လက်နှစ်ဖက် နဖူးပေါ်တင်ကြည့်ခြင်း
by Phyo Gniap on Sunday, August 19, 2012 at 7:42am
ချိန်ခွင်တစ်ဖက်မှာ အလေးအပြည့်နှုင့်
ကမ္ဘာကြီး တိမ်းစောင်းနေခြင်းကြောင့်
ကောင်းကင် ပေါ်ကလူများသည်
မြေကြီးကို သရော်ကြသည်။
အငွေ.မှန်သမျှ ပေါ့ပေါ့နေကြပြီး
ရင်ဘတ်မှန်သမျှ ချောင်းဆိုးနေတော့
ဦးခေါင်းမှန်သမျှ လွယ်အိတ်ထဲထည့်ထားကြပါ
သင့်အတွက် မနက်ဖြန်များကိုကြိုဆိုကြပါ။
မှန်ကွဲစများ မျက်ရည်ကျခြင်းသည်
လမ်းပေါ်တွင် ငွေ.ရည်ဖွဲခြင်း၏ အစပင်
လက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး
တဆန်းတပြား လမ်းသလားပါ။
ချုပ်ရိုးပြေနေသော စိတ်ဓာတ်များအတွက်
ကျင်းနက်နက်တူးပြီး မြေကြီးဖြင့်ဖို.ပါ
လတ်ဆတ်ခြင်ုးကို ခံစားရမည်
သို.အတွက် ကိုယ်ထင်ပြခြင်းကို ရှောင်ကျဉ်ပါ။
မရှိခြင်းများကို မရှိခြင်းအတွက်
ပြည့်စုံခြင်းကို ညာတာပါ
မုန်တိုင်းများအတွက် မိုးဖွဲဖွဲများ
အဆင်သင့် စောင့်နေကြသည်။
ခေါင်းစဉ်တပ်ခြင်းသည် ချုပ်ချယ်ခြင်းပင်
လွတ်လပ်ခြင်းတွင် မျဉ်းကြောင်းတားလေ့မရှိ
အမှန်ကန်ဆုံး ရွေးချယ်မှုအတွက်
အားလုံးသည် အမှန်များဖြစ်ကြသည်။
တစ်ဖက်ကမ်းကို ကူးရန်
ကူးတို.လှေ များအဆင်သင့်ရှိသည်
သို.သော် '''အ''' များ ရေစပ်တွင်ထားခဲ့ပါ
ရေနောက်ကျိမှုအတွက် သင့်တွင်တာဝန်ရှိသည်။
ပြီးဆုံးခြင်းအတွက် လက်များမြှောက်လိုက်ပါ
ခန္ဓာကိုယ်တွင် ချွေးများရွှဲနေလိမ့်မည်
မောဟိုက်မှုသည် ဂုဏ်ယူစရာပင်
နောက်ထပ်များသည် နောက်ဆုံး၏အရှေ့တွင်ရှိသည်။
ခြေထောက်များ လှုပ်ကြည့်ပါ
လက်များ လှုပ်ကြည့်ပါ
နားရွက်များ လှုပ်ကြည့်ပါ
မျက်စိများ လှုပ်ကြည့်ပါ
နောက်ဆုံး ခေါင်းကို ဖြည်းဖြည်းခြင်း လှုပ်ကြည့်ပါ
တဖြည်းဖြည်း တူလာပါလိမ့်မည်..................
အာကာ
0 comments:
Post a Comment