Monday, August 6, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၈)


သစ်ထူးလွင်


်ဆေးခန်း မကြာမီ ကျန်းမာရေး ၀န်ဆောင်မှု ပူးတွဲလုပ်ဆောင်မည်
  • ဒေါ်အောင်ဆန်းစုကြည်၏အထ္တုပတ္တိ

  • အသစ်TheLadyAnd ThePeacockစာအုပ်ထွက်ရှိ
  • လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးတိုးမြှင့်
  • NASA စူးစမ်းရေးယာဉ် အင်္ဂါဂြိုဟ်ပေါ် ဆင်းတော့မည်
  • ဒေါ်စု အမေရိကန်ခရီး ကြိုဆိုဖို့ မြန်မာအသိုင်းအ၀ိုင်း ပြင်ဆင်
  • အမေရိကန် ဆိခ်ဝတ်ပြုကျောင်းမှာ ပစ်ခတ်မှုဖြစ်
  • ကျောက်တော်မြို့နယ်အတွင်း မီးရှို့မှုတွေဖြစ်
  • ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ KNU နဲ့ အကြို ဆွေးနွေး
  • အခန်းခ ဈေးနှုန်းကြီးမြင့် သဖြင့် မြရိပ်ညို ရွှိုင်ရယ် ဟိုတယ်အား ခရီးသွား ကုမ္ပဏီတစ်ခုမှ တိုင်ကြား
  • သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် မန်းသတင်းထောက်များ ဆန္ဒထုတ်ဖော်
  • ရခိုင်ပြည်နယ်ခရီး ၈၈ ကျောင်းသားများ သတင်းစာရှင်းလင်း
  • ရခိုင်ပြည်နယ်ပြဿနာ ဘာသာရေးပဋိပက္ခ မဟုတ်ကြောင်း အင်ဒို သမ္မတ ပြောကြား
  • KIO နယ်မြေရှိ ဒုက္ခသည်စခန်းများတွင် ၀မ်းရောဂါဖြစ်ပွား
  • ရွှေဖြူ နှင့် အခြားသတ္တုတွင်းကြောင့် တာချီလိတ်ကျေးလက်များအခက်တွေ့
  • ဒီလှိုင်း စာစောင် အတွဲ(၁)၊ အမှတ်(၂၈)
  • တနင်္သာရီမြို့နှင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၃၀ ကျော် ရေလွှမ်းမိုး ရေဘေးသင့်သူများ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်
  • နေ
  • အိုလံပစ် ပြိုင်ပွဲဝင် မြန်မာအားကစားသမားများ ရလဒ်များ မကောင်း
  • Posted: 06 Aug 2012 06:40 AM PDT

    သြဂုတ် ၆၊ ၂၀၁၂ (YPI)

    ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်ရှိ ရွာအချို့ကို  အကြမ်းဖက်သူများက ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

    ယမန်နေ့ နေ့လယ် ၁ နာရီခန့်က ကျောက်တော်မြို့နှင့် ငါးမိုင်ခန့် အကွာရှိ ဂုပိတောင်ရွာ စတင်မီးရှို့ခံရကာ အပေါက်ဝရွာနှင့် ရွှေလင်ရွာများရှိ အိမ်ခြေ ၄၅၀ ကျော်လည်း ဆက်တိုက်ပင် မီးရှို့ ခံခဲ့ရသည်။

     “သေတဲ့သူတွေကို ချောင်းထဲ ပစ်ချသွားကြလို့ ဒီနေ့မှ ပြန်ရှာတွေ့တာ…

    သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

    ဇွန်လအတွင်း ဖြစ်ပွါးခဲ့တဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှု မြင်ကွင်းတခု

    thithtoolwin/yIWV


    Posted: 06 Aug 2012 06:15 AM PDT
    ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာရှိ ရွာသား၉ယောက် အသတ်ခံရမှုနှင့် ပက်သက်ပြီး လူမျိုးခြား ၁၇ဝ ခန့်ကိုဖမ်းဆီး စစ်ဆေးနေ ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မှတာဝန် ရှိသူ တစ်ဦး ကပြော သည်။

    ''အကြမ်းဖက်မှုနဲ့ ပက်သက်တဲ့သူ မှန်သမျှကို ရုံးတင် စစ်ဆေးနေတယ်။--

    သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



    thithtoolwin/yIWV


    Posted: 06 Aug 2012 05:52 AM PDT
    ဇူလိုင်လ ၃၁ ရက်နေ့တွင် အပတ်စဉ်ထုတ်ဂျာနယ် ၂ စောင်ကို ထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့ရာမှ  လာမည့် သီတင်းနှစ်ပတ်အတွင်း ပြန်လည်ထုတ်ဝေခွင့်ပြုမည်ဖြစ်ြေ

    ကာင်း စာပေစိစစ်ရေးမှ ဂျာနယ်အယ်ဒီတာများအား ယနေ့ ခေါ်ယူ အသိပေးလိုက်သည်။

    The Voice Weekly မှ သတင်းထောက်တဦးက---

    သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

    မီဒီယာ လွတ်လပ်ခွင့်  အတွက် ဆန္ဒဖော်ထုတ်ခဲ့ကြစဉ်

    thithtoolwin/yIWV


    Posted: 06 Aug 2012 05:25 AM PDT
    စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ကလေးမြို့  ဗိုလ်ချုပ်လမ်းနှင့် အမှတ်(၁၄)
    အလယ်ခွဲ လမ်းထောင့် ဂိတ်တစ်ခုပိုင် အိမ်တစ်မှ ကားကြီးသည် ကုန်တင်
    ကုန်ချပြု လုပ်ရာတွင် လမ်းပိတ်ဆို့ မှုများ မကြာခဏဖြစ် ပေါ်လျှက်ရှိသည်။

    ကျောင်းသား ကျောင်းသူများ ကျောင်းတက် ကျောင်းဆင်းတွင် လမ်းကျဉ်းမှု
    ကြောင့် အသွားအလာ ခက်ခဲသကဲ့သို အန္တရယ်လည်း အလွန်များလှသည်။

