Sunday, August 19, 2012

Andy Campbell ၏ အိပ်မက်မက်နည်းစနစ်များ


by Han Lynn on Thursday, August 16, 2012 at 9:03am 


Andy Campbell ( 1975 -      ) ဟာ UK အခြေစိုက် စာရေးဆရာ ၊ web artist တစ်ဦးဖြစ်ပါတယ် ။
သူ့ရဲ့ online journal ဖြစ်တဲ့ Dreaming Methods ဟာ " အခြား media တွေနဲ့ပေါင်းစပ်ထားတဲ့
ဇာတ်ကြောင်းပြန်အရေးအသားတွေရဲ့ ဖြစ်နိုင်ခြေအလားအလာတွေ" ကို စမ်းသပ်ထားတာဖြစ်ပါတယ် ။

Times Educational Supplement က အဆိုပါ journal ကို " Internet (မှာ) စာဖတ်ခြင်းအနုပညာ သစ်မှာ အထင်ကြီးစရာအကောင်းဆုံးပံ့ပိုးသူတွေထဲက တစ်ယောက် " အဖြစ် တင်စားဖော်ပြခဲ့ပါတယ် ။
Performance writer တစ်ယောက်အဖြစ်နဲ့ သူဟာ သူ့လက်ရာတွေကို the Ikley Literature Festival ၊
The Wardrobe (Leeds) နဲ့ The Poetry Project (New York)အစရှိတဲ့နေရာတွေမှာ
တင်ဆက်ပြသခဲ့ပြီးဖြစ်ပါတယ် ။ သူဟာ digital / စာပေ နယ်ပယ်လောကထဲမှာ 1993 ခုနှစ်ကတည်းက စတင်ကျင်လည်ကျက်စားခဲ့/လျက်ရှိပြီး အနုပညာနယ်ပယ်အရပ်ရပ် ( စာပေနယ်ပယ်အပါအဝင် ) က
ကျယ်ပြန့်တဲ့ client တွေအတွက် multimedia interface တွေနဲ့  web application တွေကို
ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ခဲ့ပြီးဖြစ်ပါတယ် ။
သူ့ရဲ့ Digital အခြေပြုကဗျာ နှစ်ပုဒ် ( No.1 and No.2 ... Andy Campbell ၏အဆိုအရဖြစ်သည် ၊ စာရေးသူအာဘော်မဟုတ် ) နဲ့ အခြားသောလက်ရာတွေကို ဖော်ပြပေးလိုက်ပါတယ် ။ စာဖတ်သူတို့ရဲ့ Speaker/Headphone တွေကို ဖွင့်ထားပေးပါ ။






















































ဟံလင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...