ကင်းကင်းနဲ့ အချိန်မီ ရောက်စေချင်တဲ့ ရည်ရွယ်ချက်။ ဒါ လေယာဉ်မှူး တိုင်းရဲ့တာဝန်။ အဲတော့ ဒီလူနာကလေးလည်း အချိန်မီရောက် သွားတဲ့အတွက် အသက်အန္တရာယ် မစိုးရိမ်ရလို့ ဦးအနေနဲ့ ၀မ်းသာ မိပါတယ်။ အခုလို ဦးတတ်နိုင်သလောက် ကူညီခဲ့ရ တဲ့အတွက်ကော၊ ပြီးတော့ ဦးကူညီခဲ့တာလေးကို အသိအမှတ်ပြုပေးတဲ့ အတွက် ကော တကယ်ကို ရင်ထဲကနေ လှိုက်လှိုက် လှဲလှဲ ပီတိဖြစ်ရပါတယ်" ဟု ဦးသန်းထွေး က သူ့ခံစားချက်တွေကို ပြန်လည်ပြောပြခဲ့ပါ တယ်။ လေယာဉ်မှူးကြီး ဦးသန်းထွေးရဲ့ ပင်ကိုစိတ်ထားက လူတစ်ဖက်သားကို ကူညီရိုင်းပင်းလိုစိတ်ရှိသူတစ် ဦးသန်းထွေးဟာ မွေးချင်းမောင်နှမ ခုနစ်ယောက်အနက် တတိယမြောက် သားဖြစ်ပြီး မိမိအထက် အစ်ကိုအစ်မ များအပေါ် ရိုသေ လေးစားမှုရှိသကဲ့သို့ မိမိအောက် ညီ၊ ညီမများ အပေါ်လည်း သနားကြင်နာစွာ အလျှော့ပေး ဆက်ဆံ တတ်သူ ဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့် ငါးဆယ် ကျော်ဆိုပေမယ့် အခုချိန်ထိ အလုပ်ကို တက်တက်ကြွကြွနဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်လျက် ရှိပြီး ၁၉၇၉ ခုနှစ်က စပြီး တပ်မတော်လေတပ်မှာ တပ်မတော် လေယာဉ်မောင်းခဲ့သူတစ်ဦး ဖြစ်ပါ တယ်။ တပ်မတော်လေတပ်မှာ ခြောက် နှစ်တာ လေယာဉ်မောင်းခဲ့ပြီး လေယာဉ် နည်းပြဆရာသင်တန်းတက်ခဲ့ကာ လေယာဉ်နည်းပြအဖြစ် လေးနှစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာတော့ မင်္ဂလာဒုံလေတပ် မှာ ဖော်ကာလေယာဉ် မောင်းခဲ့ပါသေး တယ်။ အင်ဂျင်လေးလုံးတည်းနဲ့ မောင်းရ တဲ့ ၀ိုင်အိက်စ်လေယာဉ်မျိုးတွေလည်း မောင်းခဲ့ဖူးသူပါ။ ၁၉၉၈ ခုနှစ်မှာ ဒုဗိုလ်မှူးကြီးအဖြစ် မိတ္ထီလာမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မှူး၊ အုပ်မှူးများအဖြစ်လည်း တာဝန် ယူခဲ့ရတယ်လို့ ဆိုပါ တယ်။ အဲနောက်မှာ လေယာဉ်မှူးသင်တန်း နည်းပြဆရာ အဖြစ်လည်း အက်ဒမင်လုပ်ခဲ့ရပါသေး တယ်။ ၂၀၀၂ ခုနှစ်မှာတော့ မြန်မာ့ လေ ကြောင်း ကိုပြောင်းကာ လေယာဉ်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု လက်ရှိ မြန်မာ့လေကြောင်းမှာ 'မြန်မာ့ လေကြောင်း လေ့ကျင့်ရေးနည်းပြချုပ်' အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါ ကြောင်း သိရပါတယ်။ ရေးသားသူ-သီဟတိုး မြန်မာတိုင်းမ် အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂) | ||
Posted: 09 Aug 2012 08:46 PM PDT
ပင်လယ် ရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှု တို့ကြောင့် စီးပွားရေး မြို့တော်
ရန်ကုန်မြို့၏ ဆင်ခြေဖုံး ဒေသဖြစ်သော ဒဂုံမြို့သစ် (အရှေ့)မြို့နယ် အတွင်းရှိ ကျေးရွာများ လယ်ဧက ထောင်ချီနှစ် မြုပ်ခဲ့ကြောင်း ယင်းမြို့နယ် အတွင်းရှိ တောင်သူ လယ်သမားများထံမှ သိရသည်။ |
0 comments:
Post a Comment