Saturday, August 25, 2012

ရှေ့နေဦးပါစီပြည်ဟိန်း(ခ)ဦးမျိုးမင်းထွန်း ရှေ့နေလိုင်စင် အသိမ်းခံရ


by Naung Taw Lay on Friday, August 24, 2012 at 11:57pm ·


ယနေ့ (၂၄.၈.၂၀၁၂) ရက်နေ့တွင် မမျှော်လင့်ပါဘဲ ရှေ့နေဦးပါစီပြည်ဟိန်း၏ ရှေ့နေလိုင်စင်အား သိမ်းဆည်းလိုက်ကြောင်း စာပေးပို့လာသည်ဟု ဦးပါစီပြည်ဟိန်း၏ ပြောကြားချက်အရသိရသည်။ ဦးပါစီပြည်ဟိန်း၏ အထက်တန်းရှေ့နေလိုင်စင်အမှတ် ၃၁၁၂၉ လိုင်စင်မူရင်းကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်မှတစ်ဆင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြန်လည်အပ်နှံရန် ပေးပို့လာခြင်း ဖြစ်သည်။

အဆိုပါရှေ့နေလိုင်စင်ပြန်လည်အပ်နှံရန်ပေးပို့စာတွင် ရှေ့နေဦးပါစီပြည်ဟိန်းအား ဥပဒေပုဒ်မ ၁၈၆ အရ အလုပ်နှင့်ထောင်ဒဏ် (၃)လ ကျခံစေရန် ပြစ်ဒဏ်ကျခံရဖူးသူ ဖြစ်ခြင်း၊ ယခုအခါတွင် မင်္ဂလာဒုံ မြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာ အမှုများဖြင့် တရားစွဲဆိုခံထားရခြင်းတို့မှာ ရှေ့နေရှေ့ရပ်လုပ်ငန်း နှင့် စပ်လျဉ်းသည့် ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ရာရောက်ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် တရား ရုံး၏ စုံစမ်းစစ်ဆေးမှု အစီအရင်ခံစာအရ စစ်ဆေးတွေ့ရှိရသည်ဟု ဖော်ပြပါရှိသည်။
ထိုသို့စစ်ဆေးတွေ့ရှိပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရ
ားသူကြီးများ၏ ၆/၂၀၁၂ ကြိမ်မြောက် အစည်းအဝေးသို့တင်ပြခဲ့ရာ အစည်းအဝေးက ရှေ့နေလိုက်သူများ အက်ဥပဒေပုဒ်မ ၁၃(စ) အရ အထက်တန်းရှေ့နေအဖြစ်မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်းဖြင့် ဖော်ပြပါရှိသည်။
အဆိုပါကိစ္စအတွက် ကာယကံရှင်ဖြစ်သူ ဦးပါစီပြည်ဟိန်းမှ `ဒီလိုစာမျိုးကြတော့ တရားလွှတ်တော် ချုပ်က တိုက်ရိုက်ထုတ်တယ်။ ဒီနေ့ပဲ ကျွန်တော့်ဆီရောက်လာပါတယ်။ ကျွန်တော်ကြတာက မင်္ဂလာဒုံမြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးဦးရီထွန်းနဲ့ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု အမှတ်(၃)လမ်း မဘေးမှာ ဆိုင်ဆောက်လုပ်တဲ့နေရာမှာ ပိုင်ရှင်ရှိတဲ့နေရာဖြစ်နေတဲ့အတွက် ကျွန်တော်က ပိုင်ရှင်တွေရဲ့ ကိုယ်စား ပြောပေးတာကနေပြီး ကျွန်တော်ကို ပုဒ်မ(၁၈၆) တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ ပြစ်ဒဏ်(၃)လကျခံခဲ့ရတာပါ။ တရားရင်ဆိုင်နေရတဲ့အမှုတွေကတော့ မင်္ဂလာဒုံမြို့နယ်တရားရုံး ပြစ်မှုကြီးအမှုအမှတ် (၄၄၃/၂၀၁၂) (၄၄၂/