    ယာဉ်ထိန်းရဲ များကလည်း သိသော်လည်း ဂိတ်ပိုင်ရှင်ကြောင့်လား၊ငြွေေ

    ကး
    ချမ်းသာမှုကြောင့်လား မည်သို့မျှ အရေးယူမှု မတွေ့ရသေးပေး။
    ကျောင်းသားမိဘများနှင့် သွားလာခက်ခဲသူများ ကမကျေမနပ်
     ဖြစ်နေကြသော်လည်း ဆိုင်ရာမှ ဘာမှလုပ်ဆောင်မှု မရှိသေးသဖြင့်
    အခက်တွေ့နေကြသည်။

    ရပ်ကွက်နေပြည်သူတဦးမှ ပေးစာ
    thithtoolwin/yIWV


    Posted: 06 Aug 2012 04:19 AM PDT
    ဒေါက်တာသန်းဝင်း၏ ယဉ်းကျေးမှု စောင့်ရှောက်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ ယဉ်ကျေးမှုမြှင့်တင်ရေး စီမံချက်ချ ဆောင်ရွက်ရန်နှင့် စပ်လျဉ်းသည့် အဆိုကို ဦးဝင်းထိန် မိတ္ထီလာမဲဆန္ဒနယ်မှ ဆွေးနွေးခြင်း-
    ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျား။ ကျွန်တော်တို့ နိုင်ငံဟာ အားလုံးသိတဲ့အတိုင်းပဲ ပြည်ထောင်စုနိုင်ငံ ဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံ ဖြစ်တဲ့အတိုင်းပဲ ပြည်ထောင်စုသားတွေ နေထိုင်ကြ
    ပီးတော့ ဖွဲ့စည်းထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ အဲတော့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုကို တိုးတက်အောင်၊ မြှင့်တက်အောင် ထိန်းသိမ်းဖို့ဆိုလို့ရှိရင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထိမ်းသိမ်းစောင့်ရှောက်ရေးဆိုတဲ

့ ‌ဝေါဟာရက မပြည်စုံဘူးလို့ ယူဆပါတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဆိုတာမှာ မြန်မာအပြင် ခုနတုန်းက ဒေါက်တာဒေါ်သန်းငွေ တင်ပြသွားသလို တိုင်းရင်းသား မျိုးစုံရဲ့ ယဉ်ကျေးမှုလည်းအကျုံးဝင်ဖို့လိုပါလိမ့်မယ်။ ဒါမှသာလို့ရှိရင် မြန်မာပြည်မှာရှိတဲ့ မြန်မာ လူမျိုးတွေအပြင် တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေပါ ထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့၊ မြှင့်တင်ဖို့ ဖြစ်ရပါမယ်။ ဒီမှာ သတိထားမိတာက နှစ်တိုင်း၊ နှစ်တိုင်းလိုလို မြန်မာနိုင်ငံမှာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေ ပြုလုပ်ခဲ့တာ သတိထားမိပါတယ်။ အဲဒီပြိုင်ပွဲတွေကြောင့်မို့လို့ အများသိတဲ့ အနုပညာ ပညာရှင်လေးတွေ ပေါ်ထွက်လာပါတယ်။ သို့သော်လည်းပဲ တခြားတိုင်းရင်းသားတွေဖြစ်တဲ့ ကရင် ရိုးရာ၊ ရှမ်း၊ မွန်၊ ရခိုင်၊ ကချင်စတဲ့ ဂီတပြိုင်ပွဲတွေ မပါသေးတာလည်း သတိထားမိပါတယ်။ ဒါကြောင့်မို့လို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေး အတွက်က ဗမာလူမျိုးတွေအပြင် တိုင်းရင်းသားတွေ အားလုံးနဲ့လည်း ပတ်သတ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအဆိုကို တင်ပြရမယ်ဆိုလို့ရှိရင်တော့ ဒီအဆိုရဲ့ အဓိပ္ပါယ်ဟာ အကန့်အသတ်ရှိနေပါတယ်။ တကယ်လို့ ဆောင်ရွက်ဖြစ်မယ်ဆိုလို့ရှိရင်လည်း တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ကိစ္စတစ်ခု ဖြစ်သင့်တယ်။ သို့သော် ယဉ်ကျေးမှုဆိုတဲ့ ဥစ္စာက နိုင်ငံမှာရော၊ ကမ္ဘာ့ အရပ်ရပ်မှာပါ နယ်ခြားစည်းထား လို့မရပါဘူး။ စာပေ၊ ဂီတ၊ အနုပညာစသည်ဖြင့် အနုပညာတွေဟာ တစ်နိုင်ငံကနေ တစ်နိုင်ငံ ကူးစက်ပြီးတော့မှ ပြန့်ပွားလာတဲ့ အလေ့အထရှိတဲ့ အတွက်ကြောင့်မို့လို့ ဒီနိုင်ငံတကာကပါလာတဲ့ ရောက်လာတဲ့ ယဉ်ကျေးမှု အလေ့အထတွေကို ကိုယ့်တိုင်းပြည်ရဲ့ယဉ်ကျေးမှု အစဉ်အလာတွေကို ခိုင်မာအောင် လုပ်ပြီးတော့မှ ကိုယ်ခံအားကောင်းအောင်လုပ်ဖို့ အရေးကြီးပါတယ်။ ကိုယ်ခံအားကောင်းအောင် လုပ်ဖို့ဆိုတာတောင်မှ ကော်မရှင်တစ်ရပ်ဖွဲ့စည်းဖို့ သင့်၊ မသင့်ဆိုတာလည်း စဉ်းစားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုလို့ရှိရင် ယဉ်ကျေးမှုတစ်ခုကို အမိန့်ပေးဖို့က အင်မတန်ခက်ပါတယ်။ အရှေ့ အလယ်ပိုင်းဒေသ အင်မတန်တင်းကြပ်တဲ့ နိုင်ငံတွေမှာ တောင်မှ အခုနောက်ဆုံးပေါ်တဲ့ Hip Hop တို့၊ Rappingတို့ လှုပ်ရှားမှုတွေ ဖြစ်လာတဲ့အခါမှာ အာဏာနဲ့ နှိုပ်ကွက်တာတွေ ကြုံတွေ့ရပါတယ်။ သို့သော်လည်းပဲ မအောင်မြင်ပါဘူး။ ဒါကြောင့်မို့လို့ မြန်မာ့နိုင်ငံယဉ်ကျေးမှု၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးကို ကော်မရှင်တစ်ရပ်ဖွဲ့ပြီးတော့ မြှင့်တင်ဖို့ဆိုတဲ့ကိစ္စက နောက်ပိုင်းမှာ အခက်အခဲအများကြီး ဖြစ်နိုင်စရာရှိပါတယ်လို့ ကျွန်တော်တင်ပြရင်းနိဂုံးချုပ်ပါတယ်။

