Thursday, August 16, 2012

စံပြလုပ်သား၏ စံပြအလှူ


by Kyaw Thu on Thursday, August 16, 2012 at 9:40am ·



 နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေး… စသည့် ဒုက္ခသည်များအတွက် ကူညီဖေးမလှူဒါန်းမှုများကို နေ့စဉ်နှင့်အမျှ ထမ်းဆောင် ပေးဆပ်နေရပါသည်။
ထိုသို့ပေးဆပ်မှုများကို အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများ၊ ဝန်ထမ်းများ၏ ဟန်ချက် ညီညီ စည်းစည်းလုံးလုံး လုပ်ဆောင်မှုများကြောင့် အများပြည်သူအတွက်များစွာ အထောက်အကူဖြစ်ခဲ့ရသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့်လည်း အသင်းအုပ်ချုပ်မှုအပိုင်းတွင် စည်းကမ်းစနစ် တိကျစွာဖြင့် လာဘ်ပေးလာဘ်ယူမှုများကို လုံးဝလက်မခံဘဲ တာဝန်သိသိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးဆပ် ကြသူများ အားလည်း ဂုဏ်ပြုပွဲများကို နှစ်ပါတ်လည်အခမ်းအနားများတွင် ကျင်းပဂုဏ်ပြုခဲ့ပါသည်။ ထို့အပြင် လစဉ်အလိုက် ဝန်ထမ်းများဖြစ်ကြသော ယာဉ်မောင်း/နောက်လိုက်၊ ရုံးအဖွဲ့၊ မော်တော်ယာဉ်အဖွဲ့၊ စာကြည့်တိုက်၊ ပညာရေး၊ သုခကုသိုလ်ဖြစ်ဆေးခန်း၊ စားသောက်ဆိုင်၊ လုံခြုံရေး၊ သန့်ရှင်းရေး အစရှိသည့် ဋ္ဌာနတွင် တာဝန်အသီးသီးတို့ကို ထမ်းဆောင်နေကြသော ဝန်ထမ်းများအနက် အလုပ်ကြိုးစားခြင်း၊ အလုပ်ချိန်တိကျမှန်ကန်ခြင်း၊ လုပ်ငန်းခွင်၌ မခိုမကပ် လုပ်ကိုင်ပေးဆပ်ခြင်း၊ ဆက်ဆံရေးပြေပြစ်ခြင်း၊ ဝတ်စားဆင်ယင်မှု(အသင်းဝတ်စုံ) သပ်ရပ်မှုရှိခြင်း စသည့်အချက်များနှင့် ပြည့်စုံသော ထူးချွန်သည့်စံပြ လူမှုရေးဝန်ထမ်းများအား လစဉ်လတိုင်း ဂုဏ်ပြုဆုကြေးငွေ ၅ဝဝဝိ/- ကျပ်တိတိအားချီးမြှင့်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ဆုပေး၊ ဒဏ်ပေးခြင်းများကို လုပ်ဆောင် ပေးလျှက်ရှိသည်။

ထိုကဲ့သို့သော ဝန်ထမ်းများ၏ လုပ်ဆောင်ပေးဆပ်မှုများအား အလုပ်အမှုဆောင်အဖွဲ့များ၊ နေ့အလိုက် အဖွဲ့ ခေါင်းဆောင်များတို့မှ လေ့လာအကဲခတ်၍ အမှတ်ပေးစနစ်ဖြင့် ဂုဏ်ပြုခြင်းဖြစ်ပေသည်။ ထို့အပြင် နာရေးရှင် များမှလည်း နာရေးကိစ္စရပ်အား ကူညီသယ်ယူပို့ဆောင် သင်္ဂြိုလ်ပေးခြင်းတို့ကို ပြုလုပ်ပေးကြသော ဝန်ထမ်းတို့၏ မေတ္တာ၊ စေတနာ၊ ကရုဏာနှင့် သီလလုံခြုံမှုတို့ကို အသိအမှတ်ပြုသည့်အနေဖြင့် ၄င်းဝန်ထမ်းတို့အတွက် နာရေး ကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ ၁၃/က ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်သို့ တရားဝင် အသင်း၏ အမှုဆောင်များရှေ့တွင် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်မှုများလည်းရှိခဲ့သည်။

၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လတွင် ယာဉ်နောက်လိုက်ဖြစ်သူ ဦးသန်းဆွေသည် အထက်ပါ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သတ်မှတ်ထားသော ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းချက်များနှင့် ကိုက်ညီသည့် စံပြလုပ်သားတစ်ဦး ဖြစ်ပါသောကြောင့် ဂုဏ်ပြုဆုငွေအား ချီးမြှင့်ပေးခဲ့သည်။ ထိုကဲ့သို့ ဂုဏ်ပြုချီးမြှင့်သော ဂုဏ်ပြုငွေ ၅ဝဝဝိ/- ကျပ် အား ဦးသန်းဆွေသည်မိမိအကျိုးအတွက် အသုံးမပြုဘဲ အများပြည်သူတို့အတွက် ကူညီပံ့ပိုးရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) အလှူခံခန်းမ၌ လာရောက်လှူဒါန်းမှုကို ပြုလုပ်သွားခဲ့ပါသည်။  ထိုကဲ့သို့ အများပြည်သူတို့အား ကူညီပံ့ပိုးပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဝန်ထမ်းဖြစ်သူသည် မိမိ၏ လုပ်အားကြောင့်ရရှိသော ဂုဏ်ပြုငွေအား အများပြည်သူအတွက် ပြန်လည်အသုံးပြုရန် လှူဒါန်းမှုအပေါ်             သာဓု . . . သာဓု . . . သာဓု ဟူ၍ ခေါ်ဆိုလိုက်ရပါတော့သည်။

     အလှူဒါနပြုလုပ်ရာတွင် နည်းသည်၊ များသည် ဟူ၍ သတ်မှတ်ချက်မရှိ။ စိတ်ဆန္ဒသည်သာ အဓိက ဖြစ်ပေသည်။
  





0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...