၂၀၁၂) ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ ၊ ၃၂၃ ၊ ၅၀၆ အမှုတွေဖြစ်တယ်။ ဒီအမှုတွေဟာ ကျွန်တော်ပိုင်ဆိုင်တဲ့ ခြံမြေဖြစ်သည့် မင်္ဂလာဒုံ မြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု မြေတိုင်းအမှတ်(၅၃၄ A) မြေကွက်အမှတ် (၁၉) မြေကွက် အကျယ် ၂.၇၈ ဧက ကျွန်တော်က အပိုင်ရောင်းချခွင့်ရှိသူထံမှ ၀ယ်ယူပြီး ခြံစည်းရိုးခတ်၍ တဲအိမ်တွေ ဆောက်လုပ်ထားခဲ့ပါတယ်။ တက်လမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ ၎င်းတို့ပိုင် မြေဖြစ်သည် ဆိုကာ ခြံစည်းရိုးများဖျက်ခြင်း တဲအိမ်များဖျက်စီးခြင်း ၊ ပစ္စည်းများကို နေရာရွှေ့ခြင်းများ ပြုလုပ်ခဲ့ပါသဖြင့် ကျွန်တော်မှ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တက်လမ်းဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်း (၁၀)ဦးကို တရားစွဲဆိုထားပြီး (၄)ဦးအား တရားခံပြေးမှုဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ ပစ္စည်းများ ပျောက်ဆုံး ခြင်းနှင့် ပတ်သက်၍ ပစ်မှုပုဒ်မ (၃၈၀ ပ/၆၈၂/၂၀၁၁) အမှုအားဖွင့်လှစ်ခဲ့ရာ သစ်များမရှိဟုဆို၍ မင်္ဂလာဒုံရဲစခန်းမှ ဒုရဲအုပ်ညီညီအောင်မှ တရားလိုပြုလုပ်ပြီး မမှန်တိုင်ကြားမှု ပစ်မှုပုဒ်မ ၁၈၂ ဖြင့် ဦးတိုက်လျှောက်ထား စွဲဆိုထားခြင်း ဖြစ်ပါသည်။
ယခုကဲ့သို့ လိုင်စင်သိမ်းခံရခြင်းနှင့် ပတ်သက်၍ ကျွန်တော်နားလည်ထားသည်မှာ မိမိလိုက်ပါ ဆောင်ရွက်သော အမှုသည်များပေါ်တွင် တာဝန်မကျေ၍သော်လည်ကောင်း၊ ငွေကြေးများ မတော် မတရားယူ၍ ဖောက်လွဲဖောက်ပြန်ပြုသောကိစ္စမျိ
ုးပေါ်ပေါက်မှသာ ရှေ့နေကျင့်ဝတ်သိက္ခာနှင့် မညီဟု သုံးသပ်၍ လိုင်စင်သိမ်းခြင်း ဖြစ်သည်ဟု ကျွန်တော် နားလည်ထားပါတယ် ကျွန်တော် မည်သည့်အမှုသည်ကိုမှ အနိုင်ကျင့်ခဲ့ခြင်းမရှိပါ။ ရှေ့နေလုပ်ငန်းတွေမှာ ဥပဒေနဲ့အညီပဲ လုပ်ကိုင် ဆောင်ရွက်ခဲ့ပါတယ် ကျွန်တော်က ထောင်ကျပြီးမှ ရှေ့နေဖြစ်လာတာပါ။´´ ဟုပြောဆိုပါတယ်။
ရှေ့နေဦးပါစီပြည်ဟိန်းမှာ ဦးနေမျိုးဝေအား ဇေကမ္ဘာမှ စွဲဆိုသည့် အမှုတွင် အခမဲ့လိုက်ပါဆောင် ရွက်ရန် စီစဉ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယခင်က ဦးပါစီပြည်ဟိန်းသည် မင်္ဂလာဒုံမြို့နယ်အတွင်းတွင် ရှေ့နေမဖြစ်မီက အင်္ဂလိပ်စာနည်းပြ ကျူရှင်ဆရာအဖြစ် အသက်မွေး ၀မ်းကျောင်း လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။ ယခုလိုင်စင်အသိမ်းခံရခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မထံသို့ အသနားခံစာတင်ပြသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

ရှေ့နေ ဦးပါစီပြည်ဟိန်းအား ဆက်သွယ်ရန် ၀၉၄၃၁၆၃၄၇၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...