    Pyithu Hluttaw - ပြည်သူ့လွှတ်တော်
    thithtoolwin/yIWV


    Posted: 06 Aug 2012 03:47 AM PDT
    မြန်မာနိုင်ငံကို ဝေဖန်သူများက လက်ညိုးထိုး ပြစ်တင်စရာ ရေပန်းစား ခေါင်းစဉ်တစ်ခု
     ဖြစ်လာနေသည့် နိုင်ငံ၏ အနောက်ဖက် ကျောက်တော် မြို့နယ်တွင် သြဂုတ်လ ၅
    ရက်နေ့မှ စတင်ကာ ဆူပူအကြမ်းဖက်မှု ထပ်မံဖြစ်ပွါးခဲ့ကြောင်း၊ နေအိမ်ပေါင်း
     ၁၆၀ကျော် မီးရှို့ခံရပြီး လူသေဆုံးမှုများ လည်းရှိကြောင်း အဆိုပါ မြို့နယ်ရှိ
    ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဒေသခံများထံမှ သိရှိရသည်။

    အဆိုပါ အကြမ်းဖက်မှုသည် ကျောက်တော်မြို့  အပေါက်ဝ ကျေးရွှာမှ ကျောက်တော်မြို့  ပေါ်သို့ သုံးဘီးဆိုင်ကယ် မောင်းနှင်လာသော ရခိုင်တိုင်းရင်းသား တစ်ဦးကို သြဂုတ်လ ၅ရက်နေ့ နေ့လယ် ၁နာရီ ခန့်က ကျောက်တော်မြို့အ၀င် ကစ္စပနဒီ တံတားအနီးတွင် ဘင်္ဂါလီလူမျိုး လေးဦးခန့်က ဓါးဖြင့် ခုတ်ရာမှ စတင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်

း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြန်ကြားရေးမှူး ဦးဦးစံသိန်းက ပြောကြားသည်။
    “သေတော့ မသေခဲ့ဘူး။ ဓါးတွေနဲ့ ၀ိုင်းခုတ်တာမှာ ထွက်ပြေးလို့ တင်ပါးမှာ ဒဏ်ရာရသွားတယ်။“ ဟု ၄င်းက ဆိုသည်။

    ယင်းဆူပူမှုဖြစ်ပွါးအပြီး ၁၅မိနစ်ခန့် အကြာ ဂုတ်ပီထောင့် ကျေးရွှာ၊ အပေါက်ဝ ကျေးရွှာနှင့် ရွှေလှိုင်ကျေးရွှာတို့တွင် မီးရှို့မှုများဖြစ်ပွါးခဲ့သဖြင့် လူနေအိမ် ၁၆၀ကျော် မီးရှို့ခံခဲ့ရပြီး လူသေဆုံးမှုများလည်း ရှိခဲ့ကြောင်း၊ သေဆုံးသူ စာရင်းများကို အတိအကျ မသိရှိနိုင်သေးကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များ အရသိရှိရသည်။

    အဆိုပါကျေးရွှာများတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ နေထိုင်ကြပြီး ဘင်္ဂါလီလူမျိုးများက ၄င်းတို့၏ နေအိမ် များကို ကိုယ်တိုင်မီးရှို့ထွက်ပြေးမှု အများဆုံးဖြစ်ကြောင်း၊ အချို့နေရာတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ အပြန်အလှန် မီးရှို့ခဲ့ကြကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဒေသခံများကို ဆက်သွယ်မေးမြန်းချက် အရသိရှိရသည်။

    ယင်းဆူပူမှုများကို ကျောက်တော်မြို့ရှိ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက မီးရှို့ခံရသော ကျေးရွှာများကို ဆူပူမှု ထပ်မံမဖြစ်ပွါးစေရန် ၀င်ရောက်ထိန်းသိမ်းလျှက်ရှိကြော
    င်း၊ အဆိုပါ ဆူပှုအကြမ်းဖက်မှုများ ဖြစ်ပွါးနေသည်မှာ မှန်ကန် သော်လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တရားဝင် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း အဆိုပါ အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက အတည်ပြု ပြောကြားသည်။

    ကျောက်တော်မြို့နယ်တွင် နေထိုင်သူ လူဦးရေ စုစုပေါင်း တစ်သိန်းခန့် ရှိပြီး ရခိုင်တိုင်းရင်းသား အပါအ၀င် တိုင်ရင်းသား လူမျိုး ၆၀ရာခိုင်နှုန်းခန့်ရှိပြီး ဘင်္ဂါလီလူမျိုး ၄၀ရခိုင်နှုန်းခန့် နေထိုင်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးသာစိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဝန်ကြီးဌာန၏ စာရင်းဇယားကို ကိုးကားကာ ပြောကြား သည်။

    The Voice Weekly
    thithtoolwin/yIWV


    Posted: 06 Aug 2012 03:39 AM PDT
    ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုကြောင့် ပိတ်ထားရသော စစ် တွေ တက္ကသိုလ်ကို ယနေ့  သြဂတ်စ်လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား ၆၀ တက်ရောက် ကြောင်း သတင်းရရှိသည်။

    “ ဒီနေ့ စစ်တွေ တက္ကသိုလ်ဖွင့်ပါတယ်။ ကျောင်းသူ/သား စုစုပေါင်း ၆၀ ခန့်ရောက်ပါတယ်။ ရောက်တဲ့သူတွေထဲ မှာ ကျောင်းသားက ၅၄ ယောက်၊ ကျောင်းသူက ၆ ယောက်ဘဲ ရောက် ပါတယ်” ဟု English မေဂျာ နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

    ကျောင်း ပြန်ဖွင့်သော်လည်း ကျောင်းသူကျောင်းသားများ မစုံလင်သည့်အတွက်ကြောင့် စာသင်ကြားခြင်း မရှိ ဟု သိရသည်။

    ယနေ့ စစ်တွေ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်သော နေ့တွင် လုံခြုံရေးကို ကျောင်းလမ်းတလျှောက် အပြည့်ချ ထားသည့်အပြင် အနီးအနားရှိ မူဆလင်ကျေးရွာများမှ မူဆလင်များကိုလည်း ရွာအပြင် ထွက်ခွင့် မပြုဟုလည်း သူက ပြောသည်။

    “ စစ်တွေမြို့ကနေ ကျောင်းသွားတဲ့ လမ်းတလျှောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပြည့်ချထားပါတယ်။ နောက်ပြီး တော့ ကျောင်းအနီးအနားမှာ ရှိတဲ့ ဘုမေရွာက မူဆလင်တွေကို ရွာပြင်ကို ထွက်ခွင့် ပိတ်ပင်ထားပါတယ်။ ဒါ  ကြောင့် ဘာအနှောင့်အယှက်မှ မရှိပါဘူး။”

    ကျောင်းသူ/ကျောင်းသားများအတွက် ကျောင်းသွားချိန် အကြိုအပို့ ကားများကို နံနက် ၇ နာရီမှ ၉ နာရီထိ ပို့ဆောင်ပေးပြီး ကျောင်းလွတ်ချိန် အကြိုအပို့ကားကို နေ့လည် ၁ နာရီမှ ညနေ ၄ နာရီထိ ပို့ဆောင်ပေးရန် စီစဉ်ထားသည်ဟု သိရှိရသည်။

    မောင်ရမ္မာ - နိရဉ္စရာ သတင်းဌာန

    thithtoolwin/yIWV


    Posted: 06 Aug 2012 03:52 AM PDT
    ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ အစီအစဉ်ကို ယနေ့ သြဂုတ်လ ၆ ရက် နေ့လယ် ၁ နာရီ အချိန်တွင် စတင်ကျင်းပ နေပြီဖြစ်သည်။ အစည်းအဝေးလုံခြုံရေးစစ်ဆေးမှုတွ

    င် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ယင်း စစ်ဆေးရေး ၀င်ပေါက်မှ ၀င်ရောက် ခြင်းမပြုဘဲ ပြည်သူ့လွှတ်တော် ဥက္ကဌ နားနေဆောင် မုဒ်ဦးဝင်ပေါက်မှ ၀င်ရောက်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူတို့ကခွင့်ပြုခဲ့ကြောင်း တွေ့ရသည်။



    ယနေ့ကျင်းပသော လွှတ်တော် အစည်းအဝေးမှ စ၍ လွှတ်တော် ကိုယ်စားလှယ်တော် ကြီးများ၏ လုံခြုံရေး အတွက် လွှတ်တော် အ၀င်တွင်သာ မက လွှတ်တော် အစည်းအဝေး အဆောက်အအုံ အတွင်းပိုင်းတွင်ပါ မီဒီယာသမားများအပါအ၀င် လွှတ်တော် ကိုယ်စားလှယ် များကိုပါ လုံခြုံရေး တိုးမြင့် စစ်ဆေးနေ ကြောင်းသိရသည်။ ယင်းကိစ္စအား မီဒီယာများ၏တွင် ရေးသားဖော်ပြကြသည့်သတင်းအချို့ေ
    ကြာင့်ဖြစ်နိုင်ကြာင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တို့က ထင်ကြေးပေးကြသည်။


    Popular Myanmar News Journal





    thithtoolwin/yIWV



်ဆေးခန်း မကြာမီ ကျန်းမာရေး ၀န်ဆောင်မှု ပူးတွဲလုပ်ဆောင်မည်
    Posted: 06 Aug 2012 03:16 AM PDT
    ယနေ့ မွန်လွဲပိုင်း အစိုးရပြည်ထောင်စုဝန်ကြီးနှင့် မြန်မာဆရာဝန်များ မယ်တော်ဆေးခန်းတွင်လာရောက်ဆွေးေ
    နွး ခဲ့ကြသည်။ ဆွေးနွေးညှိနှိုင်းချက်များ
    အရ မယ်တော်ဆေးခန်းမှလူနာအချို့ကို မြ၀တီရှိဆေးရုံတွင်လွှဲပြောင်းကု
    သပေး မည့်အစီအစဉ်ပါရှိပြီး မကြာမီလုပ်ငန်းအကောင်အထည်ဖော်မည်ဟုသိရသည်။ မြန်မာဆရာဝန်အဖွဲ့မှဆရာဝန်ကြီတစ်ဦးက”ဒီကလူနာတွေကိုမဲဆောက်ဆေးရုံကြီးပို့ရင် ကုန်ကျမဲ့စားရိတ် ထက်မြန်မာဘက်ကဆေးရုံကိုပို့ရင် သုံးပုံတပုံဘဲကုန်ကျမယ်ဖြစ်တယ် ဒီကအခြေအနေတွေကို ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုပြန်တင်ပြသွားမယ်”ဆွေးနွေးပွဲတွင်ပြောသည်။ အစိုးရဘက်ကလည်းလိုအပ်ချက်များကို ထောက်ပံ့ကူညီမှုများပေးသွားမည်ဟု တက်ရောက်လာသည့်ပြည်ထောင်စုဝန်ကြီးများကပြောကြားပြီး။မြန်မာဆရာဝန်အဖွဲ့က မယ်တော်ဆေးခန်း အတွက် ထိုင်းဘတ်ငွေ ၁ သိန်းလှူဒါန်းခဲ့သည်။ ယနေ့ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ဦခင်ရီ၊ဦးစိုးသိန်းနှင့်ကရင်ပြည်နယ်ဝန် ကြီးချုပ်ဦးဇော်မင်းတို့တက်ရောက်ခဲ့ကြပြီး ညနေပိုင်းတွင်မဲဆောက်မှတဆင့် မော်တော်ယာဉ်များဖြင့်မြ၀တီ သို့ပြန်လည်ထွက်ခွာသွားကြသည်။

    သတင်း၊ ဓါတ်ပုံ - ရဲရင့်မောင်
    Popular Myanmar News Journal
    thithtoolwin/yIWV



    အသစ်TheLadyAnd ThePeacockစာအုပ်ထွက်ရှိ
    Posted: 06 Aug 2012 03:10 AM PDT
    စာအုပ်ကို ပြုစုသူ Peter Popham က အပိုင်းငါးပိုင်းခွဲ၍ ရေးသားပြုစုထားသည်။ ပထမပိုင်းဝယ် ဒေါ်အောင်ဆန်းစုကြည်၏ ငယ်စဉ်ဘ၀နှင့်ပတ်သက်၍ ရေးသားဖေါ်ပြထားပြီး၊ ဒုတိယပိုင်းတွင်မူ မိခင်ကြီးမကျန်းမာခြင်းကြောင့် မြန်မာနိုင်ငံသို့ရောက်ရှိလာရြ
    ခင်းမှ အစပြုကာ
     နိုင်ငံရေးနယ်ပယ်ထဲသို့စတင်ရော
    က်ရှိလာခြင်း အကြမ်းမဖက်လှုပ်ရှားမှုများဖြင့် ကြံ့ကြံ့ခံတွန်းလှန်ခဲ့ခြင်းအစရှိသည်တို့ကိုရေးသားထားပါသည်။

    တတိယပိုင်းတွင်မူ ပူဆွေးသောကရောက်ရမှုများ၊ ငါးဦးဂိုဏ်း၊ ရွေးချယ်မှုများစသည့်ဖြင့်ရေးသား
    ထားပြီး စတုတ္ထပိုင်းတွင်မူ ၉၉၀ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီပါတီ အပြတ်အသတ်အနိုင်ရခြင်း၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခြင်း အစရှိသည်တို့ကိုရေးသားဖော်ပြထားသည်။ နောက်ဆုံးအပိုင်းတွင်မူ သူ၏ တွေ့ဆုံဆွေးနွေးမှုများ၊ သူ၏ရည်မှန်းချက်များ၊ ရွှေဝါရောင်တော်လှန်ရေး ခွပ်ဒေါင်း၏အကျိုးသက်ရောက်မှုများ စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

     ထိုစာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှားပါးဓာတ်ပုံပေါင်း ၄၃ ပုံပါရှိသည်။ ယခုစာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပတ္တိသစ်ဟုဆိုကြသည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရင် ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက "လက်ဖျားခါရအောင်ကောင်းသည်"ဟုမှ
    တ်ချက်ချသည်။ကမ္ဘာကျော် စာအုပ်ထုတ်ဝေရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Rider စာအုပ်တိုက်မှထုတ်ဝေခြင်းဖြစ်သည်။

    Popular Myanmar News Journal
    thithtoolwin/yIWV


    Posted: 06 Aug 2012 02:46 AM PDT
    လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးတိုးမြှင့်သည့်အနြေ

    ဖင့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အဆောက်အအုံအ၀င်ဝတို့တွင် X Ray စက်များ တပ်ဆင်ထားသည်ကို သြဂုတ်၆ရက်က တွေ့ရစဉ်။
    ဓာတ်ပုံ-သီဟ နေပြည်တော်၊ သြဂုတ် - ၆

    လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးတိုးမြှင့်သည့်အနြေ
    ဖင့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အဆောက်အအုံအ၀င်ဝတို့တွင် X Ray စက်များ တပ်ဆင်လိုက်ပြီး ယနေ့(သြဂုတ် ၆ ရက်)မှစတင်ကာ လွှတ်တော်အဆောက်အအုံများအတွင်း ၀င်ရောက်သူများ X Ray ဖြတ်ပြီးမှသာ ၀င်ကြရကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်
    လွှတ်တော်အဆောက်အအုံဝင်း အ၀င်ဝတွင်လည်း ယခင်ကပင် X Ray စက်တပ်ဆင်ထားပြီးဖြစ်သော်လည်း ယခု အတွင်းဂိတ်တွင်ပါ ထပ်မံတပ်ဆင်လိုက်သည့်အတွက် နှစ်ကြိမ်ဖြတ်သန်းစေသည့်သဘြော
    ဖစ်သည်။ thithtoolwin/yIWV


    Posted: 06 Aug 2012 02:40 AM PDT
    အင်္ဂါဂြိုလ်ကို စူးစမ်း လေ့လာမယ့် Curiosity အာကာသယာဉ်ကို တနင်္လာနေ့ မနက်အစောပိုင်းမှာ အင်္ဂါဂြိုလ်ပေါ် ဆင်းသက်နိုင်ဖို့ NASA က စီစဉ်ထားပါတယ်။ အလေးချိန် တစ်တန်လောက်ပဲရှိတဲ့ Curiosity လို့ နံမည်ပေးထားတဲ့ နျူကလီးယား စွမ်းအင်သုံး ဒီ အာကာသယာဉ် ဂြိုလ်ပေါ်မှာ သက်ရှိသတ္တ၀ါတွေ ရှိမရှိ အထောက်အထား ရှာနိုင်ဖို့ လေ့လာစူးစမ်းသွားမှာဖြစ်ပြီး အင်္ဂါဂြိုလ်ရဲ့ ပုံရိပ်တွေနဲ့ အင်္ဂါဂြိုလ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရယူဖို့ဖြစ်ပါတယ်။

    အဲဒီလို ရယူဖို့အတွက် ပထမအဆင့်အနေနဲ့ အင်္ဂါဂြိုလ်ဆီ ၈ လကြာ သွားရောက်ခဲ့တဲ့ Curiosity ယာဉ် အင်္ဂါဂြိုလ်ပေါ်မှာ ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ဖို့က အရေးကြီးတာပါ။ တနာရီကို မိုင်ပေါင်း တစ်သောင်းနှစ်ထောင်ကျော်နှုန်းနဲ

့ သွားနေတဲ့ ဒီအာကာသယာဉ် ဂြိုလ်မျက်နှာပြင်ပေါ်မှာ ကောင်းကောင်းမွန်မွန် ဆင်းသက်နိုင်ရေးဟာ နာဆာရဲ့ အာကာသယာဉ်တွေ ဂြိုလ်ပေါ်ဆင်းသက်ခဲ့တဲ့ သမိုင်းကြောင်းတလျှောက် စိန်ခေါ်မှုအရှိဆုံး လုပ်ရပ်တခုလို့ နာဆာ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

    Curiosity အာကာသာယာဉ် အောင်အောင်မြင်မြင် ဆင်းသက်နိုင်ပြီ ဆိုရင်တော့ အင်္ဂါဂြိုလ်ပေါ်မှာ လူတွေ နေထိုင်ခွင့် ရနိုင်မနိုင် လမ်းစကို စတင် ရှာဖွေ ပေးနိုင်မှာ ဖြစ်ပါတယ်။ 
     ဗွီအိုအေ (မြန်မာဌာန)
    thithtoolwin/yIWV


    Posted: 06 Aug 2012 03:52 AM PDT
    မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အမေရိကန် ခရီးစဉ် အတွင်း ဒေသခံ မြန်မာ အသိုင်း အ၀ိုင်းတွေနဲ့ တွေ့ဆုံနိုင် ဖို့အတွက် မြန်မာအဖွဲ့ အစည်းတွေ စုစည်း ဆွေးနွေး ပြင်ဆင်မှုတွေ လုပ်နေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ မြို့ကြီး အတော်များ များကိုလည်း သွားရောက် လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။

    အခု လာမယ့် စက်တင်ဘာလ လာရောက်မယ့် ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆယ်စုနှစ်နဲ့ချီ နေအိမ် အကျယ်ချုပ် ကျပြီးတဲ့နောက် ပထမဆုံး အမေရိကန်ပြည်ထောင်စု လာရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု လာရောက်ပြီး အမေရိကန် ကွန်ဂရက်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တဲ့ Congressional Gold Medal အမေရိကန်လွှတ်တော်ရဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ကိုယ်တိုင် လက်ခံယူဖို့ရှိသလို၊ အမေရိကန်ပြည်ထောင်စုက အစိုးရပိုင်းရော လွှတ်တော်က တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

    တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုတွင်း မြို့အတော်များများကို သွားဖို့ရှိပြီး၊ အဲဒီမှာ နယ်ခံ မြန်မာ အသိုင်းအ၀ိုင်းတွေနဲ့ တွေ့ဆုံဖို့လည်းရှိပါတယ်။ ဘယ်မြို့တွေကို သွားမလဲ ဆိုတာ အတိအကျ ခရီးစဉ်တော့ ထွက်မလာသေးပါဘူး။ အမေရိကန် အနောက်ခြမ်း မြို့တမြို့ဖြစ်တဲ့ Los Angeles ကိုတော့ အောက်တိုဘာဆန်းလောက် လာမယ်လို့ မှန်းထားကြပါတယ်။ ဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ မြန်မာအသိုင်းအ၀ိုင်းတွေ စုဝေး တိုင်ပင်နေကြပြီလို့ မြို့ခံတဦးလည်းဖြစ် ပွဲဖြစ်မြောက်ရေး အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ မနီလာစိန်က ပြောပါတယ်။

    “ကျမတို့ ဒီ LA မှာရှိတဲ့ အသင်းအဖွဲ့အားလုံး ၀ိုင်းလုပ်ကြတဲ့ပွဲ။ ဆန်ဖရန်ဆစ္စကိုကတော့ ကျမ ရက် သေချာမသိဘူး။ ကျမတို့ LA ကိုတော့ အောက်တိုဘာ ၂ ရက်နေ့မှာလို့ သိရပါတယ်ရှင့်။ နောက်ပြီးတော့ မြန်မာအသိုင်းအ၀ိုင်း အားလုံး ပါဝင်နိုင်ရေးအတွက် ကျမတို့ တောင်ပိုင်း ကယ်လီဖိုးနီးယားမှာ ရှိတဲ့ အသင်း အဖွဲ့အစည်းအားလုံးက ပါဝင်ပြီးတော့ အစည်းအဝေး လုပ်နေကြပါတယ်ရှင့်။ တွေ့ဆုံပွဲမှာ ကျမတို့ မိနစ် ၉၀ ပဲ ရတာဖြစ်ပါတယ်။ အဲဒါကြောင့်မိုလို့ တောင်ပိုင် ကယ်လီဖိုးနီးယားမှာ ရှိတဲ့ မြန်မာအားလုံး ပါဝင်နိုင်ရေး အတွက်ကို ကျမတို့ အသင်းအဖွဲ့အားလုံး၊ လူမျိုးမရွေး ဘာသာမရွေး အားလုံးကို ဖိတ်ကြားထားပြီးတော့ အစည်းအဝေးတွေ လုပ်နေပါတယ်။ ဒုတိယအကြိမ် ပြီးပါပြီ။ အခု လာမယ့်အပတ်မှာ တတိယအကြိမ် လုပ်ပြီးတော့ ကျမတို့ နေရာကို သတ်မှတ်ပါမယ်။ ပြီးတော့ အဖွဲ့အစည်းတွေ ဖွဲ့မယ်ပေါ့နော်။ ဥပမာ ကြိုဆိုရေးအဖွဲ့၊ ဧည့်ခံရေးအဖွဲ့ အဲဒီလိုမျိုးတွေ အဖွဲ့အသီးသီး ဖွဲ့စည်းပြီးတော့ ကျမတို့ အားလုံး ပေါင်းပြီးတော့ ကြိုဆိုဖို့ လုပ်နေပါတယ်ရှင့်။ ကျမတို့ ရတဲ့ရက်က အင်္ဂါနေ့ ဖြစ်ပေမဲ့လည်း လူအားလုံး နီးပါးက သူတို့ အလုပ်ကို ခွင့်ယူပြီးတော့ မရမက လာမယ်။ နောက်ပြီးတော့ အိမ်မှာ လူ ၅ ယောက်ရှိရင် ၅ ယောက်စလုံး တက်မယ် ဆိုပြီးတော့ ပြောတဲ့သူက ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်ရှင့်။”

    အမေရိကန်ပြည်ထောင်စုတွင်း မြန်မာတိုင်းရင်းသားတွေ အများအပြား စုဝေးနေထိုင်တဲ့ အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့မှာလည်း ဒေါ်အောင်ဆန်းစု ကြည်လာမယ့် ခရီးစဉ်အတွက် ဒေသခံတွေ တတ်တတ်ကြွကြွနဲ့ ကြိုတင် ပြင်ဆင်နေကြတယ်လို့ ဖို့ဒ်ဝိန်းမြို့ခံ ကိုအောင်မြင့်ထွန်းက ပြောပါတယ်။

    “ကျနော်တို့ ရက်ကို သေချာ မသိရသေးဘူး။ ဒါပေမဲ့ ခန့်မှန်းချေကတော့ ၂၄၊ ၂၅ ပတ်ဝန်းကျင်လို့တော့ ကျနော်တို့ သိထားရတယ်။ အခု ကျနော်တို့က အဲဒီအတွက် ဖို့ဒ်ဝိန်းမှာရှိတဲ့ တမြို့လုံးကတော့ သောင်းသောင်းဖျဖျ ကြိုဆိုနိုင်ဖို့အတွက် ၀ိုင်းဝန်းပြီးတော့ စီစဉ်နေကြတယ်။ အခုလက်ရှိ ကျနော်တို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာမယ့်ကိစ္စကို ကြိုဆိုတဲ့ ကော်မတီတရပ် ဖွဲ့ဖို့ ဆိုပြီးတော့ ကျနော်တို့ ဆွေးနွေးပွဲတခု လုပ်ခဲ့တယ်။ လူထု ဆွေးနွေးပွဲ လုပ်ခဲ့တယ်။”

    ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ရဲ့ အစပိုင်းပြောရမယ့် ၀ါရှင်တန်ဒီစီမှာလည်း အခြား အမေရိကန် အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ရှိသလို၊ မြန်မာအသိုင်းအ၀ိုင်းတွေနဲ့လည်း သီးခြား တွေ့ဆုံဖို့ ရှိပါတယ်။ ဒီအတွက်လည်း ၀ါရှင်တန်ဒီစီ တ၀ိုက် နယ်ခံ မြန်မာအဖွဲ့အစည်းတွေ စည်းဝေးတိုင်ပင်ပြီး ကြိုဆို နေရာချထားရေး ပွဲစီစဉ်ရေး အဖွဲ့ငယ်လေးတွေ ဖွဲ့စည်း ပြင်ဆင်နေတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

    နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး အကြိမ် ပြည်ပခရီးစဉ် အဖြစ်နဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို သွားခဲ့ပြီး၊ ဒီနောက် ဥရောပနိုင်ငံ အချို့ကို သွားခဲ့ပါတယ်။ အခု အမေရိကန် ခရီးစဉ်အတွင်းမှာတော့ အစိုးရ တာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံဖို့ ဖိတ်ကြားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန က ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ စက်တင်ဘာ ၂၁ ရက်နေ့မှာလည်း နယူးယောက်က Atlantic Council ညစာ စားပွဲမှာ ကမ္ဘာ့အကျိုးဆောင် နိုင်ငံသားဆုကို လက်ခံယူဖို့ရှိပါတယ်။ 
     ကိုသားညွှန်ဦး (ဗွီအိုအေ  - မြန်မာဌာန)

    thithtoolwin/yIWV


    Posted: 05 Aug 2012 06:43 PM PDT
    အမေရိကန် ပြည်ထောင်စု ဝစ္စကွန်ဆင် ပြည်နယ်က အုတ်ခ်ခရိခ် မြို့မှာရှိတဲ့ ဆိခ် ဝတ်ပြုကျောင်း ထဲမှာ လာရောက် ဝတ်ပြုနေသူ တွေကို သေနတ်သမား တဉီးက ပစ်ခတ် တိုက်ခိုက် ခဲ့တဲ့ အတွက် ၆ ဉီးထက်မနည်း သေဆုံး ခဲ့ရတယ်လို့ ရဲ တပ်ဖွဲ့က ပြောပါတယ်။

    အဲဒီ သေနတ်သမား ကိုတော့ အခင်းဖြစ်ပွားရာကို အရင် ဉီးဆုံး ရောက်လာကြတဲ့ ရဲတပ်ဖွဲ့ ဝင်တွေက ပစ်သတ် နိုင်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

    မကြာသေးခင်ကလည်း အမေရိကန် ပြည်ထောင်စုမှာ ကော်လိုရာဒိုက ရုပ်ရှင်ရုံမှာ ရုပ်ရှင် လာကြည့်သူတွေကို သေနတ်သမား တဉီးက ပစ်ခတ်ခဲ့တဲ့ အတွက် လူ ၁၂ ဉီးသေဆုံးခဲ့ရပါတယ်။

    ဒီအဖြစ်အပျက် နဲ့ မရှေးမနှောင်းမှာ ဖြစ်ခဲ့တဲ့ အခု ဖြစ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ အိုဘားမားက သူ့အနေနဲ့ အလွန်တရာ စိတ်မကောင်း ဖြစ်ရတဲ့အကြောင်း ပြောလိုက်ပါတယ်။

    ဘီဘီစီ (မြန်မာဌာန)

    thithtoolwin/yIWV


    Posted: 05 Aug 2012 06:40 PM PDT
    ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့စဉ်က မီးရှို့ ဖျက်ဆီး တာတွေ ဖြစ်ခဲ့ပါတယ်။
    မနေ့တုန်းက ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ် အတွင်းမှာ ရှိတဲ့ ဂုပ္ပီထောင့်နဲ့
     အပေါက်ဝ ကျေးရွာတွေမှာ မီးရှို့မှု တွေဖြစ်ပွား ခဲ့ပါတယ်။

    ဒီမီးရှို့မှု တွေ နဲ့ ပတ်သက်လို့ ရွာခံ တဉီးက ဘီဘီစီကို ပြောပြရာမှာတော့ မြို့ပေါ်က
     လူတွေက အဲဒီနေရာ တွေကို လိုက်လာ ခဲ့ကြတဲ့ အကြောင်းနဲ့ လုံခြုံရေးတွေက
    အဲဒီ လိုက်လာခဲ့ကြ သူတွေကို လူစုခွဲခဲ့ တဲ့အကြောင်း တွေကို ပြောပြသွားပါတယ်။

    ကျောက်တော် မြို့နယ်ဟာ ရခိုင် အများစု နေထိုင်တဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

    ကျောက်တော် မြို့နယ်မှာသာ မကဘဲ ကျောက်ဖြူ မြို့ဘက်မှာလည်း မီးရှို့ဖို့ ကြံစည်
    သူတွေကို ဖမ်းမိတဲ့ အကြောင်း သတင်းရရှိ ပါတယ်။

    ဘီဘီစီ - မြန်မာပိုင်း

    thithtoolwin/yIWV


    Posted: 05 Aug 2012 02:13 PM PDT
    မြန်မာငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ KNU တို့ ငြိမ်းချမ်းရေးအတွက် အကြို ဆွေးနွေးနေကြစဉ်။ (ဓာတ်ပုံ - KIC)
    ကရင်အမျိုးသား အစည်းအရုံးက ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင် စု ၀န်ကြီး ဦးအောင်မင်းတို့ အဖွဲဟာ မကြာခင်လုပ်မယ့် အစည်းအဝေး အတွင်း နှစ်ဘက် တပ်မတော် က လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်စည်းကမ်းတွေနဲ့ ပတ်သက် လို့ ဆွေးနွေးကြဖို့ အတွက် မြ၀တီမြို့ မှာ ဒီကနေ့ အကြို ညှိနှိုင်းခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်ပေးပို့ထားပါတယ်။

    မြ၀တီမြို့ ခလရ (၂၇၅) တပ်တည်ရာနေရာမှာ ဆွေးနွေးခဲ့ကြတဲ့ ဒီဆွေးနွေးပွဲမှာ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကတော့ အပစ်အခပ်ရပ်စဲရေးကို ပိုမိုခိုင်မာစေဖို့ နှစ်ဘက် လိုက်နာရမယ့် ကျင့်ဝတ်ကိစ္စတွေကို ဆွေးနွေးဖို့အတွက် အကြိုညှိနှိုင်းခဲ့ကြကြောင်း အခုလို ပြောသွားပါတယ်။

    “အဓိက ကတော့ ကျနော်တို့ peace process ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဓိက ကျတဲ့ cease fire stage အပစ်အခတ်ရပ်စဲရေး အဆင်ကို ပိုပြီးတော့ ခိုင်မာသွားအောင် နှစ်ဘက် လိုက်နာရမယ့် ကျင့်ဝတ်၊ အင်္ဂလိပ်လိုတော့ code of conduct for cease fire အဲဒါလေးတွေကို ကျနော်တို့ ဆွေးနွေးဖို့အတွက် နောက်တကြိမ် အစည်းအဝေးကို သြဂုတ်လ နောက်ဆုံး ပတ်လောက်မှာ သင့်တဲ့နေရာမှာ၊ နီးတဲ့အခါ ထပ်ပြီး ဆွေးနွေးကြမှာပေါ့။ အဲဒီအစည်းအဝေး အတွက် ကျနော်တို့ အကြို အစည်းအဝေး လာပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ အပစ်အခတ် ရပ်စဲရေး ယူထားသော်လည်းပဲ နည်းနည်းပါးပါး ဒီလို သွားရင်းလာရင်းနဲ့ ပစ်တာ ခတ်တာတွေ ရှိတယ်။”

    ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အမြဲတမ်း ဗဟိုကော်မတီဝင် ဖဒို သောသီ ကတော့ နှစ်ဘက်လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရ နဲ့ ကေအဲန်ယူကြားမှာ အရင်က ချပြ ဆွေးနွေးမှုတွေက ကွဲလွဲမှုတွေ ရှိနေသေးတဲ့ အကြောင်း၊ မြန်မာဘက်က တပ်မတော် စစ်သည်တော် ကျင့်ဝတ်တွေနဲ့သာ ဆွေးနွေးခဲ့တဲ့အတွက် အခက်အခဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။

    “ဒီ code of conduct ဆိုတာ သူ့ဘက်က မရှိဘူးလေ။ သူ့ဘက်က အခါအားလျော်စွာ တပ်မတော် ကျင့်ဝတ် ၆၀ နဲ့ပဲ သူတို့ ပြောလေ့ရှိတယ်လေ။ စစ်သည်တော် ကျင့်ဝတ် ၆၀ က တကယ့်ကိုပဲ လုံခြုံမှုရော၊ နောက်ပြီးတော့ စည်းကမ်းချက်နဲ့ အကျုံးဝင်တယ်လို့ သူတို့ဘက်ကတော့ တွင်တွင်ကြီး ပြောတာပေါ့လေ။ ဒါပေမဲ့ အဲဒါတွေက တပ်မတော်က လိုက်နာကျင့်သုံးရမယ့် တပ်မတော် ကျင့်ဝတ်စည်းကမ်းပဲ။ နှစ်ဘက် အပစ်အခတ် ရပ
    ...

    0 comments:

    Post a Comment

    စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

    Followers

    Total Pageviews

    အမှာပါးစရာများရှိနေရင်

    Pop up my Cbox

    Blog Archive

    အက်ဒမင်

    အခြားကဏ္ဍများကို လေ့လာရန်

    ရှာဖွေလေ တွေ့ရှိလေ

    စာပေမြတ်နိုးသူများ

    free counters
    Related Posts Plugin for WordPress, Blogger...